← Chapters

အငြင်း ပွားမှု။

Vol. 103 Ch. 1435

အငြင်း ပွားမှု။

Vol. 103 Ch. 1435

ထိုအချိန်တွင်၊ လေပေါ် ကျွန်းမျော များဖြင့် ဝန်းရံ ထားသော၊ မြင့်မားသည့် ကျွန်း မျောကြီး တစ်ခုတွင် လူများ စည်ကား နေသည်။

ယင်းက ကြက်သွေးရောင် တောင်ထိပ် ဖြစ်၏။ ထိုနေရာ ၌လည်း သူတော်စင် ရေကန် တစ်ကန် ရှိပြီး၊ ကြယ်စွမ်းအင်များ ထူထပ်စွာ ရစ်သိုင်း နေသည်။

ရေကန် ပေါ်ရှိ တံဆိပ်ကို မရုတ်သိမ်း လျှင်ပင်၊ ၎င်းတစ်ဝိုက် ကျင့်ကြံ ပါက၊ များစွာ အကျိုး ရှိ၏။

ထို့ကြောင့် ရေကန် တစ်ဝိုက်၌ မျက်စိမှိတ် တရားထိုင် နေသော တပည့် ငယ်များကို၊ နေရာ အနှံ့ တွေ့မြင် နိုင်သည်။

သူတို့ အားလုံးသည် ကြက်သွေးရောင် အလင်းနှင့် အကန့် အသတ်မဲ့ ဓား ရောင်ဝါများ၊ ထုတ်လွှတ် ထား၏။

ထိုဓား ရောင်ဝါသည် ကောင်းကင်မှ တွဲလျောင်း ကျနေသော နေရောင်များ အလား၊ တောက်ပ လေသည်။

“ ဝှစ် ... ။ ”

မိုးကုပ် စက်ဝိုင်းကို ဖြတ်၍ အပြာရောင် သဏ္ဍာန် တစ်ခု၊ ရေကန် အနား ဆင်းသက် လာ သဖြင့်၊ တပည့် များစွာမှ မျက်လုံး ဖွင့်ကြည့် လိုက်သည်။

ယင်းက မူချင်းချင်း ဖြစ်၏။ သူမက လူအုပ်ကို ဖြတ်ကျော်ကာ၊ နန်းတော် တစ်ခု ဆီသို့ ဝင်ရောက် သွားသည်။

သူမနှင့် ရုပ်ချင်း ဆင်သော၊ အမျိုး သမီး တစ်ဦးက၊ နန်းတော် အတွင်း၌ မျက်လုံး မှိတ် လျက် ထိုင်နေသည်။

ထိုအမျိုးသမီးက ကြက်သွေးရောင် ဓားရောင်ဝါကို ထုတ်လွှတ် ထားပြီး၊ နဂါး (၂) ကောင်ကို ဖျတ်ခနဲ မြင်နိုင်သည်။

“ သူ ဘယ်မှာလဲ။ ”

ထိုအမျိုးသမီးက မျက်လုံး ဖွင့် လိုက်ပြီး မူချင်းချင်းအား မေးသည်။

“ မမ ... မေး မနေနဲ့ ... ၊ ငါ မအောင်မြင် ခဲ့ဘူး၊ သက်တံဓား သူတော်စင်ရဲ့ တပည့်ကို၊ ဘယ်သူက တရားဝင် ခေါ်ရဲ မှာလဲ။ ”

မူချင်းချင်းက နှုတ်ခမ်းစူလျက် ပြောသည်။ သူမအား မေးလာ သူမှာ၊ ကောင်းကင် တတိယ အဆင့်၌ ရှိသော၊ မူရွယ်ချင်း ဖြစ်၏။

“ မအောင်မြင် ခဲ့ဖူးလား ... ၊ ဒါက ငါ မျှော်လင့် ထားသလို မဟုတ်ဘူး၊ အရိယာ ဓား သုတ္တန် အကြောင်း၊ သူ့ကို မပြောပြ ဖူးလား။ ”

မူရွယ်ချင်းက မတ်တပ် ထရပ်ကာ မူချင်းချင်းထံ လျှောက်လှမ်း လာလေသည်။

“ ငါ ... လုပ်ခဲ့တယ်၊ ဒါပေမယ့် သူ့ရဲ့ အရည်အချင်း ကလည်း မသေးဘူး၊ အသက် နှစ်ဆယ် မတိုင်မီ၊ အရိယာ ကောင်းကင်ဓား ဆုပ်ကိုင် ထားတယ်၊ ငါ့ စကားကို သူက ဂရုစိုက်ပါ့ မလား။ ”

“ ဟုတ်တယ် ... ၊ ညီမလေး နင့် အတွက် ခက်ခဲ သွားပြီ။ ”

မူရွှယ်ချင်းက သက်ပြင်း ချလျက်၊

“ သနား စရာ ကောင်းလိုက်တာ ... ၊ ကြက်သွေးရောင် တောင်ထိပ်က သူ့ အတွက် အသင့်လျော်ဆုံးပဲ၊ သူ့ အရည် အချင်းနဲ့ ဆိုရင် ငါတောင် မတတ် နိုင်တဲ့ အဆင့် တစ်ခုထိ၊ ကြက်သွေးရောင် ဓားသုတ္တန်ကို လေ့ကျင့် နိုင်မှာ။ ”

“ မမ ... ၊ နင် ဘာလို့ သူ့အပေါ်၊ အရမ်း ဂရုစိုက် နေရ တာလဲ၊ သူက သာလွန် ပင်မ နတ်ဘုရား နယ်ပယ် မှာပဲ၊ ရှိပါ သေးတယ်။ ”

မူချင်းချင်းက စူးစမ်းချင် လိုစိတ်ဖြင့် မေးလိုက်သည်။ သူမ အစ်မကို ကောင်းကောင်း သိပြီး၊ တစ်စုံ တစ်ယောက် အပေါ်၊ စိတ်ဝင် စား ခဲပေသည်။

ကောင်းကင် ပထမ အဆင့် ဖြစ်သော၊ ကူရို့ချမ်း သည်ပင် ချွင်းချက် မရှိချေ။ သို့သော် လင်းယွန်နှင့် ရှားဟိုယန် တို့၏ တိုက်ပွဲကို ကြည့်ပြီးနောက်၊ ထိုအရာက ပြောင်းလဲ သွားသည်။

စည်းမျဉ်းကို ချိုးဖောက်ရာ ရောက်မှန်း သိသော်လည်း၊ အစ်မ ဖြစ်သူက လင်းယွန်ကို ခေါ်ယူ လိုခဲ့သည်။

“ သာလွန် ပင်မ နတ်ဘုရား နယ်ပယ်လား။ ”

မူရွယ်ချင်းမှ ပြုံးလိုက်သည်။

“ နဂါးသွေး လွှတ်ကြော နယ်ပယ် မရောက်ခင်မှာ၊ ကျင့်ကြံမှုက သိပ် အရေး မကြီး ပါဘူး၊ သူက ခွန်လွန်မှာ တစ်နှစ်ပဲ ရှိသေးတယ်၊ အဲ့ဒီ တစ်နှစ် လုံးက၊ ...

... တိမ်လွှာဓား ဂိုဏ်းမှာ နေခဲ့ ရတာ၊ ဒါပေမယ့် ... ဓားဂိုဏ်းက လူငယ် တွေထက်၊ အများကြီး သန်မာ နေတယ်။ ”

မူရွယ်ချင်း စကားကြောင့် မူချင်းချင်းမှာ ခေါင်းကုတ်လျက်၊

“ ဘာပဲ ဖြစ်ဖြစ် ... မမ ထက်တော့ ... ၊ ပိုသန်မာ လာမှာ ... ၊ မဟုတ်ဖူး မဟုတ်လား၊ ကောင်းကင် အဆင့် မပြောနဲ့၊ မြေကြီး အဆင့် တစ်ရာ ဝင်ဖို့တောင်၊ ဝေးနေ သေးပါတယ်။ ”

-ပြန်ပြော လိုက်သည်။

“ ဒါနဲ့ နေပါဦး ... ၊ သွေ့ရော် ကျွန်းက ပြန်လာ ထဲက၊ နင်ပဲ သူ့ အကြောင်း တစ်ချိန် လုံး ပြောနေတာ မဟုတ်လား၊ အခုမှ ဘာလို့ လေသံပြောင်း နေရ တာလဲ။ ”

“ ငါ ... ၊ အဲဒီလို မဟုတ် ပါဘူး ... ။ ”

မူချင်းချင်းက မျက်နှာ နီရဲ လာပြီး၊ ငြင်းလိုက်၏။ မူရွှယ်ချင်းမှ လက်နှစ်ဖက်ကို နောက်ပို့ကာ၊ နန်းတော် ပြတင်း တံခါးထံ လျှောက်လှမ်း သွားသည်။

ပြီး သက်ပြင်း ချလျက်၊ ဝမ်းနည်း ပူဆွေးသော အသွင်ဖြင့် ဓားဂိုဏ်း၏ မြင်ကွင်း များထံ၊ ငေးကြည့် နေ၏။

“ ညီမလေး ... ၊ နင် မသိတဲ့ အရာတွေ အများကြီး ရှိတယ်၊ ငါတို့ အပေါ် ဦးဆောင်ဖို့၊ တစ်စုံ တစ်ယောက် လိုနေပြီ။ ”

“ စီနီယာ အစ်ကိုကူ ရှိတယ်လေ။ ”

မူချင်းချင်းက ချက်ချင်း ပြန်ပြော လိုက်သည်။ ကူရို့ချမ်းသည် ကောင်းကင် ပထမ အဆင့် ဖြစ်ကာ၊ ရှေးဟောင်း ပျက်သုဉ်း မြေ၏ ထိပ်တန်း ပါရမီရှင် တစ်ဦး ဖြစ်၏။

အရှေ့ဘက် ပျက်စီးမြေ ၌ပင်၊ နေရာ တစ်ခု ရထား ပေသည်။

“ ဒီကမ္ဘာ ကြီးက၊ ညီမလေး ထင်ထား တာထက် ပိုကျယ်တယ်၊ ငါတို့ လိုနေတဲ့ လူက စီနီယာ ကျန့်ကျင်းရှန်လို လူမျိုး၊ ...

... အဲဒီ တုန်းက သူ့ဓားနဲ့ အရှေ့ဘက် ပျက်စီးမြေ တစ်ခု လုံးကို၊ ခြိမ်းခြောက် နိုင်ခဲ့ တယ်။ ”

ထိုစကားကြောင့် မူချင်းချင်း ခမျာ၊ ထိတ်လန့် သွားသည်။ လင်းယွန်မှာ သာလွန် ပင်မ နတ်ဘုရား အဆင့် ၌သာ ရှိ၏။ တဆိတ် သူမ အစ်မသည်၊ ချဲ့ကား ပြောနေ သည်ဟု ထင်မြင် လာမိသည်။

“ အမှန်တော့ သူက ကြက်သွေးရောင် တောင်ထိပ်ကို လာသင့်တယ်၊ ဒါက ဓားဂိုဏ်း တစ်ဂိုဏ်း လုံးရဲ့၊ အရင်းအမြစ် တွေပဲ။ ”

မူရွယ်ချင်းမှ ပြောသည်။

“ အဲဒီ လောက်လည်း မဆိုးနိုင် ပါဘူး၊ စီနီယာ သက်တံဓား သူတော်စင်က တပည့် အဖြစ်၊ ရွေးထား တာပဲ ဂရုစိုက် မှာပါ မမ ရာ။ ”

သူ့ညီမ စကား အပေါ်၊ မူရွှယ်ချင်းမှ တုန့်ပြန်ခြင်း မရှိချေ။ အပြင် လူများ မသိ သော်လည်း၊ သူမ သိသည်။

စီနီယာ သက်တံဓား သူတော်စင်မှ၊ လင်းယွန်ကို ဂရုစိုက် နိုင်ခဲ့သော်၊ အကောင်းဆုံး ဖြစ်ချေမည်။

သုံးရက် အကြာတွင်၊ အရိယာ ကောင်းကင် တောင်ထိပ်၌၊ စည်ကား သိုက်မြိုက် နေသည်။ ယင်းက လင်းယွန်ကြောင့် ဖြစ်သည်ကို၊ ပြောစရာ မလိုချေ။

ယနေ့ လင်းယွန်ကို တိုက်ရိုက် တပည့် အဖြစ် တိုးမြှင့်ကာ၊ သူတော်စင် ရေကန် တံဆိပ် အား၊ ကိုးလွှာ အထိ ဖွင့်လျက်၊ နှစ်ခြင်းခံ စေမည် ဖြစ်သည်။

ပထမ သတင်း သို့မဟုတ် ဒုတိယ သတင်းပင် ဖြစ်စေ၊ ယင်းက တပည့် တိုင်းကို မကျေ မနပ် ဖြစ်စေသည်။

ခြောက်လ တစ်ကြိမ် တံဆိပ်ကို ဖွင့်ပေး သော်မှ၊ (၇)လွှာ အထိသာ ဖြစ်သည်။ (၉) လွှာ အထိ ဖွင့်ရန်၊ ရှားချေ၏။

တံဆိပ် အလွှာများ လေလေ၊ ရေကန် အတွင်းရှိ၊ ကြယ်စွမ်းအင် ပမာဏ ပိုသိပ်သည်း လေလေ ဖြစ်သည်။ ယင်းက နှစ်ခြင်းခံ သူကို၊ အကျိုး ကျေးဇူးများ ပိုရ စေ၏။

ထို့ကြောင့် အခြားသော တောင်ထိပ်မှ တပည့် များပင်၊ လာရောက် စူးစမ်း ကုန်တော့ သည်။

ဓားဂိုဏ်းသို့ ဝင်ပြီးနောက်၊ တစ်စုံ တစ်ဦးအား ချက်ချင်း တိုက်ရိုက် တပည့် အဖြစ် ပေးအပ် ခဲ့သည်မှာ၊ ဓားဂိုဏ်း သမိုင်းတွင် ပထမဆုံး အကြိမ် ဖြစ်သည်။

တိုက်ရိုက် တပည့် ရာထူးကို ရရှိရန် မလွယ်ချေ။ နဂါးသွေး လွှတ်ကြော နယ်ပယ် များသာ ဖြစ်နိုင်သည်။

ပင်မ နတ်ဘုရား နယ်ပယ်ဖြင့်၊ တိုက်ရိုက် တပည့် ရာထူးကို ရယူ နိုင်သူ များမှာ၊ အနည်း ငယ် မျှသာ ရှိသည်။

၎င်းတို့သည် ဂိုဏ်း၌ အနည်းဆုံး နှစ်နှစ် ကြာအောင်၊ (မစ်ရှင်) တာဝန် များကို ထမ်းရွက် ခဲ့ရသည်။

စမ်းသပ်မှု များစွာ ကိုလည်း ဖြတ်ကျော်ပြ ရသည်။ ထို့ကြောင့် လင်းယွန် အဖြစ်မှာ မျက်စိ စပါးမွှေး စူးစရာ ဖြစ်နေသည်။

ထို့ပြင် လင်းယွန်ကို တိုက်ရိုက် တပည့် အဖြစ်၊ ခန့်အပ် ခြင်းသည် အခြား တစ်ယောက် အား၊ ထုတ်ပယ်ခြင်း မည်သည်။

သူတော်စင် ရေကန် အနား၌၊ ခရမ်းရောင် ဝတ်ရုံကို ၀တ်ဆင် ထားသော လူငယ် တစ်ဦးကို နှစ်သိမ့်ရန်၊ တပည့် အချို့ စုရုံး နေသည်။

လင်းယွန်မှာ သူ့အခွင့် အရေးကို လုယူ သွားခြင်း ဖြစ်သည်။

“ စီနီယာ အစ်ကို ချန်လင်း ... ၊ စိတ် မကောင်း မဖြစ်ပါနဲ့၊ နောက်နှစ်ဝက် နေရင်၊ အခွင့် အရေး ပြန်ရ မှာပါ။ ”

မည်သို့ပင် ဆိုနေကြ ကာမူ၊ ချန်လင်း နှလုံးသား ထဲရှိ အစိုင် အခဲကို မချေဖျက် နိုင် ကြောင်း၊ သူတို့ သိ၏။

“ နောက်ထပ် ခြောက်လ ဟုတ်လား၊ ငါဒီနေ့ကို စောင့်နေတာ သုံးနှစ် နီးပါး ရှိနေပြီ၊ အခုတော့ လင်းယွန်ကို ပေးလိုက်တယ်၊ ဒါကို ငါဘယ်လိုလုပ် ထားလိုက် နိုင်မှာလဲ။ ”

ချန်လင်းမှ ပြန်ပြောသည်။ သူ့ အနားရှိ လူတိုင်းက ၎င်းကို နားလည် ပေးနိုင် သဖြင့်၊ ငြိမ်ကျ သွား၏။

ချန်လင်း၏ ခွန်အားသည် ကြယ်သုံးပွင့် ကောင်းကင် အဆင့် နီးပါး ရှိလာပြီ ဖြစ်သဖြင့်၊ နှစ်ခြင်း ခံကာ၊ တိုက်ရိုက် တပည့် တစ်ဦး ဖြစ် လာသင့် လေသည်။

(၆)လ အတွင်း အရိယာ တောင်ထိပ်သို့၊ နောက်ထပ် လူသစ်များ ထပ်မံ ဝင်ရောက် လာ ဦးမည် ဖြစ်သည်။ ထို့ကြောင့် မနက် ဖြန်သည် မသေချာချေ။

“ ဝှစ် ... ။ ”

တပည့်များ စုရုံး နေစဉ်၊ လူနှစ်ဦး ကောင်းကင်မှ ဆင်းသက် လာသည်။ ၎င်းတို့မှာ ဖုန်လွမ်နှင့် လင်းယွန်တို့ ဖြစ်သည်။

သူတို့ နှစ်ဦး ရောက်ရှိ လာ သဖြင့်၊ ရေကန်အနား ရင်ပြင် တစ်ခုလုံး ချက်ချင်း၊ တိတ်ဆိတ်သွား လေသည်။

( ကျွတ် ... ကျွတ် ... ၊ ဒီနေရာက လေထု ဘာလို့ ပုံမှန် မဟုတ် ဖူးလို့ ... ၊ ခံစား နေရတာ ပါလိမ့်။ )

ခရမ်းငယ်က ဓားသေတ္တာ အတွင်းမှ မှတ်ချက် ပေးသည်။ လင်းယွန် သည်လည်း ယင်းကို ခံစား မိ၏။ သည့်စဉ် ချန်လင်းက ရှေ့လှမ်းတက် လာသည်။

“ စီနီယာ အစ်ကို ဖုန် ... ၊ ကျွန်တော် အဆင် မပြေဘူး။ ”

ဖုန်လွမ်က ခေါင်းညိတ် လင်းယွန်ထံ လှည့်ကြည့်ပြီး၊

“ သူက ချန်လင်းပဲ၊ တိုက်ရိုက် တပည့် ရာထူး အတွက်၊ ခြောက်လမှ တစ်ကြိမ် ခွဲတမ်း တစ်ခုသာ ပေးတယ် ... ၊ ဒီတစ်ကြိမ် သူ့ အလှည့်။ ”

-ဟု ရှင်းပြ လိုက်သည်။

လင်းယွန်က သဘောပေါက် ဟန်ဖြင့်၊ ခေါင်းညိတ် လိုက်၏။

“ ဓားဂိုဏ်းရဲ့ စည်းမျဉ်း တွေကို ဘယ်သူမှ ပယ်ဖျက်လို့ မရဖူး၊ မင်းက ဂိုဏ်းချုပ် အမိန့်နဲ့၊ တိုက်ရိုက် တပည့် ဖြစ်လာလည်း၊ ချွင်းချက် မရှိပဲ။ ”

ဖုန်လွမ်က ရှင်းပြသည်။ ဤအဆင့်ကို ဂိုဏ်းချုပ်ပင် မကျော်လွန် နိုင်ချေ။ ခွန်အားဖြင့် သက်သေ ပြရမည် ဖြစ်သည်။

ချန်လင်းက လင်းယွန်ကို ကြည့်ကာ

“ ဓားဂိုဏ်းကို ဓားတွေနဲ့ တည်ဆောက် ထားတာ၊ ဒါကြောင့် ငါတို့က ဓားတွေ အပေါ် စောင့်ထိန်း ကြတယ်၊ လွန်ခဲ့တဲ့ သုံးရက်က မင်း လုပ်ခဲ့ တာကို၊ ငါ သဘောကျ ပါတယ်၊ ...

... ဒါပေမယ့် သုံးနှစ် ကြာအောင်၊ ငါ စောင့်နေခဲ့ ရတဲ့၊ တိုက်ရိုက် တပည့် ဆိုတဲ့ ရာထူးကို မင်း ရယူ သွားတာ၊ ငါ လက်မခံ နိုင်ဘူး။ ”

“ ဒါဆို ... ဘယ်လို လုပ်ချင်လဲ။ ”

လင်းယွန်မှ ပြန်မေး လိုက်သည်။

“ ဓား ဆွဲ ပါ။ ”

ချန်လင်းမှ စူးရှသော အကြည့်ဖြင့် ပြတ်သားစွာ ပြောသည်။ လင်းယွန်က ပတ်ဝန်း ကျင်ရှိ တပည့် များကို ဝေ့ကြည့်ပြီး၊

“ ကောင်း ပြီ ... ။ ”

-ဟု လက်ခံ လိုက်၏။

လူတိုင်းက သူနှင့် ရှားဟိုယန်၏ တိုက်ပွဲကို ကြည့်ဖူး သော်လည်း၊ အကြွင်းမဲ့ လက်ခံချင် ကြ ပုံ မရချေ။ ထို့ကြောင့် ခွန်အား ပြကာ၊ ၎င်းတို့ အား သတိပေး ရ ပေတော့မည်။

***

All Chapters