← Chapters

ဒသမတန်း ဓားဝိညာဉ် ပုလဲ။

Vol. 102 Ch. 1423

ဒသမတန်း ဓားဝိညာဉ် ပုလဲ။

Vol. 102 Ch. 1423

ပုလဲ စေ့ကို ကိုင်လိုက်သော အခါ ရွှေလူသားက၊ နှလုံးသား ခိုးယူခံ လိုက်ရ သူ ကဲ့သို့၊ ဟိန်းဟောက် လာတော့၏။

အရိယာ ကောင်းကင်ဓားကို ကနဦး ကျွမ်းကျင်မှု အဆင့်၌ ပိတ်မိနေ သည်မှာ၊ ကြာပြီ ဖြစ်သည်။

ရွှေ လူသားမှ ဤသို့ လောဘ တကြီး တောင်းဆိုဖူး သည်မှာ၊ ဤတစ်ကြိမ် ပထမဆုံး အကြိမ် ဖြစ်သဖြင့်၊ စိတ်ရှား သွားသည်။

“ လူယုတ်မာ၊ ငါ့ရဲ့ ဓားဝိညာဉ် ပုလဲကို ပြန်ပေးစမ်း။ ”

အဝေးမှ နေ၍၊ ရှားဟိုယန်မှ အော်ဟစ် ကျိန်ဆဲ တော့သည်။ အရိယာ ကောင်းကင် ဓား ကို၊ သူ ဆုပ်ကိုင် ထားသည်မှာ၊ တစ်နှစ် နီးပါး ရှိနေပြီ ဖြစ်သည်။

သို့သော် ကနဦး ကျွမ်းကျင်မှု အထွတ် အထိပ်ပင်၊ မရောက် သေးချေ။ သူတော်စင် မိသားစု၏ အမွေခံ မင်းသား တစ်ပါး ဖြစ်သဖြင့်၊ အချက် အလက် များစွာကို၊ လေ့လာခွင့် ရခဲ့သည်။

ထို့ကြောင့် ဓားရည်ရွယ် ချက်ကို မြှင့်တင် နိုင်သည့် ရတနာသည်၊ ကုန်ကျ စရိတ် များပြီး၊ ရှားပါးကြောင်း သိရှိ ခဲ့သည်။

ဒသမတန်း ဓားဝိညာဉ် ပုလဲသည်၊ အလကား ရသော ရတနာ ဖြစ်သည်။ ယင်းကို လင်းယွန်မှ လုယူသွား သဖြင့်၊ ဒေါသမှာ အတိုင်း အဆ မရှိချေ။

လင်းယွန်မှ ပြုံးမိသည်။ မည်သည့် အချိန် မှစကာ၊ ဤရတနာကို ရှားဟိုယန် ပိုင်ခဲ့ကြောင်း မသိ တော့ချေ။

သို့သော် ၎င်းနှင့် စကားရည် လုရန် စိတ်မဝင်စား သဖြင့်၊ ကောင်းကင်ပေါ် ခုန်တက် ကာ၊ ဓားကုန်းထံ ပြန်လာ ခဲ့သည်။

“ နဂါးလေး ပြန်လာခဲ့။ ”

နဂါးလေးက ဟိန်းဟောက်သံ ပြုလျက် တိုက်ပွဲ အတွင်းမှ ချက်ချင်း ခုန်ထွက်လာ တော့ သည်။

“ မင်း ရပ်စမ်း ... ၊ တိရိစ္ဆာန် ကောင်။ ”

ရှားဟိုယန်က ထွက်ပြေး သွားသော နဂါး မေျာက်ဝံအား ဒေါသဖြင့်၊ အော်ငေါက် လိုက် သည်။

မျက်ဝန်း၌ ရွှေရောင် အလင်းများ တောက်ပ လာပြီး၊ သူ့ခန္ဓာ ကိုယ်မှာ ကျောက်စိမ်း တုံးကြီး တစ်တုံး ကဲ့သို့၊ ပြောင်းလဲ သွားသည်။

ရှားဟိုယန် အနားရှိ ချန်ပင်း ခမျာ၊ နောက်တစ်လှမ်း ဆုတ်လျက်၊ လေးနက် လာ တော့သည်။

မွေးရာပါ ဓားခန္ဓာ ကိုယ်နှင့်၊ မွေးရာပါ ဓားနှလုံးကြောင့်၊ ရှားဟိုယန်ကို လူသိ များ၏။ သို့သော် ထိုအစွမ်းအား သူ မမြင်ဖူး သေးချေ။

ဟွမ်ယန်ချန်းနှင့် ယဲ့ဇီယွင်မှာ ကံကောင်းပြီး၊ တစ်ကြိမ် မြင်ခဲ့ ဖူး၏။ ရှားဟိုယန်မှ ဓားကို ခုတ် ပိုင်း လိုက်သော အခါ၊ ဓားရောင်ခြည် တစ်စင်း ထွက်လာပြီး၊ အာကာသထဲ ဖောက်ဝင် သွားသည်။

“ ရွှပ် ... ။ ”

ဤဓားက သူ့ထံ ဦးတည် လာ သဖြင့်၊ နဂါးလေးက နဂါး မျောက်ဝံ ပုံစံအား ချက်ချင်း ပြောင်းလဲကာ၊ ပေျာက်ကွယ် သွားသည်။

ထို့ကြောင့် ဓား ရောင်ခြည်မှာ၊ လွဲချော် သွားလေသည်။ ကြောက်နက် တစ်ကောင်က နဂါး မျောက်ဝံ နေရာ၌၊ အစား ပြန်လည် ထွက်ပေါ် လာ၏။

ကြောင်နက်က ရှားဟိုယန်အား လှည့်ပင် မကြည့် တော့ဘဲ၊ ခုန်ပေါက်လျက် ပျောက်ကွယ် သွားတော့သည်။

“ သူတို့ ထွက်ပြေး တာလား။ ”

ဟွမ်ယန်ချန်းနှင့် ချန်ပင်းက စိတ်ပျက် သွားလေသည်။ ဤသို့ ရှက်စရာ ကောင်းသော အနေ အထားနှင့်၊ အဆုံးသတ် ရလိမ့် မည်ဟု၊ မထင် ထားချေ။

အထူး သဖြင့် ဟွမ်ယန်ချန်း မျက်နှာမှာ၊ မည်းမှောင် နေသည်။ နဂါ မျောက်ဝံ အရိုက်ကို သူ သာလျှင် အများဆုံး ခံခဲ့ ရပေ၏။

နက္ခတ်ကို ဆင့်ခေါ်ပြီး နောက်တွင်ပင်၊ အရိုက် ခံရဆဲ ဖြစ်သည်။

“ ရှားဟိုယန် ... ၊ မင်း ဘာလို့ စောစောက မတိုက်ခိုက် တာလဲ။ ”

ဒေါသထွက် နေပြီ ဖြစ်သဖြင့်၊ ဟွမ်ယန်ချန်းမှ ရှားဟိုယန် အပေါ်၊ ယဉ်ကျေး မနေနိုင် တော့ချေ။

ချန်ပင်းက စကား တစ်ခွန်းမှ ဝင်မပြော တော့ဘဲ၊ ရှားဟိုယန် အဖြေကို စောင့်မျှော် နေခဲ့ ၏။ သူ့မျက်နှာ သည်လည်း၊ မည်းမှောင် နေသည်။

“ ထွက်သွားစမ်း ... ၊ မင်းတို့ နှစ်ယောက် လုံးက၊ တစ်ချိန်လုံး ... ငါ့ အပေါ် မှီခို နေတယ်၊ မင်းတို့ရော ဘာများ အသုံးဝင် လို့လဲ၊ ဟမ့် ...

... ငါ့ကို ခွန်အား အပြည့် အ၀ မသုံးဖူး ပြောရအောင်၊ မင်းတို့ ကရော သုံးခဲ့ လို့လား၊ လူပြက်တွေ ... ။ ”

ရှားဟိုယန်မှ ချက်ချင်း ပြန်လည် အော်ငေါက် လာသည်။ ထိုစကားကြောင့် ချက်ချင်း ပါးစပ် ပိတ်သွား၏။

သားရဲ တစ်ကောင်နှင့် ရင်ဆိုင်ရ ချိန်၌ မည်သူ မဆို၊ ခွန်အားကို အပြည့် အဝ ထုတ်ချင် ကြမည် မဟုတ်ချေ။

ထို့ပြင် မရဏ မြွေနဂါးကို၊ တစ်ဖက် လူမှ ဤမျှ မြန်မြန် ဖြေရှင်း နိုင်လိမ့် မည်ဟု၊ မထင် ထား ခြင်းလည်း ဖြစ်သည်။

မရဏ မြွေနဂါးမှာ ဒဏ်ရာ ရရှိထား သော်လည်း၊ ချက်ချင်း သေမည့်ဟန် မရှိ သေးချေ။

သို့သော် စက္ကန့်ပိုင်း မျှနှင့်၊ အရည်ပျော် သွားကာ၊ ဒသမတန်း ဓားဝိညာဉ် ပုလဲအား၊ ပြိုင်ဘက်မှ ရယူ သွားခဲ့သည်။

“ ဒီကောင် ထွက်သွား တော့မယ်။ ”

သူတို့ အချင်းချင်း ငြင်းခုန် နေစဉ်၊ လင်းယွန်မှာ သာမန် ဓားဝိညာဉ် ပုလဲ (၁၀၀)ကို အလွယ် တကူ၊ သိမ်းယူ သွားခဲ့သည်။

သာမာန် ဓားဝိညာဉ် ပုလဲများ အတွက်၊ တိုက်ပွဲ များမှာ နေရာ တိုင်း၌ ဖြစ်ပွား နေသည်။ ထို့ကြောင့် စုဆောင်းရန် မလွယ်ကူချေ။

သို့သော် လင်းယွန်အား မြင်သည်နှင့်၊ လူတိုင်းက ရှောင်တိမ်း သွားသဖြင့်၊ လွယ်ကူ သွားခြင်း ဖြစ်သည်။

လိုအပ်သော အရေအတွက် ပြည့်သွား သည်နှင့်၊ လင်းယွန်က ဓားကုန်းမှ ချက်ချင်း ထွက်ခွာ တော့သည်။

“ ပန်းသင်္ချိုင်း ထွက်လာပြီ။ ”

လင်းယွန် ထွက်လာ သည်နှင့်၊ ပြင်ပမှ ကြည့်နေ သူများကြား၊ ရုတ်ရုတ် သဲသဲ ဖြစ်ပွား လာလေသည်။

ယဲ့ဇီလင်နှင့် ကျောက်ယန်တို့ သည်လည်း၊ သူ့နောက်မှ ထွက်ပေါ် လာ၏။ ၎င်းတို့ နှစ်ဦးမှာ ရှေးမစွ တည်းကပင်၊ ပုလဲများ သိမ်းယူ ထားပြီး ဖြစ်သည်။ လင်းယွန် အတွက် စိုးရိမ်သော ကြောင့်သာ၊ စောင့်ကြည့် နေခြင်း ဖြစ်၏။

“ အဆင် ပြေတယ်၊ ငါ့ကို ဒီလို မကြည့်နဲ့။ ”

လင်းယွန်က ပြုံးပြီး၊ မျက်စိ မှိတ်ပြ လိုက်သည်။

“ စီနီယာ အစ်မ ... ။ ”

“ ညီလေး လင်း ... ။ ”

ဖုန်ကျန်း၊ လျူချင်းယန်နှင့် ကုန်းစွန်းယန် တို့က ဝမ်းသာ အားရဖြင့်၊ အော်ဟစ် နှုတ်ဆက် လိုက်၏။

( လင်းယွန် ... လူယုတ်မာ၊ နဂါးလေး ကျန်ခဲ့ပြီ။ )

ခရမ်းငယ်မှ ကျိန်ဆဲ တော့သည်။

( နဂါးလေးက နင့် အတွက်၊ တိုက်ပွဲဝင် နေရတယ်၊ နင်က သူ့ကို ထားပြီး ထွက်ပြေး ဝံ့ တယ်ပေါ့၊ ဟမ့် ... ။ )

ထိုစကားကြောင့် လင်းယွန်မှာ၊ တိမ် ပင်လယ်သို့ မော့ကြည့် လိုက်သည်။ စမ်းသပ်မှု ပြီးပါက၊ လူတိုင်းကို လျှို့ဝှက်မြေမှ မောင်းထုတ် မည် ဖြစ်သောကြောင့်၊ စိုးရိမ် စရာ မရှိချေ။

“ လင်းယွန် ... ၊ ဟိုမှာ မင်း ကြောင် မဟုတ်လား ... ။ ”

ကုန်းစွန်းယန်မှ လက်ညှိုးထိုး ပြလာ၏။ ရှေးဟောင်း ဓားရှည် တစ်လက် ပေါ်တွင် နဂါး ပြန်ပေါ် လာသည်။

ပြီးနောက် ကျေနပ်စွာ ရယ်မောလျက်၊ ပတ်ဝန်းကျင်အား လှည့်ပတ် စစ်ဆေး တော့၏။

“ ဟား ဟား ဟား ... ၊ အဲဒီ ကြောင်က တကယ် မလွယ်လူး၊ ချစ်စရာ ကောင်း လွန်း တယ်၊ ကြည့် ပါ ဦး ... ။ ”

“ ဟုတ်တယ် ရယ်စရာ ကောင်းတယ်၊ အိုး ... ကြည့်စမ်း အဲ့ဒီ ဓားကို ဆွဲမို့ ကြိုးစား နေတယ်၊ တကယ် လောဘ ကြီးတဲ့ ကောင်။ ”

“ တကယ် လောဘ ကြီးတဲ့ ကြောင်ပဲ၊ ဓားကုန်းမှာ ရှိတဲ့ ဓားတိုင်းမှာ၊ ဝိညာဉ် ရှိတယ် ဆိုတာ၊ သူ မသိ ဖူးလား။ ”

ဓားများကို ဓားကုန်းတွင် မြှပ်နှံခြင်း ဆိုသည်မှာ၊ ၎င်းတို့မှ အခြား သူများနှင့် လက် တွဲရန်၊ ဆန္ဒ မရှိ တော့ဟု အဓိပ္ပါယ် ရ၏။

အချို့တွင် ဓားပိုင်ရှင် များ၏ ဝိညာဉ် အပိုင်းအစ များပင် ပါရှိသည်။ ထို့ကြောင့် နဂါး လေးမှ ဆွဲနိုင်မည် မဟုတ်ကြောင်၊ ပြောနိုင်၏။

“ ဝှစ် ... ။ ”

နဂါးလေးက မအောင်မြင် သဖြင့်၊ ဓားရိုးပေါ်မှ ခုန်ဆင်းကာ၊ လျှို့ဝှက် နယ်မြေ အနှံ့၊ လျှောက်သွား တော့သည်။

တစ်ခါ တစ်ရံတွင် မြေပြင်မှ တစ်စုံ တစ်ရာကို ငုံ့ကာ မျိုချ နေ၏။ ထိုလုပ်ရပ် များက နဂါး မျောက်ဝံ ပုံစံနှင့်၊ မည်သို့မျှ ဆက်စပ် တွေးကြည့်၍ မရချေ။

သို့သော် ၎င်းမျိုချ နေသည့် အရာ များကို၊ အာရုံစိုက် ကြည့်ပါက၊ မြွေနဂါး၏ အကြေးများ ဖြစ်နေ သည်အား၊ မြင်ရ ပေမည်။

ထိုအရာ များသည် အရိယာ ကောင်းကင် ဓားနှင့်၊ အနန္တ လျှပ်စီး နတ်ရူရ်ပင်၊ မဖြတ်ကျော် နိုင်သော ရတနာ များ ဖြစ်၏။

အထူး သဖြင့် ဦးခေါင်းနှင့်၊ သားရဲ အမြုတေကို ကာကွယ်ရန်၊ ရည်ရွယ်သော အကြေး ခွံများ ပေပင်။

ယင်းကို လင်းယွန် မေ့သွား ခဲ့သည်။ လေးနာရီ ကုန်လွန် ပြီးနောက်၊ စမ်းသပ်မှု ပြီး ဆုံးပြီ ဖြစ်သဖြင့်၊ လူတိုင်း လျှို့ဝှက် နယ်မြေမှ၊ တွန်းထုတ်ခြင်း ခံလိုက် ရသည်။

ရှားဟိုယန်မှာ လျှို့ဝှက် နယ်မြေမှ ထွက်လာ သည်နှင့်၊ လင်းယွန်ထံ ဒေါသတကြီး စိုက်ကြည့် သည်။

“ တတိယ အကြိမ် စမ်းသပ်မှု ပြီးပြီ၊ ဓားဝိညာဉ် ပုလဲ တစ်ရာ ရတဲ့ လူတိုင်း ရှေ့တိုး ပြီး၊ ကျန် သူများ နောက်ဆုတ် ပေးပါ။ ”

အကြီး အကဲ ကျွယ်ချန် အသံက၊ ကျယ်လောင်စွာ ထွက်ပေါ် လာ၏။ သူတော်စင် များမှ၊ တပည့်များ ရွေးထုတ် တော့မည့်၊ အချိန် ကျပြီ ဖြစ်သည်။

တိမ်လွှာ ပေါ်မှ စောင့်ကြည့် နေသော သူတော်စင် (၆)ပါးက မြေပြင်သို့၊ နီးကပ်စွာ ဆင်းသက် လာ တော့၏။

ရှေးဟောင်း ပျက်သုဉ်း မြေ ၌ပင်၊ သူတော်စင် တစ်ပါး ဖြစ်လာရန် မလွယ်ချေ။ ၎င်းတို့ မဆိုနှင့် လောက နိယာမ နယ်ပယ်၊ ကျွမ်းကျင်သူ များပင်၊ ရှားပါး ချေ၏။

သူတော်စင် (၆) ပါးကို တစ်ချက် မော့ကြည့်ပြီး၊ လင်းယွန်မှ စိတ်ပျက် လက်ပျက် သက်ပြင်းချ မိလေသည်။

ဤအခိုက်တွင် သူ့ စိတ်ပျက်မှုသည် ထင်ထား သည်ထက်၊ ပို၍ ကြီးမား သည်ကို သူ သိလာ၏။

မည်သို့ပင် ဆိုစေ ကာမူ၊ သက်တံဓား သူတော်စင်မှ ကောင်းကင်လမ်း အထိ ဆင်းပြီး၊ သူ့အား ကယ်တင်ရန် စေခိုင်းခဲ့ သဖြင့်၊ ဓား ဂိုဏ်းထံ ပြန်၍ ပေးဆပ် သွားမည် ဖြစ်သည်။

ရုတ်တရက် သူ့ခြေထောက် ယားယံလာ သောကြောင့်၊ ငုံ့ကြည့် လိုက်ရာ၊ နဂါး လေးက လျှာဖြင့်၊ လျက်နေ သည်ကို တွေ့လိုက် ရ၏။

၎င်းသည် သူ့ကိုယ်သူ ကြောင်လေး တစ်ကောင် အဖြစ်၊ လုံးဝ ခံယူ လိုက်ပုံ ပေပင်။ ထိုအတွေးက သူ့အား ပြုံးမိ စေ၏။

နဂါး လေးက၊ သူ စိတ်ပျက် နေသည်ကို မြင်သဖြင့်၊ နှစ်သိမ့် ပေးလာခြင်း ဖြစ်လေသည်။ ကောက်ပွေ့လျက် နဖူးရှိ အနီရောင် အမွေး အကွက် လေးထံ၊ ပွတ်သပ် ပေးမိသည်။

ထိုမြင်ကွင်းကို ကြည့်ပြီး၊ ယဲ့ဇီယွင်မှာ အံ့အားသင့် သွား၏။ လူတိုင်း သူတော်စင် (၆) ပါးထံ၊ ငေးကြည့် နေချိန်တွင်၊ ဤလူငယ်မှာ ကြောင် တစ်ကောင်နှင့် အလုပ်ရှုပ် နေသည်။

ရှားဟိုယန် သည်ပင် စိတ်လှုပ်ရှား စွာနှင့်၊ သူတော်စင် များထံ ငေးကြည့်သည်။ သည့်ထက် ပို၍ အံ့ဩစေ သည်မှာ၊ သူ့ကြောင် အပေါ်၊ ဆက်ဆံမှု ဖြစ်သည်။

နူးညံ့ သိမ်မွေ့ပြီး၊ မြင်သူ တိုင်းကို ကြည်နူး သွားစေသည်။ ယင်းက သူမကိုယ် သူမ ကြောင် ထက်၊ ဆိုးနေသည် လောဟု၊ သံသယ ဝင်လာ မိတော့၏။

***

All Chapters