သတိ ပေးခြင်း။
Vol. 102 Ch. 1427
ရှားဟိုယန်၏ မဟာ နေမင်း အုပ်စိုးမှု လက်ဖဝါးကို မြင်သော အခါတွင်၊ အကြီး အကဲ များနှင့်၊ တပည့်များ အားလုံး၊ စိတ်လှုပ်ရှား လာသည်။
“ ပန်းသင်္ချိုင်း ... ၊ ဒူးထောက်ပါ။ ”
မီးလက်ဝါးကြီး ကျဆင်း လာစဉ်၊ ရှားဟိုယန်က အော်ငေါက် အမိန့်ပေး လာ၏။ မဟာ နေမင်း သူတော်စင် ရူရ် ပွင့်လာပြီး၊ မဟာ နေမင်း ရည်ရွယ်ချက်က လေထုကို တိုက်စား တော့သည်။
သူ့ မျှော်လင့် ချက်ထက်၊ ကျော်လွန် နေသည့် တစ္ဆေ ဝိညာဉ် ပညာရပ် စွမ်းအား ကြောင့်၊ လင်းယွန် ခမျာ အံ့အားသင့် သွားသည်။
“ ဝှစ် ... ။ ”
ဓားမဆွဲ ပါက ရင်ဆိုင်ရန် ခက်ခဲ ပေ၏။ သို့သော် ဓားမဆွဲဘဲ၊ မီးလက်ဝါးထံ ဦးတည်ကာ၊ ချက်ချင်း ခုန်တက် လိုက်သည်။
“ ဒါ ... ။ ”
ဤလုပ်ရပ်က လူတိုင်းကို အံ့ဩ သွား စေသည်။ သူတို့ အမြင်တွင် မီးလက်ဖဝါးမှာ ကြောက်မက်ဖွယ် ကောင်းချေ၏။
ထို့စဉ် လင်းယွန် ရင်ဘတ်ရှိ၊ သွေး မီးတောက် နတ်ရူရ် ပွင့်လာကာ၊ မဟာ နေမင်း ရည်ရွယ်ချက်အား တွန်လှန် သည်။
မီးလက်ဖဝါးနှင့် နီးကပ် လာချိန်၌၊ နဂါး ရူရ်များ အားလုံး၊ တဖြည်းဖြည်း လောင်ကျွမ်း အရည်ပျော် ကုန်၏။
သို့သော် သွေး မီးတောက် နတ် ရူရ်က ချက်ချင်း ပြန်လည် ပြုပြင် ပေးနေ ခဲ့သည်။
“ ဟား ဟား ဟား ... ၊ မင်းက ငါ့မျက်လုံး ထဲမှာတော့၊ ပုရွက်ဆိတ် တစ်ကောင် ဖြစ်နေ တုန်း ပါပဲ၊ အခု မင်း သေနိုင်ပြီ။ ”
သက်တံဓား သူတော်စင်မှ လင်းယွန်ကို ရွေးချယ် ခဲ့မှန်း သိချိန်မှ စကာ၊ မဟာ ရန်သူ အဖြစ်၊ ရှုမြင် မိသည်။
ထို့ကြောင့် တစ်ဖက် လူအား ဖမ်းဆုပ် လိုက်ရာ၊ မီးလက်ဖဝါးသည် နေမင်း တစ်စင်း ကဲ့သို့၊ သေးငယ် လုံးဝန်း သွား၏။
တစ္ဆေ ဝိဉာဉ် ပညာရပ် ဟူသည် ကြောက်စရာ ကောင်း ပေသည်။ ထို့ကြောင့် မီး စက်လုံး အတွင်း ပိတ်မိသွားသော လင်းယွန်မှာ၊ မသေ လျှင်ပင်၊ ဒုက္ခိတ ဖြစ်သွား နိုင်၏။
“ ဒါက တစ္ဆေ ဝိညာဉ် ပညာ ရပ်လား၊ သိပ်ပြီး အထင်ကြီး စရာလည်း မရှိ ပါဘူး။ ”
သို့သော် မီးလုံး အတွင်းရှိ လင်းယွန် ထံမှ တုန့်ပြန်သံ ထွက်လာသည်။ ယင်းက လူအုပ်ကို နှလုံးခုန် မြန်လာ စေ၏။
လင်းယွန် မသေ သေးချေ။ ရှားဟိုယန်ပင် မျက်နှာ ပြောင်းလဲ သွားပြီး၊ သတ်ဖြတ် လိုသော ရည်ရွယ်ချက်အား အတိုင်းအဆ မရှိ ထုတ်ဖော် လာ၏။
မီးစက်လုံး ထံမှ အက်ကွဲ ကြောင်းများ ပျံ့ကား လာပြီး၊ ခရမ်း-ရွှေရောင် နဂါးကြီး တစ်ကောင် က၊ တိုးထွက် လာသည်။
“ ဖောင်း ... ဖောင်း ... ဖောင်း ... ။ ”
နဂါး ထွက်လာ သည်နှင့်၊ မီးစက်လုံးမှာ၊ မီးရှူး မီးပန်းများ ကဲ့သို့၊ ပေါက်ကွဲသံ ညံလာ တော့၏။
နဂါး ဦးခေါင်း ပေါ်တွင် ရပ်လျက်၊ လင်းယွန်က နေမင်းမှ မွေးဖွား လာသော၊ နတ် ဘုရား အလား၊ ထွက်ပေါ် လာလေသည်။
“ ဘယ်လို ဖြစ်တာလဲ။ ”
ရှားဟိုယန် တစ်ယောက် မျက်လုံး ပြူးသွား တော့၏။
“ ကြည့်ရတာ ... ၊ ရွှေနဂါး အရိုး စွပ်ပြုတ်က ငါ့ကို ဘာမှ အကျိုး မထူးဖူး ထင်တယ်။ ”
လင်းယွန်မှ တစ်ကိုယ် တည်း ကြားရုံ ညည်းညူ လိုက်သည်။ ပြီးနောက် ရှားဟိုယန် ထံ အပြုံးဖြင့်၊ လှမ်း ကြည့်မိ၏။
ညာ လက်ညိုးကို လက်သည်းဖြင့် ကုတ်ခြစ်လျက်၊ သွေးစက်များ နဂါး ထံသို့ သွန်းလောင်း လိုက်သည်။
နဂါး ကြီးမှာ သွေးစက် များနှင့် ပေါင်းစည်းလျက်၊ မီတာ (၃၀၀) တိုင်အောင် ကြီးထွား လာတော့သည်။
“ ဂျိန်း ... ။ ”
မိုးကြိုး တိမ်တိုက် များက၊ ၎င်းကို ဗဟိုပြုလျက်၊ မိုင် ရှစ်ထောင် အထိ၊ ပြည့်နှက် သွားသည်။
ဤအရာက ရှားဟိုယန်အား မျက်ခုံးပင့် သွားစေ၏။ ချက်ချင်း တိုက်ခိုက်ရန် ပြင်လိုက် သော်လည်း၊ နောက်ကျ သွားသည်။
“ ဘုန်း ... ။ ”
“ အား ... ။ ”
နဂါးကြီးက သူ့ရင်ဘက်ကို တိုးဝင်ကာ၊ အဝေးသို့ တွန်းထုတ်လာ သဖြင့်၊ နာကျင်စွာ အော်ဟစ် ညည်းတွား မိသည်။
ဤမြင်ကွင်းကို မြင်သော အခါတွင်၊ လင်းယွန်က ပြုံးလျက် နဂါးအား စီးနင်းပြီး၊ ဆက်လက် လိုက်ပါ လာသည်။
“ နေလ လက်သီး— ကောင်းကင်နှင့် မြေကြီး တစ်သားတည်း။ ”
“ နေ နဂါးနဲ့ လ ဒေါသ။ ”
“ ထာဝရ အလင်း။ ”
အမျိုး မျိုးသော ဖြစ်စဉ်များ ပေါ်လာပြီး၊ လက်သီး (၃)လုံး ရှားဟိုယန်ထံ ပျံသန်း သွား ၏။ (၃) ကြိမ် ဆက်တိုက် ထိမှန် သဖြင့်၊ ရှားဟိုယန် ခမျာ၊ သွေးအန် ရသည်။
သည်ရလာဒ်က ရှားဟိုယွင်၊ ပိုင်ကျန့်လီနှင့်၊ ရပ်ကြည့် နေသူ များကို၊ ပါးစပ် ဟောင်းလောင်း ဖြစ်သွား စေ၏။
အရာ အားလုံး မြန်လွန်း ပေသည်။ တစ္ဆေ ဝိညာဉ် ပညာ ရပ်ဖြင့်၊ လင်းယွန်အား ဖိအားပေး နိုင်သည်ဟု ထင်မိစဉ်၊ ထိုးနှက် ခံလိုက် ရခြင်း ဖြစ်သည်။
“ ဒီလက်သီး ချက်က ... ၊ ဓားဂိုဏ်းကို အရှက်ခွဲ ခဲ့တဲ့၊ မင်း အတွက် အပြစ်ပေး တာပဲ။ ”
စကားဆုံး သည်နှင့် နဂါး ပေါ်မှ ခုန်ချကာ၊ မြေပြင်အား စောင့်နင်းလျက်၊ ရှားဟိုယန် ထံသို့ ပျံသန်း လိုက်သည်။
“ ဝှစ် ... ။ ”
၎င်းအား အသက် ရှူချိန် မပေး လိုချေ။ နောက်ထပ် လက်သီး များကို တိမ်လွှာဓား (၁၃) ကွက် ကဲ့သို့၊ ပစ်ထုတ် လိုက်သည်။
“ ကျီး ... ။ ”
ငှက်ပြာ လေးများ ပျံထွက် လာပြီး၊ လက်သီးက ဓားများ ကဲ့သို့၊ တရစပ် ဝင်ရောက် လာ၏။ ရှားဟိုယန် ခမျာ ဓားမရှိ သဖြင့်၊ တစ်ဖက် သတ် အထိုးခံ လိုက်ရသည်။
ဓား မဆွဲဘဲ တိုက်ခိုက် လိုသော ရှားဟိုယန်အား၊ သူ မည်သူ မည်ဝါ ဖြစ်သည်ကို၊ ပြသလို သဖြင့်၊ လင်းယွန်၏ လက်သီး များက၊ သက်ညှာမှု လုံးဝ မရှိ ခဲ့ချေ။
“ ဘုန်း ဘုန်း ဘုန်း ... ။ ”
တိုတောင်းသော ဤအခိုက် အတန့် အတွင်း၌၊ လက်သီး (၁၀)ချက် ထိမှန် သွားကာ၊ သွေးများ ဖုံးလွှမ်း ကုန်သည်။
“ ကျီး ... ။ ”
ယင်းက အဆုံး မဟုတ် သေးချေ။ ငှက်ပြာလေး (၁၃) ကောင်မှာ၊ အပြာရောင် ဓားကြီး အဖြစ်၊ ပေါင်းစပ် နေပြန်သည်။
“ ဝှစ် ... ။ ”
ထို့နောက် ဓားရောင်ဝါ အားလုံးကို ညာလက်သီး အတွင်း စုစည်းပြီး၊ ရှားဟိုယန်၏ ဦးခေါင်းထံ ထိုးချ ပစ်သည်။
ရှားဟိုယန်က မဟာ နေမင်း ရောင်ဝါကို အစွမ်းကုန် ထုတ်ဖော်လျက်၊ လင်းယွန်၏ ဓား ရောင်ဝါကို တွန်းထုတ် သည်။
သို့သော် အပြာရောင် ဓားဘုရင်၏ ရောင်ဝါအား မယှဉ်နိုင် သဖြင့်၊ ဉီးခေါင်းအား ဓားဖြင့် အထိုး ခံလိုက်ရ သကဲ့သို့၊ လွင့်စဉ် သွားပြန်သည်။
မြေပြင်ပေါ် ပြုတ်ကျ သွားပြီး၊ တုန်တုန် ယင်ယင်ဖြင့်၊ ခြေလှမ်းပေါင်း များစွာ ဆုတ်ခွာ လျက်၊ အဆုံးတွင် ဒူး တစ်ဖက် ထောက်ကျ သွား၏။
“ ဝူး ... ။ ”
လင်းယွန်က အသက် ပြင်းပြင်း ရှူလိုက်သော အခါတွင်၊ နဂါးက ကောင်းကင် ပေါ်၊ ပျံတက် သွားပြန်သည်။
“ ဟိတ် ... ။ ”
ရှားဟိုယန်က လက်ဖဝါးကို၊ မြေပြင်ပေါ် ရိုက်လျက် လေထဲ ပျံတက် လာစဉ်၊ သူ့ခန္ဓာမှာ ကျောက်စိမ်းရောင် တောက်ပ သွားသည်။
“ ဓား နှလုံးသားနှင့် ဓား ခန္ဓာ။ ”
၎င်းအား အသက် သွင်းပြီ ဖြစ်သောကြောင့်၊ ဒဏ်ရာများ အားလုံး၊ ပြန်လည် ကောင်းမွန် လာ ခဲ့၏။
“ လင်းယွန် ... ၊ မင်း ... သေချင် နေမှတော့ ... ၊ ဒီနေ့ မင်းဆန္ဒကို ငါ ဖြည့်ဆည်း ပေးမယ်။ ”
မျက်စိ တစ်မှိတ် အတွင်း၊ လင်းယွန် အနား ရောက်ရှိ လာပြီး၊ လက်ဝါး စောင်းနှင့် ခုတ်ချပစ် သည်။ အရိယာ ကောင်းကင် ဓားကို သုံးဓား သဖြင့်၊ ဓား အလား ထက်ရှ နေ၏။
“ မင်း မှာပဲ ရှိတယ်လို့ ထင်နေလား။ ”
လင်းယွန်က ဓား ပင်လယ်ရှိ ဓား ဝိညာဉ် နှစ်ကောင်ကို အသက် သွင်းလျက်၊ ဟစ်အော် လိုက်လေသည်။
ဓားဝိညာဉ် နှစ်ခု ဆက်သွား ချိန်၌၊ ရှားဟိုယန်၏ အရိယာ ကောင်းကင် ဓားမှာ၊ မှုန်ဝါး သွားသည်။
ထို့ကြောင့် လင်းယွန်၏ လက်ဖဝါးက ရှားဟိုယန် ပါးပြင် ပေါ်သို့၊ လွယ်လင့် တကူ၊ ကျရောက် သွားတော့၏။
“ ဖြောင်း ... ။ ”
ပါးရိုက်ချက် ပြင်းသဖြင့်၊ ရှားဟိုယန် တစ်ယောက် မြေပြင်ပေါ် ဒူးထောက်လျက် ပြုတ်ကျ သွားသည်။
“ မင်း ... ။ ”
ရှက်စိတ်ကြောင့် အသိစိတ် လွတ်ကာ၊ ချက်ချင်း ထရပ် မိပြီး၊ လင်းယွန်ထံ ပျံသန်းသွား လိုက်၏။
“ ဖြောင်း ... ။ ”
သို့သော် ထပ်မံ ပါးရိုက် ခံလိုက် ရပြန်သည်။
“ ဒါက သက်တံဓား သူတော်စင်ကို ဘယ်သူမှ အရှက် ခွဲလို့ မရဖူး ဆိုတာ သိအောင်၊ သတိ ပေးလိုက် တာပဲ။ ”
လင်းယွန်က တည်ငြိမ်စွာ ပြောလိုက် တော့သည်။ ဤတစ်ကြိမ် ပါးရိုက် ပြီးနောက်၊ နှလုံးသားမှာ အနည်းငယ် လွတ်လပ် ပေါ့ပါး သွားလေသည်။
***