အသုံးချ ခံရခြင်း။
Vol. 102 Ch. 1428
ပါးရိုက် ခံရ မှုကြောင့် ရှားဟိုယန် ခမျာ မြေပြင်ပေါ် လိမ့်ဆင်း သွားပြီး သူ့ဓား ထိုးစိုက် ထားရာ နေရာသို့ ရောက်ရှိ ရပ်တန့် သွားသည်။
“ ဓား နှစ်လက် ဝိညာဉ်။ ”
ရှားဟိုယန်က ထိတ်လန့်စွာ မော့ကြည့်သည်။ အကြီးအကဲ များပင် စိတ်လှုပ်ရှား လာ ကုန်၏။
ဓားနှစ်လက် ဝိညာဉ်မှာ၊ အလွန် ရှားပါးပြီး၊ အစွမ်းထက် လှသဖြင့် ရှားဟိုယန်၏ ဓားခန္ဓာ နှင့် ဓားနှလုံး သားကို တွန်လှန် နိုင်ခဲ့ခြင်း ဖြစ်သည်။
“ ချန်ပင်း၊ ဟွမ်ယန်ချန်း ... ၊ မင်းတို့က ဘယ်အချိန်ထိ ဒီလို စောင့်ကြည့် နေဦး မှာလဲ။ ”
ရှားဟိုယန်မှ လှည့်ကာ အော်ငေါက် လာသဖြင့်၊ ၎င်းတို့ နှစ်ဦးမှာ အနည်း ငယ်မျှ တုန်ယင် သွား၏။ သူတို့အား အတူ ဆွဲခေါ် သွားလိုပုံ ရသည်။
လင်းယွန်ကို သက်တံဓား သူတော်စင်မှ တပည့် အဖြစ်၊ ရွေးချယ်ထား ခဲ့သည်ကို သိပြီး နောက်၊ ရှားဟိုယန်တွင် စဉ်းစား တွေးခေါ် နိုင် စွမ်း၊ ပျောက်ဆုံးကာ လုံးလုံး လျားလျား ရူးသွပ် သွားချေပြီ။
“ ဟမ့် ... ၊ သူက မင်းတို့ကို လွှတ်ပေး လိမ့်မယ် ထင်နေလား၊ ဓားကုန်းမှာ မင်းတို့ သူ့ အပေါ်၊ ဘာလုပ်ခဲ့လဲ ပြန်စဉ်းစားပါ၊ အထူး သဖြင့် ... မင်း ဟွမ်ယန်ချန်း။ ”
“ အကူအညီ ရှာနေ တာလား ရှားဟိုယန်၊ ဓားဂိုဏ်းက သူတော်စင် တပည့် တိုင်းကို မင်းရဲ့ ဓားနဲ့၊ နှိမ်နင်း ပြမယ်လို့၊ မင်း ပြောခဲ့တာ မဟုတ် ဖူးလား။ ”
လင်းယွန် စကားကြောင့် ရယ်သံ အချို့ ထွက်ပေါ် လာသည်။ လူတိုင်းက နှာခေါင်း ရှုံ့ လျက်၊ ရှားဟိုယန်ထံ ပြန်ကြည့် ကုန်၏။
ဤလူငယ်သည် သူ့ကိုယ်သူ ဓားဧကရာဇ် ယုချင်းဖန်နှင့် တင်စားကာ၊ မောက်မာ ခဲ့သည်။ သို့သော် လင်းယွန်မှ ပါးရိုက် သတိ လိုက်သဖြင့်၊ နှလုံးသား ပျက်စီး သွားပုံ ရ၏။
နက္ခတ်မှ လွဲ၍ ဝှက်ဖဲ များကို အသုံးပြုခဲ့ သော်လည်း၊ အနိုင် မယူ နိုင်ချေ။ ထို့ကြောင့် ရှားဟိုယန် ခမျာ အနည်းငယ် ကြောက်ရွံ့လာ မိပေသည်။
ခွန်လွန်၌ သူတော်စင် များကို မည်သူမျှ မစော်ကား သင့်ကြောင်း သတိ ပေးထားသည်။ အမွေခံ မင်းသား တစ်ပါး ဖြစ်လျှင်ပင်၊ ရှားဟို မိသားစုသည်၊ သူ့အား ကယ်တင်နိုင်မည် မဟုတ်ချေ။
“ အဲဒီ ကောင်က ... တကယ် အရှက် မရှိ တာပဲ၊ ဒါကြောင့် လင်းယွန်က သူ့ကို စိတ်မဝင် စားတာ။ ”
ယဲ့ဇီယွင်က ရွံရှာ ဟန်ဖြင့် ရှုံ့ချ ပြောဆို လိုက်သည်။ ရှားဟိုယန် သည် ဤမျှ ရွံရှာဖွယ် ကောင်းလိမ့် မည်ဟု၊ မထင်ခဲ့ မိချေ။
“ ချွင် ... ။ ”
ရှားဟိုယန်က ဓားကို ဆွဲနှုတ် လိုက်၏။ ဓားရပြီးနောက် တွင်ပင်၊ လင်းယွန်နှင့် ခပ်ခွာခွာ နေရန် ခြေလှမ်း ပေါင်းများစွာ၊ နောက်ပြန် ဆုတ် တော့သည်။
“ သက်တံဓား သူတော်စင် ဆိုတာ အရှေ့ဘက် ပျက်သုဉ်း မြေရဲ့၊ ဓား သူတော်စင် သုံးပါး အနက်က တစ်ပါးပဲ၊ သူ့တပည့် ဖြစ်တဲ့ မင်းက ငါတို့ သုံးယောက်ကို မတိုက် ဝံ့ ဖူးလား၊ မင်းက ဓားဂိုဏ်းကို အရှက် ခွဲလို့ မရ ဖူးလို့ ပြောခဲ့တယ် မဟုတ် ဖူးလား။ ”
ရှားဟိုယန်မှာ မျက်နှာပြောင် တိုက်လွန်း သဖြင့်၊ ချန်ပင်းနှင့် ဟွမ်ယန်ချန်း တို့က အချင်း ချင်း ပြန်ကြည့် လိုက်ကြသည်။
သူတို့သာ လင်းယွန် ဆိုက လွှတ်ထားမည် မဟုတ်ချေ။ ထို့ကြောင့် အခွင်အရေး ရှိနေတုန်း လက်တွဲ ရပေမည်။
“ ဒီဂျူနီယာ ဟွမ်ယန်ချန်းက ဓားဂိုဏ်းကို စော်ကားဖို့၊ ရည်ရွယ်ချက် မရှိ ပါဘူး၊ ဒါပေမယ့် ဒီလူ တွေက ဘာလို့ သူတော်စင် တပည့် ဖြစ် လာရ တာလဲ၊ သိချင်ပါ သေးတယ်။ ”
ဟွမ်ယန်ချန်းက စကားကို ချန်ပြော လိုက်သည်။
“ ဟုတ်ပါတယ်၊ ကျုပ် ချန်ပင်း ကလည်း သူတို့မှာ ဒီလို အရည် အချင်း ရှိတယ် ဆိုတာ မယုံနိုင် သေးပါဘူး။ ”
ချန်ပင်း ကပါ ဝင်ပြော လာသည်။
“ ကောင်းပြီ လာခဲ့ကြ ... ၊ မယုံဖူး ဆိုတဲ့ မင်းတို့ အားလုံး အတူတူ တက်လာခဲ့၊ အချိန် ကုန်တယ်။ ”
အုပ်စု ဖွဲ့ချင် နေသူများ ဖြစ်သဖြင့်၊ ဆက်ပြော နေလျှင် အချိန် ကုန်ပေမည်။ သူ့ စကားကြောင့် လူတိုင်း မျက်လုံး ပြူးသွား တော့၏။
မောက်မာခြင်း ဟူသော ဝေါဟာရသည် လင်းယွန်ကို ရည်ညွှန်းပုံ ပေပင်။ သက်တံဓား သူတော်စင်သည် ရှေးဟောင်း ပျက်သုဉ်း မြေကို ဓားဖြင့်၊ သိမ်းယူ ထား သကဲ့သို့၊ သူ့ တပည့် အသစ် သည်လည်း၊ စကားနှင့် သိမ်းယူ ပေတော့မည်။
၎င်းတို့ သုံးဦးသည် လင်းယွန်မှ ယခင် အနိုင်ယူခဲ့ ဖူးသော သူတော်စင် မိသားဟု (၇) ခု၏၊ မင်းသား များနှင့် မတူချေ။
“ လင်းယွန် ... ။ ”
ထို့ကြောင့် အကြီးအကဲ ကျွယ်ချန်က တားချင်၏။
“ အဆင်ပြေ ပါတယ်၊ သူတို့ မှန်တယ်၊ ဒီတပည့်ကို တိုက်ချင်ရင် ... ၊ သူတို့ ပူးပေါင်းမှ ရမယ်၊ ဘာလို့လဲ ဆိုတော့ ဒီတပည့်က ဓားဂိုဏ်းနဲ့ သက်တံဓား သူတော်စင်ကို ကိုယ်စားပြု နေလို့ပဲ။ ”
လင်းယွန် စကား များက မိုးပေါ်မှ မဆင်းတော့ချေ။ ယင်းက သူ့အား သူရဲကောင်း တစ်ယောက်လို ထင်မြင် လာစေသည်။
“ ဟား ... ဟား ... ဟား ... ကောင်းတယ်၊ လင်းယွန် မင်းနောင်တ မရ စေနဲ့။ ”
ရှားဟိုယန်မှ ရယ်မောပြီး တိုက်ခိုက်ရန် ဟန်ပြင် တော့သည်။ ဓားကို မြှောက်လျက် ကောင်းကင်ထံ ချိန်ရွယ် လိုက်ရာ၊ အရိယာ ကောင်းကင်ဓား လျှံတက် လာသည်။
ဓားသမား တစ်ယောက် ဖြစ်သဖြင့် ဓားကိုင် လိုက်ချိန်တွင်၊ ရှားဟိုယန်၏ အသွင်မှာ လုံးဝကွဲ ပြား သွားတော့သည်။ ဓားရောင်ဝါမှာ ယခင် ထက် နှစ်ဆ သိပ်သည်း လာ၏။
“ ညီအစ်ကို လင်း တောင်းပန် ပါတယ်။ ”
ချန်ပင်းနှင့် ဟွမ်ယန်ချန်းက ဓားများ ပြိုင်တူ ဆွဲထုတ် လိုက်၏။ အထွတ် အထိပ် ကောင်းကင် ဓားမှာ၊ ပျံထွက် လာ တော့သည်။
သူတို့မှာ အရိယာ ကောင်းကင် ဓားအား မထိတွေ့ နိုင်သဖြင့်၊ အခြားသော ရည်ရွယ်ချက် တစ်ခုနှင့်၊ ပေါင်းစပ် ထားခဲ့သည်။
ဟွမ်ယန်ချန်း မီးရည်ရွယ်ချက်ကို ပေါင်းစပ် ထားသဖြင့် ဓားတွင် မီးလျှံများ တောက်လောင် လာ၏။ ချန်ပင်း မှာမူ လျှပ်စီး ဖြစ်သည်။
ထို့ကြောင့် သူတို့ နှစ်ဦးမှာ၊ အရိယာ ကောင်းကင် ဓားနှင့် ယှဉ်နိုင်သော အဆင့်သို့ ရောက်ရှိ လာတော့ သည်။
ဓားရောင်ဝါ သုံးမျိုး ချိတ်ဆက် သွားပြီး၊ ပြင်းထန်သော ဖိအား အဖြစ် ပတ်ဝန်းကျင်အား ပိတ်ဆို့ ပစ်သည်။
သို့သော် လင်းယွန်က ဂရု မစိုက်ဘဲ၊ ဓားရောင်ဝါအား ဖြည်းညှင်းစွာ ထုတ်လွှတ် လိုက်သည်။
ပြီးနောက် ခြေလှမ်း သုံးလှမ်း လှမ်းတက် ပစ်ကာ၊ သူတို့ သုံးဦး၏ ဖိအားကို မကြောက် မရွံ၊ ခံယူ လိုက်လေသည်။
“ ခရစ် ... ။ ”
ချွေးပေါက် များမှ စူးရှသော အလင်း တန်းများ ဖြာထွက်လျက်၊ အငွေ့ အသက်များ ရုတ်ခြည်း ပေါက်ကွဲ လာတော့သည်။
သာလွန် ပင်မ နတ်ဘုရား အဆင့်။ ထိုအတား အဆီးကို ဖြတ်ကျော် ပြီးနောက်၊ ခရမ်းရောင် နန်းတော်ရှိ၊ ရောင်ဝါ သမုဒ္ဒရာမှာ၊ မီတာ သုံးထောင် မှသည်၊ မီတာ တစ်သောင်း အထိ တိုးလာ ၏။
ရွှေကျီးကန်း သူတော်စင် ရူရ် ဖြင့်၊ ရေးထွင်းထားသော ပင်မ အမြုတေသည် အရွယ် ရောက်ပြီး သူ၏၊ လက်သီးဆုပ် အရွယ် တိုင်အောင်၊ ကြီးထွား လာသည်။
သူ့စိတ်ကူး အတိုင်း ချောမွေ့စွာ ပြီးဆုံး ခဲ့သဖြင့်၊ လင်းယွန်မှ ပြုံးမိသည်။ သည့်နောက် ပန်းသင်္ချိုင်း ဓားကို ဆင့်ခေါ် လိုက်၏။
ပန်းသင်္ချိုင်း ဓားက တုန်ခါလျက် သူ့အား နှုတ်ဆက် လာသည်။
“ ငါ့ကို အောင်မြင်မှု တစ်ခု ရအောင်၊ ကူညီပေး ခဲ့တဲ့ အတွက်၊ မင်းတို့ သုံးယောက်ကို ကျေးဇူး တင်ပါတယ်။ ”
စကားဆုံး သည်နှင့် အပြာရောင် နဂါး တစ်ကောင်၊ လင်းယွန် ခန္ဓာ ကိုယ်မှ ထွက်လာ ပြီး၊ အရိယာ ကောင်းကင် ဓားဖြင့် ပေါင်းစပ် သွားသည်။
ထို့ကြောင့် ရှားဟိုယန်တို့ သုံးဦး ပေါင်းစပ် ထားသော ဓားရောင်ဝါကို၊ ကောင်းစွာ ရင်ဆိုင် လာ နိုင်သည်။
“ ဒီလူက ငါတို့ကို အသုံး ချပြီး၊ အောင်မြင်မှု ရယူ ခဲ့တာလား။ ”
ချန်ပင်းက ညည်းတွားလျက် စိတ်ရှုပ် ထွေးစွာဖြင့် လင်းယွန်ထံ ပြန်ကြည့် လိုက်မိ တော့သည်။
***