မဖြစ် နိုင်ဘူး။
Vol. 102 Ch. 1424
တစ်ချိန်က ဓားဂိုဏ်း ဟူသည် တောင်ထိပ် (၉)လုံးကို ပိုင်ဆိုင်ပြီး၊ ဓား သမားများ အတွက် အပြင်း ထန်ဆုံး ဂိုဏ်း ဖြစ်ခဲ့သည်။
လက်ရှိ အချိန်၌ အရိယာ ကောင်းကင်၊ ကြက်သွေးရောင် ကောင်းကင်၊ မြစိမ်းရောင် ကောင်းကင်၊ မိုးပြာ ကောင်းကင်၊ တော်ဝင် ကောင်းကင်၊ အလင်း အမှောင် ကောင်းကင် ခေါ်၊ မရဏ ကောင်းကင်နဲ့၊ ရွှေရောင် ကောင်းကင် တို့သာ ကျန်ရှိ တော့သည်။
ဓားဧကရာဇ် ယုချင်းဖန်က မဟာ ကောင်းကင်နှင့်၊ ဆေး ကောင်းကင် တို့ကို ဖယ်ရှား ပစ်သည်။ ထို့ကြောင့် ဓားဂိုဏ်းမှာ မြင့်မြတ်မြေ အဖြစ်မှ ဆင်းပေး လိုက်ရ၏။
တော်ဝင် ကောင်းကင်၊ တောင်ထိပ်သည် လက်နက် များကို သွန်းလုပ်ရန် တာဝန် ယူရပြီး၊ ကျောက်စိမ်း ကောင်းကင် တောင်ထိပ်မှာ၊ စွမ်းအင်များ သန့်စင် ပေးရ ပေမည်။
ကြက်သွေးရောင် ကောင်းကင်သည် ဓားဂိုဏ်း စတင် တည်ထောင်ချိန် ကတည်းက အခိုင် မာဆုံး တောင်ထိပ် အဖြစ်၊ ရပ်တည် ထားသည်။
သမိုင်း တစ်လျှောက် ဓားဂိုဏ်းကို အုပ်ချုပ်သူ များသည်၊ ထိုတောင်ထိပ် သခင်များ ဖြစ်ကြ လေ၏။
သို့သော် ကျန် တောင်ထိပ်များ သည်လည်း၊ ထူးခြားသော အရင်း အမြစ် များနှင့် အမွေများ ရှိသောကြောင့်၊ ကြက်သွေးရောင် ကောင်းကင် သည်၊ အကြွင်းမဲ့ အာဏာ မရှိချေ။
သူတော်စင် (၆) ပါးသည် တောင်ထိပ် အသီးသီး၏ မဟာ အကြီးအကဲများ ဖြစ်သည်။ အရိယာ ကောင်းကင် တောင်ထိပ်မှ လွဲ၍ လူတိုင်း ရောက်ရှိ လာ၏။
“ ကျွယ်ချန်က ... အကြီး အကဲများ အားလုံးကို၊ နှုတ်ဆက် ပါတယ်။ ”
ရှေးဟောင်း ပျက်သုဉ်း မြေတွင် သူတော်စင် တစ်ပါး မွေးထုတ် ပေးနိုင်သော မိသားစု များကို သူတော်စင် မိသားစု အဖြစ် သတ်မှတ်ပြီး၊ နေရာ တစ်ခု ပေးသည်။
ထို့ကြောင့် သူတော်စင် များမှာ၊ အဆိုပါ အင်အားစု အသီး သီး၏ ထောက်တိုင်များ ဖြစ် လာချေ၏။
သမိုင်းကြောင်း ရှည်လျားသော အမွေ အနှစ်များ ရှိသည့်၊ တန်ခိုးကြီး ဂိုဏ်းကြီး များမှ လွဲ၍၊ ၎င်းတို့အား မည်သူမျှ မယှဉ် နိုင်ချေ။
သူတော်စင် (၆)ပါး အသွင် အပြင်သည် သာမန် လူသား များနှင့် ခြားနား ပေ၏။ သူတို့ ရုပ်သွင်အား မြင်နိုင် သော်မှ၊ စွဲထင်အောင် မှတ်သား ထား၍ မရချေ။
၎င်းတို့အား သူတို့၏ အမှတ် သညာ ဖြစ်သော၊ သူတော်စင် မီးတောက် များဖြင့် ဖုံးအုပ် ထားသည်။
ရှည်လျားသော သက်တမ်းကို ပိုင်ဆိုင်ကြ သဖြင့်၊ ထာဝရ တည်ရှိ မှုများ အဖြစ်၊ သတ်မှတ် ကြပေသည်။
“ ဘယ်သူ အရင် လဲ ... ။ ”
သူတော်စင် ခြောက်ပါး အနက်မှ၊ နီမြန်းသော ဝတ်ရုံကို ဆင်မြန်း ထားသော အဘိုးအိုက အပြုံးဖြင့် မေးသည်။
“ ငါ အရင် သွားမယ်။ ”
အစိမ်းရောင် ဝတ်ရုံ ဆင်မြန်း ထားသော၊ ဆံပင်များ ဆွတ်ဆွတ် ဖြူနေသည့်၊ အဘိုးအို တစ်ဦး လှမ်းထွက် လာ၏။ မြစိမ်းရောင် တောင်ထိပ် သခင် ဖြစ်သည်။
“ ငါက မြစိမ်းရောင် ကောင်းကင် တောင်ထိပ်က၊ မြစိမ်းရောင် ရေစင် သူတော်စင် သခင်ပါ၊ ငါတို့က ဂိုဏ်းရဲ့ အရင်း အမြစ် တွေကို၊ အဓိက သန့်စင်ပေး ရတယ်၊ ဒါက ...
... ဓားတာအို အထူးပြု တောင်ကုန်း မဟုတ်တဲ့ အတွက်၊ သူတော်စင် တစ်ပါး ဖြစ် လာရင်တောင်၊ ဓားပညာမှာ ...
... အခြား လူတွေ ထက်၊ အနည်းငယ် အားနည်း နိုင်တယ်၊ ဒါကြောင့် မင်းတို့ ဆန္ဒ မရှိရင်၊ ငြင်းပယ်ခွင့် ရှိပါတယ်။ ”
လူတစ်ရာ နီးပါးခန့်၊ သူတော်စင် တပည့် အဖြစ် ရွေးချယ် ခံရရန်၊ အရည် အချင်း ပြည့်မီခဲ့ ကြသည်။
မြစိမ်းရောင် ရေစင် သူတော်စင် ပြောသည်ကို ကြားသော အခါတွင်၊ ထိုသူများ အားလုံး စိတ်လှုပ်ရှား လာ၏။
မြစိမ်းရောင် ရေစင် သူတော်စင်မှာ သူ့ကိုယ်သူ နှိမ့်ချခဲ့ သော်လည်း၊ ၎င်း၏ တပည့် ဖြစ်ပါက၊ အရင်း အမြစ်များ မချို့တဲ့ကြောင်း၊ လူတိုင်း ပြောနိုင်၏။
“ လူငယ်လေး ယဲ့ချင်း ... ဒီအဖိုးကြီးကို မင်းရဲ့ ဆရာ အဖြစ်၊ ခံယူဖို့ ဆန္ဒရှိ သလား။ ”
မြစိမ်းရောင် ရေစင် သူတော်စင် သခင်က၊ ဝေ့ဝိုက် မနေ တော့ဘဲ၊ တည့်တည့် မေးလိုက် သည်။ ရုတ်တရက် ဖြစ်သဖြင့်၊ ယဲ့ချင်း ခမျာ မှင်တတ် သွား၏။
ယဲ့ဇီယွင်အား စောင့်ရှောင့်ရန်၊ ဓားဂိုဏ်းသို့ လိုက်ပါ လာခြင်း ဖြစ်ပြီး၊ သူတော်စင် တစ်ပါးမှ ဤသို့ ရွေးချယ် လိမ့်မည်ဟု၊ ယောင်၍ မျှပင် မတွေး ထားချေ။
“ စီနီယာ ... ၊ ဒီဂျူနီယာရဲ့ ဝမ်းကွဲ ညီမလေးကို၊ ဒီအခွင့် အရေး ပေးလို့ ရမလား၊ စွမ်းအင် သန့်စင် ရာမှာ၊ ဝမ်းကွဲ ညီမလေးက ဒီဂျူနီယာထက် အများကြီး သာပါတယ်၊ ...
... နှင်း သူတော်စင် မျိုးဆက် သွေးက စွမ်းအင် သန့်စင်တဲ့ နေရာမှာ၊ အထောက် အပံ့ အများကြီး ရပြီး၊ သူ့သွေး ကလည်း အများကြီး သန့်စင် အားကောင်း ပါတယ်။ ”
ယဲ့ချင်းမှ ယဲ့ဇီယွင်အား ပြန်ကြည့်ကာ ပြောမိ၏။ ယင်းက ကြီးကျယ်သော ကံကြမ္မာ ဖြစ်သဖြင့်၊ ယဲ့ဇီယွင်ထံ ပေးချင်သည်။
ယဲ့ချင်း စကားကြောင့် ကျောက်ယန်က ယဲ့ဇီလင်ထံ လှည့်ကြည့်၏။ နှင်း သူတော်စင် သွေးမှာ၊ စွမ်းအင် သန့်စင် ရာ၌ အသုံးဝင် ကြောင်း၊ ယခုမှ ကြားဖူးခြင်း ဖြစ်သည်။
“ ငါ မသိဘူး ... ၊ ငါ့ သေွးက ... ရေခဲနဲ့၊ လျှပ်စီးကို၊ ထိန်းချုပ် နိုင်တာတော့ သိတယ်၊ နတ်နဂါး ခေတ်မှာ၊ ဒီလို စွမ်းအင် ...
... နှစ်မျိုး လုံးကို ထိန်းချုပ် နိုင်တဲ့၊ သွေးသားမျိုး အရမ်း ရှားတယ်၊ ဒါနဲ့ သက်ဆိုင် နေမယ်လို့ ထင်ရ တာပဲ။ ”
ဆယ်နှစ် သမီး အရွယ် ကတည်း ကပင်၊ နှင်းသူတော်စင် မိသားစုမှ၊ ထွက်ခွာ လာခဲ့ရ သဖြင့်၊ ထိုအချင်း အရာ များကို မသိချေ။
“ သူ့မှာ ... ၊ သက်ဆိုင်ရာ ကံကြမ္မာ ရှိပါတယ်၊ မင်း ... ငါ့ တပည့် မဖြစ် ချင်ရင်၊ အတင်း အကြပ် မလုပ် ပါဘူး။ ”
မြစိမ်းရောင် ရေစင် သူတော်စင် သခင်က ပြုံးကာ ပြန်ပြော လိုက်၏။
“ အစ်ကို ချင်း ... ဘာလုပ် နေတာလဲ၊ နင့်ရဲ့ ဆရာကို မြန်မြန် နှုတ်ဆက်လိုက်။ ”
ယဲ့ဇီယွင်မှ စိုးရိမ် တကြီး သတိပေး လိုက်သည်။ သူမ၏ သတိပေး စကားကြောင့် ယဲ့ချင်းက ချက်ချင်း ဒူးထောက်ချ လိုက်ကာ၊
“ တပည့် ယဲ့ချင်းက၊ ဆရာ့ကို နှုတ်ဆက် ပါတယ်။ ”
-ဟု နှုတ်ဆက် လိုက်တော့၏။
“ ဟား ဟား ဟား ... ၊ ကောင်းတယ် ... အရမ်း ကောင်းတယ်၊ ဒီကို လာပါဦး။ ”
မြစိမ်းရောင် ရေစင် သူတော်စင် သခင်က ယဲ့ချင်းအား ချစ်ခင်သော အသွင်ဖြင့် ဆွဲယူ သွား လေသည်။
“ ဒီကောင် တကယ် ကံကောင်းတယ်။ ”
ရှားဟိုယန်နှင့် ဟွမ် ညီအစ်ကို (၄)မှာ သဘာဝ အတိုင်း မပျော် မရွှင် ဖြစ်လာ ကြ လေသည်။
သူတို့ အားလုံးသည် ယဲ့ချင်းထက် သာလွန်သော စွမ်းရည်မျိုး ရှိ၏။ ထို့ကြောင့် မြစိမ်းရောင် ရေစင် သူတော်စင် သခင်ကို၊ မကျေ မနပ် ဖြစ်လာ လေသည်။
သည့်နောက် တော်ဝင် ကောင်းကင် တောင်ကုန်း သခင်က ရှေ့လှမ်း ထွက်လာ၏။ ၎င်းသည် ဝိညာဉ် ရေးရာ ရူရ်များကို အဓိက ထား တာဝန် ယူရသည်။
လက်နက်များ သွန်း လုပ်ခြင်း၊ ဂိုဏ်း၏ ကာကွယ်ရေး အစီရင်များ ချမှတ်ခြင်း တို့ကို၊ ပြုလုပ် ရပေ၏။ ယင်းကြောင့် လူများ စွာက၊ စိတ်မဝင်စား ကြချေ။
တော်ဝင် ကောင်းကင် တောင်ထိပ် သူတော်စင် သခင်က၊ မည်သူမျှ မထင်မှတ် ထားသော အမည်မဲ့ လူငယ် တစ်ဦးကို ရွေးယူသွား ခဲ့သည်။
ပြီးနောက် အပြာရောင် ကောင်းကင် တောင်ထပ် သူတော်စင် သခင်က လှမ်းတက် လာ၏။
“ ငါက အပြာရောင် ကောင်းကင် တောင်ထိပ်ရဲ့၊ မဟာ အကြီး အကဲပဲ၊ ငါ့ကို အပြာရောင် မုန်တိုင်း သူတော်စင် သခင်လို့ ခေါ်နိုင် ပါတယ်၊ ...
... ငါတို့ရဲ့ တာဝန်နဲ့ အမွေကို၊ ငါ့တပည့် ဖြစ်လာ ပြီးတဲ့နောက်၊ သဘောပေါက် လာမှာ ပါ။ ”
အပြာရောင် ဝတ်ရုံဝတ် အဘိုးအိုက မိတ်ဆက် စကား ပြောသော အခါတွင်၊ ပတ်ဝန်း ကျင်၌၊ ရုတ်ရုတ် သဲသဲ ဖြစ်သွား၏။ ယင်းက အဓိက တောင်ထိပ် တစ်ခု ဖြစ်မှန်း၊ လူတိုင်း သိသည်။
ထို့ကြောင့် လင်းယွန်၊ ကျင်းချန်၊ ယဲ့ဇီယွင်၊ ချန်ပင်း၊ ဟွမ်ယန်ချန်းနှင့် ရှားဟိုယန် တို့ထံသို့၊ လူတိုင်း လှည့်ကြည့် လာ၏။
၎င်းတို့ သည်သာ ဤသူတော်စင်၏ တပည့် ဖြစ်ရန် ထိုက်တန် လေသည်။
“ လူငယ်လေး ကျင်းချန် ... ဒီအဖိုးကြီးကို မင်းရဲ့ ဆရာ အဖြစ် ခံယူ ချင်လား။ ”
အပြာရောင် မုန်တိုင်း သူတော်စင် သခင်က နူးညံစွာ ပြုံးလျက် မေး၏။ ထို့ကြောင့် ကျင်းချန် ခမျာ မျက်နှာ ပြောင်းလဲ သွားသည်။
သူတော်စင် တပည့် ဖြစ်ရန်၊ လူတိုင်းက စမ်းသပ်မှု တိုင်းတွင် အကောင်းဆုံး လုပ်ဆောင် ခဲ့ကြသည် ဖြစ်ရာ၊ ကျန်သူ များက စိတ်လှုပ်ရှား ကုန်သည်။
ရှားဟိုယန်သည် ပန်းတိုင် အဖြစ်၊ ကြက်သွေးရောင် ကောင်းကင် တောင်ထိပ် ကိုသာ၊ ပစ်မှတ် ထားခဲ့ ကြသည်။
သို့တိုင် အခြားသော တောင်ထိပ် သခင် များမှ၊ သူ မဟုတ်သည့် အခြား သူများ အပေါ်၊ ရွေးချယ် နေသည်အား၊ မရှုစိမ့် နိုင်တော့ချေ။
ဤပွဲ၌ သူတော်စင် အားလုံးမှ၊ သူ့အား လိုချင် နေကြလိမ့် မည်ဟု တစ်ထစ်ချ ယုံကြည် ထားမိသူ ဖြစ်သည်။
“ တပည့် ကျင်းချန်က ဆရာ့ကို နှုတ်ဆက် ပါတယ်။ ”
ကျင်းချန်က ပြတ်သားသူ တစ်ဦး ဖြစ် သောကြောင့်၊ တွေဝေခြင်း မရှိဘဲ ဒူးထောက် အရိုအသေ ပေးလိုက်သည်။
“ အပြာရောင် ကောင်းကင် တောင်ထိပ်ရဲ့ ဂုဏ် သိက္ခာနဲ့၊ ကျင်းမိသားစု မျက်နှာကို မပျက် အောင်၊ မင်း လုပ်နိုင် လိမ့်မယ်လို့ ငါ ယုံတယ်။ ”
အပြာရောင် မုန်တိုင်း သူတော်စင် သခင်က ပြုံးကာ ခေါင်းညိတ် လိုက်သည်။
“ ယဲ့ဇီလင် ... ၊ မင်း ငါ့ကို ဆရာ အဖြစ် ခံယူဖို့ ဆန္ဒ ရှိလား။ ”
မရဏ လျှပ်စီး သူတော်စင် သခင်က၊ အချိန်ဖြုန်းရန် ဆန္ဒမရှိ သဖြင့်၊ ခပ်ပြတ်ပြတ် မေးလာ၏။
သူသည် အလင်း အမှောင် ခေါ်၊ မရဏ ကောင်းကင် တောင်ထိပ်ကို ကိုယ်စားပြု ချေပြီ။ ပြုံးရယ်ခြင်း မရှိဘဲ အဖြေကို စောင့်ဆိုင်း နေ၏။
ရှားဟိုယန်၊ ချန်ပင်းနှင့် ဟွမ်ယန်ချန်းမှာ အံသြသွားသည်။ ကျင်းချန်ကို ရွေးသည့် အပေါ်၊ လက်ခံနိုင် သော်လည်း၊ ယဲ့ဇီလင် ကိုမူ နားလည် မပေး နိုင်ချေ။
မည်သို့ပင် ဆိုစေ ကာမူ၊ လက်ရှိ အချိန်၌ ခွဲတမ်း နှစ်ခုသာ ကျန်ရှိ တော့သည်။ လင်းယွန်၊ ယဲ့ဇီယွင်၊ ချန်ပင်း၊ ဟွမ်ယန်ချန်းနှင့် ရှားဟိုယန် တို့ အပေါ်၊ လူတိုင်း၏ အကြည့်များ ရောက်ရှိလာ ပြန်၏။
“ ဘာလို့ ... ၊ ဘယ်သူမှ ရှားဟိုယန်ကို မရွေးကြ တာလဲ။ ”
“ လင်းယွန် ကိုလည်း မရွေးဘူး၊ ဒါက ထူးဆန်းတယ်။ ”
လူအုပ် ထံမှ ဝေဖန်သံများ ညံလာ တော့သည်။
ကျွယ်ချန်က မျက်မှောင် ကြုတ်လျက် ငေါက်ငမ်းရန် ပြင်မိ သော်လည်း၊ ပါးစပ် ပိတ်နေ ရန်သာ ဆုံးဖြတ် လိုက်သည်။
“ ဓားသမား ကေျာက်ယန် ... ၊ မင်း ငါ့ကို ဆရာ အဖြစ်၊ ခံယူဖို့ ဆန္ဒ ရှိသလား။ ”
ရွှေရောင် ကောင်းကင် တောင်ထိပ်ကို ကိုယ်စား ပြုသော ကောင်းကင် နှလုံးသား သူတော်စင် သခင်က မေးလာ၏။
“ ငါ မင်းကို ... ၊ ပထမ အဆင့် ကတည်းက စောင့်ကြည့် နေတာ။ ”
-ဟု သူ့ စကားကို ထပ်ဖြည့် လိုက်သဖြင့်၊ လူတိုင်း တုန်လှုပ် သွားတော့သည်။
သူတို့ ကြား သမျှကို မယုံ နိုင်ခေျ။ ခွဲတမ်း တစ်ခုသာ ကျန်ရှိတော့ သဖြင့်၊ ရှားဟိုယန်နှင့် လင်းယွန် အနက်မှ တစ်ယောက်ကို ငြင်းပယ် မည်ဟု အဓိပ္ပါယ် ရ၏။
ရှားဟိုယန် နှလုံးသား ထဲတွင် လှိုင်းလုံးများ ဖြစ်ပေါ် လာသော်လည်း တည်ငြိမ်အောင် ထိန်း ထားဆဲ ဖြစ်သည်။
ထိုအချိန်တွင် ချန်ပင်းနှင့် ဟွမ်ယန်ချန်းမှာ မျက်နှာများ ဖြူဖျော့ သွား၏။ သူတို့ နှစ်ဦးသည် ရှားဟိုယန်နှင့် လင်းယွန်ထက်၊ အားနည်း သည်ဟု ကိုယ့်ကိုယ်ကို မထင်ချေ။
သို့သော် နောက်ဆုံး ခွဲတမ်း ကိုမူ၊ ၎င်းတို့ နှစ်ဦးနှင့် ပြိုင်၍ လုယူ နိုင်မည် မဟုတ်ကြောင်း၊ နားလည် ထားသည်။
“ ကျောက်ယန် ... မင်း ဘာလုပ် နေတာလဲ၊ မင်းရဲ့ ဆရာကို မြန်မြန် နှုတ်ဆက် လိုက်လေ။ ”
လင်းယွန်က ပြုံးပြီး ကျောက်ယန်အား တွန်းထုတ် လိုက်သည်။ သူသာ သူတော်စင် ဖြစ်သော် ကျောက်ယန်အား ကျော်ပြီး၊ မည်သူ့ ကိုမှ မြင်မိမည် မဟုတ်ချေ။
ဓားအတွက် အသက် ပေးထားသူ တစ်ဦးအား မမြင်ပါက၊ ဓားဂိုဏ်းမှာ အလကား ဖြစ်သွား ပေမည်။
ဓားဂိုဏ်းတွင် ဤကဲ့ သို့သော ဓားရူး တစ်ယောက် ရှိနေခြင်း ဟူသည် ဂုဏ်ယူ စရာ ပေပင်။
“ တပည့် ကေျာက်ယန်က၊ ဆရာ့ကို နှုတ်ဆက် ပါတယ်။ ”
ကျောက်ယန် တစ်ယောက်၊ မှင်တတ် နေရာမှ သတိဝင် လာပြီး၊ ချက်ချင်း နှုတ်ဆက် လိုက်၏။
ထို့ကြောင့် ကြက်သွေးရောင် ကောင်းကင် တောင်ထိပ် သခင်သာ တစ်ပါးသာ ကျန်ရှိပေ တော့သည်။
ဤသူတော်စင်သည် မှန်ကန်သော ဆုံးဖြတ်ချက် ချလိမ့် မည်ဟု၊ ရှားဟိုယန်မှ ယုံကြည် ခဲ့၏။
သူ့တွင် နဂါးသွေး လွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ များပင်၊ နားမလည် နိုင်သော ဓား ခန္ဓာကိုယ်၊ ဓား နှလုံးသားနှင့်၊ အရိယာ ကောင်းကင် ဓား ရှိသည်။
ထို့ကြောင့် ရှေးဟောင်း ပျက်သုဉ်း မြေ၌၊ မျိုးဆက်သစ် ဓားသမား များက ခေါင်းဆောင် တစ်ဦး အဖြစ်၊ အသိ အမှတ် ပြုထားသည်။
“ ယဲ့ဇီယွင် ... ။ ”
သို့သော် သွေးနေမင်း သူတော်စင် သခင် အသံက ထွက်ပေါ် လာသည်။ ရှားဟိုယန် ခမျာ ကျန်စကား များကို၊ မကြား နိုင်တော့ချေ။
သူ့အမည် မဟုတ် သဖြင့်၊ နှလုံးခုန် ရပ်သွားသည်။ သူ့အား မရွေးချယ် ခဲ့သည်လော။ ယင်းက လက်မခံ နိုင်စရာ ပေပင်။
သူ ဟူသည် သက်တံဓား သူတော်စင်၏ တပည့် ဖြစ်ရန်ပင်၊ အမြဲ ရည်မှန်းချက် ထားခဲ့သူ တစ်ဦး ဖြစ်သည်။
***