တတိယ အကြိမ် တွေ့ဆုံမှု။
Vol. 103 Ch. 1431
လင်းယွန် ခမျာ စိတ်လှုပ်ရှား လာသည်။ ဓားဧကရာဇ် ယုချင်းဖန် အဆို အရ သက်တံဓား သူတော်စင်သည်၊ ငါးနှစ် အတွင်း အောင်မြင်မှု မရရှိ ခဲ့သော်၊ သေသွား နိုင်သည်။
ကမ္ဘာ ကြီး၏ နိယာမ များမှာ ရက်စက် ချေ၏။ နတ်ဘုရားများ သို့မဟုတ် သူတော်စင် များ ဖြစ်လျှင်ပင်၊ သက်တမ်းအား ကန့်သတ် ထားဆဲ ဖြစ်သည်။
ဆက်လက် ရှင်သန် လိုသော်၊ အောင်မြင်မှု တစ်ခုရယူ ရပေမည်။ ယင်းက ဧကရာဇ် များနှင့် ယှဉ်နိုင်သော နယ်ပယ် ပေပင်။
သက်တံဓား သူတော်စင်သာ အောင်မြင် ခဲ့သော်၊ နတ်နဂါး ခေတ်မှ ဒဏ္ဍာရီလာ ဧကရာဇ် တစ်ပါး ဖြစ်လာ ပေမည်။
ထို့ကြောင့် သက်တံဓား သူတော်စင်မှ ကျင့်ကြံ နေခြင်း ဖြစ်သည်။ နောက်ဆုံးတွင် အချိန်မှာ သူ့ အတွက် တန်ဖိုး ရှိ၏။
ဓားဂိုဏ်းသည် တပည့်ပေါင်း (၇၀၀၀) နီးပါးကို ခေါ်ယူ ခဲ့ပြီး၊ ဝင်ခွင့် အခမ်း အနားမှာ၊ စည်ကား သိုက်မြိုက် နေချေပြီ။
ဦးစွာ သူတို့အား ရေးချိုး စေလျက်၊ စည်းကမ်းချက် များကို ရှင်းပြကာ၊ ဓားဂိုဏ်း၏ ယူနီဖောင်း ပေးဝတ်သည်။
လူတစ်ဦး စီကို ဝတ်စုံ နှစ်စုံ ပေးအပ်ခြင်း ဖြစ်၏။ အဝတ် အစား များတွင် အတိုင်း အတာ တစ်ခု အထိ၊ ကာကွယ် ပေးနိုင်သော အစီရင် တစ်ခု ခင်းကျင်း ပေးထားသည်။
ဤအဝတ် အစား များကို နေ့စဉ် ဝတ်ဆင် ရမည် ဖြစ်သည်။ သည့်အပြင် လုံလောက် သော အကျိုးဆောင် မှတ်များ ရရှိ ပါက၊ သူတော်စင် ချပ်ဝတ်နှင့်၊ ယှဉ်နိုင်သော ဝတ်ရုံအား လဲလှယ် နိုင်မည်။
ထို့နောက် ဓားဂိုဏ်း၏ ဘိုးဘေး များကို ဝတ်ပြုရန်၊ ရှုပ်ထွေးသော လုပ်ထုံး လုပ်နည်း များ အတိုင်း၊ လိုက်နာ ရသည်။
၎င်းမှာ အမည်များ ရေးထွင်း ထားသည့်၊ ကောင်းကင် သို့တိုင် ထိလု မတတ်၊ ထွင်းထု ထားသော ရုပ်တုကြီး တစ်ခု ဖြစ်သည်။
ထိုအမည်ရှင် များမှာ၊ တိုက်ပွဲတွင် ကျဆုံး ခဲ့သော ဘိုးဘေးများ ဖြစ်သည်။ အခမ်း အနား အပြီးတွင် လူတိုင်းက၊ အကြီး အကဲ ကျွယ်ချန် နှင့်အတူ၊ သစ္စာ လိုက်ဆို ကြသည်။
“ တစ်နေ့တွင် ဓားဂိုဏ်းအား ... ၊ မြင့်မြတ်မြေ အဖြစ် ပြန်ယူလာ မည်ဟု၊ ကတိ ပြုပါတယ်၊ ငါ တို့ရဲ့ ထီးတော်က၊ ...
... မိုင် ကိုးသောင်း လွှမ်းခြုံ ထားပြီး၊ နှစ်ပေါင်း ရှစ်ထောင် တည်တယ်၊ လမင်း ရှိနေ သရွေ့၊ ဓားဂိုဏ်း ဘယ်ကိုမှ မရွေ့။ ”
“ လမင်း တည်နေ သရွေ့၊ ဓားဂိုဏ်းက ဘယ်ကိုမှ မရွေ့။ ”
“ လမင်း တည်နေ သရွေ့၊ ဓားဂိုဏ်းက ဘယ်ကိုမှ မရွေ့။ ”
“ လမင်း တည်နေ သရွေ့၊ ဓားဂိုဏ်းက ဘယ်ကိုမှ မရွေ့။ ”
တပည့် အားလုံးက၊ နောက်ဆုံး စာကြောင်းကို ရွတ်ဆိုသော အခါတွင်၊ သူတို့၏ သွေးများ ပွက်ပွက်ဆူ လာသည်။
ဓား ဂိုဏ်းသည် တစ်ချိန်က မြင့်မြတ်မြေ ဖြစ်ခဲ့သည်။ ၎င်းတို့သည် ရှေးဟောင်း ပျက်သုဉ်း မြေ၌ သာမက၊ အရှေ့ဘက် ပျက်စီးမြေ တွင်ပင်၊ ပြိုင်ဘက် ကင်းချေ၏။
ထို့ကြောင့် တပည့် တိုင်းမှ ဓားဂိုဏ်းကို မြင့်မြတ်မြေ အဖြစ် ပြန်လည် ရယူ ပေးရန်ငှာ၊ တာဝန် ရှိလေသည်။
သင်းထောက်များ၊ အကြီး အကဲ များနှင့်၊ သူတော်စင် (၆)ပါးပင်လျှင်၊ သစ္စာ စကား အပေါ် အလေး အနက် ထားသည်ကို၊ မြင်နိုင်သည်။
အခမ်း အနား အပြီးတွင် တောင်ထိပ် အသီးသီးမှ လူများက တပည့် အသစ် များကို ဂိုဏ်းထဲသို့ ရွေးချယ် ခေါ်ဆောင် တော့သည်။
အဆုံးတွင် လင်းယွန် တစ်ယောက်တည်း ကျန်ရစ် ခဲ့၏။ သို့မှ အကြီး အကဲ ကျွယ်ချန်က ခေါင်းညိတ် ပြပြီး၊ ‘ငါ့နောက် လိုက်ခဲ့၊’ ဟု ဆိုလာသည်။
နဂါး ဖြူအား ဆင့်ခေါ် ပြီးနောက်၊ လင်းယွန်နှင့် ပတ်သတ်ကာ၊ မျှော်လင့်ချက်များ ကျွယ်ချန်တွင် ရှိလာ လေသည်။
သို့သော် ဤသို့ စီနီယာ သက်တံဓား သူတော်စင်မှ ရွေးချယ်ထား လိမ့်မည်ဟု လုံးဝ မထင်ထား မိချေ။
ကောင်းကင်ဓား ရေကန်အား သရုပ်ဖော် အဆင့်ထိ၊ ဆောင်ယူ နိုင်သော အရည် အချင်း မျိုး၊ အဘယ့်ကြောင့် ရှိနေရ သည်ကို၊ ယခု နားလည် လာပြီ ဖြစ်သည်။
ဤနေရာကို အဝေးမှ ကြည့်လိုက် ပါက၊ နဂါးကြီး တစ်ကောင် ရစ်ခွေ ထားသော ဓား တစ်လက် အဖြစ် မြင်ရ ပေမည်။
ထိုဓားနှင့် တူသော တောင်ထိပ် ဖျားသည် အလွန် မြင့်မား သဖြင့်၊ တိမ်လွှာ ထဲသို့ တိုးဝင် ပျောက်ကွယ် နေသည်။
အကန့် အသတ်မဲ့၊ ကြယ် စွမ်းအင်များ ပါဝင်နေသော ဓားရောင်ဝါကို လင်းယွန်မှ ခံစား လာရ၏။
ထိုဓားရောင်ဝါသည် ဤတောင်တန်းမှ တဆင့်၊ ကောင်းကင် (၃၆)လွှာအား ထိုးခွဲနေ လေသည်။
သို့သော် မြူများ ပိန်းပိတ်အောင် ရစ်သိုင်း နေသဖြင့်၊ ကြယ်ရောင်စုံ ကောင်းကင်ကို မမြင် နိုင်။
“ ဒါ ... ဓားဂိုဏ်းရဲ့ သူတော်စင် တောင်ပဲ၊ လောက နိယာမ နယ်ပယ် အကြီးအကဲ တွေသာ ဒီနေရာမှာ၊ ကျင့်ကြံဖို့ အရည် အချင်း ပြည့်မီတယ်၊ ...
... တောင်ထိပ် ကိုတော့ သူတော်စင် တွေသာ၊ တက်လှမ်း ခွင့် ရှိတယ်၊ အဲဒီမှာ သူတို့ ကိုယ်ပိုင် ဂူတွေ ဖွင့်နိုင်တယ်၊ ...
... ဒီတောင်ကြီး အောက်မှာ၊ ရှေးဦးခေတ် ကတည်းက တည်ရှိ နေတဲ့၊ ဝိညာဉ် သွေးကြော တစ်ကြော ရှိတယ်၊ သူ့ကို သူတော်စင် သွေး ကြောလို့ ခေါ်ကြတယ်၊ ...
... သူတော်စင် သွေးကြော ကနေ၊ သူတော်စင် ရောင်ဝါကို ထုတ်လွှတ် ပေးပြီး၊ သူနဲ့ ချိတ်ဆက် နေတဲ့ တောင်ထွတ် ကိုးလုံး ရှိတယ်၊ အခုတော့ ခုနစ် လုံးပေါ့၊ ...
... တောင်ထိပ်တွေ တိုင်းမှာ၊ ရေတံခွန်တွေ ရှိပြီး၊ ရေတံခွန် အားလုံးရဲ့ အဆုံးမှာ သူတော်စင် ရေကန် ရှိတယ်၊ ဒါက ... ပင်မ နတ်ဘုရားတွေ အတွက်၊ ကျင့်ကြံမှု ဆယ်ဆ ပိုမြန် စေတယ်။ ”
အကြီး အကဲ ကျွယ်ချန် စကားကြောင့်၊ လင်းယွန်မှာ၊ မျက်လုံးပြူး သွားသည်။
“ ဒါက ... ၊ မယုံ နိုင်စရာ ကောင်းလွန်း တယ်လို့၊ ထင်နေတာ မဟုတ်လား၊ သူတော်စင် မိသားစု တိုင်းမှာ၊ ဒီလို အလားတူ ကျင့်ကြံမှု နယ်မြေတွေ ရှိပါတယ်၊ ...
... အချို့က အချိန် ကာလကို ချုံ့ပေး နိုင်တယ်၊ ဥပမာ သူတို့ နယ်မြေ တွေမှာ တစ်နှစ် ကျင့်ကြံ တာက၊ အပြင်မှာ ဆယ်ရက်ပဲ ကုန်စေတာ မျိုးပေါ့။ ”
ယင်းကြောင့် ဓားဧကရာဇ် ယုချင်းဖန် ယူဆောင် သွားသော၊ ရတနာ (၇)ပါး စဉ့်သား ကျောင်းတော်ကို သတိရ လာစေသည်။
“ မင်းက သာလွန် ပင်မ နတ်ဘုရား ဆိုပေမယ့်၊ အရမ်း အားနည်း နေသေးတယ်၊ ဓားဂိုဏ်းရဲ့ အထက် တန်းစား တွေက ကောင်းကင် အဆင့်ကို၊ ...
... ရောက်နေတာ ကြာပြီ၊ အချို့ဆို ကြယ်နှစ်ပွင့်၊ ကြယ်သုံးပွင့် အထိ ရရှိ နေပြီ၊ ဒါကြောင့် သူတို့ကို အမီ လိုက်ဖို့ အားစိုက်ပါ၊ ...
... အခု မင်းက အရိယာ ကောင်းကင် တောင်ထိပ်ရဲ့ တပည့် တစ်ဦး ဖြစ်နေပြီ၊ တပည့် တစ်ဦးက စီနီယာ သက်တံဓားနဲ့ တွေ့ပြီးရင်၊ လာခေါ် လိမ့်မယ်။ ”
အကြီးအကဲ ကျွယ်ချန်မှ စကား ဆိုသည်။
“ တောင်ထိပ် ခုနစ်လုံး ကြားမှာ၊ အဆင့် သတ်မှတ်ချက် ရှိသလား။ ”
“ ရှိတာပေါ့ ... ၊ တော်ဝင် တောင်ထိပ်နဲ့ မြစိမ်းရောင် တောင်ထိပ်က ဒါကို စိတ်မဝင်စား ပေမယ်၊ ကြက်သွေးရောင် တောင်ထိပ်၊ ...
... ရွှေရောင် တောင်ထိပ်၊ မရဏ တောင်ထိပ်နဲ့၊ အပြာရောင် တောင်ထိပ်က ပြိုင်ဆိုင်မှု ပြင်းထန်တယ်၊ မင်းရဲ့ ...
... အရိယာ ထောင်ထိပ် ကတော့ ... ၊ တိုက်ပွဲ ဝင်လိုစိတ် မရှိ တော့လို့၊ မကြာခင် အောက်ခြေကို ရောက်နိုင်ချေ ရှိတယ်။ ”
“ ဘာဖြစ်လို့ အရိယာ ကောင်းကင် တောင်ထိပ်က၊ ပြိုင်ပွဲ ဝင်ချင်စိတ် မရှိတော့ တာလဲ။ ”
“ တစ်စုံ တစ်ယောက်က မင်းကို ရှင်းပြ ပါလိမ့်မယ်။ ”
ကျွယ်ချန်မှ ဆက်မပြော ပြတော့ဘဲ၊ လျှောက်လှမ်း သွားသည်။ နောက်ဆုံးတွင် လှိုဏ်ဂူ တစ်ဂူ ရှေ့သို့ ရောက်လာ၏။
ပတ်ဝန်းကျင်တွင် မက်မွန်ပန်း ပင်များ ပွင့်လန်း နေသဖြင့်၊ စွဲမက်ဖွယ် ကောင်းသော မွှေးရနံ့ များကို ထုတ်လွှတ် နေသည်။
မြေပြင်၌ ပွင့်ချပ် များက ပန်းပင်လယ် ကြီးအလား ကြွေကျ နေ၏။ ကဗျာ ဆန်သော ဝန်းကျင် တစ်ခု ပေပင်။
“ ဝှစ် ... ။ ”
နှစ်ယောက်သား ပန်းပင်လယ် ကြီးကို မနင်းရက် လေရာ၊ ရွေ့လျားမှု နည်းစနစ်များ သုံးလျက်၊ ပျံသန်း မိသည်။
“ ဒီမက်မွန်ပင် တွေက အနည်းဆုံး နှစ်တစ်ထောင် လောက်ရှိ နေပြီ ဟုတ်လား။ ”
ပျံသန်း နေလျက်မှ မက်မွန်ပင် များကို ကြည့်ကာ၊ လင်းယွန်မှ မေးလိုက်၏။
“ ဒါတွေက ရှားပါးတဲ့၊ သူတော်စင် မက်မွန်ပင် တွေပဲ ... ၊ ပန်းပွင့် ချိန်က နှစ် (၁၀၀၀) ကြာတယ်၊ မက်မွန် သီးတွေ ဖြစ်လာတဲ့ အခါ၊ ...
... သူ့ကို စားသုံးရင် သူတော်စင် တွေရဲ့ သက်တမ်း တိုးလာစေ လိမ့်မယ် ... ၊ ဒီနေရာမှာ စီနီယာ သက်တံဓား ကျင့်ကြံတဲ့၊ သူတော်စင် ပန်းလှိုဏ်ဂူ ရှိတယ်။ ”
ဓားဂိုဏ်း၏ အခြေခံ အုတ်မြစ်သည် နက်ရှိုင်းကြောင်း လင်းယွန်မှ ပို၍ နားလည် လာသည်။ သို့သော် မက်မွန်ပွင့် များမှာ၊ ပွင့်ဆဲ ဖြစ်သဖြင့်၊ စားသုံး လိုသော်၊ အနှစ် တစ်ထောင် စောင့်ရ ပေဦးမည်။
မက်မွန် ပန်းခင်း အလယ်ရောက် ချိန်၌၊ ကျောက်စားပွဲ တစ်လုံး ပေါ်တွင် ကင်းဗတ် စကို ခင်းထားပြီး၊ စုတ်တံ တစ်ချောင်းနှင့် အဖိုးအို တစ်ဦး ရှိနေ၏။
“ ကျွယ်ချန်မှ ဘိုးဘေး သက်တံကို နှုတ်ဆက် ပါတယ်။ ”
အကြီး အကဲ ကျွယ်ချန်က လက်ဝှေ့ ယမ်းလျက်၊ ဒူးတစ်ဖက် ထောက်ချ လိုက်သည်။
“ ဒီလောက် အထိ မလို ပါဘူး။ ”
သက်တံဓား သူတော်စင်က စုတ်တံကို ချလိုက်ပြီး၊ ဖော်ရွေသော အသံဖြင့် ပြောလာ ခဲ့သည်။ သူ့ ပတ်ဝန်းကျင်တွင် သူတော်စင် လေထုပင် မထား ရှိချေ။
လင်းယွန်က စပ်စပ် စုစုဖြင့်၊ ကင်းဗတ်ပေါ် ချောင်းကြည့် မိ၏။ သူတော်စင် ရူရ် များ စွာကို ရေးဆွဲ ထားခြင်း ဖြစ်သည်။
မည်သည့် အရာကို ရေးဆွဲ နေမှန်း မသိ သော်လည်း၊ ရူရ်များ အတွင်းမှ ဓား တစ်လက် တိုးထွက် လာသည်အား၊ မြင်လိုက် ရ၏။
ထို့ကြောင့် ချက်ချင်း ခန္ဓာ ကိုယ်အား ယို့လိုက် ရသည်။
“ ကျွယ်ချန် ... ၊ မင်း သွားလို့ ရပြီ။ ”
အကြီး အကဲ ကျွယ်ချန် ထွက်ခွာ သွား ပြီးနောက်၊ အချိန် အတော်ကြာ တိတ်ဆိတ် သွားလေသည်။
“ မဆိုးဘူး ... ၊ ဒါ ... မင်းကို တွေ့တာ တတိယ အကြိမ်ပဲ၊ တွေ့လိုက်တိုင်း မင်းက ငါ့ကို အံ့သြ စေတယ်၊ အရိယာ ကောင်းကင် ဓားတောင် ရနေပြီ၊ မင်း အသက် နှစ်ဆယ် မဟုတ်လား။ ”
သက်တံဓား သူတော်စင်မှ သူ့အား စိုက်ကြည့်ကာ၊ ပြုံးလျက် ဆိုသဖြင့်၊ လင်းယွန် မျက်နှာ ပြောင်းလဲ သွားသည်။
သူသာ မမှား ပါက၊ သက်တံဓား သူတော်စင်နှင့် တွေ့ဆုံ သည်မှာ၊ ဒုတိယ အကြိမ် သာ ဖြစ်သည်။
ပထမ အကြိမ်သည်၊ ထျန်ရွှမ်ဇီ ထံမှ သူ့အား ကယ်တင် ခဲ့ချိန် ဖြစ်၏။
“ စီနီယာ ... ၊ ကျွန်တော်တို့ တွေ့ဆုံတာ ဒုတိယ အကြိမ် မဟုတ် ဖူးလား။ ”
“ မင်း ငါ့ကို ဆရာလို့ မခေါ် ဖူးလား။ ”
သက်တံဓား သူတော်စင်က သူ့ မေးခွန်းကို မဖြေ သေးဘဲ၊ ပြုံးကာ မေးလာသည်၊။
“ ဆရာ တပည့် အခမ်း အနား မလုပ် ရသေးလို့၊ ဘယ်လို ခေါ်ရ မလဲ မသိသေး လို့ပါ၊ ခွင့်လွှတ်ပါ ဆရာ။ ”
လင်းယွန်က ကမန်း ကတန်း ပြန်ဖြေ၏။
“ အဆင်ပြေ ပါတယ်၊ မင်းကို တွေ့တာ ဒီတစ်ကြိမ် နဲ့ဆို ... တတိယ အကြိမ်ပဲ၊ ပထမ တစ်ကြိမ် တုန်းက ပယင်း ကမ္ဘာမှာ ... ”
သက်တံဓား သူတော်စင်က ပြုံးလျက် ပြောလာ သဖြင့်၊ လင်းယွန် ခမျာ ‘ပယင်း ကမ္ဘာ’ ဟု၊ အံ့ဩ တကြီး လိုက်ပါ ရေရွတ်မိ တော့သည်။
***