ကောင်းကင်နှင့် မြေကြီး အဆင့်များ။
Vol. 103 Ch. 1433
“ ဟုတ်ကဲ့ ဆရာ ... ရှင်းပြ ပေးပါဦး၊ တပည့်က ကောင်းကင်ဓား ပုံစံကို သရုပ်ဖော် အဆင့်ထိ ရောက်နေပြီ၊ သရုပ်ဖော် အဆင့်ထက် ပိုမြင့်တဲ့ အဆင့် ရှိသေး လို့လား။ ”
“ ဒါဆို ... ငါ မင်းကို ... ၊ မေးခွန်း တစ်ခု ပြန်မေး ပါရစေ ... ၊ သရုပ်ဖော် အဆင့် ဆိုတာ ဘာလဲ။ ”
“ တစ်ခု ခုကို ကိုယ်ပိုင် ဖြစ်အောင် အပြောင်းအလဲ အချို့ ထည့်သွင်း လိုက်တာကို ခေါ်တာပါ၊ ဒါမှသာ မူလ အရာရဲ့ အကန့် အသတ်ကို ကျော်လွန် နိုင်လိမ့်မယ်။ ”
“ ဟုတ်တယ်၊ ဒါပေမယ့် ... မင်းရဲ့ ကောင်းကင်က ပိုစွမ်း မလား၊ တောင်ပိုင်း ဧကရာဇ်ရဲ့ ကောင်းကင်က ပိုစွမ်း မလား။ ”
“ တောင်ပိုင်း ဧကရာဇ် ပါ ... ဒါ ... ”
လင်းယွန်က ချက်ချင်း ပြန်ဖြေသည်။ သို့သော် တစ်ခုခု မှားနေ ပြီကို သိလိုက် ရပြီး၊ ပြဿနာအား ရှာမရ သေးချေ။
သရုပ်ဖော် အဆင့်သို့ ရောက် ပြီးနောက်၊ ဓားရေးမှာ ပို၍ အားကောင်း လာမည် ဆိုသော်၊ အဘယ်ကြောင့် တောင်ပိုင်း ဧကရာဇ်သည် သူ့ထက် သာလွန်နေ သနည်း။
လင်းယွန် တစ်ယောက် အတွေးနက် နေသည်ကို၊ သက်တံဓား သူတော်စင်မှ စောင့် ကြည့်နေသည်။
ယင်းက တွေးစေ ချင်၍ ချပေး ခဲ့သော ချည်စ တစ်စ ဖြစ်၏။ အချိန် ကာလ တစ်ခု ကြာ ပြီးနောက်။
“ တောင်ပိုင်း ဧကရာဇ်ရဲ့ ကောင်းကင် ဓားက ... ၊ မင်းထက် ကောင်းနေတာ အမှန်ပဲ ဆိုရင်၊ မင်းက ဘာလို့ သူ့ ရည်ရွယ်ချက်ထဲ ကနေ ရုန်းထွက် နေရ တာလဲ၊ ဒါက ... မင်း လုပ်နိုင်ခဲ့ ရင်တောင်၊ သူ့ထက် ပိုသန်မာ လာမှာမှ မဟုတ်တာ။ ”
ထိုစကားက လင်းယွန်အား ဖျတ်ခနဲ လင်းလက် သွားစေသည်။ သူသည် သရုပ်ဖော် အဆင့် ရောက်ချိန်၌၊ ထိုအဆင့် မရောက်သည့် လင်းယွန် နှင့်သာ ယှဉ်ပြီး၊ ကျွမ်းကျင် လာ သည်ဟု၊ ယူဆ မိခြင်း ဖြစ်သည်။
တောင်ပိုင်း ဧကရာဇ်နှင့် မယှဉ် ခဲ့ချေ။ ယင်းသို့ ဆိုရသော် ဤအဆင့်သည် တစ်စုံ တစ်ရာ မှားယွင်း နေချေပြီ။
“ အထင် မလွဲနဲ့ ... ။ ”
သက်တံဓား သူတော်စင်က သူ့ အတွေးကို ကြားဟန်ဖြင့် ဝင်ထောက်သည်။
“ မင်း ... ၊ ဒီအဆင့်ကို မလွဲ မသွေ လုပ်ရ မှာပဲ၊ ဒါက ... မူလ ဟန်ကနေ ရုန်းထွက် ခြင်းပဲ၊ ဒါပေမယ့် ပြန်လာ ရမယ်၊ သရုပ်ဖော် အဆင့်ကို အများစုက မရောက် ခဲ့တဲ့ အတွက်၊ ...
... အခု လိုမျိုး ဘယ်သူမှ မင်းကို မရှင်းပြ နိုင်ခဲ့တာ၊ ဒါက အရမ်း ရှုပ်ထွေးတယ်၊ နားလည် ဖို့ အရည် အချင်း မမီရင်၊ မင်း ရူးသွား လိမ့်မယ်။ ”
သက်တံဓား သူတော်စင်က ပြုံးလျက် ပြောသည်။
“ ဒါဆို ရုန်းထွက် ပြီး၊ အစ ကနေ ပြန်စ ရမှာလား။ ”
လင်းယွန်က သံသယ စိတ်ဖြင့် မေးလိုက်သည်။
“ မှန်တယ်၊ သရုပ်ဖော် အဆင့် ကနေ ... ၊ ကနဦး အဆင့်ကို ပြန်သွား ရမယ်၊ ဆိုလို တာက မူလ ရည်ရွယ်ချက် ကနေ ထွက်ပြီး၊ အခြေခံ အဆင့်ကို ပြန်လာလို့ ပြောတာပဲ၊ ...
... အခု မင်းရဲ့ ကောင်းကင်ဓား ပုံစံမှာ၊ ရည်ရွယ်ချက် သုံးဆယ့်ခြောက်ချက် ဘာလို့ ရှိနေ တာလဲ ဆိုတာ၊ နားလည် အောင် ပြန်လုပ် ပါ၊ ပြီးရင် အသွင် ကူးပြောင်းခြင်း အဆင့်ကို ရောက်လိမ့်မယ်။ ”
နှစ်ပေါင်း များစွာ ကျင့်ကြံ ခြင်းထက် ဆရာနှင့် စကားပြော ခြင်းက များစွာ မျက်စိ ပွင့်စေမှန်း နားလည် လိုက်သည်။
“ နဂါးသွေး လွတ်ကြော နယ်ပယ်ကို၊ မရောက်မီ နောက်ထပ် ပညာ ရပ်တွေ ထပ် မယူ နဲ့၊ ရှိပြီးသား အရာ ပေါ်သာ အာရုံ စိုက်ပါ။ ”
သက်တံဓား သူတော်စင်က သင်ပြ ခြင်းကို အဆုံး သတ်ကာ၊ ကျောက်စားပွဲ နား ပြန်သွား ပြီး၊ ပန်းချီ ဆက်ဆွဲ နေသည်။
လင်းယွန်က ဘေးမှ ခေျာင်းကြည့်သော အခါတွင်၊ သူတော်စင် ရူရ်းများ ပေါင်းစပ်သွား သည်ကို တွေ့လိုက် ရ၏။ ရူရ် တိုင်းတွင် ဓား ရည်ရွယ်ချက်များ ပါရှိသည်။
ဆရာသည် ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ပါး မဟုတ်ချေ။ ထို့ကြောင့် သူတော်စင် ရူရ် များ ရေးဆွဲ နေသည့် အပေါ်၊ နား မလည်နိုင် ဖြစ် လာ၏။
“ သိ ချင် လား။ ”
သက်တံဓား သူတော်စင်က လှည့် မကြည့်ဘဲ၊
“ သူတော်စင် ဖြစ်ဖို့ ဘယ်လမ်း ကိုပဲ၊ လျှောက်လျှောက် အဆုံးမှာ အရေး မကြီးဘူး၊ အားလုံးက ဆုံသွားလို့ ပါပဲ၊ ဘာလို့ လဲဆို သူတော်စင် အထက်၊ နယ်ပယ်မှာ ချိတ်ဆက် နေတယ်၊ ...
... ဘယ်ပညာရပ်မှာ မဆို တစ်ပါးထက် တစ်ပါး အားနည်းတယ် ဆိုတာ မရှိဘူး၊ တစ်ခုပဲ ဘယ်သူက အဝေးဆုံး လျှောက်နိုင် မလဲ ဆိုတဲ့ အပေါ် မူတည်တယ်။ ”
သက်တံဓား သူတော်စင်က ပန်းချီကားကို အဆုံးသတ် လိုက်သည်။ ယင်းက သူ့ ပုံတူ ဖြစ် ချေ၏။ သူတော်စင် တစ်ပါးအား ချိပ်ပိတ် ထား သကဲ့သို့ ထင်ရ စေသည်။
စုတ်တံကို ချလိုက်ပြီး သေွးတစ်စက် ညှစ်ထည့် လိုက်၏။ ထို့နောက် ကေျနပ်စွာ ခေါင်းညိတ်လျက်၊ လင်းယွန်ထံ ကမ်းပေးသည်။
“ ဒီပန်းချီ ကားကို ကောင်းကောင်း သိမ်းထားပါ၊ အနာဂတ်မှာ မင်း အန္တရာယ် ကြုံလာ ခဲ့ရင် ဖြည်လိုက်၊ ငါ့ ကိုယ်ပွား ထွက်လာ လိမ့်မယ်။ ”
ယင်းက အသက်ကယ် မှော်ရတနာ ဖြစ်သဖြင့် လင်းယွန် ခမျာ စိတ်လှုပ်ရှား တုန်ယင် သွားသည်။
“ သွားလို့ ရပြီ၊ ခြောက်လ နေရင် ပြန်လာ၊ မှတ်ထားပါ ... နဂါး သွေးလွှတ်ကြော မရောက် မီ၊ ဘယ်အရာ ကိုမှ ထပ်ပြီး မလေ့ကျင့် နဲ့။ ”
“ ဟုတ်ကဲ့ပါ ဆရာ။ ”
လင်းယွန်က ပန်းချီကားကို သိမ်းဆည်း ပြီးနောက်၊ ထွက်ခွာ လာခဲ့သည်။ ယနေ့ စကား ဝိုင်းသည် သူ့ အတွေး များကို လှုပ်ခတ် စေခဲ့၏။ ထို့ကြောင့် ချေဖျက်ရန် အချိန် အနည်းငယ် လိုပေမည်။
သူတော်စင် ပန်းလှိုဏ်ဂူမှ ထွက်လာ ချိန်တွင်၊ အကြီး အကဲ ကျွယ်ချန် အစား၊ မီးခိုး ရောင် ဝတ်ရုံကို ၀တ်ဆင် ထားသည့် အမျိုးသား တစ်ဦး စောင့်ဆိုင်း နေ၏။
ထိုလူသည် ငယ်ရွယ် သော်လည်း၊ နဂါး သွေးလွှတ်ကြော နယ်ပယ်သို့ ရောက်ရှိ နေလေ သည်။
“ စီနီယာ အစ်ကို ... ၊ ငါ မင်းကို ဘယ်လို ခေါ်ရ မလဲ။ ”
လာကြို သူသည် အရိယာ ကောင်းကင် တောင်ထိပ်မှ တပည့် တစ်ဦး ဖြစ်သည်ကို လင်းယွန် သိသည်။
မီးခိုးရောင် ဝတ် လူငယ်က ခေါင်းညိတ် ပြုံးပြ၏။
“ မင်း ... ငါ့ကို ဖုန်လွမ်လို့ ခေါ်နိုင်တယ်၊ တောင်ထိပ် သခင်က မင်းကို၊ သူ့ဆီ ခေါ်ခဲ့ဖို့ တာဝန် ပေးခဲ့တယ်။ ”
ဖုန်လွမ်မှာ သူ့ကိုယ်သူ မိတ်ဆက်ကာ၊ လင်းယွန်ကို စစ်ဆေး မိသည်။ ဤလူငယ်သည် လက်ရှိ အချိန်၌ ကျော်ကြားသူ တစ်ဦး ဖြစ်၏။
ရှားဟိုယန်ကို နင်းချေကာ ဓားဂိုဏ်းသို့ ဝင်လာ ခဲ့သည်။ သက်တံဓား သူတော်စင် မှပင် တပည့် အဖြစ် ခေါ်ယူသည်။
“ ခစ် ခစ် ခစ် ... ၊ ဂျူနီယာ မောင်လေး လင်း မတွေ့တာ ကြာပြီနော်။ ”
ဖုန်လွမ်းမှ လင်းယွန်ကို စစ်ဆေး နေစဉ် ချိုသာသော အသံနှင့် အတူ မိန်းကလေး တစ်ဦး၊ ကောင်းကင်မှ ဆင်းသက် လာ၏။
( မူ ချင်း ချင်း ... ။ )
“ ဂျူနီယာ ညီမလေး၊ နင် ဒီကို ဘာလာ လုပ်တာလဲ။ ”
ဖုန်လွမ်က အံ့သြသော လေသံနှင့် မေးမိသည်။
“ အိုး ... ဘာလုပ် ရမှာလဲ၊ ဂျူနီယာ မောင်လေး လင်းကို ခေါ်ဖို့ လာတာပေါ့၊ ခစ် ခစ် ခစ် ... ။ ”
မူချင်းချင်းက ရယ်ကာ မောကာနှင့် ပြန်ဖြေ လေသည်။ ထိုစကားကြောင့် ဖုန်လွမ် ခမျာ မျက်လုံး ပြူး သွား၏။
ကြက်သွေးရောင် ကောင်းကင် တောင်ထိပ်သည် လင်းယွန်ကို သိမ်းပိုက် လို သည်လော။
ဘိုးဘေး သက်တံဓား သူတော်စင်မှ လင်းယွန်အား တပည့် အဖြစ် ခေါ်ယူ ထားသည် ကို မသိ စရာ အကြောင်း မရှိချေ။
မူချင်းချင်းက မျက်စိ တစ်ဖက် မှိတ်ပြ လိုက်ပြီး၊
“ နင် အရမ်း မိုက်လာတယ်၊ ဓားဂိုဏ်းကို ရောက်လာပြီ ဆိုတော့ ... ၊ ငါ နင့်ကို လိုက်ပြဖို့ တာဝန်ရှိ လာပြီ၊ အစ်ကို ဖုန် ...
... ဘာဖြစ် နေတာလဲ၊ ကြက်သွေးရောင် တောင်ထိပ်က၊ အရိယာ တောင်ထိပ်ရဲ့ တပည့် တစ်ယောက်ကို လု မယူ ပါဘူး။ ”
-ဟု ပြောလာ သဖြင့်၊ ဖုန်လွမ်က ရှက်ရွံ့စွာ ပြုံးလိုက် မိသည်။
“ ဒါဆို ... ဂျူနီယာ ညီမလေး၊ နင် ငါတို့နဲ့ အတူတူ လိုက်လာလို့ ရပြီ။ ”
“ မဟုတ်ဘူး၊ အစ်ကို ဖုန် ... ၊ ဂျူနီယာ မောင်လေး လင်းကို၊ ငါ ကိုယ်တိုင် ခေါ်လာပေး ချင်လို့ပါ။ ”
“ ဒါက စည်းကမ်းနဲ့ မညီဖူး ထင်တယ်။ ”
“ ဘာလို့ ... စည်းမျဉ်းတွေ အကြောင်း ပြောနေရ တာလဲ၊ အစ်ကို ဖုန်က ဒီက ဂျူနီယာ ညီမလေးလောက်၊ ဂိုဏ်းနဲ့ ရင်းနှီး လို့လား၊ စိတ်မပူနဲ့၊ သူ့ကို ဖမ်းခေါ် မသွား ပါဘူး၊ ...
... ဒီတစ်ခါတော့ ခွင့်ပြုပါ၊ အစ်ကို ဖုန် မြစိမ်းရောင် တောင်ထိပ်ကို သွားတဲ့ အခါကျရင်၊ အစ်မချန် ဆီကို သတင်း ပို့ပေး မယ်လေ။ ”
မူချင်းချင်းက မျက်စိ မှိတ်ပြ လိုက်တော့သည်။
“ မဟုတ်တာ မပြောနဲ့၊ ဂျူနီယာ ညီမလေး ချန်နဲ့ ... ငါ့ကြားမှာ ဘာမှ မရှိဘူး၊ ငါ ... အဲဒီလို ပြောတာ မဟုတ်ဘူး။ ”
“ အစ်ကိုဖုန် စိတ်မပူ ပါနဲ့ ... ၊ စီနီယာ အစ်မမူ၊ လာခဲ့ လိုက်ပါ့မယ်။ ”
မျက်နှာ နီမြန်း နေသော ဖုန်လွမ်ကြောင့် လင်းယွန်က ပြုံးလျက်ဝင် ပြောလိုက် ရသည်။
“ ကောင်းပြီ ... ၊ ဒါဆို ... ဒီအကြောင်း တောင်ထိပ် သခင်ကို၊ ငါ ပြန်ပြော ပြလိုက်မယ်။ ”
ဖုန်လွမ်က မူချင်းချင်း အနား တိုးကပ် သွားကာ စကားအချို့၊ မှာကြားလျက် ထွက်ခွာ သွားတော့သည်။
၎င်းပျောက်ကွယ် သွားသည်နှင့် လင်းယွန်က ပြုံးပြီး၊
“ စီနီယာ အစ်ကို ဖုန်က ချစ်စရာ ကောင်းတာပဲ။ ”
-ဟု သုံးသပ် လိုက်တော့သည်။
“ ငါ့ ... ထက်လား။ ”
မူချင်းချင်းက ကိုယ်ဟန်ကို ကျော့နေအောင် ပြင်ယူလျက် ရင်ကော့ ပြသည်။
“ ဘယ် ... ဟုတ်မလဲ။ ”
“ ခစ် ခစ် ခစ် ... ။ ”
“ အဟဲ ... ။ ”
လင်းယွန် အဖြေကြောင့် နှစ်ယောက်သား ပြိုင်တူ ရယ်မော လိုက်မိသည်။
“ နင် ... အပြော ကောင်းတယ်၊ လာ သွားရအောင်၊ အရိယာ တောင်ထိပ်ကို မသွား ခင်၊ ဂိုဏ်းထဲ အရင် ငါ လိုက်ပြ ပေးမယ်။ ”
စကားဆုံး သည်နှင့် မူချင်းချင်းက တိမ် ပင်လယ်ထဲ ပျံတက် သွားလေသည်။ ထို့နောက် ကျွန်းမျော တစ်ခု ပေါ်တွင်၊ ရပ်နား လိုက်၏။
သူ့ရှေ့တွင် ကျယ်ပြော လှသော မြေပြင်အား၊ မြင်နိုင်သည်။ ဓားဂိုဏ်း တစ်ခု လုံးကို အပေါ် စီးမှ မြင်နေ ရခြင်း ဖြစ်၏။
နဂါးကြီး အလား ရှည်လျားသော တောင်တန်း ခုနစ်ခုသည် တိမ်ပင်လယ် ထဲသို့၊ ထိုးဖောက် ဝင်ရောက် နေသည်။
ထိုတောင်တန်းများ အပေါ်တွင်၊ မရေ မတွက် နိုင်သော ဇရပ်များနှင့် ဘုံဗိမာန်များ ရှိနေသည်။
တောင်တန်း တိုင်း၌ ရေတံခွန် အချို့ ရှိနေပြီး၊ ဝိညာဉ် စွမ်းအင်များ ရစ်သိုင်း နေပုံမှာ၊ ပန်းချီကား တစ်ချပ် အလား ထင်မှား စေ၏။
တိမ်ပင်လယ် အတွင်း၌ ဓားရောင်ဝါများ ထုတ်ဖော်လျက်၊ လေ့ကျင့် နေကြသော တပည့် များ ရှိသည်။
စိတ်ဝင် စားဖွယ် အကောင်း ဆုံးမှာ၊ တောင်တန်း ခုနစ်သွယ် အလယ်တွင် မျောနေ သော ကျောက်တိုင်ကြီး ဖြစ်၏။
အမြင့် မီတာ (၃၀၀၀)ခန့် ရှိပြီး၊ ဓားဂိုဏ်း၏ မည်သည့် အရပ်မှ မဆို၊ ၎င်းအား အလွယ်တကူ မြင်နိုင်သည်။
“ အဲဒါ ဘာလဲ။ ”
ထိုကျောက်တိုင် ကြီးတွင်၊ အမည်ပေါင်း များစွာကို မြင်နိုင် သောကြောင့်၊ မေးမြန်း မိ လေသည်။ ယင်းက ယခင် သူ အရို အသေ ပေးခဲ့သော ဘိုဘေး အထိမ်း အမှတ်နှင့် မတူချေ။
“ ဒါက ဓားဂိုဏ်းရဲ့ ... ၊ မြေကြီး အဆင့် သတ်မှတ် ချက်ပဲ။ ”
မူချင်းချင်းက ပြုံးလျက် ပြန်ဖြေသည်။
“ မြေကြီး အဆင့်က၊ ပင်မ နတ်ဘုရား တပည့်တွေ အတွက်၊ ရည်ရွယ် ထားတာ၊ ထိပ်တန်း ငါးရာ အတွင်း ဝင်နိုင်ရင်၊ ဒီကေျာက် တိုင်မှာ ရေးထိုး ခံရ လိမ့်မယ်။ ”
၎င်းက ဓားဂိုဏ်း၏ အတွင်း တပည့် ရာထူး အဖြစ် ယူဆ ရပေမည်။ ထို့ကြောင့် စိတ်ဝင်စား သွား၏။
“ ဘာ လဲ ... စမ်းကြည့်ချင် နေတာလား၊ မလွယ် ဖူးနော်၊ နင့်ရဲ့ လက်ရှိ ခွန်အား နဲ့ဆိုရင်၊ ထိပ်ဆုံး ဆယ်ယောက် အတွင်း ဝင်ဖို့တောင် ခက်လိမ့်မယ်။ ”
မူချင်းချင်း စကားကြောင့် လင်းယွန်မှာ၊ အံ့ဩ သွားသည်။ သူသည် ရှားဟိုယန် ကိုပင် အနိုင်ယူ ထား၏။
ထို့ကြောင့် ပင်မ နတ်ဘုရား များကြား ထိပ်တန်း ဆယ်ယောက် အတွင်း၊ မဝင် နိုင်ဟူ သော ထင်မြင်ချက် အပေါ် မယုံ နိုင်ချေ။
၎င်းတို့ အားလုံးတွင် မွေးရာပါ ဓားခန္ဓာ ကိုယ်နှင့် ဓား နှလုံးသားကို ပိုင်ဆိုင် ထားသည် လော။ မဖြစ် နိုင်ချေ။
“ မယုံဖူး ထင်တယ်။ ”
လင်းယွန် အမူ အရာကို ကြည့်ပြီး မူချင်းချင်းက ပြုံးလိုက်၏။
“ မြေကြီး အဆင့်ရဲ့၊ ထိပ်ဆုံး ဆယ်ဦး အတွင်း၊ ဝင်ချင်ရင် အနည်းဆုံး ကြယ် သုံးပွင့် ကောင်းကင် အဆင့်မှာ ရှိရမယ်၊ ဘာလို့ လဲဆို၊ သူတို့ အားလုံးက၊ ...
... အသက် သုံးဆယ် ကျော်ပြီး၊ အရည် အချင်း အရ၊ ရှားဟိုယန်ထက် မနိမ့်ကြ လို့ပဲ၊ တချို့ဆို ပိုတောင် အားကောင်း သေးတယ်။ ”
လင်းယွန်မှာ ပြန်၍ ငြင်းခုန် မနေ တော့ဘဲ၊
“ ဒါဆို ... ကောင်းကင် အဆင့် ဆိုတာလည်း ရှိမယ်လို့ ထင်တယ်။ ”
-ဟု မေးလိုက် မိ၏။
“ အမှန်ပဲ ... ၊ ဒီကျောက်စာ တိုင်ရဲ့ တစ်ဖက်မှာ၊ ပန်းချီကား ဆယ်ချပ် ရှိသေးတယ်၊ သူတို့က ဓားဂိုဏ်းကို ကိုယ်စားပြု သူတွေပဲ၊ တကယ့် ဉာဏ်ကြီး ရှင်တွေ၊ ...
... အနိမ့်ဆုံး နဂါး သွေးလွှတ်ကြော နယ်ပယ်မှာ ရှိရမယ်၊ ကောင်းကင် အဆင့်ကို ဆယ်နေရာပဲ သတ်မှတ် ထားတဲ့ အတွက်၊ သူတို့ကို ဂုဏ်ထူးဆောင် ပုဂ္ဂိုလ် အဖြစ်၊ ...
... မှတ်ယူ ကြတယ်၊ ကြက်သွေးရောင် တောင်ထိပ်ရဲ့၊ တပည့် ငါးယောက် ဒီအဆင့်မှာ ရှိတယ်၊ အရိယာ တောင်ထိပ်ရဲ့ တပည့် တွေကတော့ တစ်ယောက်မှ မရှိဘူး။ ”
မူချင်းချင်းက လေးနက်သော အမူ အရာဖြင့်၊ ပြန်ဖြေ လာ လေသည်။
***