← Chapters

နင့်က ငတုံးပဲ၊ ဦးနှောက် မရှိ ဖူးလား။

Vol. 102 Ch. 1421

နင့်က ငတုံးပဲ၊ ဦးနှောက် မရှိ ဖူးလား။

Vol. 102 Ch. 1421

“ ဝှစ် ... ။ ”

ရှားဟိုယန်၊ ချန်ပင်းနှင့် ဟွမ် ညီအစ်ကို လေးယောက် တို့က၊ လင်းယွန်ရှေ့ ချက်ချင်း ရောက်လာသည်။

“ ပန်းသင်္ချိုင်း ... ၊ မင်းရဲ့ ခွန်အားက တကယ့်ကို အထင် ကြီးစရာ ပါပဲ၊ ဒီနေ့ ငါ့ကို အမြင် ကျယ်စေ ပါတယ်။ ”

ချန်ပင်းက ဖော်ရွေသော အပြုံးဖြင့် မျက်လုံးများ မှေးစင်း သွားသည်။

“ ကောင်းပြီ ... ၊ အခု မင်း အနား ယူနိုင်ပြီ၊ ကျန်တာကို ငါတို့ တာဝန်ယူ လိုက်မယ်။ ”

ရှားဟိုယန်မှ ဆိုသည်။ ဤလုပ်ရပ်က ဓားကုန်း အပေါ် စောင့်ကြည့် နေသူ များကို၊ ဒေါသ ထွက်လာ စေသည်။

“ ဒီလူတွေ အရှက် ကင်းမဲ့ လိုက်တာ။ ”

“ လင်းယွန်နဲ့ မြွေနဂါး တိုက်နေ တုန်းက မကူညီ ခဲ့ပဲနဲ့၊ ဒီလို စကားမျိုး မျက်နှာပြောင် တိုက်ပြီး၊ ပြောဝံ့တယ်။ ”

“ လင်းယွန် ပင်ပန်း နေမှာ သေချာတယ်၊ အခု ဒီအရှက် မရှိတဲ့ လူတစ်စုကို၊ သူ ဘယ်လို လုပ်၊ ရင်ဆိုင် နိုင်တော့ မှာလဲ။ ”

ရှားဟိုယန် ဟူသည် ဓားသမား လူငယ်များ အတွက် စံပြ ဖြစ်ပြီး၊ ၎င်းကို အတု ယူကာ သူတို့ ကြိုးစား ခဲ့ရသည်။ ယခုမူ ထိုဂုဏ် သတင်း လုံးဝ ပျက်စီး သွားခဲ့ပြီ ဖြစ်၏။

“ မင်းတို့ ဘာပြော လိုက်တာလဲ ... ၊ ငါ မကြား လိုက်လို့ ထပ်ပြော ပါဦး။ ”

လင်းယွန်က ရှားဟိုယန်တို့ အဖွဲ့အား ကြည့်ကာ ပြုံးပြ လိုက်သည်။

“ ဟား ... ဟား ... ဟား ... ၊ မင်း အခု ချက်ချင်း ထွက်သွားပါ။ ”

ဟွမ်ယန်ချန်းမှ ပြန်ပြော လာ၏။ ကျန်လူများက စကား တစ်ခွန်းမျှ မပြောဘဲ၊ လှောင်ပြုံးဖြင့် ကြည့်နေသည်။

လင်းယွန်က မြွေနဂါးကို အောင်နိုင်ခဲ့ လျှင်ပင်၊ နောက်ဆုံး အချိန်၌ ပြုံးနိုင် သူမှာ အနိုင် ရသူ ဖြစ်သည်။

“ မင်းတို့က ... ၊ ငါ့ကို တစ်ယောက် တည်းမိုလို့၊ အရေ အတွက်နဲ့ ... အနိုင် ကျင့်ချင် နေတာလား။ ”

လင်းယွန်မှ ပြန်မေး မိသည်။

“ မဟုတ် လို့လား၊ မင်းမှာသာ မဟာမိတ် ရှိရင်၊ ယဲ့ဇီယွင်နဲ့ ကျင်းချန်က အခုလို ရပ်ကြည့် နေမှာ မဟုတ်ဖူး ဆိုတာ ငါပြောရဲတယ်။ ”

ရှားဟိုယန်က ပြောသည်။ ယင်းကြောင့် ကျင်းချန်မှ မည်သို့မျှ မခံစား ရသော်လည်း၊ ယဲ့ဇီလင်မှာ မျက်နှာ ပျက်ယွင်း သွား၏။

“ လင်းယွန် ... ၊ သူ့ စကားကို နား .. မယောင်နဲ့၊ သူတို့သာ နင့်ကို အနိုင် ကျင့်ရင် ငါ ရပ်ကြည့် နေမှာ မဟုတ်ဘူး။ ”

ယဲ့ဇီလင်မှ ချက်ချင်း ဖြေရှင်း လာသည်။

“ ကေျးဇူးတင် ပါတယ် ... ၊ မင်းရဲ့ အကူအညီကို ငါ မလို ပါဘူး ... ၊ ဟွမ်ယန်ချန်း မင်းရဲ့ သစ္စာ စကားကို မေ့သွား ပြီလား။ ”

ယဲ့ဇီလင်ကို ပြောပြီးနောက်၊ လင်းယွန်က ဟွမ်ယန်ချန်းအား လှည့်ကာ၊ မေး လိုက်သည်။

“ မင်း မှား နေပြီ၊ ငါ့ကတိက တိမ်လွှာ ဓားဂိုဏ်း အတွက်ပဲ ပါတယ်၊ မင်း နာမည် မပါဘူး၊ ဟား ဟား ဟား ... ။ ”

ဟွမ်ယန်ချန်းမှ ရယ်မောလျက် တုန့်ပြန် လာသည်။

“ ဒါဆို ... ၊ မင်း နောင်တ မရ စေနဲ့။ ”

“ ဟား ဟား ဟား ... ၊ ဘယ်သူက နောင်တရ မလဲ ဆိုတာ၊ မကြာခင် သိရ မှာပါ၊ သွား ရ အောင်။ ”

လင်းယွန်မှ နောက်ဆုတ်ရန် ဆန္ဒမ ရှိသည်ကို မြင်သဖြင့်၊ ရှားဟိုယန်က တိုက်ခိုက် ရန် ဆော်သြ လိုက်သည်။

“ ဂါး ... ။ ”

ထို့စဉ် ထူးဆန်းသော အသံနက် ကြီးနှင့်အတူ၊ နဂါး မျောက်ဝံ တစ်ကောင် ကောင်းကင်မှ၊ ကျဆင်း လာသည်။

“ နောက် ဆုတ် ... ။ ”

လက်ထဲရှိ ကောင်းကင် နတ်မိစ္ဆာ လက်ကိုင် တုတ်အား လှည့်ပတ်လျက် ရိုက်ချလိုက် သဖြင့်၊ ချက်ချင်း လူစုခွဲ လိုက်ရ၏။

“ ဘုန်း ... ။ ”

ကောင်းကင် နတ်မိစ္ဆာ လက်ကိုင် တုတ်က တောင်ကြီး တစ်လုံးလို မြေပြင်ပေါ် ပြုတ်ကျ သွားသည်။

အနည်းငယ် နှေးကွေး နေသော ဟွမ်ယန်ချန်းကို တုတ်မှ အဖျားခတ် သွား သဖြင့်၊ ခေါင်းပေါက် သွားသည်။ ဒဏ်ရာမှ သွေးများ ဖြာခနဲ ပန်းထွက် လာ၏။

ညည်းတွားသံ ပြုလျက်၊ သူ့ နက္ခတ်အား ချက်ချင်း ခေါ်မိသည်။ ပန်းချီကား အတွင်းမှ မီးလျှံ များက လေထု အတွင်း၊ လောင်ကျွမ်း လာတော့၏။

“ မင်း ... သေ စမ်း တိရိစ္ဆာန်ကောင်။ ”

ဟွမ်ယန်ခန်းမှ ဓားဆွဲကာ ခုတ်ပစ်သည်။ နက္ခတ် စွမ်းအားကြောင့် ကောင်းကင် တဝက် ကို၊ မီးပင်လယ် အဖြစ် ပြောင်းလဲ လာစေ၏။

ယင်းက လူတိုင်း အတွက်၊ ထိတ်လန့် စရာ ပေပင်။ ကောင်းကင် ပင်မ နတ်ဘုရား ပါရမီရှင် တစ်ပါး၏ စစ်မှန်သော ခွန်အားကို မြင်ရ ပေ၏။

ဤမြင်ကွင်းကို မြင်သော အခါ ရှားဟိုယန်နှင့် ချန်ပင်းမှ အကြည့်ချင်း ဖလှယ် လိုက် ကြသည်။

ဟွမ် ညီအစ်ကို (၄) ယောက်မှ၊ နဂါး မျောက်ဝံအား ထိန်းထားစဉ်၊ သူတို့ နှစ်ဦးက လင်းယွန်ထံ ဝင်ရောက်ရန် အချက်ပြ လိုက်ခြင်း ဖြစ်သည်။

ထို့စဉ် နဂါး မျောက်ဝံ၏ ရင်ဘတ်ရှိ၊ မူလ သူတော်စင် ရူရ် ပွင့်လာပြီး၊ ကောင်းကင် အနှံ့ ပြည့်နှက် နေသော မီးပင်လယ် ကြီးအား ဝါးမျိုး တော့သည်။

“ ဂါး ... ။ ”

ယင်းက တွင်းနက်ကြီး အလား ထင်မှား လာစေ၏။ ဟွမ် ညီအစ်ကို လေးယောက် ခမျာ၊ ထိတ်လန့် ကုန်တော့သည်။ အထူးသဖြင့် ဟွမ်ယန်ချန်း ဖြစ်၏။

မှင်တက် နေစဉ် နဂါး မျောက်ဝံက ပါးစပ် ဟကာ၊ ထိုမီးတောက်များဖြင့် ပြန်၍ မှုတ်ထုတ် လာ တော့သည်။

ပြီးသည်နှင့် ကောင်းကင် နတ်မိစ္ဆာ လက်ကိုင် တုတ်ကို လှည့်ပတ်လျက်၊ လေစုပ် ဝဲကြီး တစ်ခုအား ဖန်တီး နေသဖြင့်၊ ချက်ချင်း လှည့်ပြေး မိလေသည်။

လင်းယွန်က လွတ်ရာသို့ ဆုတ်ခွာပြီး၊ နဂါးလေးထံ ပြန်ကြည့် လိုက်သည်။ ဝါးမျိုခြင်း သူတော်စင် ရူရ်သည် ၎င်းနှင့် လိုက်ဖက် ချေ၏။ နှစ်ဆမက ကြမ်းကြုတ် သန်မာလာ လေပြီ။

ထို့ကြောင့် နောက်ဆံတင်း မနေ တော့ဘဲ ရှားဟိုယန် တို့နှင့် ထားခဲ့ကာ၊ မြွေနဂါး နောက် လိုက်ရန်၊ ပြင်မိ တော့သည်။

“ ဝှစ် ... ။ ”

ရွှေကျီးကန်း တောင်ပံများ ဖွင့်ကာ၊ ပျံသန်းမိစဉ် လူနှစ်ယောက် သူ့အား အမီ လိုက်လာ လေသည်။

“ ပန်းသင်္ချိုင်း၊ စိတ်ဝင် စားစရာ ပါပဲ။ ”

ယဲ့ဇီလင်က ဘေးချင်းယှဉ် ပျံသန်း နေရာမှ ပြုံးပြ လာသည်။

“ မင်း ... ငါ့ စကားကို နားထောင် မယ်လို့၊ ပြောခဲ့ ဖူးတယ် မဟုတ်လား။ ”

“ အမှန်ပဲ ... ၊ ငါသာ ဒသမတန်း ဓားဝိညာဉ် ပုလဲကို ရခဲ့ရင်၊ သခင်လေး လင်း ကိုပဲ ပေးမှာပါ၊ ငါတို့က အတူတူ ပဲလေ။ ”

“ မင်းတို့ နှစ်ယောက် ဆက်ပြီး ... ၊ ဆွေးနွေး နေခဲ့ ကြတော့ ... ။ ”

ကျင်းချန်က ရုတ်တရက် ဆုံးဖြတ် ချက်ချ လိုက် ဟန်ဖြင့်၊ နဝမတန်းဓား ဝိညာဉ် ပုလဲများ ရှိရာသို့၊ လှည့်ပြန် သွားတော့သည်။

လင်းယွန်နှင့် ယဲ့ဇီလင်၏ ဆက်ဆံ ရေးမှာ ရှုပ်ထွေး လှပြီး၊ ပြောဆို နေသော စကားများကို သူ နားမလည်ချေ။

ရှားဟိုယန်တို့ လူတစ်စုသည်၊ နဂါး မျောက်ဝံကြောင့်၊ အလုပ်ရှုပ် နေပြီ ဖြစ်သဖြင့်၊ စိတ်ကူး ပြောင်းသွားသည်။

ထို့ကြောင့် သေချာသည့်၊ နဝမတန်း ဓား ဝိညာဉ် ပုလဲများ သိမ်းယူ နေသော ယဲ့ချင်းထံ ဦးတည် ခြင်းသာ၊ အကောင်းဆုံး ဖြစ်သည်။

သူ့ ပြတ်သားမှုသည် လင်းယွန်ကို အံ့အားသင့် စေ၏။ အမှန် အတိုင်း ဝန်ခံရသော် ကြယ်နှစ်ပွင့် ဖွဲ့စည်းထား နိုင်သော ဤလူအား အနည်းငယ် ကြောက်မိသည်။

ထို့စဉ် ယဲ့ဇီလင်က သူ့ဘေးရှိ လင်းယွန်ထံ လှည့်ကြည့်ပြီး၊ အလှပဆုံး အပြုံးကို ထုတ်ဖော် လိုက်သည်။

“ သခင်လေး လင်း၊ ဒီမှာ ဘယ်သူမှ မရှိ တော့ဘူး၊ ဒီဇီယွင်ရဲ့ နှလုံးသားကို မြင်အောင် ကြည့်ပေး ပါလား။ ”

“ ဘာတွေ ပြောနေ တာလဲ။ ”

“ အိုး ... ၊ သခင်လေး လင်းက ... ဒီဇီယွင်ကို ပွင့်ပွင့် လင်းလင်း ပြောစေချင် တာလား။ ”

ယဲ့ဇီယွင်က ရှက်ကိုး ရှက်ကန်း အမူ အရာဖြင့်၊

“ မြင်မြင်ချင်း ချစ်မိ သွားတယ် ဆိုတာကို ယုံလား။ ”

“ ယုံတယ် ... ၊ ဒါပေမယ့် မင်းနဲ့ မဟုတ်ဘူး။ ”

“ ဒါဆို ... သခင်လေး လင်းကို၊ အနှောက် အယှက် ဖြစ်စေတဲ့၊ ဒီအမိုက် မကို ရိုက်လိုက်ပါ၊ ဇီယွင် မရှောင်တော့ ပါဘူး။ ”

မျက်လုံးများ မှိတ်လျက် လည်စင်း ပေးလိုက်သည်။ သူမ၌ အတွေ့ အကြုံ များစွာ ရှိ၏။

မည်သည့် ယောကျ်ား မဆို၊ အားနွဲ့ လွန်းသော အမျိုးသမီး တစ်ယောက်အား ရိုက် ရက်မည် မဟုတ်ချေ။ အထူး သဖြင့် သူမ ကဲ့သို့၊ အလှတရား မျိုး ကိုပင်။

( ဒါပဲ အောင်မြင်ပြီ။ )

“ အခု သခင်လေး လင်းကို၊ ဒီဇီယွင် ဘယ်လောက် ချစ်လဲ ဆိုတာ ယုံပြီလား ... ။ ”

ပိုင်နိုင်သော အပြုံးဖြင့် မျက်လုံး ပြန်အဖွင့်တွင်၊ လက်ဖဝါး တစ်ဖက် ရောက်ရှိ လာသဖြင့်၊ မျက်လုံးပြူး သွား၏။

( ဟမ် ... ၊ ဒီငတုံးကောင် တကယ် လုပ်တာလား။ )

နဂါး- ဖီးနစ် ဓားရောင်ဝါ (၁၈) ကြိုးကို လောင်းထည့် ထားသဖြင့်၊ ယဲ့ဇီယွင် ခန္ဓာကိုယ် ခမျာ၊ ဓားကုန်းသို့ ပြန်၍ လွင့်စင် သွားတော့ သည်။

“ ဒီလို တစ်ခါမှ တောင်းဆို မခံရ ဖူးတော့ ငါနည်းနည်း အံ့ဩ သွားတာပါ၊ ဒါပေမယ့် ဒါက ဘာများ ထူးဆန်းနေ လို့လဲ။ ”

လေထုထဲ ပဲ့တင် လာသော လင်းယွန် အသံကြောင့်၊ ယဲ့ဇီယွင် ခမျာ သွေးအန် မိသည်။ ယဲ့ချင်းက ချက်ချင်း အနားရောက် လာပြီး၊

“ အဆင်ပြေ ရဲ့လား။ ”

-ဟု မေးမြန်း လာလေသည်။

ကျင်းချန်နှင့် အပြိုင်၊ နဝမတန်း ဓားဝိညာဉ် ပုလဲများကို၊ သိမ်းယူ နေရာမှ ယဲ့ဇီယွင် လွင့်စဉ် လာမှန်း၊ သတိထား မိလိုက်ခြင်း ဖြစ်သည်။

“ အရမ်း လွန်တယ်၊ တောက် ... ။ ”

ယဲ့ဇီလင်က ရှက် ဒေါသဖြင့် မြေပြင်ပေါ် ခြေစောင့် လိုက်သည်။ အားပါ သောကြောင့်၊ ဖနောင့်သား ကျေသွား၏။

“ အ ... နာတယ်။ ”

လင်းယွန်က လက်ဖဝါးကို ထိန်းထိန်း သိမ်းသိမ်း ရိုက်ခဲ့ခြင်း ဖြစ်သည်။ သည့်အပြင် သူတော်စင် ချပ်ဝတ် သည်လည်း ရှိနေရာ၊ ဒဏ်ရာ တစိုး တစိမျှ မရချေ။

“ တောက် ဒီကောင်က၊ မိန်းမ တစ်ယောက်ကို ရိုက်ဝံ့ တယ်လို့ ... ၊ ငါ ဇီယွင် မယုံနိုင် သေးဘူး၊ အရိုင်း အစိုင်းကောင်။ ”

အမြဲတမ်း အောင်မြင် ခဲ့သော သူမ၏ လှည့်ကွက် ကျရှုံး ခဲ့သဖြင့်၊ အံကြိတ်ကာ ကျိန်ဆဲ မိသည်။

“ မင်းကို ... ၊ ရိုက်ဖို့ ပြောခဲ့ ပြန်ပြီ မဟုတ်လား ... ။ ”

ယဲ့ချင်းက စိတ်ပျက်သော လေသံဖြင့် ညည်းတွား လိုက်သည်။

“ ဟမ့် ... ၊ ငါ ရိုက်ခိုင်းတိုင်း ရိုက်စရာလား၊ ဒါဆို ငါက မြင်မြင်ချင်း ချစ်တယ်လို့ ပြောတော့ ဘာလို့ ပြန်မချစ် ရတာလဲ၊ ဒီကောင်က တကယ့် အရိုင်း အစိုင်းကောင် စင်စစ်ပဲ။ ”

ယဲ့ဇီယွင်မှာ ရှက်ရွံ့ စိတ်ကြောင့် မျက်နှာ တစ်ပြင်လုံး နီမြန်း သွားသည်။

“ ဒါဆို ... ၊ ငါတို့လူ အချို့ကို၊ သူ့နောက် ဘာလို့ မလိုက်ခိုင်း ရတာလဲ ... ၊ မရဏ မြွေနဂါး ကို သတ်ဖို့က မလွယ် ပါဘူး၊ အလစ် တိုက်ဖို့ အခွင့် အရေး ရနိုင်တယ်။ ”

“ နင် ဘယ်လိုတောင် ... ၊ ကြံစည် ဝံ့ တာလဲ။ ”

ယဲ့ဇီယွင်က ယဲ့ချင်းအား စိုက်ကြည့်ကာ၊

“ ငါက ... သူ့ကို အရိုင်း အစိုင်း လို့ပဲ ပြောတာလေ၊ သူ့ကို ဒုက္ခပေးချင် တယ်လို့ ပြောခဲ့ လို့လား၊ နင် ကမှ တကယ့် ငတုံးပဲ၊ ဦးနှောက် မရှိ ဖူးလား။ ”

-ဟု ဒေါသ တကြီး ကြိမ်းမောင်း တော့သည်။

နောက်ဆက်တွဲ ကျိန်မောင်း သံကြောင့် ယဲ့ချင်း ခမျာ၊ နဖူးအား ကုတ်ခြစ်လျက်၊ စကား မပြော တော့ရန်၊ ဆုံးဖြတ် လိုက်သည်။

မဟုတ်သော် သူ့အား ငတုံး အဖြစ်၊ ထပ်ခေါ် နေပေ ဦးမည်။

***

All Chapters