အပြစ်ဒဏ် ပေးတော် မူပါ။
Vol. 103 Ch. 1429
“ သေ စမ်း ... ။ ”
ရှားဟိုယန်၊ ချန်ပင်းနှင့် ဟွမ်ယန်ချန်း တို့၏ မျက်နှာများ ပျက်ယွင်း သွားကြသည်။ သည့်စဉ် လင်းယွန်က ရှားဟိုယန်ထံ ပြေးဝင်ကာ ဓားဖြင့် ပိုင်းချ လိုက်၏။
“ ထန် ... ထန် ... ။ ”ထိုဓားကို ခံယူလျက် ရှားဟိုယန် ခမျာ ခြေနှစ်လှမ်း ဆုတ်ပေး လိုက်ရသည်။ ထိုကြောင့် လင်းယွန်က နောက်သို့ ပြန်လှည့်ပြီး၊ ချန်ပင်း နှင့် ဟွမ်ယန်ချန်း တို့၏ တိုက်ခိုက်မှုကို ဖြေရှင်းချိန် ရသွားသည်။
“ ဟိတ် ... ။ ”
ပြီးသည်နှင့် ကြမ်းပြင်ကို စောင့်နင်း လျက်၊ ကောင်းကင်ပေါ် ပျံတက်ကာ ပိတ်ဆို့ ထားသော ဓားရောင်ဝါ သုံးစင်းကို၊ ထိုးဖောက် တော့သည်။
ယင်းကြောင့် နဂါးဓား ရောင်ဝါက အတားအဆီး မရှိ၊ ရှားဟိုယန်တို့ သုံးယောက်ထံ သက်ဆင်း လာသည်။ ဖိအားမှာ ကြီးမား လှသဖြင့်၊ မျက်နှာ ပြောင်းလဲ သွား၏။
“ အဆုံးမဲ့ တိမ် ... ။ ”
“ မရဏ လမင်း ... ။ ”
“ဖောက်ထွက် လာသော လ။ ”
လင်းယွန်က ကောင်းကင်မှ နေ၍ ဓား (၃)ချက် ထုတ်လွှတ် လိုက်သည်။ ဓား ရောင်ဝါ မှာ သူ့အောက်၌၊ ရေကန်ကြီး အဖြစ် ဖွဲ့တည် လာ၏။
နောက်ဆုံး ဓားကို ခုတ်ပိုင်း ပြီးနောက်၊ ရေကန် အတွင်းမှ လတစ်စင်း ပျံတက် လာကာ၊ ရှားဟိုယန်အား ရိုက်ခတ် သွားသည်။
“ အ ... ။ ”
“ အီး ... ။ ”
ထိုရိုက်ခတ် လှိုင်းကြောင့်၊ သုံးယောက်သား နာကျင်စွာ ညည်းညူလျက် နှုတ်ခမ်းမှ သွေးများ စီးကျကာ၊ လွင့်စဉ် ကုန်သည်။
“ ကောင်းကင်ဓား ရေကန်။ ”
အကြီးအကဲ ကျွယ်ချန်မှာ မျက်ရည်များ ဝဲလာ၏။ ဒုတိယ အဆင့် အတွက် သူ တာဝန်ယူ ပြင်ဆင် ခဲ့သော ဓားရေး ဖြစ်သည်။
ယင်းကို လင်းယွန်က ထပ်မံ သုံးစွဲပြ လာသော ကြောင့်၊ ခံစားချက် များကို ထိန်းချုပ် နိုင်စွမ်း မရှိ တော့ပေ။ သူတော်စင် ခြောက်ပါး သည်ပင်၊ အကြည့်ချင်း ဖလှယ် မိကြ၏။
ဤလူငယ်သည် ဓားသမား စင်စစ် ဖြစ်ကြောင်း သိလိုက် ရသည်။ ဒုတိယ အဆင့် တွင် ဤဓားရေး၏ စင်ကြယ်သော ဝိညာဉ် တော်ကို ဆင့်ခေါ် ပြခဲ့သည်။
လဝက် ကုန်လွန် ပြီးနောက်၊ သရုပ်ဖော် အဆင့် သို့တိုင် အလုံးဆုံ ပြီးမြောက် လာချေပြီ။ ဓားဘီလူး တစ်ကောင် ပေပင်။
“ ရွေ့လျား နေသော တိမ်။ ”
“ အဆုံးမဲ့ ကောင်းကင်။ ”
“ တိမ်ကင်း စင်သော ကောင်းကင်။ ”
“ တိမ် ဖြူ များ။ ”
ဓားချက်များက မှုန်ဝါး သွားသည် အထိ၊ မြန်ဆန် လာသည်။ ရှားဟိုယန် တို့မှာ (၃)ဦး ဖြစ်သော်မှ၊ ထိုဓားရေးနှင့် ရင်ဆိုင် ရာတွင်၊ စွမ်းအားမဲ့ သလို ခံစား လာရ၏။
“ ကောင်းကင်မှ ဆင်းသက် လာသော မြစ်။ ”
ဖြစ်စဉ် အမျိုးမျိုး ထပ်လာပြီး ပျံတက် လာသော လမင်း၌ ဓားသမား တစ်ယောက် ပုံ ပေါ်လာသည်။
“ ခရစ် ... ။ ”
လင်းယွန်နှင့် ထိုဓားသမားသည် ပုံစံတူ ဓားချက် တစ်ချက်အား ထုတ်လွှတ် လိုက်သော အခါတွင်၊ ကောင်းကင် ကွဲအက် သွားပြီး၊ ကြယ်မြစ် တစ်စင်း ကျဆင်း လာ၏။
ဓား ရည်ရွယ်ချက်ဖြင့် ဖွဲ့တည် ထားသော ကြယ်စွမ်းအင်များ ရေတံခွန် ကဲ့သို့၊ ရှားဟိုယန် တို့ (၃)ဦးထံ၊ ပြိုကျ သွားသည်။
ချက်ချင်း ဒဏ်ရာများ ရရှိ ကုန်ကာ၊ သွေး အလိမ်း လိမ်း ဖြစ်ကုန်၏။ သို့တိုင် အရှုံး ပေးရန် စိတ်ကူး မရှိဘဲ၊ အံကြိတ်လျက် သတ်ဖြတ် လိုခြင်း ရည်ရွယ် ချက်အား ထုတ်လွှတ် လိုက်သည်။
“ မီးတောက်ဖြင့် သန့်စင် ပေးမည့် ဓား။ ”
“ ဖျက်ဆီးခြင်း ကြယ် နတ်ဘုရား။ ”
“ မဟာ နေမင်း အာကာပြင်။ ”
အဆုံး စွန်ဆုံးသော တိုက်ခိုက်မှု များကို ပြိုင်တူ ထုတ်လွှတ်လိုက် သဖြင့်၊ လင်းယွန်၏ အဟုန်မှာ ရပ်တန့် သွားသည်။
ပန်းသင်္ချိုင်း ဓားအား ရင်ဘတ် ရှေ့တွင် ကန့်လန့် ကာလျက်၊ ချက်ချင်း နောက်ဆုတ် ပေးလိုက် ရ၏။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
သတ္တမ ခြေလှမ်း ပြီးနောက်၊ ထပ်မံ ဆုတ်ခွာရန် နေရာ မကျန် တော့ချေ။ စင်မြင့်၏ အဆုံးသို့ ရောက်ရှိ သွားသည်။
ထို့ကြောင့် ဆုတ်ခွာရန် လမ်းကြောင်း မရှိတော့ ပါက၊ ကိုယ်တိုင် လမ်းဖွင့် ရုံသာ ရှိပေ တော့မည်။
“ ဟိတ် ... ။ ”
အတွေး တစ်ချက် နှင့်အတူ လင်းယွန် နှစ်ယောက် သူ့ခန္ဓာ ကိုယ်မှ ပျံထွက် သွားပြီး၊ ကောင်းကင် ဓားရေကန်၏ မတူညီသော ဓားချက် (၁၂) မျိုးကို ထုတ်ဖော် တော့သည်။
မူလ လင်းယွန် အပါ အဝင် လင်းယွန် (၃)ယောက်မှ၊ နေရာ (၃) နေရာ ခွဲကာ၊ မတူ ညီသော ရည်ရွယ် (၁၂)မျိုး စီကို ခင်းကျင်း နေသည်။
ထို့ကြောင့် ဖြစ်စဉ် (၃၆) မျိုးက (၁၂)မျိုး တစ်စု အဖြစ်၊ (၃) နေရာခွဲပြီး လင်းယွန် လက်၌ ထွက်ပေါ် လာသည်။
ဖြစ်စဉ်များ အချင်းချင်း ရောယှက် သွားချိန်၌၊ စင်ကြယ်သော ဓားရောင်ဝါများ လင်းယွန်ကို သိုင်းခြုံ လာ၏။
တစ်ဆက်တည်း မှာပင် အပြစ် ကင်းစင်သော နဂါးဖြူ တစ်ကောင်က ဟိန်း ဟောက်လျက် ဖြစ်တည် လာလေသည်။
“ အောင်း ... ။ ” (နဂါး အော်သံ။ )
နဂါးဖြူက ဟွမ်ယန်ချန်း၏ မီးပင်လယ် ကြီးကို ငြိမ်းသတ်လျက်၊ ချန်ပင်း၏ လျှပ်စီး ဓားအား ချိုးဖဲ့ ပစ်လိုက်သည်။
ရှားဟိုယန် ဆင့်ခေါ် ထားသော သဘာဝ ဖြစ်စဉ် မှာမူ၊ ရေကဲ့သို့ ချက်ချင်း အငွေပျံ သွား ပြီး၊ မွေးရာပါ ဓားခန္ဓာ သည်လည်း၊ မှိန်ဖျော့ သွား၏။
“ ဝှစ် ... ။ ”
ပန်းသင်္ချိုင်း ဓားကို ကိုင်လျက်၊ လင်းယွန် တစ်ယောက် မြေပြင်ပေါ် ဆင်းသက် လာသည်။ နောက်ကျောတွင် ဓားသေတ္တာ တစ်လုံးကို ထမ်းပိုးလျက်၊ အပြာရောင် ၀တ်ရုံအား သပ်ရပ်စွာ ပြင်ယူ လိုက်သည်။
သွေးသား မျှဉ်များ ပါရှိသော နဂါး တစ်ကောင်က သူ့အား လှည့်ပတ် နေပြီး၊ နဖူး အပေါ်ရှိ ခရမ်းရောင် အမှတ် အသားကို မှော်ဆန် သွားစေသည်။
( သွေးသား မျှဉ်များ ပါရှိသော နဂါး= နဂါးဓား ရောင်ဝါ။ )
ယင်းက ဤကမ္ဘာ ကြီးကို ကိုယ်စားပြု တိုက်ပွဲ ဝင်နေသော စစ်သူရဲ တစ်ယောက် ကဲ့သို့ ထင်မှား လာစေ၏။
မိန်းမပျိုလေး များ၏ အသည်းကို အရှင် လတ်လတ်၊ နှုတ်ယူ သွားသော မိစ္ဆာ တစ်ပါး ဆိုက၊ လွန်အံ့ မထင်ချေ။
“ နက္ခတ်ကို ခေါ်ပါ။ ”
ရှားဟိုယန်က အရှုံးမပေး သေးဘဲ၊ လက်ဖဝါးကို ကြမ်းပြင် ပေါ်သို့ ဆောင့်ရိုက်ပြီး၊ အော်ဟစ် လိုက်သည်။
“ ဝှစ် ... ။ ”
ထိုအရှိန်ကြောင့် သုံးယောက်သား လေထဲ ပျံတက် လာစဉ်၊ ပန်းချီကား သုံးချပ် ထွက်ပေါ် လာတော့၏။
နက္ခတ် ခေါ်ယူခြင်း ဟူသည်၊ နောက်ဆုံး နည်းလမ်း ဖြစ်၏။ မအောင်မြင် ပါက အပြီးတိုင် ရှုံးနိမ့်ခြင်း မည်သည်။
လက်ရှိ အချိန်၌ ဓားရေး၊ ဓား ရည်ရွယ် ချက်နှင့် ရုပ်ခန္ဓာသည် လင်းယွန်ကို မယှဉ် နိုင် တော့သဖြင့်၊ ဤနည်းလမ်း သည်သာ ကျန်ရှိ ပေတော့သည်။
“ ခရစ် ... ။ ”
နက္ခတ် (၃)စင်းကြောင့် တောင်တန်းကြီး တစ်ခုလုံး အက်ကွဲ လာစဉ်၊ ရှားဟိုယန်က ပြုံး လိုက်မိသည်။ သို့သော် ထိုအပြုံးမှာ ကြာရှည် မခံ ခဲ့ချေ။
အဘယ့်ကြောင့် ဆိုသော် လင်းယွန် ထံမှ ပန်းချီကား (၃)ချပ်၊ ပျံထွက် လာသောကြောင့် ဖြစ်သည်။
ယင်းက သူတို့ (၃) ဦးကို၊ လုပ်လက်စ အချင်းအရာများ အပေါ်၊ မေ့လျော့ သွားသည် အထိ၊ မှင်တတ် လာစေ၏။
“ မျက်ဝန်း တစ်စုံက နေနဲ့ လလို တောက်ပပြီး၊ အတွေး တစ်ချက် တည်းနဲ့ ထာဝရ အေးခဲ စေတယ်။ ”
ရွတ်ဆို သံနှင့် အတူ အသူရာ နဂါး ပန်းချီကား ပွင့်လာကာ၊ သူတို့၏ နက္ခတ်များ မှိန်ကျ သွားသည်။
“ လေနဲ့ အတူ ကောင်းကင်ဘုံ ကိုးပါးကို လှည့်လည်မဲ့ ခွန်ပန်။ ”
ဒုတိယ မြောက် ပန်းချီကား အတွင်းမှ ခွန်ပန်က၊ စိုက်ကြည့် လာချိန်တွင် မှိန်ဖျော့ နေ သော ပန်းချီ (၃)ချပ်၌၊ အက်ရာများ ပေါ်လာ တော့သည်။
“ မြွေပျံရဲ့ လှည့်စား ခြင်းက ကြယ်တာရာ လမ်းကြောင်း တိုင်းကို၊ အနှောက် အယှက် ပေး နိုင်တယ်။ ”
မြွေပျံ ပန်းချီကား ပွင့်လာ ချိန် ၌မူ၊ ပန်ချီကား (၃)ချပ်မှာ လုံးဝ တောင့်မခံ နိုင်တော့ ဘဲ၊ ပြိုကျ သွားသည်။ ကစား ပွဲကို လှည့်ရန် ကြိုးစားခဲ့ သော်လည်း၊ အချည်းနှီး ဖြစ်သွားပြီး စင်ပေါ်၌ ဒူးထောက် လိုက်ရ၏။
သူတို့ (၃) ဦး၏ နက္ခတ် များမှာ၊ လုံးဝ အားနည်းခြင်း မရှိချေ။ သို့သော် အုပ်စိုးရှင် နက္ခတ် ဖြစ်သော ကောင်းကင် သင်္ချိုင်းကို ယှဉ်ရန်မူ၊ များစွာ နုနေ ပေသည်။
“ ရွှပ် ... ။ ”
လင်းယွန်က ဓားကို ပြန်သိမ်း လိုက်ပြီး၊ လက်ဝှေ့ ယမ်းလျက်၊ သူတော်စင် ခြောက်ပါး ထံသို့၊ လှည့်၍ ဦးညွှတ် သည်။
“ ဓားဂိုဏ်းကို အရှက် ခွဲချင်တဲ့ လူတိုင်း၊ ဒူးထောက် ခိုင်းထား ပါတယ် ... ၊ နှောင်းလူတွေ အတွက်၊ သတိ ပေးတဲ့ အနေနဲ့၊ သူတို့ကို အပြစ် စီရင် ပေးပါ၊ သူတော်စင်များ ခင်များ။ ”
လင်းယွန် အသံက တည်ငြိမ်စွာ ထွက်ပေါ် လာတော့သည်။
***