← Chapters

အနိုင်- အရှုံး အရေး မကြီးဘူး။

Vol. 103 Ch. 1436

အနိုင်- အရှုံး အရေး မကြီးဘူး။

Vol. 103 Ch. 1436

လင်းယွန်၏ စကားက ချန်လင်း စိန်ခေါ် ချက်ကို သဘော တူရာ ရောက်သဖြင့်၊ ရင်ပြင်၌ ရုတ်ရုတ် သဲသဲ ဖြစ်သွားသည်။ ယင်းက တပည့် အသစ်နှင့် လုံးဝ မတူချေ။ သတ္တိရှိ လွန်းချေ၏။

သုံးရက် တည်းနှင့်၊ သုံးနှစ်မျှ နေခဲ့ သူ၏ စိန်ခေါ် မှုကို လက်ခံခြင်း ဖြစ်သည်။ ဤသည်မှာ ဓားသမား ပေပင်။

ထိုသို့သော စရိုက် မျိုးကို လူများ စွာက သဘောကျ သော်လည်း၊ လေးစားမှု ရရှိရန် အောင်ပွဲ လိုနေ သေးသည်။

ချန်လင်းမှ မျက်လုံးများ မှေးစင်းလျက် လင်းယွန်ကို ကြည့်၏။ ယခု သူ့တွင် ကြယ် (၂) ပွင့် ဖန်တီး ထားနိုင်ပြီး၊ အလိုရှိ ပါက တတိယ ကြယ်ကို ဖန်တီး နိုင်မည်။

တစ်ဖက် လူမှာ အသက် အရွယ် အရ ငယ်ရွယ်ပြီး၊ ကျင့်ကြံမှု နိမ့်ပါး ချေ၏။ သို့သော် ရောင်ဝါကြောင့် အလေး အနက် ထားရ ပေမည်။

“ အမှန် အတိုင်း ပြောရရင် ... ၊ ငါက မင်းထက် ကျင့်ကြံမှု ပိုမြင့်တဲ့ အတွက်၊ အဆင် မပြေဘူး၊ ဒါပေမယ့် ... တိုက်ရမှာပဲ၊ မင်း ... ရှုံးခဲ့ရင် တိုက်ရိုက် တပည့် ရာထူးကို စွန့်လွှတ် ပေးပါ။ ”

“ အဆင်ပြေ ပါတယ်၊ လာခဲ့။ ”

လင်းယွန်က နဂါး ရူရ်များကို အသက် သွင်းလျက် ပြန်ပြော လိုက်၏။ ချန်လင်းတွင် မြင့်မားသော လေ့ကျင့်မှု အပြင်၊ တစ္ဆေ ဝိဉာဉ် ပညာ ရပ်များ ရှိနိုင်မည်။ ထို့ကြောင့် ရှားဟိုယန် ထက် သန်မာ နိုင်၏။

“ ဒီအတွက် တောင်းပန် ပါတယ်။ ”

လင်းယွန်၏ ဂရု မစိုက်သော အသွင်က ချန်လင်းအား ဒေါသ ထွက်စေသည်။ နက္ခတ်ကို ချက်ချင်း ထုတ်လိုက်၏။

ပန်းချီကား အတွင်းမှ၊ နတ်ဘုရား ငှက် တစ်ကောင် ပျံထွက် လာသည်။ ၎င်းသည် ဖီးနစ် မျိုးကွဲ ဖြစ်ပြီး၊ကောင်းကင် အပြည့် မီးလျှံများ မှုတ်ထုတ် တော့၏။

ချန်လင်းက လင်းယွန်၏ တိုက်ပွဲကို ကြည့်ခဲ့ ဖူးသည်။ ရှားဟိုယန် ချန်ပင်းနှင့် ဟွမ်ယန်ချန်းမှ ပွဲစ ကတည်းက နက္ခတ်ကို ဆင့်ခေါ်သော်၊ ဆိုးရွားစွာ ဆုံးရှုံးမည် မဟုတ်ချေ။

လင်းယွန်၏ နက္ခတ် များမှာ အားကောင်း သော်လည်း၊ အပြီး သတ်နိုင်ခြင်း မရှိ သေးမှန်း မြင်သာသည်။ ထို့ကြောင့် အလုံးစုံ ထိန်းချုပ် နိုင်ဦးမည် မဟုတ်ချေ။

ဖီးနစ် မျိုးကွဲက မီးပင်လယ် အတွင်း၊ လှည့်ပတ် ပြေးလွှားပြီး ချန်လင်းထံ ခုန်ဆင်း လာသည်။ ထို့နောက် မီတာ (၃၀၀) ရှိသော မီးတောင်ပံ တစ်စုံ ထွက်ပေါ် လာ၏။

“ ဖရူး ... ။ ”

ယင်းက စတုတ္ထတန်း မီး ရည်ရွယ်ချက် အဆင့် ရောက်လု နီးနီး ပေပင်။

“ အရိယာ ကောင်းကင် ဓားက ... ၊ ထက်ရှတာ မှန်ပေမဲ့၊ ငါ့ ရှေ့မှာတော့ ဘာမှ မဟုတ် ပါဘူး။ ”

မီးတောင်ပံ များကို ခတ်လျက်၊ လေထဲ ပျံတက် လိုက်သည်။ အတောင်ပံ တစ်ချက် ခတ် လိုက်တိုင်း၊ ပတ်ဝန်းကျင် အနှံ့ အပူ လှိုင်းများ ရိုက်ခတ် သွား၏။

ပြီးနောက် သူတော်စင် ဓားတစ်လက် ထုတ်ယူကာ၊ မီး ရည်ရွယ်ချက်နှင့် ကောင်းကင် ဓားအား ပေါင်းစပ် လိုက်သည်။

“ ဖရူး ... ။ ”

ထိုနောက် အတောင် ပံများ ခတ်လျက်၊ ဓားရောင်ခြည် များကို ထုတ်လွှတ် တော့သည်။ လင်းယွန် မှာမူ၊ အရိယာ ကောင်းကင် ဓားကို ထုတ်ကာ၊ လက်သီးနှင့် ပြန်လည် ထိုးချ လိုက်သည်။

“ ကောင်းကင်နှင့် မြေကြီး တစ်သားတည်း။ ”

နဂါး-ဖီးနစ် ဆေးအိုးနှင့် ဓားရောင်ခြည် ထိမှန်ကာ၊ ပေါက်ကွဲ မှုများ ဆက်တိုက် ဖြစ်ပွား လာခဲ့သည်။

“ ဝုန်း ... ။ ”

ထိုဖြစ်စဉ်ကို ကြည့်ကာ၊ ချန်လင်း၏ ခွန်းအား အပေါ် စမ်းသပ်ရန် စိတ်ကူးအား စွန့်ပစ် လိုက်သည်။

သူ့အစွမ်း သတ္တိကို ပြချင်သော်၊ ဤတိုက်ပွဲအား အမြန် အဆုံးသတ် ရပေမည်။ နဂါး-ဖီးနစ် ရောင်ဝါ (၁၈) ကြိုးကို အသက် သွင်းလျက်၊ ရွှေကျီးကန်း အတောင် ပံ များကို ဆင်ခေါ် လိုက်သည်။

“ နဂါး ထွက်သက် ... ။ ”

လက်ဖဝါးတွင် လျှပ်စီးနှင့် မုန်တိုင်း ရည်ရွယ်ချက်များ ဖြစ်ပေါ် လာပြီး၊ နဂါး လက်ကြီး ချန်လင်းထံ ပြေးဝင် သွား၏။

“ သူတော်စင် ရောင်ဝါ လား ... ။ ”

သာလွန် ပင်မ နတ်ဘုရား အဆင့်ဖြင့်၊ အလွန် သန့်စင်သော သူတော်စင် ရောင်ဝါကို၊ လင်းယွန်မှ အသုံးပြု နိုင်သည်မှာ မယုံနိုင် စရာ ပေပင်။

“ ကောင်းကင်ကို လောင်ကျွမ်း စေသော အရိပ်ဓား။ ”

ချန်လင်းက ကြယ် နှစ်ပွင့်၏ အကန့် အသတ် မရှိသော စွမ်းအင်ကို စုဆောင်းလျက်၊ ဓားထံ ပေါင်းစပ် ခုတ်ချ လိုက် လေသည်။

“ ရွှပ် ... ။ ”

“ ခရစ် ... ။ ”

ဓား ရောင်ခြည်နှင့်၊ နဂါး လက်သည်း တိုက်မိသွား ချိန်၌၊ အဖျက် စွမ်းအား များက နဂါး လက်သည်းကို အက်ကွဲ လာစေ၏။

“ မင်းရဲ့ ဒီတိုက်ခိုက်မှုက ရှားဟိုယန် ကိုတောင် ထိရောက်မှု မရှိတာ၊ ငါ့ အပေါ် အလုပ် ဖြစ်မယ် ထင်နေ တုန်းလား။ ”

ချန်လင်းက အထင် သေးစွာ ပြောလိုက်သည်။ ကြယ် နှစ်ပွင့်သည် ကြယ် တစ်ပွင့်ထက် များစွာ အားကောင်း၏။

သို့သော် လင်းယွန်က စိုးရိမ်ခြင်း မရှိဘဲ၊ သူ၏ ပန်းချီကား သုံးချပ်အား ဆင့်ခေါ် လိုက် သည်။

ကမ္ဘာဦး ဖျက်ဆီးခြင်း သားရဲ သုံးကောင် ပေါ်လာသော အခါ၊ လင်းယွန်၏ ရောင်ဝါသည် အရှိန် အဟုန်ဖြင့် မြင့်တက် လာပြီး ကြယ် နှစ်ပွင့် ချန်လင်းကို၊ လိုက်မီ သွားသည်။

တစ်ချိန်တည်း မှာပင်၊ သွေး မီးတောက် နတ်ရူရ် လောင်ကျွမ်း လာကာ၊ ခရမ်း ရွှေရောင် နဂါး ရူရ်များ၊ အသက်ဝင် လာတော့၏။

“ ဒီ နဂါး ... ။ ”

ရင်ပြင်၌ ရုတ်ရုတ် သဲသဲ ဖြစ်သွားသည်။ လွန်ခဲ့သော သုံးရက်က ၎င်းကို မြင်ထား ဖူး၏။ သို့တိုင် ထပ်မံ မြင်တွေ့ ရချိန်၌ တုန်လှုပ် ခြောက်ခြား ရဆဲ ဖြစ်သည်။

“ မလုံလောက် သေးဘူး။ ”

ချန်လင်းက အံကြိတ်ကာ ဆုံးဖြတ်ချက် ချလိုက်သည်။ ဤနဂါးဓား ရောင်ဝါသည် အစစ် အမှန် နဂါးက တစ်ကောင် ဖြစ်လျှင်ပင်၊ ယနေ့ ဖြတ်ကျော် ရပေမည်။

သုံးနှစ်ကြာ ကြိုးစား အားထုတ်မှုကို တစ်ယောက် ယောက်မှ လုယူသွား သည်မှာ၊ ခံပြင်း စရာ ဖြစ်၏။

“ ဟိတ် ... ။ ”

ထို့ကြောင့် ပြင်းထန်သော သူ့ တိုက်ခိုက်မှု များက၊ နဂါးထံ ဦးတည် သွားသည်။ သို့သော် မည်မျှ အစွမ်းထက် စေကာမူ၊ နဂါးမှာ အထိ အခိုက် မရှိ ခဲ့ချေ။

“ ဝေါ့ ... ။ ”

လှုပ်ရှားမှု ဆယ်ကြိမ် ပြီးနောက်၊ ချန်လင်း ခမျာ သွေးအန် သွားသည်။ မီးတောင်ပံ များမှာ လင်းယွန် အတောင်ပံ များနှင့် ယှဉ်က မှိန်ဖျော့ လာ၏။

သို့သော် ရှုံးနိမ့်မှုကို ဝန်ခံရန် ဆန္ဒ မရှိချေ။ သူ့လက် ထဲရှိ သူတော်စင် ဓားထံမှ ရွှေရောင် မီးတောက် များနှင့်၊ အနက်ရောင် လျှပ်စီး ကြောင်းများ၊ ပေါက်ကွဲ လာသည်။

ဤသည်မှာ အရိယာ ကောင်းကင် တောင်ထိပ်၏ လျှို့ဝှက် နည်းပညာ ဖြစ်ပြီး၊ ကျင့်ကြံရ အလွန် ခက်ခဲ လေသည်။

အဆုံးတွင် ဖီးနစ် အတောင်ပံ များမှာ၊ ထိုဝန်ကို မခံနိုင် တော့ဘဲ ချန်လင်း၏ ကျောကို ထိုးခွဲ သဖြင့်၊ သွေးများ စီးကျ လာသည်။

တစ်ဖက် လူသည် ဇွဲနပဲ ကြီးလွန်း သောကြောင့် လင်းယွန်ပင် အံ့သြ သွား၏။ ယင်းက သူအား တိုက်ပွဲဝင် စိတ်များ တောက်လောင် လာစေသည်။

“ ဝှစ် ... ။ ”

နဂါး ပေါ်တွင် ရပ်လျက်၊ လက်ကို ဆန့်တန်းကာ၊ ပန်းသင်္ချိုင်း ဓားအား ဆင့်ခေါ် လိုက်လေသည်။

ချန်လင်းမှာ တောင်ပံ တစ်ဖက်ကို ဆုံးရှုံး ခဲ့ရ သော်လည်း၊ လျှို့ဝှက် နည်းစနစ်အား ထုတ်ဖော် နေဆဲ ဖြစ်သည်။

အနက်ရောင် လျှပ်စီးနှင့် ရွှေရောင် မီးတောက်များ လောင်ကျွမ်း နေသည့် မြွေနက် တစ်ကောင် ဖြစ်တည် လာစဉ်၊ သူ့ ဓားကို ပတ်ထုတ် လိုက်သည်။

“ လျှို့ဝှက် နည်းစနစ်- ဖျက်ဆီးခြင်း ငရဲ မြွေဓား။ ”

အေးစက်သော ကြုံးဝါး သံနှင့် အတူ၊ ဓားရောင်ခြည် ပြေးထွက် သွားသည်။ သွားရာ လမ်း တစ်လျှောက်၊ အရာ အားလုံး မြင်သာ သော အဟုန်ဖြင့်၊ ညှိုးနွမ်း ကုန်၏။

သေမင်း အငွေ့ အသက် များမှာ၊ လှိုင်းသဏ္ဍာန် ပျံ့နှံ့ လာသည်။ ဤတိုက်ခိုက်မှု မည်မျှ အန္တရာယ် ရှိသည်ကို သိရှိနိုင် သဖြင့်၊ လင်းယွန် မျက်နှာ လေးနက် သွားသည်။

ပန်းသင်္ချိုင်း ဓားဖြင့် ကောင်းကင်ပေါ် ထိုးချိန် လိုက်ရာ၊ ဓားရောင်ဝါ မြင့်တက် လာပြီး၊ တိုက်ပွဲဝင် ဆန္ဒများ လောင်းကျွမ်း လာတော့ သည်။

“ ဒါက ... ၊ တစ္ဆေ ဝိညာဉ် ဓားရေးပဲ၊ ရှားဟိုယန် နဲ့တောင် မထိုက် တန်လို့၊ မသုံး ခဲ့ဘူး။ ”

ချန်လင်း၏ ပြင်းပြ လွန်းသော ဆန္ဒကို သဘောကျ သဖြင့်၊ ဓားနှစ်လက် ဝိညာဉ်အား ချက်ချင်း အသက် သွင်းလိုက်သည်။ ဤပွဲ၌ အနိုင်-အရှုံးမှာ၊ အရေး မကြီး တော့ချေ။

***

All Chapters