← Chapters

ပိုင်ရှင် ပေါ်ပြီ။

Vol. 102 Ch. 1422

ပိုင်ရှင် ပေါ်ပြီ။

Vol. 102 Ch. 1422

( နင့်က ... ၊ မိန်းမ တွေကို ရိုက်တဲ့ နေရာမှာ၊ ပို လက်ယဉ် လာသလို ပဲ။ )

ထိုအချိန်တွင် ခရမ်းငယ်မှ လှောင်ပြောင် တော့သည်။ ထိုစကားကြောင့် လင်းယွန် ခမျာ၊ ကူကယ်ရာ မဲ့စွာ ပြုံးမိ၏။

အန်းလျူယွင်အား ပါးရိုက်ခဲ့ သည်ကို၊ ရည်ညွှန်း နေခြင်း ဖြစ်သည်။ ထိုစဉ်က ဆုစီယာ အသွင် ယူခဲ့ သဖြင့်၊ ဒေါသ ထွက်သွားခြင်း ဖြစ်၏။

ယဲ့ဇီယွင်နှင့် ပတ်သတ် ၍မူ၊ သူမ လှည့်ကွက်များကို ငြီးငွေ့ လာသဖြင့်၊ သတိ ပေးလိုက်ခြင်း ဖြစ်သည်။ တကယ်သာ ရိုက်နှက် ချင်က၊ အိပ်ယာပေါ် လှဲနေရ ပေလိမ့်မည်။

မည်သူမျှ မရှိတော့ လေရာ၊ အရှိန် မြှင့်ပြီး၊ ပျံသန်း လိုက်၏။ ဒသမတန်း ဓားဝိညာဉ် ပုလဲ ကြောင့်၊ မရဏ မြွေနဂါး၏ ပြန်လည် ကုသ နိုင်စွမ်းမှာ၊ မြန်ဆန် ချေပြီ။

ယင်းက တိုက်ခိုက် ရာ၌ သူ့အား အခက် အခဲ အချို့ ဖြစ်စေသည်။ ဘုရင် အဆင့် သားရဲ ဖြစ်ပြီး၊ နဂါး အကြေးခွံ များမှာ၊ အရိယာ ကောင်းကင်ဓား တိုး မပေါက်ချေ။

လင်းယွန်က သူမ စကားကို လျစ်လျူရှု လိုက်သဖြင့်၊ ခရမ်းငယ်မှာ ဓားသေတ္တာ ထဲတွင်၊ ဝုန်းဒိုင်းကြဲ လာသည်။

“ နင် ... ဒီဧကရီကို နှိုးပြီး စကား မပြော ဖူးပေါ့၊ ဟမ့် ... ရိုင်းလိုက်တာ ... အယုတ် တမာ ကောင်။ ”

“ မဟုတ်တာ မပြောနဲ့၊ ငါ မင်းကို မထိ ဖူးဘူး။ ”

လင်းယွန်မှ ပြန်ပြော လိုက်သည်။

“ လူယုတ်မာ တွေက၊ အရမ်း မေ့လျော့ တတ်တာပဲ၊ ဒီဧကရီ ဖင်ကို ... ၊ နင် အကြိမ်ကြိမ် ရိုက်ခဲ့တာ မေ့နေ ပြီလား၊ နှာဗူးကောင်။ ”

“ အာ ... ဒါက အဲဒီလို အဓိပ္ပါယ်မျိုး မဟုတ်ပါဘူး၊ အဖေ တစ်ယောက်က၊ သမီးကို ရိုက်လိုက်တဲ့ သဘောပါ။ ”

“ နင်က အရိုင်း အစိုင်းကောင် ... ၊ မဟုတ်ဘူး လူယုတ်မာ၊ ငါ့ ကိုတောင် နမ်းဖို့ ကြိုးစား သေးတယ်။ ”

ခရမ်းငယ် မျက်နှာ နီမြန်း သွားပြီး၊ အော်ဟစ် မိသည်။ သမီးနှင့် အဖေ ဟူသော ခံစားချက်မျိုး ခံစား၍ မရချေ။

တစ်ဖက်တွင် ခရမ်းငယ် ကဲ့သို့သော သမီးမျိုး လင်းယွန်လည်း မလို ချင်ချေ။ လက်ရှိ ခွန်အားဖြင့်၊ ကလေး တစ်ယောက်ကို၊ ကာကွယ် နိုင်စွမ်း နည်းနေ၏။

“ ဧကရီ ... ၊ ဒီမြွေကို သတ်ဖို့ နည်းလမ်းရှိ သလား၊ နဂါးလေးက ကြာကြာ ဟန့်တားထား နိုင်မှာ မဟုတ်ဘူး။ ”

လင်းယွန်မှ စကား လမ်းကြောင်း ပြောင်းမိသည်။ နဂါးလေးမှာ ရန်သူ (၆)ဦးနှင့် ရင်ဆိုင် နေခဲ့ ရ၏။

ရှားဟိုယန်သည် ဓားခန္ဓာကိုယ်၊ ဓားနှလုံး သားနှင့် အရိယာ ကောင်းကင် ဓားကို ဆုပ်ကိုင် ထားနိုင် သဖြင့်၊ ဒုက္ခရောက် မည်အား စိုးရိမ်သည်။

“ နင့် နက္ခတ်ကို ခေါ်လိုက် ဟေ့ ... ၊ အခု ပန်းချီကား လေးချပ် အထိ၊ နင် ဆင့်ခေါ် နိုင်ပြီ မဟုတ်လား။ ”

နဂါးလေး ဘေးကင်းရန် အတွက်၊ ခရမ်းငယ်မှ ဒေါသကို မြိုသိပ်ကာ ပုံမှန် အတိုင်း ပြန်ဖြစ် သွားသည်။

“ တခြား နည်းလမ်း ရှိသေးလား။ ”

လင်းယွန်မှ နက္ခတ် မခေါ် လိုချေ။ လူတိုင်းက သူ့အပေါ် အာရုံစိုက် နေ သဖြင့်၊ တတ်နိုင် သမျှ ဝှက်ထား လိုသည်။

“ ဒါဆို ရင်တော့ အနန္တ လျှပ်စီး နတ်ရူရ် သုံးလိုက် ... ၊ နင့်ကို ငါ သင်ပေး ခဲ့တဲ့ တံဆိပ်ကို မှတ်မိ သေးလား။ ”

ယင်းကို အသုံးပြု ခြင်းနှင့် ပတ်သက်၍၊ စိုးရိမ် ပူပန်မှုများ ရှိခဲ့သည်။ ၎င်းကို လုံးလုံး လျားလျား မထိန်းချုပ် နိုင်သေးချေ။

အတွေးများ နေစဉ်၊ ချိုင့်ဝှမ်း တစ်နေရာ၌ ဒဏ်ရာများကို ပြန်လည် ကုသ နေသော မရဏ မြွေနဂါးအား မြင်လိုက် ရသည်။

“ ရွှီး ... ။ ”

မြွေနဂါးက လင်းယွန်ကို မြင် သည်နှင့် အဆိပ်များ မှုတ်ထုတ်ကာ၊ တိုက်ခိုက် လာ၏။ အဆိပ် များက မြူ အဖြစ် သိုင်းခြုံ လာပြီး၊ ခန္ဓာ ကိုယ်ထဲ၊ စိမ့်ဝင်ကုန် တော့၏။

သူ့လက်၌ အနက်ရောင် အကွက်များ ဖြစ်ပေါ် လာပြီး၊ လက်မောင်းထံ ပျံ့နှံ့ လာသည်။ နဂါး ရူရ် များဖြင့်၊ ပျံ့နှံ့ မှုကို ထိန်းချုပ်ရန် ကြိုးစား သော်လည်း မအောင်မြင်ချေ။

အဆိပ် များက နဂါး ရူရ် များကို တိုက်စား သွားသည်။

“ အရိယာ ကောင်းကင်ဓား ရည်ရွယ်ချက် နဲ့တောင် ဒီအဆိပ်ကို မဖယ်နိုင်ဘူး၊ ဒီကောင်က ဓားကို မကြောက်တာ အံ့ဩစရာ မရှိတော့ ပါဘူး။ ”

လင်းယွန်က အဆိပ် အပေါ်၊ ခွဲခြမ်း စိတ်ဖြာပြီး၊ တိုက်ခိုက်ရန် နည်းလမ်းအား စဉ်းစား နေမိသည်။

မရဏ မြွေနဂါးမှာ မောပန်း နေပြီး၊ မောက်မာခြင်း မရှိ တော့ချေ။ တောင် တစ်လုံး ကဲ့သို့၊ သူ့ ခန္ဓာ ကိုယ်ပေါ်၊ ရပ်နား လာသော လင်းယွန်အား ခါထုတ် မိသည်။

မည်မျှ ကြိုးစား စေကာမူ၊ မဖယ်ရှား နိုင်တော့ဘဲ၊ ပို၍ သနား စရာ ကောင်းသော အခြေ အနေအား၊ ရင်ဆိုင် လာရသည်။

“ ကောင်လေး ... ၊ ငါ ဒီလောက် အထိ ဖြစ်လာဖို့ ဆိုတာ မလွယ် ပါဘူး၊ ငါ့ အသက်ကို ချမ်းသာ ပေးရင်၊ မင်းကိုလည်း ငါနဲ့ အတူ ဆွဲမချ တော့ဘူး။ ”

မရဏ မြွေနဂါးက ပြောလာသည်။

“ ဒီအဆိပ်ကို ... အနည်းဆုံး သုံးရက် လောက် အထိ၊ ငါ ခံနိုင်တယ်၊ ဒါကြောင့် မင်းနဲ့ အတူ ငါ့ကို ဆွဲခေါ် သွားလို့ မရ ပါဘူး၊ အချိန်ကို ဝယ်ဖို့ ကြိုးစား နေတာကို ရပ်လိုက်ပါ။ ”

လင်းယွန်မှ ပြန်ပြော လိုက်၏။ မရဏ မြွေနဂါး ခမျာ ဒေါသ ထွက်လာပြီး၊ ခေါင်းကို လှည့်၍ တိုက်ခိုက် တော့သည်။

“ ဝှစ် ... ။ ”

ယင်းကို တွက်ဆ ထားပြီး ဖြစ်ရာ၊ ဓားပင်လယ် အတွင်းရှိ ရွှေ လူသား ထွက်လာ သည်။

လင်းယွန် နဖူးရှိ ခရမ်းရောင် အမှတ် အသားတွင်၊ စွမ်းအားကို စုဆောင်း လိုက်သဖြင့်၊ လေထု အပူချိန်မှာ မြင့်တက် လာသည်။

“ နဂါး ဖျက်ဆီးခြင်း။ ”

မရဏ မြွေနဂါး ကိုက်တော့မည့် အချိန်၌၊ နဂါးကြီး တစ်ကောင် ပျံထွက် လာပြီး၊ ပတ်ဝန်း ကျင်ရှိ အရာ အားလုံးကို၊ ချက်ချင်း ကန့်သတ် လိုက်လေသည်။

နဂါး တစ်ကောင် ရှေ့တွင်၊ မြွေ တစ်ကောင်မှာ၊ ဘာမျှ မဟုတ် တော့ချေ။ အသက်ပင် ဝဝ မရှူနိုင် တော့ဘဲ၊ သွေး လည်ပတ် မှုများ ရပ်တန့် သွားသည်။

ဤသည်မှာ ဓားဝိညာဉ် နှစ်ခုကို အသုံး ပြုပြီး၊ ဓား ရည်ရွယ်ချက်နှင့်၊ ပြင်းပြင်း ထန်ထန် တိုက်ခိုက် လိုက်ခြင်း ဖြစ်သည်။

တစ်ဆက်တည်း မှာပင်၊ ဓားသေတ္တာ အတွင်းရှိ လျှို့ဝှက် နယ်မြေ၌၊ လျှပ်စီးများ စတင် တောက်လောင် လာသည်။

အနန္တ လျှပ်စီး ရူရ်က ရေကန် ထဲမှ၊ တဖြည်းဖြည်း ပေါ်လာပြီး၊ အဖျက် စွမ်းအား များကို ထုတ်လွှတ် တော့၏။

အနန္တ လျှပ်စီး နတ် ရူရ်သည်၊ ဖရို ဖရဲ ခေတ်တွင် မွေးဖွား ခဲ့ပြီး၊ လျှပ်စီး အားလုံး၏ ဘုရင် ဖြစ်သည်။

၎င်းတွင် လွှမ်းမိုး ချုပ်ကိုင်မှု၊ ဖျက်ဆီးမှု၊ မွန်မြတ်မှု၊ ရှေးဟောင်း ဆန်မှု၊ စသည့် အရှိန် အဝါ များဖြင့်၊ ပြည့်နှက် နေ၏။

ခရမ်းငယ်မှာ ဖီးနစ် သစ်ပင် ဘေးတွင် ရပ်နေပြီး၊ အပြစ် ကင်းစင်သော မျက်နှာဖြင့်၊ လျှပ်စီး နတ်ရူရ်ကို ကြည့်နေ မိသည်။

“ ဒီဧကရီက မြင့်မြတ်သော နတ်ဖီးနစ် မိသားစု ကပဲ၊ ကောင်းကင်ဘုံ တရား စီရင်ရေး ဧကရီ ... ။ ”

အတိတ်မှ အကြောင်း အရာများ ပြန၍ သတိရ လာကာ၊ သူမ ဘွဲ့ထူးကို သူမကိုယ်တိုင်၊ ရေရွတ် နေတော့သည်။

ထိုအချိန်က နေရာ တိုင်းတွင်၊ မကောင်း ဆိုးရွား များကို တွေ့ရှိ နိုင်ပြီး၊ သူမသည် အမြင့် မြတ်ဆုံး ဖြစ်ခဲ့သည်။

သို့သော် ထိုအမှတ် တရ များမှာ၊ ဖျတ်ခနဲသာ ပြန်၍ သတိရ စေသဖြင့်၊ အားမလို အားမရ ဖြစ်လာ တော့သည်။

အနန္တ လျှပ်စီး နတ် ရူရ်အား ထိန်းချုပ်ရန်၊ အရာ အားလုံးကို ပေးလိုက် ရသဖြင့်၊ လင်းယွန် မျက်နှာ ဖြူဖျော့ သွားသည်။

ခရမ်းရောင် နန်းတော် အပြည့် ရှိသော ရောင်ဝါ သမုဒ္ဒရာမှာ လျင်မြန်စွာ ခြမ်းခြောက် သွားခဲ့သည်။

နဂါး-ဖီးနစ် ကမ္ဘာဖျက် ဆေးအိုး ကြီးပင်၊ ရောင်ဝါ သမုဒ္ဒရာ ကြမ်းပြင်မှ၊ တရွေ့ရွေ့ ပေါ် လာတော့၏။

“ ဒါဆို လုံလောက်ပြီ။ ”

ထို့နောက် လျှပ်စီး စွမ်းအားကို၊ မရဏ မြွေနဂါး ခန္ဓာကိုယ် ပေါ်သို့၊ ရိုက်ချ ပစ်တော့၏။ လက်ဖဝါးကို ဖိချ လိုက်သော အခါတွင်၊ နဂါး ဖျက်စီး ခြင်းဖြင့်၊ ကန့်သတ်ထား မှုများ ပျောက်ကွယ် သွားသည်။

ဆိုလို သည်မှာ မရဏ မြွေနဂါးသည်၊ ဆက်လက် ရွေ့လျား နိုင်သည်ဟု အဓိပ္ပါယ် ရ၏။

၎င်းက အချိန်များ ခဏတာ ရပ်တန့် သွား ခဲ့သည်အား မသိ လိုက်ဘဲ၊ လင်းယွန်ကို ကိုက်ချ လိုက်လေသည်။

သို့သော် ကိုက်၍ မရချေ။ လင်းယွန် လက်ဖဝါးမှ တဆင့်၊ ခန္ဓာကိုယ် ထဲသို့ လျှပ်စီး စွမ်းအင်များ ဝင်ရောက် လာသည်။

“ ဖျစ် ဖျစ် ဖျစ် ... ။ ”

မရဏ မြွေနဂါး ခမျာ၊ လေလျော့ခံ ရသော ပူဖောင်း တစ်လုံး ကဲ့သို့၊ ရှုံ့တွ ပိန်ချုံး သွားတော့ သည်။

အတွင်း အင်္ဂါများ၊ အရိုးများ၊ အသားနှင့် သွေးများ အားလုံးသည် အရည်ပျော် သွားသည်။ ဤမြင်ကွင်းက ဓားကုန်း အပြင်မှ စောင့်ကြည့် နေသူ တိုင်းကို၊ မျက်လုံးပြူး သွားစေ၏။

တိုက်ခိုက်မှုကို ထုတ်လွှတ် ပြီးနောက်၊ ခမ်းခြောက် သွားသော ရောင်ဝါ သမုဒ္ဒရာမှာ၊ ချက်ချင်း ပြန်ပြည့် လာသည်။

နတ်ကြယ် ပုလဲ သန်းနှင့်ချီ သန့်စင်ထား သဖြင့်၊ သမုဒ္ဒရာ ခမ်းခြောက် သော်မှ၊ အချိန်တို အတွင်း ပြန်လည် ရရှိလာ ခဲ့၏။

ပိတ်ဆို့ နေသော အဆို့ ရှင်များ၊ ပွင့်ထွက် ကုန်ကာ၊ သာလွန် ပင်မ နတ်ဘုရား နယ်ပယ်သို့၊ ပို၍ နီးကပ် သွားသည်။

ယင်းက လင်းယွန်ကို ထိတ်လန့် စေ၏။ အနန္တ လျှပ်စီး နတ် ရူရ် စွမ်းအားမှာ၊ ကြောက် မက်ဖွယ် ကောင်းပေသည်။

ရုတ်တရက် ဒသမတန်း ဓားဝိညာဉ် ပုလဲကို သတိရ လာပြီး၊ ၎င်း အရည်ပျော် သွားမည်အား၊ စိုးရိမ် သွားသည်။

သွေးနှင့် အကြေးခွံ များသာ ကျန်ရှိ တော့သည့် နေရာ၌၊ လက်သီးဆုပ် အရွယ် ပုလဲလုံး တစ်လုံး၊ တွေ့ရှိ လိုက်သည်။

“ ဟား ဟား ဟား ... ။ ”

ဟန် မဆောင်နိုင် တော့ဘဲ၊ ဒသမတန်း ဓားဝိညာဉ် ပုလဲကို ကောက်ယူလျက်၊ ကျေနပ် စွာ အော်ဟစ် ရယ်မော မိတော့သည်။

“ ဟား ဟား ဟား ... ။ ”

***

All Chapters