← Chapters

သူတော်စင် များကို အရှက် ခွဲခွင့် မရှိ။

Vol. 103 Ch. 1430

သူတော်စင် များကို အရှက် ခွဲခွင့် မရှိ။

Vol. 103 Ch. 1430

လင်းယွန် စကားကြောင့် ဓားဂိုဏ်း ဝင်များမှာ၊ သွေးများ ဆူပွက်လျက် ရွှင်လန်း ကုန်သည်။ ဤသည်မှာ တကယ့် ဓားသမား ဖြစ်ပြီး၊ သူတို့ အပေါ် လေးစားမှု အပြည့်ရှိ လေသည်။

တစ်ဖက် တွင် ရှားဟိုယန်၊ ချန်ပင်းနှင့် ဟွမ်ယန်ချန်း တို့က၊ မြေပြင်၌ ဒူးထောက် နေ ရပြီး မျက်နှာများ နီရဲ သွားသည်။

ဒဏ်ရာ များမှ သေွးများ အဆက် မပြတ် စီးကျ နေကာ၊ ၎င်းတို့ အနက် ဓားခန္ဓာ ကိုယ်ကို၊ ပိုင်ဆိုင် ထားသော ရှားဟိုယန် သည်သာ၊ အနည်းငယ် သက်သာ ပေ၏။ သို့တိုင် နံရိုး ကျိုးကုန်ဆဲ ဖြစ်သည်။

ချန်ပင်းနှင့် ဟွမ်ယန်ချန်းတို့ အနေ ဖြင့်မူ၊ အပ်စိုက် မှတ်များ ပျက်စီး ကုန်ပြီး၊ တိုက်ပွဲဝင် နိုင်ခြင်း ဆုံးရှုံး သွားသည်။

သူတော်စင် (၆) ပါးက၊ ကျေနပ်မှု အပြည့်နှင့်၊ အကြည့်ချင်း ဖလှယ် လိုက်ကြ သည်။ ဤလူငယ်သည် စကား အရာ ၌လည်း ထက်မြက် ပေ၏။

ဓားဂိုဏ်းမှ မှန်ကန်သော ရွေးချယ်မှုကို၊ ပြုလုပ် နိုင်ခဲ့ကြောင်း သက်သေ ပြလာသည်။ ရှားဟိုယန်တို့ သုံးဦးကို အနိုင်ယူ ပြီးနောက်၊ အပြစ်ဒဏ် စီရင်ရန်၊ သူတို့ထံ ပေး ခဲ့သည်။

“ ကောင်းပြီ၊ လင်းယွန် ... ၊ မင်း အခု ဆင်းလို့ ရပြီ။ ”

သေွးနေမင်း သူတော်စင် သခင်က လင်းယွန်ကို ကြည့်ပြီး ပြောလိုက် သည်။ လင်းယွန်မှ နက္ခတ် သုံစင်း၊ နဂါး ဖြူနှင့် နဂါး ဓား ရောင်ဝါကို ပြန်သိမ်းပြီး၊ စင်မြင့် ပေါ်မှ ခုန်ချ သွားသည်။

သွေးနေမင်း သူတော်စင် သခင်က ရှားဟိုယန် ရှေ့ဆင်းသက် လာပြီး စိုက်ကြည့် သည်။ ထို့ကြောင့် ရှားဟိုယန် ခမျာ ကျောရိုးများ အေးစက် လာ၏။

ရုတ်တရက် တစ်စုံ တစ်ရာကို တွေးမိပြီး မျက်နှာ ဖြူဖျော့ သွားသည်။ သူတော်စင်များ အားကောင်းမှန်း သိသော်လည်း၊ ၎င်းကို သိပ် အလေး မထား ခဲ့ခေျ။

“ ရှားဟိုယန် ... ၊ မင်း ဘာပြော စရာ ရှိသေးလဲ။ ”

သွေးနေမင်း သူတော်စင်မှ အေးစက်စွာ မေးသည်။ ရှားဟိုယန် ခမျာ ပါးစပ်ကို ဖွင့်လိုက် သော်လည်း၊ အသံ မထွက် နိုင်ခဲ့ချေ။

သူတို့ သုံးယောက် ပူးပေါင်း ခဲ့သော်မှ လင်းယွန်ကို ရှုံးနိမ့် သွားသည်။ ယနေ့ ပြီးနောက် လူပျက်များ အဖြစ်၊ ရှုမြင် လာကြ တော့မည် ဖြစ်၏။

“ ပြောစရာ မရှိ ပါဘူး။ ”

ရှားဟိုယန်မှ အံကြိတ်ကာ ပြန်လိုက် ရသည်။

“ ကောင်းတယ်၊ မင်းမှာ ပြောစရာ မရှိ ပေမယ့် ... ငါမှာတော့ ရှိတယ်၊ ရှားဟို မိသားစု ရဲ့၊ အမွေခံ မင်းသား တစ်ပါး အနေနဲ့၊ သူတော်စင် တစ်ပါး ဆိုတာ၊ ...

... ဘာလဲ မင်း သိမှာပါ ... ၊ သူတော်စင် တေွကို အရှက် ခွဲရင်၊ ဘယ်လို အပြစ်ဒဏ် ပေး သင့်လဲ၊ မင်း သိတယ် မဟုတ်လား။ ”

ဤမေးခွန်းက သူတွေး ကြောက်နေသော အရာ ဖြစ်သည်။ အနိုင်ရ မည်ဟု ယုံကြည်ကာ၊ ဓားဂိုဏ်းမှ သူတော်စင် များကို စော်ကား ခဲ့၏။

ထိုစဉ်က သူတော်စင် များမှာ၊ သူ့အပေါ် အပြစ် မပေးရဲ သေးချေ။ မဟုတ် ပါက ရှားဟို သူတော်စင်မှ ဝင်ရောက် စွက်ဖက် နိုင်သည်။

ယင်းမှာ လင်းယွန်နှင့် မတိုက်ခင် အခြေအနေ ဖြစ်သည်။ ရှုံးနိမ့် ပြီးနောက်၊ ရှားဟို မိသားစု အပေါ်၊ အရှက် ရစေ သူ အဖြစ် ပြောင်းလဲ သွားသည်။

ထို့ကြောင့် သွေးနေမင်း သူတော်စင်မှ၊ သူ့အား သတ်ခဲ့ လျှင်ပင်၊ မည်သူမျှ ဖြေရှင်းချက် တောင်းခံ တော့မည် မဟုတ်ချေ။

အလား တူပင် ရှားဟို မိသားစု၏ သူတော်စင်ကို တစ်စုံ တစ်ဦးမှ စော်ကားသော်၊ အဆုံးသတ်မှာ ကောင်းနိုင်မည် မဟုတ်ချေ။

“ ရှားဟိုယန် ... ၊ သူတော်စင် ဆိုတာ ... မင်းအရှက် ခွဲဖို့ မဟုတ်ဘူး။ ”

“ ဟုတ်ကဲ့ သိပါတယ်။ ”

“ မင်း ... သိတာ ကောင်းတယ်၊ မင်း အသက်ကို ငါ မယူ တော့ဘူး၊ ဒါပေမယ့် အပြစ် ပေးရမယ်၊ မင်းရဲ့ ကျင့်ကြံမှု ဆယ်နှစ်ကို၊ ငါ ဖျက်မယ်၊ ကန့်ကွက် စရာ ရှိလား။ ”

သွေးနေမင်း သူတော်စင် သခင်၏ အပြစ် ဒဏ်ကြောင့်၊ ရှားဟိုယန် ခမျာ မျက်နှာ ဖြူဖျော့ သွားသည်။

လက်ရှိ အချိန်၌ ကြယ်တစ်ပွင့် အဆင့်၌ ရှိနေပြီ ဖြစ်ရာ၊ (၁၀) နှစ်သာ နောက်ဆုတ်သော်၊ အင်ပါ ရီယန် ၌ပင်၊ ရှိတော့မည် မဟုတ်ချေ။

“ မဟုတ်ဘူး ... ၊ မဟုတ်ဘူး ... ၊ စီနီယာ ကျေးဇူး ပြုပြီး၊ ငါ့ကို သနားပါ။ ”

ရှားဟိုယန်က နဖူးအား မြေကြီးနှင့်၊ အကြိမ်ကြိမ် ထိကာ၊ သွေးများ စီးကျ လာသည် အထိ၊ အော်ဟစ် တောင်းပန် တော့သည်။

သို့သော် မည်သူမျှ သနားခြင်း မရှိချေ။ ယင်းအစား အထင် သေးစွာ စိုက်ကြည့်လာ ကြသည်။

အပြစ် ပေး ခံရ မည်ကို ကြောက် ပါက၊ သူတော်စင် များကို မစော်ကား သင့်ကြောင်း သိသင့်၏။

ရှေးဟောင်း ပျက်သုဉ်း မြေသည် ပြိုင်ဆိုင်မှုများ ပြင်းထန် လှသော ကြောင့်၊ အနာ ဂတ်တွင် ရှားဟိုယန် ဟူသည် ပေျာက်ကွယ် သွားတော့ ပေမည်။

ထိပ်တန်း အရည် အချင်း ရှိသူ တစ်ဦး ဖြစ် လျှင်ပင်၊ ဆယ်နှစ် ဟူသော ကာလသည်၊ အဆုံး သတ်ရန် လုံလောက် ပေ၏။

ထိုအပြင် ရှားဟိုယန်သည် ဤနေရာသို့ ရောက်ရှိရန်၊ လူများ စွာအား လေှကား ထစ် သဖွယ်၊ အသုံးပြု ခဲ့သည်။ ထိုပမာဏမှာ ရေတွက် ၍ပင် မရချေ။

“ ခွင့်လွတ်ပါ စီနီယာ ... ခွင့်လွတ်ပါ၊ တောင်းပန် ပါတယ်။ ”

ရှားဟိုယန် ခမျာ ငိုတော့၏။ အသက် ရှင်လျက် ပြန်သွား နိုင်လျှင်ပင်၊ ရှားဟို မိသား စုမှ၊ သူ့အား လက်ခံ တော့မည် မဟုတ်ချေ။

“ သူတော်စင် တွေကို အရှက် ခွဲလို့ မရဖူး ဆိုတာ သတိ ရပါ။ ”

သွေးနေမင်း သူတော်စင် သခင်က၊ ရှားဟိုယန်၏ တောင်းပန် စကား များကို ဂရု မစိုက်ဘဲ၊ ဦးခေါင်းပေါ် လက်ဖဝါး တင် လိုက်သည်။

“ အား ... ။ ”

နာကျင် မှုကြောင့်၊ ရှားဟိုယန် မျက်နှာ၊ ရှုံ့တွသွား၏။ ကျင့်ကြံမှုသည် ကောင်းကင် ပင်မ နတ်ဘုရား မှသည်၊ ကောင်းကင် ဝိညာဉ် အထိ၊ လျင်မြန်စွာ ကျဆင်း လာသည်။

သည့်နောက် သွေးနေမင်း သူတော်စင်မှ၊ အရိယာ ကောင်းကင်ဓား ကိုပါ၊ ဝိညာဉ်ရေး ဓား အဆင့်သို့၊ ချိုးနှိမ် ပစ်လိုက်၏။

ရှားဟိုယန် အတွက်၊ သည် အဆင့် ရောက်ရန်၊ လွယ်ကူသည် မဟုတ်ချေ။ လက်ရှိ အချိန်၌ အားနည်း သွားပြီ ဖြစ်ရာ၊ လက်ကျန် ဘဝကို အမည် ဝှက်ဖြင့်၊ နေရပေ တော့မည်။

သူတော်စင် များကို အရှက် ခွဲခွင့် မရှိ၊ ဟူသော စကား၏ အဓိပ္ပါယ် အပေါ်၊ လူတိုင်း နားလည် လာကြသည်။

“ ဝေါ့ ... ဟား ... ဟား ... ဟား ... ၊ ငါ ရှားဟိုယန် ဒီကနေ့ ... လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိဖူး ဆိုတာ ဝန်ခံ ပါတယ်၊ ဒါကြောင့် ပြစ်ဒဏ်ကို ကျေနပ်တယ်၊ ...

... ဒါပေမယ့် ငါ မယုံနိုင် သေးဘူး၊ အနာဂတ်မှာ ငါ့ကို ငြင်းပယ် ခဲ့တဲ့ ဓားဂိုဏ်း နောင်တ ရစေ ရမယ်။ ”

ကြွေးကြော် ပြီးနောက်၊ တုန်တုန် ယင်ယင်နှင့် ထွက်ခွာ သွားသည်။ သူ့ ညီပင် သူ့ အနား မလာ ခဲ့ချေ။

ရှားဟိုယွင်မှ ခဏမျှ တုံ့ဆိုင်းသွား သော်လည်း နောက်ဆုံးတွင်၊ ထွက် မတွေ့ရန် ဆုံးဖြတ် လိုက်သည်။

ယနေ့ ပြီးနောက် သူ့ အစ်ကိုသည် ရှားဟို မိသားစု၏ အပြစ်သား အဖြစ် သမိုင်း ဝင်သွားပြီ ဖြစ်သည်။ ထို့ကြောင့် သူနှင့် ပတ်သက်သူ မည်သူ မဆို၊ ကောင်းမွန်မည် မဟုတ်ချေ။

ဟွမ်ယန်ချန်းနှင့် ချန်ပင်းတို့ ခမျာ၊ ထိတ်လန့်သွား ကြသည်။ သူတို့၌ ကျိုးကြောင်း ဆီလျော်မှု မပျောက်ကွယ် ခဲ့ဘဲ၊ ထွက်ပေါက် ချန်ထား ခဲ့သည်။

သူတော်စင် များကို မစော် ကားဘဲ၊ ရလဒ်အပေါ် သူတို့ မယုံကြည် ဟုသာ ပြောဆို ခဲ့ခြင်း ဖြစ်သည်။

“ မင်းတို့ နှစ်ယောက်ကို ... ၊ ဖိတ်ခေါ် ခဲ့ ပေမယ့်၊ ဘယ် သူတော်စင် ကမှ မရွေးတဲ့ အခါ၊ နာကျည်း နေမှန်း၊ ငါ နားလည်တယ်။ ”

သွေနေမင်း သူတော်စင် သခင်က၊ ချန်ပင်းတို့ နှစ်ယောက်ထံ ငုံ့ကြည့်ကာ ဆိုသည်။

“ မင်းတို့ ... ဓားဂိုဏ်း အပေါ်၊ မစော်ကား ခဲ့သလို၊ သူတော်စင်တွေ ကိုလည်း အရှက် မခွဲ ခဲ့ဖူး၊ ဒါကြောင့် ငါ အပြစ် မပေး ပါဘူး။ ”

“ ကျေးဇူး တင်ပါတယ် စီနီယာ ။ ”

နှစ်ယောက်သား သက်ပြင်း ချကာ ကျေးဇူးတင် စကား ဆိုလိုက် တော့သည်။

“ ဓားဂိုဏ်းက အတိတ်ပဲ ဖြစ်ဖြစ် ... ၊ အနာဂတ် မှာပဲ ဖြစ်ဖြစ်၊ မျိုးဆက် သစ်တွေ ကြားကို၊ ဘယ်တုန်း ကမှ စွက်ဖက်လေ့ မရှိ ခဲ့ဘူး၊ မင်းတို့ မယုံ သေးရင်၊ အချိန် မရွေး လာပြီး၊ စိန်ခေါ် နိုင်ပါတယ်။ ”

“ ကျေးဇူး တင်ပါတယ်၊ သူတော်စင် သခင်။ ”

နှစ်ယောက်သား ဦးညွှတ်လျက်၊ ချက်ချင်း ထရပ်လိုက်သည်။ နောက် တစ်ကြိမ် ဒူးထောက် လိုခြင်း မရှိ သောကြောင့်၊ လင်းယွန်ကို စိန်ခေါ် ရန်၊ စိတ်ကူး မရှိ တော့ချေ။

“ သက်သေတွေ ဖြစ်ခဲ့တဲ့၊ ကျွန်တော် တို့ အနေနဲ့၊ အိမ်ပြန် ရောက်တဲ့ အခါ၊ အမှန် တရား ကိုသာ၊ ပြန်ပြော ပေးပါ့မယ်။ ”

ချန်ပင်းက အသက် ပြင်းပြင်း ရှူလျက်၊ မထွက်ခွာခင် ကတိ ပေးလိုက်သည်။ သူတို့၏ သူတော်စင် ဘိုးဘေး များကြောင့်၊ လွှတ်ပေး လိုက်ခြင်း ဖြစ်ကြောင်း၊ နားလည်၏။

“ ကျွန်တော်လည်း အမှန် အတိုင်း ပြောပါ့မယ်။ ”

ဟွမ်ယန်ချန်း မှလည်း ကတိပေး လိုက်သည်။

“ မင်းတို့ နှစ်ယောက် သွားနိုင်ပြီ။ ”

သွေးနေမင်း သူတော်စင် သခင်က ပြတ်သားစွာ မောင်းထုတ် လိုက်သည်။ သူတို့ ထွက်သွား သည်နှင့်၊ ပြန်လည် ငြိမ်သက် သွားတော့၏။

“ ဝင်ခွင့် အခမ်း အနား အတွက် အားလုံးပဲ ငါ့နောက် လိုက်ခဲ့ပါ။ ”

သွေးနေမင်း သူတော်စင်မှ ခေါင်းညိတ် ပြသဖြင့်၊ အကြီးအကဲ ကျွယ်ချန်က ရှေ့လှမ်း တက်ကာ၊ တာဝန် များကို ဆက်၍ ထမ်းဆောင် တော့သည်။

“ လင်းယွန် ... ၊ ဒီအခမ်း အနား ပြီးရင် မင်းကို သိုင်းဦးလေး သက်တံဓားနဲ့ ... တွေ့ဖို့၊ တစ်ယောက် ယောက် လာခေါ် လိမ့်မယ်။ ”

သွေး နေမင်း သူတော်စင် အသံက၊ ကောင်းကင်၌ ပဲ့တင်ထပ် လာတော့သည်။ လင်းယွန် မော့ကြည့် လိုက်ချိန်တွင်၊ သူတော်စင် (၆)စလုံး ပျောက်ကွယ် သွားပြီ ဖြစ်၏။

***

All Chapters