← Chapters

ကျန့် မိသားစု။

Vol. 103 Ch. 1432

ကျန့် မိသားစု။

Vol. 103 Ch. 1432

သက်တံဓား သူတော်စင်အား လင်းယွန်က သံသယဖြင့် ကြည့်လိုက် မိသည်။

“ အဲဒီ တုန်းက မင်းကို ... ၊ ငါ အဝေး ကနေ မြင်ရ တာပါ။ ”

သက်တံဓား သူတော်စင်မှ ပြုံးကာ ဆိုသည်။

“ ရှန်ရှင်းဓား ကနေ ... ၊ ဝိညာဉ် ရေးဓား အဆင့် ကူးပြောင်း တုန်းက ... ၊ ထာဝရ ဓား ရည်ရွယ် ချက်ကို မှတ်မိ သေးလား။ ”

“ ဓားနန်းတော် ဘိုးဘေး ကျန့်ဝူမင်။ ”

လင်းယွန်က ထိတ်လန့်စွာ အော်သည်။

“ ဟုတ်တယ် ... ၊ အဲ့ဒါ ... ငါပဲ။ ”

ဓားနန်းတော်၏ ဘိုးဘေးမှာ နတ်နဂါး ခေတ်၏ အကျော်ကြား ဆုံးသော သက်တံဓား သူတော်စင် ဖြစ်နေ ချေပြီ။

ပယင်း ကမ္ဘာရှိ၊ ဓားဂိုဏ်း အပျက် အစီး နယ်မြေကို ရောက်ရှိစဉ်၊ လမင်း တည်နေ သ၍၊ ဓားဂိုဏ်း မရွေ့ ဟူသော၊ ကြွေးကြော် သံအား ပြန်ကြားလာ မိသည်။

“ ဒါဆို ပယင်း ကမ္ဘာက ဓားဂိုဏ်းနဲ့ ခွန်လွန်က ဓားဂိုဏ်း အတူတူ ပဲပေါ့။ ”

“ မှန်တယ်၊ ဓားဂိုဏ်း အထွတ် အထိပ် ရောက်ရှိ နေချိန် တုန်းက၊ အဆင့်နိမ့် နယ်မြေ တွေမှာ၊ ဂိုဏ်းခွဲတွေ အများကြီး ရှိခဲ့တယ်၊ ဒါကြောင့် အဲ့ဒီနယ်မြေ တွေက၊ ...

... ပါရမီရှင် တွေက ခွန်လွန်ကို တိုက်ရိုက် လာနိုင်တယ်၊ ဒါက တောင်ထိပ် နှစ်ခု ဖျက်ဆီး မခံရချိန် အထိပဲ၊ ...

... ပယင်း နယ်မြေက၊ ဓားဂိုဏ်း ပျက်စီး သွားတဲ့ အချိန်မှာ၊ အနား တဝိုက်ကို လှည့်လည် ကြည့်ပြီး၊ မဟာချင် အင်ပါယာမှာ ဓားနန်းတော် အဖြစ်၊ အမွေထား ခဲ့ဖို့ စိတ်ကူး ရခဲ့တယ်။ ”

“ တပည့် လင်းယွန်က ဘိုးဘေးကို နှုတ်ဆက် ပါတယ်။ ”

လင်းယွန်က စိတ် လှုပ်ရှားစွာ ဦးညွှတ် လိုက်တော့သည်။

“ ဟား ဟား ဟား ... မလိုတော့ ပါဘူး၊ မင်းက အခု ငါ့တပည့် ဖြစ်နေ ပြီမို့၊ ဆရာ လို့ပဲ ခေါ်ပါ။ ”

သက်တံဓား သူတော်စင်မှ ပြုံးလျက် ပြောလိုက်သည်။

“ ဒါဆို သခင် (၁၃)နဲ့ ... နန်းတော် သခင် ... ။ ”

လင်းယွန်က အဖိုးကြီး နှစ်ဦးကို သတိရ သွား၏။ အတိတ်တွင် ထိုနှစ်ဦးသည် သူ့အား ကိုယ်ကျိုး မဖက်ဘဲ၊ များစွာ အကာ အကွယ် ပေးခဲ့သည်။ ယင်းကြောင့် မေ့မရ နိုင်သော ကျေးဇူးရှင်များ ဖြစ်၏။

“ သူတို့ ရောက်လာ ပါတယ်၊ ဒါပေမယ့် သူတို့က ကျန့် မိသားစုရဲ့ မိဘမဲ့ တွေဖြစ် တာမို့၊ ဘိုးဘွား မြေကို ရှာဖို့၊ ထွက်သွား ခဲ့ကြတယ်။ ”

“ ကျန့် မိသားစု ကလား ... ။ ”

လင်းယွန် တစ်ယောက် အံ့ဩ သွားသည်။ ကျန့်ဝူရ၊ ကျန့်ဝူမင်၊ ကျန့်ရွှမ်ဟီ၊ ကျန့်ကျင်းစံ နှင့် ကျန့်ကျင်းရှန် တို့သည် ဆက်စပ်မှု ရှိနေ ပုံရ၏။

“ ဟုတ်တယ်၊ ကျန့် မျိုးနွယ်စု ဆိုတာ၊ ရှေးဦးခေတ် တုန်းက အင်ပါယာရဲ့၊ သူကောင်း မျိုးနွယ်စု ရှစ်စု ထဲမှ တစ်စုပဲ၊ ဒါပေမယ့် နတ်ဘုရား တိုက်ပွဲ အပြီးမှာ၊ ...

... မျိုးဆက် ပြတ်လု နီးပါး ဖြစ်ပြီး၊ မိဘမဲ့ အချို့သာ ကျန်ရှိ ခဲ့တယ်၊ ပြီးတော့ ကျန့်- မျိုးရိုး နာမည်ကို၊ အမျိုးသမီး တွေကို မပေးဘူး၊ ...

... အမျိုးသား တွေကိုပဲ၊ ခံယူစေ ခဲ့တဲ့ အတွက်၊ တဖြည်းဖြည်း တိမ်ကော လာတယ်။ ”

“ ဒါနဲ့ ... ၊ သခင် (၁၃) တို့က ဘာလို့ ဘိုးဘေး တွေရဲ့၊ နယ်မြေကို ရှာနေကြ တာလဲ၊ ဆရာ။ ”

“ ကျန့်မျိုးရိုး တိမ်ကော လာတယ် ဆိုပေမယ့်၊ ဘိုးဘွားပိုင် မြေကတော့ ရှိနေ တုန်းပဲ၊ အဲဒါကို ဘယ်သူမှ ...

... ရှာ မတွေ့ သေးဘူး၊ ဧကရာဇ် သွေးကို ဆက်ခံထားတဲ့ လူကသာ၊ ဒါကို တွေ့ရှိ နိုင်မယ်၊ သူတို့ နှစ်ဦး ခွန်လွန်ကို ရောက်တဲ့ အခါ၊ ဇစ်မြစ် အမှန်ကို သိသွားပြီး၊ ထွက်သွား ကြတာပဲ။ ”

“ ဆရာ ဒါဆို၊ စီနီယာ အစ်ကို ကျန့်ကျင်းရှန်က ကျန့် မိသားစု ကပဲလား။

“ သေချာ တာပေါ့။ ”

သက်တံဓားသူတော်စင်က သက်ပြင်းချ လိုက်ပြီး၊

“ ကျန့် မျိုးရိုးကို အခြား ... ဘယ်သူမှ၊ ခံယူထားလို့ မရဘူး၊ ငါတို့က လူ့အဖွဲ့ အစည်းရဲ့ အမေ့ လျော့ခံ မိသားစု တစ်စုပဲ၊ ကိုယ့််ကိုယ်ကို ကျန့်မိသားစု ဆိုတာထက်၊ အမေ့ခံ လူသား များလို့ ၊ သုံးနှုန်း ရတာ နှစ်သက် ကြတယ်။ ”

သူ့ ဆရာသည် ၎င်းနှင့် ပတ်သတ်ပြီး၊ ခံစား ချက်များ ရှိနေ သဖြင့်၊ ဆက်မမေး တော့ရန် လင်းယွန် ဆုံးဖြတ် လိုက်သည်။

“ ငါထား ခဲ့တဲ့ ဓား အပေါ် ... ၊ နားလည် သွားတဲ့ အခါ၊ မင်းကို မြင်တယ်၊ ဒါကြောင့် အခု အကြိမ် နဲ့ဆို၊ တတိယ အကြိမ်ပဲ၊ ငါတို့ ကြားက ကံကြမ္မာက ရှိပြီး သားပါ။ ”

ထိုစကားကို ကြားပြီးနောက် လင်းယွန်မှာ ပျော်ရွှင် လာ သော်လည်း၊ ရုတ်တရက် အရေး ကြီးသော အရာကို သတိရ သွားသည်။

“ ဆရာ ... ၊ ဆရာ့ရဲ့ သက်တမ်းက ငါးနှစ်ပဲ ကျန်တော့ တယ်လို့၊ ကြားမိ ပါတယ်။ ”

“ မင်းကို ဘယ်သူ ပြောတာလဲ၊ ယုချင်းဖန်လား။ ”

သက်တံဓား သူတော်စင်က ပြုံးလျက် ပြန်မေး လေသည်။

“ ဟုတ်တယ် ... ငါးနှစ် ပါပဲ။ ”

သက်တံဓား သူတော်စင်မှ ဝန်ခံ၏။ ထိုစဉ်က သက်တံဓား ဓား သူတော်စင်နှင့် တျန်ရွှမ်ဇီသည် သူ့ခန္ဓာကိုယ် အတွင်း၊ မည်သူ ရှိနေ သည်ကို၊ သတိ ထားမိ ခဲ့ပုံ ပေပင်။

သူ့ ဆရာ အခက် အခဲကြောင့် တုန်လှုပ် လာပြီး၊ နတ်ဘုရား အသွေး တော်ကို ချက်ချင်း ထုတ်ယူ လိုက်သည်။

“ ဆရာ ဒီနတ်ဘုရား အသွေးတော်က အကူအညီ ရနိုင် မလားဗျ။ ”

ကောင်းကင် လမ်းတွင်၊ ယွဲ့ဝေဝေမှ ပြန်ပေးခဲ့သော ရတနာ ဖြစ်သည်။ သူမ ပြော ကြားချက်များ အရ၊ အလွန် အဖိုး တန်၏။

သူတော်စင် များပင်၊ ၎င်းတို့၏ ကျင့်ကြံမှုကို မြှင့်တင် နိုင်ပြီး သက်တမ်း တိုးစေနိုင် သည်ဟု ပြောပြ ထားခဲ့သည်။

သက်တံဓား သူတော်စင်က နတ်ဘုရား အသွေး တော်ကို ကြည့်ကာ အံ့အားသင့် သွား ၏။ ယင်းက ထိုရတနာကြောင့် မဟုတ်ဘဲ၊ လင်းယွန်၏ စေသနာကြောင့် ဖြစ်သည်။

ဒုတိယ အကြိမ် တွေ့ဆုံမှုဖြင့်၊ ဤမျှ ရက်ရော နေစရာ အကြောင်း မရှိချေ။ မည်မျှ အဖိုးတန် သည်ကို လင်းယွန် သိထား သင့်သည်။

“ ဒါက ... ဘာလဲ မင်း သိလား။ ”

သက်တံဓား သူတော်စင်က လင်းယွန်ကို ကြည့်ပြီး မေး၏။

“ ဟုတ်ကဲ့ သိပါတယ်၊ သူတော်စင် သက်တမ်းကို တိုးစေ နိုင်တဲ့ နတ်ဘုရား အသွေး တော်ပါ။ ”

လင်းယွန်မှ ပြန်ဖြေ၏။ သက်တံဓား သူတော်စင်မှ လက်ဖြင့် တွန်းဖယ် လိုက်ပြီး၊

“ လွန်ခဲ့တဲ့ ဆယ်နှစ်လောက် ကသာ၊ မင်းငါ့ကို ပေးခဲ့မယ် ဆိုရင်၊ လက်ခံ မိလိမ့်မယ်၊ အခုတော့ ငါက နတ်ဘုရား အသေွးတော်ကို တစ်ကြိမ် သန့်စင် ထားပြီးပြီ ဆိုတော့၊ ...

... ထပ်ပြီး အသုံးဝင် တော့မှာ မဟုတ်ဘူး၊ ဒီအဆင့်ကို ဖြတ် မကျော် နိုင်ရင်၊ ဆေးဝါးပဲ ဖြစ်ဖြစ်၊ ဒါမှ မဟုတ် စွမ်းအင်ပဲ ဖြစ်ဖြစ်၊ ငါ့ကို ...

... မကူညီ နိုင်တော့ဘူး၊ ဒါပေမယ့် မင်း ငါ့အတွက် ဝမ်းနည်း မနဲ့၊ လူတိုင်းရဲ့ ဘဝဟာ နောက်ဆုံးမှာ သေဆုံး ရတာ မဟုတ်လား၊ ...

... ပြီးတော့ ဒီငါးနှစ် အတွင်း၊ ငါက အောင်မြင်မှု မရဖူးလို့၊ ဘယ်သူ ငြင်းဝံ့ မှာလဲ၊ မင်း ဆရာက သက်တံဓား သူတော်စင်ပါ။ ”

ဓားသမား တစ်ယောက်၏ ပြတ်သားသော ခံယူချက်ကို သက်တံဓား သူတော်စင် မျက်ဝန်း များမှ တဆင့်၊ လင်းယွန် မြင်လိုက်သည်။

“ တကယ်ဆို ငါက (၅)နှစ် လုံးလုံး တံခါးပိတ် ကျင့်ကြံ နေမို့ပဲ၊ ဒါပေမယ့် ငါ မင်းကို တပည့် အဖြစ် ခေါ်ယူ ခဲ့တဲ့ အတွက်၊ ငါ့ ဝတ္တရား အတိုင်း ဖြည့်ဆည်း ပေးရမယ်၊ ခြောက်လ တစ်ကြိမ် ဒီကို လာခဲ့ပါ၊ ...

... တစ်ခုတော့ ရှိတယ်၊ မင်း နဂါး သွေးလွှတ်ကြော နယ်ပယ် မရောက် ခင်မှာ ဘယ်ကိုယ်ခံ ပညာ ကိုမှ သင်ယူ မထား နဲ့ဦး၊ ကဲ ... မင်းရဲ့ အကောင်း ဓားရေး တေွကို ပြပါ။ ”

“ အကောင်း ဆုံးလား။ ”

ယင်းသည် ကောင်းကင် ဓားရေကန်နှင့်၊ အပူပင် ကင်းသော ဓား(၉)ကွက် ဖြစ်သည်။ အခြားသော ဓားရေး များမှာ၊ လက်ရှိ အင်အားကို လိုက်မမီ တော့ချေ။

သို့သော် လျှို့ဝှက် ဓားရေး အချို့ကို ပြသ နိုင်သေးသည်။ ကနဦး ဓားကိုမူ ဓား သူတော်စင် တစ်ပါး ရှေ့မှောက်တွင် ပြသရန် ရှက်ရွံ့ မိ၏။

“ ဒါက ကောင်းကင် ဓားရေကန်ပါ ဆရာ။ ”

“ ရွှပ် ... ။ ”

လင်းယွန်က ဓားကို ချက်ချင်း ဆွဲထုတ် လိုက်ပြီး၊ ကစားပြ လိုက်သည်။ ဤဓား ပညာ ရပ်တွင် ရည်ရွယ်ချက် (၃၆) ချက် ပါ၀င်ပြီး အားလုံးကို ကျွမ်းကျင် ထား၏။

“ မဆိုးဖူး နောက်ရှိ သေးလား။ ”

သက်တံဓား သူတော်စင် အမေးကို လင်းယွန်မှ ခေါင်းညိတ်ပြီး၊ အပူပင် ကင်းသော ဓား (၉)ကွက်အား၊ ကစား ပြလိုက်သည်။

(၃၆) ကြိမ် ပြီးနောက်၊ မက်မွန် သစ်တောတွင်၊ အရိယာ ကောင်းကင် ဓားဖြင့် အနားသပ် ထားသည့်၊ ကောင်းကင် ဟူသော စကားလုံး တစ်လုံး ပေါ်လာသည်။

“ ဆက် သွား ပါ ... ။ ”

သက်တံဓား သူတော်စင်မှ ထပ်မေး လာသဖြင့်၊ လင်းယွန် မျက်လုံးများ ယခင် ကထက် ပို၍ တောက်ပ လာသည်။

နတ်ဘုရား ပုံရိပ်ယောင် ဓားနှင့် ကနဦး ဓားကို ချပြ လိုက်သည်။ တိုက်ပွဲတွင် အသုံးပြုရ ခက်ခဲ သောကြောင့်၊ အသုံး မပြု ဖြစ်ချေ။ သို့သော် လျှို့ဝှက် နည်းပညာ ဖြစ်နေဆဲ ဖြစ်သည်။

“ လုံ လောက် ပြီ။ ”

သက်တံဓား သူတော်စင်က ခေါင်းညိတ် ပြပြီး၊ လင်းယွန်အား ရပ်တန့်ရန် အချက်ပြ လာလေသည်။

“ ကောင်းကင်ဓား ရေကန်နဲ့ ... ၊ အရင် စလိုက် ရအောင်၊ ဒါက တစ္ဆေ ဝိညာဉ် ပညာ ရပ်ရဲ့၊ အစိတ် အပိုင်း တစ်ခုပဲ၊ ရည်ရွယ်ချက် (၃၆) ခုကို ကျွမ်းကျင်ရင်၊ စင်ကြယ်သော ...

... ဝိညာဉ်တော် ဆင့်ခေါ် နိုင်တယ်၊ အမှန်တော့ သူမှာ စုစုပေါင်း ရည်ရွယ်ချက် (၁၀၈) မျိုး ရှိတယ်၊ သေ ချာ ကြည့် ... ။ ”

မက်မွန်ကိုင်း တစ်ကိုင်းကို ချိုးယူကာ၊ ဓားတစ်လက် အဖြစ် အသုံးပြု လိုက်သည်။ ထို့နောက် သက်တံဓား သူတော်စင် (၁၀၈) ယောက် ပေါ်လာ၏။

ပုံရိပ် တိုင်းတွင် နဂါးဖြူ တစ်ကောင် လှည့်ပတ် ပါရှိ နေသည်။ နောက်ဆက်တွဲ ပုံရိပ် များ ပေါင်းစပ် သွားသည်နှင့်၊ မီတာ (၃၀၀) အရှည် ရှိသော နဂါးဖြူ တစ်ကောင် ကောင်းကင်ပေါ် ပျံတက် လာ၏။

သူ့ နဖူးတွင် သွေးသား စွမ်းအင် ပါရှိသည့် အမှတ် အသား တစ်ခုလည်း ရှိသည်။ ထိုအမှတ် အသားက နဂါး ဖြူကို၊ အစစ် အမှန် အလား ထင်မှား စေ၏။

ထို့ပြင် နတ်နဂါး တစ်ကောင်၏ ရောင်ဝါ ကိုလည်း ထုတ်လွှတ် လာသည်။ လက်သည်း၌၊ အဖြူရောင် အလင်းများ တောက်ပ နေ၏။ ယင်းက ကောင်းကင်ကို အလွယ် တကူ ခွဲထုတ်နိုင် မည်ဟု ခံစားရ စေသည်။

အားလုံး ပြီးသည်နှင့်၊ အဖြူရောင် အလင်းတန်း တစ်ခု ခေါင်းထဲ တိုးဝင် လာ သည်။ ဖြစ်စဉ် (၁၀၈) မျိုး ဖြစ်ချေ၏။

“ အခု မင်းရဲ့ ဒုတိယ ဓားရေး ဆီကို သွားရအောင်၊ ဒါက တောင်ပိုင်း ဧကရာဇ်ရဲ့ အပူပင် ကင်းသော ဓား (၉)ကွက်ပဲ၊ သွေ့ရော် ကျွန်းမှာ အမွေ ရခဲ့တာ မဟုတ်လား၊ ...

... ဒါပေမယ့် မင်းရဲ့ အခု ကောင်းကင်ဓား ပုံစံက၊ ကောင်းကင် ဓားရေကန် လောက် မပြင်း ထန်ဘူး။ ”

သက်တံဓား သူတော်စင်၏ သုံးသပ ချက်ကြောင့်၊ လင်းယွန် တစ်ယောက် အံ့သြ သွား၏။

တောင်ပိုင်း ဧကရာဇ်၏ ကောင်းကင်ဓား ပုံစံကို၊ သရုပ်ဖော် အဆင့်ထိ ယူဆောင် ထားနိုင် သည်မှာ၊ ကြာပြီ ဖြစ်သည်။

၎င်းကို ကောင်းကင် ဓားရေကန်နှင့် ယှဉ်သော်၊ ပို၍ အကျွမ်း ဝင်သည်။ ထိုကြောင့် သူ့ဆရာ အမြင်၌ အားနည်းနေ သည်မှာ၊ မယုံ နိုင်စရာ ပေပင်။

“ မယုံ ဖူးလား ... ။ ”

“ ဟုတ်ကဲ့ ဆရာ၊ ရှင်းပြ ပေးပါဦး။ ”

***

All Chapters