ဓားဂိုဏ်းကို ကိုယ်စားပြု ဝံ့သလား။
Vol. 102 Ch. 1425
နောက်ဆုံး ခွဲတမ်းကို၊ ရေွးချယ် ခဲ့သော တောင်ထိပ်သည် ဂိုဏ်းချုပ် များကို မွေးဖွားရာ အစဉ် အလာ ကြီးမားသည့် နေရာ ဖြစ်၏။
ထို့ကြောင့် လင်းယွန် သို့မဟုတ်၊ ရှားဟိုယန်ကို ရွေးမည်ဟု ယူဆ ခဲ့ကြသည်။ ယဲ့ဇီယွင် သန်မာ သော်လည်း၊ ၎င်းတို့ ထက် အားနည်းကြောင်း မြင်သာသည်။
“ ဘာလို့ ... ၊ ဒီဂျူနီယာ ဖြစ်ရ တာလဲ ... ။ ”
သူမကိုယ် သူမ ဖယ်ရှား ခံရသည့် စာရင်းတွင် ပါရှိ သွားပြီဟု၊ ခံယူ ထား သဖြင့်၊ ယဲ့ဇီယွင် ခမျာ အံ့အားသင့် နေခဲ့သည်။
“ မင်းနဲ့ ငါတို့ တောင်ထိပ် ကြားမှာ၊ ကံကြမ္မာ ရှိတယ်၊ မေးခွန်းတွေ မေး မနေနဲ့၊ ငါ မေးတာပဲ ဖြေပါ။ ”
“ ဒီတပည့်က ဆရာ့ စေတနာကို နားလည် ပါပြီ။ ”
ယဲ့ဇီယွင်က ချက်ချင်း အရို အသေ ပေးလိုက်သည်။ သူတော်စင် တပည့် ဖြစ်ရန် ဤနေရာသို့ လာရခြင်း ဖြစ်သောကြောင့် သဘာဝ အတိုင်း ငြင်းမည် မဟုတ်ချေ။
သူမအား ယနေ့ ရွေးချယ် ရသည့် အကြောင်းရင်း အမှန်ကို အနာဂါတ်တွင် အဖြေရှာ ရပေမည်။
“ လူကြီး မင်းတို့ ... ၊ ငါ့ကို နှောက်ယှက်ခွင့် ပြုပါ။ ”
နောက်ဆုံးတွင် ရှားဟိုယန် ခမျာ စိတ် မထိန်းနိုင် တော့ဘဲ၊ မည်းမှောင်သော မျက်နှာ ဖြင့်၊ ဝင်ပြော လာလေသည်။
“ ပြောပါ ... ။ ”
သွေးနေမင်း သူတော်စင် သခင်က မျက်မှောင် ကြုတ်လျက်၊ သူ့အား ပြန်ကြည့် လာ၏။
“ ဒီဂျူနီယာက သူတို့ထက် ဘယ်နေရာမှာ နိမ့်ကျ နေလို့လဲ။ ”
ရှားဟိုယန်က ဒေါသကို ထိန်းကာ မေးလိုက်သည်။ သူ့ ရင်ထဲ၌ ဒေါသများ ပြည့်နှက် နေပြီး၊ ၎င်းကို ထုတ်ပစ်ရန် အကြောင်း ပြချက် လိုနေ၏။
ယနေ့ ဖြစ်ပျက် ခဲ့သည့် အချင်း အရာမှာ၊ သူ့ဘဝ အတွက်၊ အကြီးမား ဆုံးသော အရှက်ခွဲ ခံရမှု ပေပင်။ ထို့ကြောင့် ဓားဂိုဏ်းမှ ဖြေရှင်းချက် ပေးရန် လိုပေမည်။
“ ဟုတ်တယ် ... ၊ မင်းရဲ့ ဓားခန္ဓာနဲ့ ... ၊ ဓားနှလုံး သားကို၊ သူတို့ ဘယ်သူမှ မယှဉ်နိုင် ကြဘူး၊ တစ်ခုပဲ ... မင်းက ငါတို့နဲ့ ... ၊ ကံကြမ္မာ မရှိ လို့သာ။ ”
“ ရူးလိုက်တာ ... ၊ ဓားဂိုဏ်းက လူတိုင်း မျက်မိ ကန်းနေတာ ငါ သိပြီ။ ”
သူ့ စကားကြောင့် အကြီး အကဲ ကျွယ်ချန်က ဒေါသ ထွက်သွားသည်။
“ ရှားဟိုယန် ... ၊ မင်း စကားပြော ဆင်ခြင်ပါ။ ”
“ ဟား ဟား ဟား ... ၊ ဘာကို ဆင်ခြင် ရမှာလဲ။ ”
ရှားဟိုယန်က အော်ဟစ် ရယ်မောလျက်၊ ကျောက်ယန်နှင့် ယဲ့ဇီလင်ကို လက်ညှိုး ထိုးပြ ပြီး။
“ မင်းရဲ့ သူတော်စင် တေွက၊ ဒီအမှိုက် တွေကို လက်ခံ ကြတယ်၊ ဘာလို့လဲ ... ငါ့ကို ရှင်းပြပါ၊ မဟုတ်ရင် ဓားဂိုဏ်းက၊ ငါ့အပေါ် ရည်ရွယ်ချက် ရှိရှိ၊ အရှက်ခွဲ တာပဲ။ ”
“ ဟမ့် ... သူတော်စင် တေွ ဆီက၊ ဖြေရှင်းချက် တောင်းရအောင် မင်းကိုယ်မင်း ဘယ်သူ ထင်နေလဲ၊ ရှားဟိုယန်။ ”
အကြီး အကဲ ကျွယ်ချန်အှ အေးစက်စွာ ပြန်ပြောသည်။
“ အဟက် ... ဓားဂိုဏ်းက ... ၊ ငါ့ကို မျက်နှာသာ မပေးတဲ့ အတွက်၊ ငါ့ကို အပြစ် မတင်နဲ့၊ ကောင်းပြီ မင်း တို့ရဲ့ သူတော်စင် တွေက ၊ အရည် အချင်း အရမ်း ရှိတဲ့ တပည့် တွေကို ရွေးပြီးပြီ ဆိုတော့ သူတို့ ထဲက ဘယ်သူများ ငါနဲ့ တိုက်ရဲလဲ။ ”
အရိယာ ကောင်းကင် ဓားကို ထုတ် လွှတ်လျက်၊ ရှားဟိုယန်မှ သူတော်စင် တပည့် များအား စိန်ခေါ် လိုက်သည်။ သူ့ ဆံပင်များ လေထဲ လွင့်ပျံ လာ၏။
ကျင်းချန်၊ ကျောက်ယန်၊ ယဲ့ဇီလင်၊ ယဲ့ဇီယွင်၊ ယဲ့ချင်းနှင့် ကျန်လူငယ် လေး၏ မျက်နှာများ ပြောင်းလဲ သွားသည်။ လက်ရှိ အချိန်၌ ရှားဟိုယန်အား တိုက်ရမည် ဆိုသော်၊ သူတို့ ရှုံးမည်ကို သိ၏။
“ ဟမ့် ... ၊ ငါ့ကို တိုက်ဖို့တောင် မဝံ့တဲ့ အမှိုက် တစ်အုပ်ပဲ၊ အရေး မကြီးဘူး၊ မင်းတို့ အားလုံး လာလည်း ရတယ်၊ ဟား ... ဟား .... ဟား ... ။ ”
နောက်ဆုံးတွင် နှလုံးသား အတွင်း စုပြုံ နေသော ဒေါသများ ပေါက်ကွဲ ထွက်လာသည်။ ရှေးဟောင်း ပျက်သုဉ်း မြေ၏ မျိုးဆက်သစ် လူငယ် ဓားသမား ခေါင်းဆောင် တစ်ဦး အနေ ဖြင့်၊ ဓားဂိုဏ်းအား လေးစားမှု ပေးခဲ့ပြီး ဖြစ်၏။
သက်တံဓား သူတော်စင်မှ ငြင်းပယ်ပြီး၊ အခြားသော သူတော်စင်များ ကပါ၊ အရှက် ခွဲ ခဲ့သည်။ လက်ခံ နိုင်စရာ မရှိခေျ။
သူ့အမြင် အရ၊ သူ့အား တပည့် အဖြစ် ခေါ်ယူသည့် သူတော်စင်မှာ၊ သူ့ကြောင့် ဂုဏ်ရှိ ပေမည်။
ထိုအတွေးကို နားလည် ထားသော ညီ ဖြစ်သူ ရှားဟိုယွင်မှာ၊ နှုတ်ခမ်းများ တုန်ယင် လာ၏။
သူ့အစ်ကိုသည် ယုတ္တိ မတန်ချေ။ လင်းယွန် ထံမှ ရတနာအား ပြန်ယူ လိုသော်၊ တောင်းပန် သင့် သည်ဟု ထင်သည်။
သို့သော် စိတ်ကြီး ဝင်ကာ၊ တစ်ဖက် လူမှ တောင်းပန်လျက်၊ ဗောဓိ မျိုးစေ့ကို ပြန်ပေးလိမ့် မည်ဟု ယူဆ ခဲ့သည်။
သူ ဟူသည် ရှားဟိုယန် ဖြစ်သဖြင့်၊ လင်းယွန်အား နာမည် ခေါ် စကား ပြောခြင်းနှင့်၊ မျက်နှာသာ ပေးပြီးဟု၊ အထင် ရောက်နေ၏။
ထို့ကြောင့် သူတော်စင် တိုင်းက ငြင်းပယ်သော အခါ မခံနိုင် တော့ခြင်း ဖြစ်သည်။
သူ့ အမြင် အရ အစ်ကို ရှားဟိုယန်မှာ ဓားဂိုဏ်းအား ဒူးထောက် တောင်းပန် သင့်ပြီ ဖြစ်သည်။
အကြီး အကဲ ကျွယ်ချန်မှာ၊ ဒေါသ ထွက်လာပြီး၊ ရှားဟိုယန်ကို ရိုက်နှက် တော့မည် အချိန်တွင်၊ သွေးနေမင်း သူတော်စင်က ဟန့်တား လိုက်သည်။
ပြီး ရှားဟိုယန်ကို ကြည့်ကာ၊
“ လက်ရှိ ခွန်အားကို၊ ငါတို့ မကြည့်ဘူး၊ ငါတို့ရဲ့ တပည့် တိုင်းက ခုချိန်မှာ၊ မင်းကို မယှဉ် နိုင်တာ အမှန်ပါ၊ ဒါပေမယ့် ... အရည် အချင်း ဆိုတာ၊ လူတစ်ယောက် ဘယ်အထိ၊ ...
... ရောက်နိုင် မလဲ ဆိုတာကို တိုင်းတာ ရတာပဲ၊ ဒါက သူ့ရဲ့ အကျင့် စရိုက်နဲ့ တိုက်ရိုက် အချိုး ကျတယ်၊ ဓားဂိုဏ်းက လူတော် မလိုဘူး၊ လူကောင်းပဲ လိုတယ်။ ”
သွေး နေမင်း သူတော်စင် သခင်က၊ ပြောင်ပြောင် တင်းတင်းပင် ရှားဟိုယန်အား ပြန်ပြော လိုက်သည်။ ထိုစကားက တစ်ချိန်လုံး ရပ်ကြည့် နေသော လင်းယွန်ကို ပြုံးမိ စေ၏။
ဓားဂိုဏ်းမှာ နှစ်သက်ဖွယ် ကောင်းချေပြီ။ ရှားဟိုယန်အား ရွေးချယ် ခဲ့သော်၊ အဆိုး မြင်မိ ပေမည်။
သွေး နေမင်း သူတော်စင် စကားကို ကြားသော အခါတွင်၊ ရှားဟိုယန် မျက်နှာ ဖြူဖျော့ သွား၏။ ဒေါသများ အလိပ်လိပ် ထွက်လာပြီး၊
“ ဘယ်လောက် တောင် ... ၊ လွန်ကြူး လိုက်လဲ၊ မင်းတို့ရဲ့ ... ဓားဂိုဏ်းက အရှေ့ဘက် ပျက်သုဉ်း မြေမှာ၊ အပြင်းထန်ဆုံး ဂိုဏ်းလို့၊ ...
... တကယ်ပဲ ထင်နေကြ တုန်းလား၊ ငါ့ရဲ့ စရိုက်ကို မေးခွန်း ထုတ်ရ လောက်အောင်၊ မင်း တို့က ဘယ်သူ များလဲ။ ”
-ဟု လှောင်ပြောင် လိုက်သည်။
“ ရှားဟိုယန် ... မင်း ဆက်ပြီး ... ၊ ရိုင်းစိုင်းနေ ဦးမယ် ဆိုရင် ... ၊ ငါ့ကို အပြစ် မတင်နဲ့။ ”
ကျွယ်ချန် မျက်နှာမှာ၊ နီရဲ လာ တော့၏။ စိတ်ရှိ တိုင်းသာ လုပ်ရ ပါက၊ အမှုန့် ဖြစ်သွား ပေ လိမ့်မည်။ သက်တံဓား သူတော်စင်မှ ငြင်းပယ် ခဲ့သည်မှာ၊ မှန်သွား၏။
“ အဟက် ... ငါ မှားလို့လား ... ၊ ဘယ် တပည့် ကများ ... ငါ့ကို တိုက်ဝံ့ သလဲ၊ ငါ့ကို သင်ခန်းစာ ပေးဖို့၊ အကြီး အကဲ တစ်ယောက် လိုသလား၊ ဟား ဟား ဟား ...
... ဟာသပဲ၊ ငါ ရှားဟိုယန် ဒီနေ့ ဒီမှာ မတ်တပ်ရပ် နေတယ်၊ လုပ်ပါ တစ်ယောက် ယောက် သင်ခန်းစာ လာပေးပါ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်က၊ ...
... ဓားဧကရာဇ် ယုချင်းဖန်က ... ၊ တောင်ထိပ် နှစ်ခုကို ဓားတစ်ချက် တည်းနဲ့ ဖျက်ချ ခဲ့တယ်၊ ဒီနေ့မှာ ငါလည်း၊ ...
... သူတော်စင် တပည့် တွေကို ငါ့ဓားနဲ့ နင်းချေမယ်၊ မကျေနပ် ဖူးလား၊ လာ ... မင်းတို့ အားလုံး အတူ လာလို့ ရတယ်။ ”
သူ့ စကား များသည် သူတော်စင်များ အပါအဝင် ဓားဂိုဏ်းမှ လူတိုင်း၏ မျက်နှာအား မည်းမှောင် သွားစေ၏။ ရှားဟိုယန်အား လုံးဝ စက်ဆုပ် သွားပြီ ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း (၃၀၀၀)၌ ဖြစ်ပျက် ခဲ့သည့်၊ ထိုအရာမှာ အမာရွတ် အဖြစ် ဓားဂိုဏ်း အတွက်၊ အမြဲရှိ နေခဲ့သည်။
“ အစ်ကို ရှားဟို ပြောတာ မှန်တယ်။ ”
ဟွမ်ယန်ချန်းက ရှေ့လှမ်း တက်ကာ၊ ပြုံးလိုက်၏။
“ ငါ ... ဟွမ်ယန်ချန်း လည်း မယုံဘူး၊ ဒီအမှိုက် တွေက ဘယ်လိုများ ... ၊ သူတော်စင် တပည့် ဖြစ်လာ ရတာလဲ၊ ကမ္ဘာ ကြီးမှာ သန်မာ သူသာ စကား ပြောပိုင်ခွင့် ရှိတယ်၊ ...
... သူတို့က သူတော်စင် တပည့် ဖြစ်ရန် ထိုက်တန်ကြောင်း ပြပါ၊ မဟုတ်ရင် ဓားဂိုဏ်းက ရယ်စရာ ကောင်းနေ လိမ့်မယ်။ ”
“ မှန်တယ် ... ၊ ဒီနေ့ ဓားဂိုဏ်း ဆီက ရှင်းပြချက် တစ်ခု တောင်းခံမယ်။ ”
ချန်ပင်း သည်လည်း ရှေ့တိုး လာ၏။ သူတော်စင် များမှ တပည့် အဖြစ် အရွေး မခံ ရသည့် အတွက်၊ မကျေနပ် ကြချေ။
မူလက ရှေ့ထွက်ရန် ဆန္ဒ မရှိ သော်လည်း၊ ရှားဟိုယန်အား ဓားဂိုဏ်းမှ မည်သည့် အရာမျှ မလုပ်နိုင် သည်ကို မြင်သောကြောင့်၊ ရှေ့ထွက် လာကြခြင်း ဖြစ်သည်။
ကျင်းချန်နှင့် ယဲ့ဇီယွင်မှာ တိုက်ခိုက်ရန် ဟန်ပြင် လိုက်၏။ သို့သော် ၎င်းတို့ နှစ်ဦး ပေါင်း လျှင်ပင်၊ ရှားဟိုယန် ပြိုင်ဘက် မဟုတ် သဖြင့်၊ သူတော်စင် များက တားဆီး လာသည်။
သူတို့ နှစ်ဦး ကိုသာ၊ ရင်ဆိုင်ခွင့် ပေး လိုက်သော်၊ ရှားဟိုယန်မှ အရှက်ခွဲ ခြင်းအား ခံရ ရုံသာ ရှိပေမည်။
“ ဘယ်သူ ကမှ ... ၊ ငါ့ကို မတိုက်ရဲ ဖူးလား။ ”
ရှားဟိုယန်မှ သရော် လှောင်ပြောင် လိုသော အပြုံးဖြင့်၊
“ ကြည့်ရတာ ဓားဧကရာဇ် ယုချင်းဖန်က၊ ဓားဂိုဏ်းရဲ့ တောင်ထိပ် နှစ်ခုကို ဖြတ်ချရုံ တင် မကဘူး၊ ကျောရိုးတွေ ကိုတောင် ချိုးလိုက် သလို ပါပဲလား။ ”
“ ရှား ဟို ယန် ... ။ ”
အကြီး အကဲ ကျွယ်ချန်က အံကြိတ် လိုက်၏။
“ ဟား ... ဟား ... ဟား ... ၊ ဘာလဲ ငါ လွန်တယ်လို့ ပြော မလို့လား၊ ငါ လွန်တော့ရော ဘာဖြစ်လဲ၊ မင်း ကိုယ်တိုင် ငါ့ကို ရိုက်ချင် နေတာလား၊ ...
... ဓားဂိုဏ်းက ငါ့ကို မျက်နှာသာ မပေးတဲ့ အတွက်၊ ငါလည်း မပေး နိုင်ဘူး၊ ဒီနေ့ မင်းတို့ရဲ့ တပည့် တွေက ငါ့ကို ရင်မဆိုင် ဝံ့လည်း၊ ကိစ္စ မရှိဘူး၊ အနှစ် သုံးထောင် ကြာတဲ့ အခါ၊ ငါက ဧကရာဇ် ဘွဲ့ကို ခံယူပြီး ပြန်လာမယ်။ ”
သူ့အား စရိုက် မကောင်းသူ အဖြစ်၊ လူသိ ရှင်ကြား အရှက်ခွဲ ပြီးနောက်၊ မည်သူ့ မျက်နှာ ကိုမျှ၊ ကြည့် နေစရာ မလိုချေ။
သူတော်စင် များနှင့် အကြီး အကဲ များမှာ၊ ရှားဟိုယန်ကို အရေးယူ နိုင်သော အခြေအနေ၌ မရှိ သဖြင့်၊ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားသည်။
“ အဟက် ... ၊ စိတ်ပျက် စရာပဲ၊ မင်းလို လူက၊ ကိုယ့်ကိုယ်ကို ဓားဧကရာဇ် ယုချင်းဖန်နဲ့ တင်စားဝံ့ သလား၊ ဒီလောက် အရှက် မရှိတဲ့ လူမျိုး၊ ခုမှပဲ မြင်ဖူး တော့တယ်။ ”
ရုတ်တရက် ရှားဟိုယန်ကို အထင်သေး ရှုံ့ချလိုက်သော အသံ တစ်သံ ထွက်ပေါ် လာ၏။ ထိုအသံမှာ လင်းယွန် ထံမှ ဖြစ်သည်။
“ မင်း အရမ်း ... တိုက်ချင် နေရင်တော့ ... ၊ ငါ မင်းနဲ့ တိုက်ပေးမယ်၊ ရှားဟိုယန်။ ”
“ ထွက် သွား စမ်း ... ၊ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ၊ ဒီမှာ ငါ့ကို သူတော်စင် တပည့် တွေသာ တိုက်ခိုက်ဖို့၊ အရည် အချင်း မီတယ်။ ”
ရှားဟိုယန်က ချက်ချင်း တုန့်ပြန်သည်။ ဤမတိုင်မီ အခြေအနေ နှင့်သာ ဆိုက တစ်ဖက် လူကို တိုက်ခိုက်ကာ၊ သင်ခန်းစာ တစ်ခု သင်ပေး မိပေမည်။
ယခုမူ ဓားဂိုဏ်းကို အရှက်ခွဲ ရမည် ဖြစ်သောကြောင့်၊ လင်းယွန်အား စိတ်မဝင် စား နိုင်တော့ချေ။
ဗောဓိ မျိုးစေ့နှင့် ပတ်သက် ပါက၊ နောင်အခါမှ သင်ခန်းစာ ပေးရန် စိတ်ကူး ထားသည်။
“ တကယ်တော့ ... သူ ကသာ မင်းကို တိုက်ဖို့၊ အသင့်လျော် ဆုံးပဲ။ ”
သွေးနေမင်း သူတော်စင် သခင်က၊ သူတို့ စကားဝိုင်းထဲ ဝင်ပြော လာသည်။
“ ဒါပေမယ့် ... သူက မင်းနဲ့ မတိုက်သင့် ပြန်ဘူး၊ ဒါက ... သူမှာ အရည် အချင်း မရှိလို့ မဟုတ်ဘဲ၊ မင်း ကသာ သူနဲ့ တိုက်ဖို့၊ အရည် အချင်း မမီ လို့ပဲ။ ”
“ ဘာပြော လိုက်တယ်။ ”
သွေးနေမင်း သူတော်စင် သခင် စကားကြောင့်၊ ရှားဟိုယန် မျက်နှာမှာ နီမြန်း သွားသည်။
“ ငါတို့ရဲ့ သိုင်းဦးလေး သက်တံ ဓားက၊ ကျင့်ကြံနေတဲ့ အတွက်၊ ဒီနေ့ မလာ နိုင်ခဲ့ဘူး၊ သူက နှစ်ပေါင်း နှစ်ဆယ် အတွင်း၊ တပည့် တစ်ဦးကို ပြန်ပြီး၊ လက်ခံ ခဲ့တယ်၊ ...
... ဒါကြောင့် ကောင်းကင်လမ်း အထိ ဆင်းပြီး၊ လူငယ် တစ်ယောက်ကို သွားခေါ် ခဲ့ရ တယ်၊ မဟုတ်ရင် ငါတို့ ခြောက်ယောက်က၊ လင်းယွန်ကို လက်လွှတ် ရအောင်၊ ...
... နုံချာ နေလိမ့် မယ်လို့၊ မင်း ထင်နေ တာလား၊ ဒါကြောင့် သူ့ကို မင်းနဲ့ တိုက်ဖို့၊ ငါတို့ မဆုံးဖြတ် ခဲ့တာ၊ သူ့ အတွက် မင်းလို လူက ထိုက်တန်တဲ့၊ ပြိုင်ဘက် မဟုတ်ဘူး။ ”
သွေးနေမင်း သူတော်စင် စကား များက မိုးခြိမ်းသံ များကဲ့သို့၊ ရှားဟိုယန် နားထဲ ပဲ့တင် ထပ် သွားသည်။ နှုတ်ခမ်းများ တဆတ်ဆတ် တုန်လျက်၊ မျက်လုံးအား မှိတ်ချ လိုက်ရ၏။
အချိန် အတော်ကြာ တိတ်ဆိတ်ကုန် ပြီးနောက်၊
“ ဒါက ဘယ်လို ဖြစ်ရ တာလဲ ...၊ သက်တံဓား သူတော်စင်က၊ တပည့် ပြန် လက်ခံ လိုက်တာ လား၊ မယုံ နိုင်စရာပဲ။ ”
ယင်းက ရှားဟိုယန် အတွက်၊ ရှက်စရာ ပေပင်။ ဤအရာသည် လက်ရှိ သူတော်စင် (၆) ပါး၏ တပည့် ဖြစ်ရ ခြင်းထက်၊ သာ၍ ကြီးမြတ်၏။
“ ငါ မကျေနပ်ဖူး ... ၊ ဓားဂိုဏ်းက မျက်စိကန်း နေပြီ၊ သက်တံဓား သူတော်စင် တောင် ချွင်းချက် မရှိပဲ၊ ငါ မယုံဘူး၊ လင်းယွန် မင်း သတ္တိ ရှိရင် ငါ့နဲ့ တိုက်ပါ။ ”
ရှားဟိုယန်မှာ အရူး တစ်ယောက် ကဲ့သို့၊ အော်ဟစ် တော့၏။ သွေးနေမင်း သူတော်စင်မှ နှာခေါင်းရှုံ့ လိုက်ပြီး၊
“ လင်းယွန် ... ။ ”
-ဟု ခေါ်လိုက်သည်။
“ တပည့် ရှိပါတယ်။ ”
“ ဓားဂိုဏ်းနဲ့ ... ၊ မင်းရဲ့ ဆရာကို တစ်စုံ တစ်ယောက်က အရှက်ခွဲ နေတယ်၊ သူ့မှာ ဓား ခန္ဓာကိုယ်၊ ဓား နှလုံးသားနဲ့၊ အရိယာ ကောင်းကင်ဓား ရှိတယ်၊ ...
... ကျင့်ကြံမှု အရ၊ ကောင်းကင် ပင်မ နတ်ဘုရား နယ်ပယ် ဖြစ်ပြီး၊ မင်းထက် နှစ်ဆင့် မြင့်တယ်၊ လင်းယွန် ... မင်း ငါ့ဓား ဂိုဏ်းကို ကိုယ်စား ပြုပြီး၊ တိုက်ဝံ့လား။ ”
***