← Chapters

သူတော်စင် နှစ်ခြင်း ရေကန်။

Vol. 103 Ch. 1434

သူတော်စင် နှစ်ခြင်း ရေကန်။

Vol. 103 Ch. 1434

ကြက်သွေးရောင် ကောင်းကင် တောင်ထိပ်မှ ကောင်းကင် အဆင့် (၅)နေရာကို သိမ်းပိုက်ခြင်း အပေါ်၊ လင်းယွန်မှ စိတ်မဝင် စားချေ။

“ အဆင့် သတ်မှတ် ချက်က အကျိုး ကျေးဇူးတွေ ရှိသလား။ ”

-ဟု ပြန်မေး လိုက်မိသည်။

“ ရှိတာပေါ့၊ ကောင်းကင် အဆင့်ကို ထားလိုက်ဦး၊ မြေကြီး အဆင့်ရဲ့ ... ထိပ်တန်း ငါးဆယ် အတွင်း ဝင်ရင်၊ စွမ်းဆောင်ရည် အမှတ် အများကြီး ရလိမ့်မယ်၊ ...

... ကောင်းကင် အဆင့်မှာ၊ နဂါးသွေး လွှတ်ကြော နယ်ပယ်က လူတွေပဲ ရှိတာမို့၊ ဘယ်သူ ကမှ အလျင် မလို ကြဘူး၊ ...

... လူတိုင်းက ... ပင်မ နတ်ဘုရား နယ်ပယ်မှာ၊ ခွန်အားကို ရသလောက် စုစည်း ကြတယ်၊ ဒါကြောင့် ထိပ်တန်း ငါးဆယ် ဝင်ဖို့တောင် မလွယ် တာပေါ့။ ”

မူချင်းချင်းမှ ပြုံးကာ ရှင်းပြ လာသည်။

“ ဒါကြောင့် သူတို့က ကြယ်တွေကို ဖန်တီး နေကြတာပေါ့၊ ဒါမှသာ နဂါးသွေး လွှတ်ကြော နယ်ပယ် ရောက်တဲ့ အခါ၊ အသွင်ပြောင်း နိုင် မှာလေ၊ ...

... သွေးလွှတ်ကြော တစ်ကြော ဖန်တီး ချိန်တိုင်း၊ နတ်နဂါး ကပ်ဘေး တစ်ခု ဖြတ်သန်း ရတယ်၊ ဒါကြောင့် သတိ မထားရင် သေတယ်။ ”

မူချင်းချင်း အသွင်မှာ ပြောနေ လျက်မှ၊ လေးနက် သွားသည်။

“ သူတော်စင် လမ်းကို လျှောက်ဖို့ ဆိုရင်၊ နဂါး သွေးလွှတ်ကြော နယ်ပယ်မှာ ... ၊ ခန္ဓာကို ပြင်ယူပေး ရတယ်၊ မအောင် မြင်ရင် ...

... ရူးသွား လိမ့်မယ်၊ ဒါကြောင့် ပင်မ နတ်ဘုရား နယ်ပယ်မှာ သန်မာ နိုင်သမျှ သန်မာ နေဖို့ လိုတယ်။ ”

“ ဒါပေမယ့် ကြယ်တွေ ဖန်တီး ဖို့က၊ နားလည် နိုင်စွမ်း နဲ့လည်း ဆက်စပ် နေတယ် မဟုတ်လား၊ ဆန္ဒ ရှိသလို ဖန်တီး နိုင်တဲ့ အရာ မျိုးမှ မဟုတ်တာ ။ ”

လင်းယွန်မှ ပြန်မေးသည်။

“ ဟုတ်ပါတယ်၊ ဒါပေမယ့် စဉ်းစား ကြည့်ပါဦး၊ မြေကြီး အဆင့် သတ်မှတ် ချက်ရဲ့၊ ထိပ်ဆုံး ဆယ်ယောက်က၊ ဒီလို ညံ့ဖျင်း မယ်လို့ နင် ထင်လား၊ သူတို့ အတွက် ရပိုင် ခွင့်တွေက စိတ်ကူး မယဉ် နိုင်ဘူး။ ”

ဂိုဏ်း တစ်ဂိုဏ်း စီတွင် အရင်း အမြစ် အမျိုးမျိုး အတွက်၊ လဲလှယ် အသုံးပြု နိုင်သည့် အကျိုးဆောင် ရမှတ်များ ရှိသည်။

“ ကောင်းကင် အဆင့် ပုဂ္ဂိုလ် တွေက၊ ဓားဂိုဏ်းရဲ့ ကိုယ်စားလှယ် တွေပဲ ဂိုဏ်းမှာ၊ ဆက်နေ ခဲ့ရင်၊ အနာဂတ်မှာ တောင်ထိပ် သခင်တွေ ...

... ဖြစ်လာ နိုင်တယ်၊ မနေချင် လည်း ကိုယ်ပိုင် ဂိုဏ်း တစ်ဂိုဏ်း ထူထောင် နိုင်တဲ့ အထိ၊ လုံလောက် နေပြီ၊ မသေ သရွေ့ သူတို့က သူတော်စင် ဖြစ်လာ နိုင်တဲ့ လူတွေပါ။ ”

ထိုလူ (၁၀)ဦး အကြောင်း ပြောသော အခါတွင်၊ မူချင်းချင်း မျက်ဝန်း၌ လေးစား ရိပ်များ ထင်ဟပ် လာသည်။

“ တကယ်လို့ နင်သာ ကြက်သွေးရောင် တောင်ထိပ်ကို ဝင်ချင်ရင်၊ အနာဂတ်မှာ သူတို့ အဆင့် ရောက်လာ လိမ့်မယ်။ ”

အဆုံးတွင် မူချင်းချင်းမှ ထုတ်ပြော လိုက်တော့သည်။ သို့သော် လင်းယွန်က တုန့်ပြန်ခြင်း မရှိခေျ။

ပန်းချီကားချပ် (၁၀)ချပ်ကို မျှော်ကြည့် နေမိသည်။

“ ဒသမ ကောင်းကင် အဆင့်၊ ကြက်သွေးရောင် တောင်ထိပ်မှ၊ ကျိုးယွမ် ဒုတိယ သွေးလွှတ်ကြော။ ”

“ နဝမ အဆ င့် ကြက်သွေးရောင် တောင်ထိပ်မှ ချမ်းဖန်၊ ဒုတိယ သွေးလွှတ် ကြော။ ”

“ အဋ္ဌမ အဆင့်၊ ကြက်သွေးရောင် တောင်ထိပ်မှ ဝမ်ယန်၊ ဒုတိယ သွေးလွှတ် ကြော။ ”

“ တတိယ အဆင့်၊ ကြက်သွေးရောင် တောင်ထိပ်မှ မူရွှယ်ချင်း၊ ဒုတိယ သွေးလွှတ် ကြော။ ”

“ ပထမ အဆင့်၊ ကြက်သွေးရောင် တောင်ထိပ်ရဲ့၊ ကူရို့ချမ်း တတိယ သွေးလွှတ် ကြော။ ”

နောက်ဆုံး ပန်းချီကားထံမှ၊ အလွန် လွှမ်းမိုးလိုသော ဖိအား တစ်ခု ထုတ်လွှတ် ထားသည်။

“ လူငယ် မျိုးဆက် သစ်တွေ ထဲမှာ၊ နဂါး သွေးလွှတ်ကြော နယ်ပယ်တွေ အများကြီး ရှိနေ တာလား။ ”

လင်းယွန်က မေးစေ့ကို ပွတ်လျက်၊ သည်းတွား လိုက်သည်။

“ ဘာများ ထူးဆန်း လို့လဲ ... ၊ သူတို့က အသက် (၃၀) ကျော် နေပြီလေ ... ၊ (၃၆) နှစ် ပြည့်ရင်၊ တပည့် အဖြစ် ကနေ ထုတ်ပယ် ခံရ လိမ့်မယ်၊ ဒါက ဂိုဏ်းကို သူတို့ ပြန်ပေးဆပ် ရမယ့် အချိန်ပဲ၊ ...

... ကျင့်ကြံမှု မြင့်မား တာက၊ တန်ခိုးကြီး ဂိုဏ်းတွေ အတွက်၊ အဆန်းမှ မဟုတ်တာ၊ လူ တိုင်း သန်မာအောင် ကြိုးစား နေကြတာပဲ။ ”

ထို့နောက် မူချင်းချင်းက အခြား နေရာ များသို့၊ ခေါ်ဆောင် ပြသပေး ခဲ့သည်။ တော်ဝင် တောင်ထိပ်နှင့် မြစိမ်းရောင် တောင်ထိပ် များမှ လွဲ၍၊ ကျန်တောင်ထိပ် တိုင်းတွင်၊ ကိုယ်ပိုင် အမွေ အနှစ်များ ရှိသည်။

၎င်းတို့ အနက်၊ အရိယာ တောင်ထိပ်၏၊ အရိယာ ဓားသုတ္တန်သည် အသန်မာဆုံး ဖြစ် ချေ၏။

သို့သော် နားလည် သဘော ပေါက်ရန် ခက်ခဲ ပေမည်။ ကျန့်ကျင်းရှန် ပင်၊ တတိယ အဆင့်ထက် ပို၍၊ အောင်မြင်ခြင်း မရှိချေ။

သည့်အပြင် သက်တံဓား သူတော်စင်မှာ၊ တောင်ထိပ် အပေါ် ဂရု မစိုက် နိုင်တော့ သဖြင့်၊ တရိပ်ရိပ် ကျဆင်း လာရသည်။ သူတော်စင် ထံမှ လမ်းညွှန်မှု ကင်းမဲ့ သွား၏။

တစ်ဖက်တွင် အခြားသော တောင်ထိပ် များ၏ သူတော်စင် သခင် များမှာ၊ ၎င်းတို့ အမွေ အပေါ်၊ အာရုံစိုက် ကြသည်။

ထို့ကြောင့် သဘာဝ အတိုင်း ပါရမီရှင်များ မွေးထုတ် ပေးလာ နိုင်ခြင်း ဖြစ်၏။

“ အိုး ... တပည့်တွေ ကြားက၊ ဝါစဉ်ကို ပြောရ ဦးမယ်၊ ဒါက အရေး ကြီးတယ်။ ”

မူချင်းချင်းက မေ့ကျန် ခဲ့သည့် အရာကို ရုတ်တရက် ပြန် သတိရ လာပြီး ရှင်းပြရန် ပြင် လေသည်။

“ ငါတို့ ... ဓားဂိုဏ်းရဲ့ ဝါစဉ်ကို ... ၊ ကောင်းကင်၊ စိန်၊ လ၊ ရွှမ်၊ ကျန်း ဆိုပြီး၊ ခွဲခြား ထားတယ်၊ ထုံစံ အတိုင်း ကောင်းကင်မှာ၊ သုံးဦးပဲ ရှိတယ်၊ စိန် ဆိုတာ ကတော့ သူတော်စင်တွေ အကုန် လုံးပဲ၊ ...

... လမင်းက လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ တိုင်းကို ကိုယ်စား ပြုတယ်၊ နဂါး သွေးလွှတ်ကြော နယ်ပယ်က ... ရွှမ်၊ ပင်မ နတ်ဘုရား နယ်ပယ်က .. ကျန်းပဲ။ ”

“ ဒီလို ဝါစဉ်ကို ခွဲမယ် ဆိုရင် ... ၊ အကြီးအကဲ တွေနဲ့ တပည့် တွေကြား ရှုပ်ကုန် မှာပေါ့။ ”

လင်းယွန်က အံ့သြသော လေသံဖြင့် မေးလိုက်သည်။

“ ဒီအတိုင်း ဆိုရင်၊ တောင်ထိပ် သခင် တွေကတောင် နင့်ကို၊ သိုင်း ဦးလေးလို့ ခေါ်ရ မယ်၊ ဒါဆို ရှုပ်နိုင် ပါဦး မလား၊ နင်က သူတော်စင် တစ်ပါးရဲ့၊ တစ်ဦး တည်းသော တပည့်လေ။ ”

မူချင်းချင်းက ပြုံးကာ ပြောလိုက်သည်။ သက်တံဓား သူတော်စင်သည် ရာထူး ကြီးမြင့် သောကြောင့်၊ သူ့တပည့် သည်လည်း၊ ရာထူး ကြီးသည်မှာ သဘာဝ ပေပင်။

“ ခစ် ... ခစ် ... ခစ် ... ၊ ဘာလဲ နင့်ရဲ့ သိုင်းတူလေး တွေကို တွေ့ချင် နေပြီလား၊ သွား ရအောင်၊ အရိယာ တောင်ထိပ်ကို၊ ပြန် လိုက်ပို့ ပေးမယ်။ ”

မူချင်းချင်းက နောက်ပြောင်လျက် ပြန်လိုက်ပို့ ပေးလေသည်။ ဖုန်လွမ်မှ လင်းယွန် အား ဦးကြို လိုက်သည်။

အရိယာ တောင်ထိပ်သည် ဓားဂိုဏ်း၏ အရှေ့ တောင်ဘက် အရပ်တွင် တည်ရှိသည်။ ပင်မ တောင်ထိပ်မှ လွဲ၍ နေရာ တိုင်းတွင် အဆောက် အအုံများ ရှိသည်။

လေပေါ် ကျွန်းမျောငယ် ပေါင်း တစ်ရာ ကျော်၏။ ၎င်းတို့ အချင်းချင်း ကူးလူး သွားလာ နေသော တပည့် များစွာကို မြင်နိုင်သည်။

ပင်မ တောင်ထွတ် အလယ်၌ ကြယ် စွမ်းအင်များ ပြည့်လျှံ နေသော ရေကန်ကြီး တစ်ကန် ရှိသည်။

သူတော်စင် ရေကန်။ ကျွယ်ချန် ပြောခဲ့ သည်ကို၊ သတိ ပြန်ရ လာ၏။ အရည် အချင်း ပြည့်မီ သရွေ့၊ ဓားဂိုဏ်းမှ ထောက်ပံ့ မည်ဟု ဆိုခဲ့သည်။

“ ဒါက သူတော်စင် ရေကန်ပဲ၊ အချိန်တိုင်း ပိတ်ထားပြီး၊ ခြောက်လ တစ်ကြိမ်သာ ဖွင့်လှစ် ပေးလိမ့်မယ်၊ အရိယာ တောင်ထိပ်မှာ၊ တပည့် ငါးထောင် ရှိပြီး၊ ...

... တိုက်ရိုက် တပည့် တစ်ရာ လောက်ပဲ ရှိတယ်၊ ဒီတစ်ရာ လောက်ကသာ၊ ရေကန်ထဲ ဆင်းခွင့် ရှိတယ်။ ”

ဖုန်လွမ်က ပြုံးလျက် လင်းယွန်ကို ရှင်းပြ လိုက်သည်။

“ တိုက်ရိုက် တပည့် ဖြစ်ဖို့၊ လိုအပ်ချက်တွေ ရှိလား။ ”

လင်းယွန်မှ ပြန်မေး သည်။

“ နဂါးသွေး လွှတ်ကြော နယ်ပယ်ကို ရောက်ရင်၊ တိုက်ရိုက် တပည့် တစ်ယောက် အဖြစ် အလို အလျောက်၊ ရာထူး တိုးပေးတယ်၊ ပြီးတော့ စမ်းသပ်မှု သုံးခု ဖြေဆို ရတယ်၊ ...

... ဒါပေမယ့် တောင်ထိပ် သခင်က၊ မင်းအတွက် တိုက်ရိုက် တပည့် ရာထူးကို မကြာခင် ပေးလာပါ လိမ့်မယ်၊ ...

... တစ်ခုတော့ ရှိတယ်၊ ဓားဂိုဏ်းရဲ့ ပြိုင်ဆိုင်မှုက ပြင်းထန်တယ်၊ မင်းမှာ အလား အလာ ဘယ်လောက် ရှိရှိ၊ သာလွန် ပင်မ နတ်ဘုရား အဆင့်နဲ့၊ အမာခံ တပည့် ဖြစ် လာရင်၊ မကျေ မနပ် ဖြစ်လာမဲ့ လူတွေ ...

... ရှိလိမ့်မယ်၊ ဒါကြောင့် သက်တံဓား သူတော်စင် တပည့် ဖြစ်နေ ရင်တောင်၊ စိန်ခေါ် နေကြဦး မှာပဲ။ ”

လူတိုင်းသည် အရည် အချင်း ပေါ်သာ အားကိုးရ မည်ဟု ဆိုလိုခြင်း ဖြစ်၏။ ယင်းက အဓိပ္ပါယ် ရှိသဖြင့်၊ လင်းယွန်က ခေါင်းညိတ် မိသည်။

ထိုအချိန်တွင် မီးခိုးရောင် ဝတ် အမျိုးသား တစ်ဦး သူတို့ အနား ရုတ်ချည်း ပေါ်လာ၏။ အရိယာ တောင်ထိပ် သခင်၊ မုချွမ် ဖြစ်သည်။

မုချွမ်အား မြင်ချိန်၌ ဖုန့်လွမ် ခမျာ အံဩ သွားသည်။ လင်းယွန် အတွက် ၎င်းကိုယ်တိုင် လာ လိမ့်မည်ဟု မထင် ထားချေ။

“ ဂိုဏ်းချုပ် အမိန့်ကြောင့် ငါလာတာ၊ လင်းယွန်ရဲ့ အကျိုးဆောင် ရမှတ်ကြောင့်၊ ငါတို့ တောင်ထိပ်ရဲ့ သူတော်စင် ရေကန်ကို သုံးရက် နေရင် ဖွင့်မယ်၊ တံဆိပ် ကိုးလွှာ အထိ။ ”

မုချွမ်က ခေါင်းညိတ်လျက်၊ တိုက်ရိုက် ပြောကြား လာသည်။ တံဆိပ် ကိုးလွှာ ဖွင့်ခြင်း သည်၊ မည်သည့် အဓိပ္ပါယ်မှန်း မသိ သော်လည်း ၊ ကောင်းသော အရာ ဖြစ်မည်ကို၊ လင်းယွန် သိသည်။

“ ကျေးဇူး တင်ပါတယ် ... ၊ တောင်ထိပ် သခင်။ ”

ထို့ကြောင့် ချက်ချင်းပင် မုချွမ်အား ကျေးဇူးတင် စကား ဆိုလိုက်သည်။ ဘေးရှိ ဖုန်လွမ် မှာမူ၊ စကား မပြော နိုင်တော့ချေ။

အချိန် တစ်ခု စောင့်ရ မည်ဟု ထင်ခဲ့ သော်လည်း၊ ချက်ချင်း အမာခံ တပည့် အဖြစ်၊ တိုးပေး ခဲ့သည်။ ဓားဂိုဏ်းသည် ဤလူငယ် အပေါ်၊ များစွာ ကောင်းပြ နေချေပြီ။

***

All Chapters