မဟာ နေမင်း အုပ်စိုးမှု လက်ဖဝါး။
Vol. 102 Ch. 1426
သွေးနေမင်း သူတော်စင် သခင်၏ အသံက၊ မိုးခြိမ်းသံ အလား ပဲ့တင်ထပ် လာပြီး၊ လင်းယွန် ကို တုန်လှုပ် သွားစေ၏။
နှလုံး ခုန်သံ မြန်လာကာ၊ သွေးပြန်ကြော တစ်လျှောက်၊ ရဲရဲ နီသော သွေးများ ပို့လွှတ် လာတော့သည်။
( ဒါဆို ... ငါ့ အတွေး မှားသွား တာပေါ့။ )
ခွန်လွန်ကို ခြေချစဉ် ကတည်း ကပင်၊ ဖုန်းကျွယ်အား မသိ စိတ်ဖြင့်၊ စီနီယာ အစ်ကိုဟု သူ ခေါ်ဆို မိခဲ့သည်။
ယင်းက သူ့ နှလုံးသားသည် သက်တံဓား သူတော်စင်နှင့် ပတ်သတ်သွား ပြီဟု အဓိပ္ပါယ် ရကြောင်း၊ သူ မသိ ခဲ့ချေ။
“ မင်း ... တိုက်ဖို့ သတ္တိ ရှိလား။ ”
လင်းယွန် တစ်ယောက် အတွေးနက် နေမိစဉ်၊ သွေးနေမင်း သူတော်စင် သခင် အသံ ထွက်ပေါ် လာပြန်၏။
၎င်းက ဒေါသကို ထိန်း မထား သဖြင့်၊ ဓားဂိုဏ်းမှ လူတိုင်း ကြားရ စေသည် အထိ၊ ကျယ်လောင် နေခဲ့သည်။
“ တပည့် လင်းယွန် ဘယ်တုန်း ကမှ သတ္တိ မကြောင် ခဲ့ဘူး။ ”
“ ကောင်းပြီ ... ၊ မင်းကို အနိုင် တိုက် ရမယ်လို့၊ ငါ မပြောဘူး၊ ဓားဂိုဏ်းရဲ့ တပည့်က၊ မသန်မာ ရင်တောင်မှ၊ သူလို ရွံစရာ ကောင်းတဲ့ လူမျိုး၊ မဟုတ်ဖူး ဆိုတာ ပြဖို့ပဲ လိုတယ်။ ”
“ တပည့် လင်းယွန် ... လက်ခံ ပါတယ်၊ ဓားဂိုဏ်းကို ဘယ်သူ ကမှ အရှက် ခွဲလို့၊ မရစေ ရပါဘူး။ ”
လင်းယွန်က လက်သီးကို ဆုပ်လျက် ပြန်ဖြေ၏။ ယနေ့ ကဲ့သို့ ပြိုင်ဘက် အပေါ်၊ အနိုင်ယူ လိုသော ဆန္ဒမျိုး၊ တစ်ကြိမ်မျှ ပြင်းပြစွာ ဖြစ်မလာ ဖူးသေးချေ။
“ ဝှစ် ... ။ ”
နှစ်ယောက်သား စင်ပေါ်သို့ ခုန်တက် လိုက်ကြသည်။
“ ဟား ... ဟား ... ဟား ... ၊ ဓားဂိုဏ်းရဲ့ မာနက၊ သူ့လို အောက်တန်းစား အရိုင်း အစိုင်း တစ်ယောက် ဆီက လာတာ လား။ ”
ရှားဟိုယန် မျက်နှာသည် ကြောက်စရာ ကောင်း လောက်အောင် အေးစက် နေချေ၏။
“ ဒီနေ့ သက်တံဓား သူတော်စင် အပါ အဝင်၊ ဓားဂိုဏ်းရဲ့ သူတော်စင် တပည့် တိုင်းကို ငါ့ဓားနဲ့ နိုင်ယူပြီး၊ ဓားဂိုဏ်းက မျက်စိကန်း နေတယ် ဆိုတာ၊ ကမ္ဘာ ကြီးကို၊ ငါ ပြမယ်။ ”
သွေးနေမင်း သူတော်စင်၏ အသံလှိုင်း များကြောင့်၊ တစ်စုံ တစ်ဦးသည် ဓားဂိုဏ်း အား၊ အရှက်ခွဲ နေမှန်း လူတိုင်း သိလာ ကြသည်။
ထို့ကြောင့် ဓားဂိုဏ်း၏ အကြီး အကဲ များနှင့်၊ တပည့် များက အပြေး အလွှား ရောက်ရှိ လာကုန်သည်။
“ အစ်ကို ဟွမ် ... ၊ ငါ့ အစ်ကို နိုင်ပါ့ မလား။ ”
ရှားဟိုယွင်က သတိ ကြီးစွာဖြင့် မေးသည်။ ဟွမ်ယန်ချန်းမှ၊
“ ဒါက ကောင်းကင် အဆင့်နဲ့၊ ကနဦး အဆင့် ကြားက တိုက်ပွဲပဲ၊ မင်း ဘယ်လို ထင်လဲ မင်း အစ်ကိုမှာ ဓားခန္ဓာ၊ ဓား နှလုံးသားနဲ့၊ အရိယာ ကောင်းကင်ဓား ရှိတယ်။ ”
-ဟု ပြန်ဖြေ သည်။
“ စိတ်မပူနဲ့ ... ၊ လင်းယွန်ကို သူ ဘယ်လို သတ်မလဲ မင်း စောင့်ကြည့် နေပါ၊ ဓားဂိုဏ်းက ဒီတစ်ခါတော့ လူရွေးမှား သွားပြီ၊ မင်း အစ်ကို ဆိုတာ၊ သူတို့ ထင်ထား တာထက် ပို သန်မာတယ်။ ”
ဟွမ်ယန်ချန်းနှင့် အတူ၊ ချန်ပင်း ကပါ ဝင်ရောက် သုံးသပ် လာသဖြင့်၊ ရှားဟိုယွင်မှာ သက်ပြင်းချ လိုက်မိသည်။
“ လင်း ယွန် ... ။ ”
ယဲ့ဇီလင်နှင့် အခြားသော သူတော်စင် တပည့် များက စိုးရိမ် လာသည်။ လင်းယွန်အား မယုံ ကြည်၍ မဟုတ်ဘဲ၊ ဤအရာသည် သေရှင် အဆင့် အထိ၊ ဖြစ်လာ နိုင်သောကြောင့် ဖြစ်၏။
ယဲ့ဇီယွင်မှာ လင်းယွန်ကို ငေးကြည့် နေမိသည်။ ဤကောင်လေးသည် မည်သည့် အချိန်မှ စကာ၊ သူမ နှလုံးသားကို သိမ်းယူ ထားမှန်း မသိ တော့ချေ။
ဘဝ တစ်လျှောက်လုံး လှည့်စား ခြင်းဖြင့်၊ ဆန့်ကျင်ဘက် လိင်အပေါ်၊ အမြဲ ကစား မိ၏။ ယခု တစ်ကြိမ်တွင် သူမ ပြန်လည် ပေးဆပ် ရမည့် အကြိမ် ဖြစ်ပုံ ရလေသည်။
ဓားဂိုဏ်း၏ ပူပူ နွေးနွေး တပည့် ငယ်များ သည်လည်း၊ လင်းယွန်ကို ကြည့်ကာ ဆုတောင်း ပေးလာ ကုန်၏။
သူတို့ အားလုံးမှာ ငယ်ရွယ်ပြီး၊ ဂိုဏ်း တစ်ခုတည်း ဖြစ်လာကြ သဖြင့်၊ ရှားဟိုယန် စကားကို၊ မကျေနပ် တော့ချေ။
“ မင်း အရင် စပါ၊ မင်းက ဓားဧကရာဇ် ယုချင်းဖန်နဲ့၊ ယှဉ်နိုင်မဲ့ ဓား သမားလို့ ... ၊ ဘယ် အရာက သွေးနထင် ရောက်စေလဲ၊ ငါ ကြည့်မယ်။ ”
လင်းယွန်မှ ပြောလိုက်၏။
“ မင်း ... ငါ့ရှေ့မှာ ဒူးထောက် ရတဲ့ အခါ၊ အဲဒီ အဖိုးကြီး ... သက်တံဓား သူတော်စင်က၊ ဘာလုပ် နိုင်မလဲ ဆိုတာ ငါ ကြည့်မယ်။ ”
စကားဆုံး သည်နှင့်၊ ရှားဟိုယန် ခန္ဓာ ကိုယ်တွင်၊ ကြယ် စွမ်းအင်များ ပေါက်ကွဲ လာသည်။
ဖိအားသည် မည်မျှ အစွမ်းထက် သည်ကို ခံစားနိုင် သောကြောင့်၊ လူ အများ၏ မျက်နှာ ပြောင်းလဲ ကုန်သည်။
၎င်းက ကြယ် တစ်ပွင့်သာ ဖန်တီးထား နိုင်သော်လည်း၊ ကြယ်နှစ်ပွင့် ရောင်ဝါနှင့် ယှဉ် နိုင် နေ၏။
“ ဘယ်လိုတောင် အစွမ်းထက် လိုက်လဲ။ ”
တပည့် အသစ် များမှာ၊ ရှားဟိုယန်၏ ရောင်ဝါကြောင့် ထိတ်လန့် ကုန်သည်။ သို့သော် လင်းယွန်မှာ စိတ် မပူချေ။
ပြိုင်ဘက်သည် ရှားဟို မိသားစု၏ အမွေခံ မင်းသား ဖြစ်ပြီး၊ ဓားခန္ဓာနှင့် ဓား နှလုံးသားပင် ပိုင်ဆိုင် ထား၏။
ထို့ကြောင့် ဤကဲ့သို့ အစွမ်း ထက်သော ဖိအားမျိုး ထုတ်လွှတ် နိုင်သည်မှာ၊ အံ့သြစရာ မဟုတ်ချေ။
လင်းယွန်၏ ခန္ဓာကိုယ် ပေါ်တွင်၊ နဂါး ရူရ်များ ပေါ်ပေါက် လာပြီး၊ ကောင်းကင် တခွင်၊ မိုးကြိုး မုန်တိုင်း များဖြင့်၊ မှောင်မိုက် သွားသည်။
သူ့ ကြယ် စွမ်းအင်သည် ရှားဟိုယန် လောက် မပြင်းထန် သော်လည်း၊ ရုပ်ခန္ဓာမှာ မယုံနိုင် လောက်အောင် ပြောင်းလဲ လာ၏။
ခန္ဓာကိုယ် အတွင်းမှ ပြင်းထန်သော သွေးသား စွမ်းအင် များကြောင့်၊ ပတ်ဝန်းကျင် လေထုကို တုန်လှုပ် လာစေသည်။
နဂါး သွေးလွှတ်ကြော ကျွမ်းကျင် သူများ တွင်ပင်၊ ထိုကဲ့သို့ အစွမ်း ထက်သော ကိုယ်လုံး ကိုယ်ပေါက်မျိုး၊ ရှိသူ ရှားပေ၏။
ရွှေနဂါး အရိုး ရှိသော ချင်းကန်မှ လွဲ၍ မျိုးဆက်တူ အတွင်း၊ မည်သူ မဆို၊ သူ့ပြိုင်ဘက် ဖြစ်လာ နိုင်မည် မဟုတ်ချေ။
“ မဆိုး ပါဘူး ... ၊ အနည်း ဆုံးတော့ ငါရိုက်နှက် တာကို၊ မင်း ကြာကြာ ပိုခံနိုင် တာပေါ့။ ”
ရှားဟိုယန်မှ ပြုံးလိုက်သည်။
“ သူ များကို ရိုက်ရင်၊ ကိုယ်ကိုယ် တိုင်လည်း နာကျင် ရတယ်။ ”
လင်းယွန်မှ တုန့်ပြန် လိုက်၏။
“ ဟား ဟား ဟား ... ။ ”
ရှားဟိုယန်က သူ့ဓားကို ကြမ်းပြင်ပေါ်၊ ထိုးစိုက်ချ လိုက်သဖြင့်၊ အက်ကွဲ ကြောင်းများ ဖြစ်ပေါ် လာသည်။ ယင်းသည် ဓားကို မသုံး လိုကြောင်း ကြေငြာ လိုက်ခြင်း မည်၏။
“ မဟာ နေမင်း ရွှေရောင် စက်ဝန်း။ ”
ရှားဟိုယန်က သူ့ လက်သီးတွင်၊ ကြယ် စွမ်းအင်နှင့် သူတော်စင် ရောင်ဝါကို ပေါင်းထည့် လိုက်ရာ၊ အချင်း မီတာ (၃၀၀) နီးပါး ရှိသော ရွှေရောင် အလင်း စက်ဝန်းကြီး ပေါ်လာ တော့၏။
ထိုရွှေအလင်း စက်ဝန်းက လည်ပတ် လာသဖြင့်၊ လေထု အတွင်း လောင်ကျွမ်း ရနံ့ များ၊ လှိုင်လှိုင် ထလာသည်။
ပွဲစ စဉ်ကတည်း ကပင် အပြင်ထန် ဆုံး နည်းစနစ်ကို ရှားဟိုယန်မှ ထုတ်ဖော် လာခြင်း ဖြစ်၏။ သေသည် အထိ နှိပ်စက်ကာ၊ ဓားဂိုဏ်း ကို နောင်တ ရစေ လိုသည်။
လင်းယွန် ခန္ဓာ ကိုယ်မှ နဂါး ဟောက်သံ ထွက်ပေါ် လာပြီး၊ နဂါး ရူရ် အားလုံး လက်သီး တွင်၊ စုရုံး လာ၏။
ထိုလက်သီး၌ ခရမ်း-ရွှေရောင် အလင်းများ တောက်ပလျက်၊ ရွှေအလင်း စက်ဝန်းထံ တိုးဝင် သွားသည်။
“ ဝုန်း ... ။ ”
ကြောက်မက်ဖွယ် ကောင်းသော လှိုင်းလုံးများ ထွက်လာပြီး တိမ်တိုက်များ တုန်ခါ ကုန်၏။
“ နဂါး ထွက်သက် ... ။ ”
တုန်ခါမှု လှိုင်းများ မပျောက်ခင်၊ လင်းယွန်က ညာလက်ကို မြှောက်လျက်၊ နဂါး ထွက်သက်အား ထုတ်လိုက်၏။
“ ခရစ် ... ။ ”
မိုးကြိုး မုန်တိုင်း များ၊ တဟုန်းဟုန်း တောက်လောင် လာပြီး၊ နဂါးလက် တစ်ဖက်၊ ကောင်းကင်မှ ကျဆင်း လာလေသည်။
လင်းယွန် သည်လည်း ဓားကို မသုံးချေ။ ထို့ကြောင့် လူတိုင်း ခေါင်းညိတ် လိုက်မိသည်။ မောက်မာ မှုခြင်း ယှဉ်က၊ လင်းယွန်မှာ ရှားဟိုယန်အား မီ၏။
ဤအရာက ရှားဟိုယန်ကို ဒေါသထွက် လာစေသည်။ ချက်ချင်းပင် ဓား မီးတောက်ကို ဖန်တီးလျက်၊ နဂါး လက်သည်းထံ ပိုင်းချ ပစ်သည်။
ထို့နောက် ဓား မီးတောက်နှင့် နဂါး လက်သည်းတို့၊ အတူ တကွ ပျောက်ကွယ် သွား လေသည်။
ဤသည်မှာ နဂါး ထွက်သက်အား ပြိုင်ဘက်မှ ချေမှုန်း ခြင်းကို၊ ပထမဆုံး အကြိမ် ခံစား လိုက်ရခြင်း ဖြစ်၏။
ထို့ကြောင့် ရှားဟိုယန်ကို ရှေးဟောင်း ပျက်သုဉ်း မြေ၏၊ အသန်မာဆုံး မျိုးဆက်သစ် လူငယ် ဓားသမား အဖြစ်၊ အသိ အမှတ် ပြုကြခြင်း ဖြစ်သည်။
“ မင်းက ... ငါနဲ့ တိုက်ဖို့ ... ၊ ငယ်ပါ သေးတယ်၊ ငါ ရှားဟိုယန်က၊ ပင်မ နတ်ဘုရား အဆင့်ကို စိန်ခေါ်နိုင် ထဲက၊ တစ်ခါမှ မရှုံး သေးဘူး၊ ဒီနေ့လည်း ခြွင်းချက် မရှိဘဲ။ ”
ရုတ်တရက် သူတော်စင် ရူရ်ဖြင့် ဖွဲ့စည်း ထားသော မီး လက်ဖဝါးကြီး ကောင်းကင်၌ ဖြစ်ပေါ် လာသည်။
၎င်းအပူသည် ကမ္ဘာ ပေါ်ရှိ မည်သည့် အရာကို မဆို၊ ဖျက်ဆီး နိုင်စွမ်း ရှိသည် ဟူ သော၊ ခံစား ချက်မျိုး ပေးစွမ်း ချေ၏။
“ ဖျစ် ... ။ ”
လက်ဖဝါး အတွင်း၊ နေမင်း ကြီးကို ဆုပ်ကိုင်ထား သကဲ့သို့၊ ပေါက်ပွဲမှု အသေး စားများ၊ ဖြစ်ပွား နေသည်။
“ ဒါ ... တစ္ဆေ ဝိညာဉ် ပညာရပ် တစ်ခု ဖြစ်တဲ့၊ မဟာ နေမင်း အုပ်စိုးမှု လက်ဖဝါးပဲ။ ”
“ မဟာ နေမင်း သူတော်စင် ရူရ်နဲ့၊ မဟာ နေမင်း ရည်ရွယ်ချက်၊ အိုး သေစမ်း ... ဒီကောင် က၊ ဘယ်လို ဘီလူး မျိုးလဲ။ ”
ယဲ့ဇီယွင်၊ ကျင်းချန်နှင့် အခြား သူများ၏ မျက်နှာများက ဤမြင်ကွင်းကို မြင်သော အခါ ပြောင်းလဲ သွားကြသည်။
“ သက်တံဓား သူတော်စင် တပည့်ကို၊ အနိုင်ယူဖို့ ငါ ဓားဆွဲစရာ မလိုဖူး ဆိုတာ၊ ဒီနေ့ ပြမယ်၊ ဟား ဟား ဟား ... ။ ”
ရှားဟိုယန်မှ မောက်မာစွာ အော်ဟစ် ရယ်မော လိုက်တော့၏။
***