ကိုယ်ပိုင် ဟန် ... ။
Vol. 103 Ch. 1437
“ တိုက် ... ။ ”
ချန်လင်းက ကြုံးဝါး လိုက်၏။ သူတော်စင် ဓားကို ဖုံးလွှမ်းနေသော ရွှေရောင် မီးလျှံ များက ပြင်းပြစွာ လောင်ကျွမ်း လာသည်။
“ ထန် ထန် ... ။ ”
မျက်စိ တစ်မှိတ် အတွင်း၊ (၃၉) မီတာ ကေျာ်သော ဓား ရောင်ခြည်များ ဖြာထွက် လာ သည်။ ဓားနှစ်လက် ထိပ်တိုက် တွေ့သော အခါတွင်၊ မီးပွားများ ပွင့်ထွက် ကုန်၏။
တုန်လှုပ်ဖွယ် စွမ်းအင် များက လှိုင်းပုံစံဖြင့်၊ ပြန့်ကျဲ လာသည်။ ထို့ကြောင့် ရင်ပြင်ရှိ လူတိုင်း ကို၊ ချက်ချင်း ဆုတ်ခွာ သွားစေ ခဲ့သည်။
လင်းယွန် ခြေဖဝါး အောက်ရှိ၊ နဂါးဓား ရောင်ဝါသည် စက္ကန့်ပိုင်း အတွင်း ပန်း တစ်ပွင့် ကဲ့သို့၊ ညှိုးနွမ်း သွားတော့၏။
အကျိုးဆက် အနေဖြင့်၊ လင်းယွန် နှုတ်ခမ်း ထောင့်မှ သွေးများ စီးကျကာ၊ မျက်နှာ ဖြူဖျော့ သွားလေသည်။
“ အရမ်း သန်မာတယ်။ ”
အံ့သြ တကြီးဖြင့် နှုတ်ခမ်းရှိ သွေးစကို သုတ်လိုက်သည်။ ဓားကိုင် ထားသော ညာလက် သည်ပင် တုန်ယင် နေ၏။
“ ဖျက်ဆီးခြင်း ငရဲ မြွေပွေး ဓားရေးက လေ့ကျင့် ရတာ အန္တရာယ် များတယ်၊ တိုက်ရိုက် တပည့် ရာထူးကို ယူဖို့၊ ချန်လင်းက ကြိုးစား ထားတာပဲ။ ”
“ သူ့ အသက်က သုံးဆယ်လောက် ရှိပြီ ထင်တယ်၊ ဒီနှစ် မှာမှ၊ တိုက်ရိုက် တပည့် ဖြစ်မ လာရင်၊ အခွင့် အရေးတွေ အများကြီး ဆုံးရှုံးရ လိမ့်မယ်၊ ပြီးတော့ သူ့ အုတ်မြစ် အရ ကြယ်လေးလုံး ရဖို့ မလွယ်ဘူး။ ”
အရိယာ တောင်ထိပ်မှ တပည့် များက ချန်လင်းအား သဘောကျ သဖြင့်၊ ရုတ်ရုတ် သဲသဲ ဖြစ်လာ ကုန်သည်။
နဂါးကြီး ပျောက်ကွယ် သွားသော အခါ၊ လင်းယွန်မှ သက်ပြင်းချ လိုက်၏။ ရှားဟိုယန် ၏ တစ္ဆေ ဝိညာဉ် ပညာ ရပ်ကို၊ နဂါး ရောင်ဝါ ဖြင့်၊ ပိတ်ဆို့ နိုင် ခဲ့သော်လည်း၊ ဤဓား ကိုမူ မဟန့်တား နိုင်ခဲ့ချေ။
“ ဖျက်ဆီးခြင်း ငရဲ မြွေ ဓား။ ”
ချန်လင်းက ဓားကို နောက်တစ်ကြိမ် ခုတ်ပိုင်း လာသည်။ ဓားအလင်း အတွင်း မရဏ ရောင်ဝါများ၊ ပြည့်နှက် နေ၏။
“ ဟိတ် ... ။ ”
သူတို့ နှစ်ဦး ထပ်မံ ထိပ်တိုက် ရင်ဆိုင် မိသော အခါတွင် လင်းယွန်၏ ဓား ရောင်ဝါမှာ မရဏ ရောင်ဝါမှ တိုက်စားခြင်း ခံလာ ရကာ၊ တဖြည်းဖြည်း အားနည်း လာသည်။
ရွှေရောင် မီးလျှံများ တောက်လောင် နေသည့် ဓား ပတ်ပတ် လည်တွင်၊ မြွေနက် တစ်ကောင် လှည့်ပတ် နေ၏။
ယင်းက အရိယာ ကောင်းကင်ဓား ကိုပင် တိုက်စား နိုင်သဖြင့်၊ နဂါး လေး၏ ဝါးမျိုခြင်း ရူရ် နှင့်၊ ခပ်ဆင်ဆင် တူသည်။
“ လင်းယွန် ဓားရောင်ဝါက ကြာရှည် ခံနိုင် တော့မယ် မထင်ဘူး။ ”
“ ဓားနှစ်လက် ဝိညာဉ်က တကယ်ကို အစွမ်းထက်တယ်၊ သူ့ နေရာမှာ အခြား လူသာ ဆိုရင်၊ ချန်လင်းရဲ့ မရဏ ရောင်ဝါက ဝါးမျို သွားတာ ကြာပြီ။ ”
“ လင်းယွန်က ကြောက်စရာ ပိုကောင်း တယ်၊ သူသာ ကောင်းကင် အဆင့်မှာ ဆိုရင်၊ ညီအစ်ကို ချန်လင်းက ကြာကြာ ခံနိုင်မယ် မထင်ဘူး။ ”
တိုက်ပွဲ အတွင်း အောက်စည်း၌ ရှိနေ သော်လည်း၊ လူတိုင်းက လင်းယွန်၏ အစွမ်း သတ္တိကို၊ အသိ အမှတ် ပြုမိ ကြသည်။
သူတို့ အချင်းချင်း စကား ပြောနေ ကြစဉ် လင်းယွန်၏ ဓားရောင်ဝါမှာ (၉၀%) နီးပါး ပျက်ပြယ် သွားသည်။
ဓားနှစ်လက် ဝိညာဉ် သည်လည်း၊ (၃) ပေ အထိသာ ကျန်တော့၏။ မကြာခင် ဓားဝိညာဉ် များ ဖျက်ဆီး ခံရပေ လိမ့်မည်။
ထို့ကြောင့် ရှုံးနိမ့်မှုကို ဝန်ခံ သင့်၏။ မဟုတ်သော် ဓားဝိညာဉ်များ ပျက်စီးကာ၊ ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရရှိ နိုင်မည်။
“ ဒါက သူ လုပ်နိုင်တာ အကောင်းဆုံး ပဲလား။ ”
ဖုန်လွမ်မှ မျက်ခုံးပင့် လိုက်လေသည်။ လင်းယွန်သာ ရှုံးနိမ့် သွားခဲ့ ပါက၊ သက်တံဓား သူတော်စင်အား နာမည်ပျက် စေမည်။
“ နေ ဦး ... ။ ”
ထို့ကြောင့် ချန်လင်းအား အနိုင် ပေးရန် ကြေငြာ ပေးတော့မည့် အချိန်တွင်၊ ဟန့်တားသံ တစ်သံ ထွက်ပေါ် လာသည်။
အရိယာ တောင်ထိပ် သခင် မုချွမ် ရောက်ရှိလာခြင်း ဖြစ်၏။ ၎င်းက မည်သည့် ကတည်းက ရောက်ရှိ နေမှန်း သူ မသိချေ။
ပြိုင်ဘက်၏ ဓားရောင်ဝါ ပြိုကျတော့ မည်ကို မြင်သော အခါ၊ ချန်လင်းက ပျော်ရွှင် လာသည်။
၎င်းသည် လွန်ခဲ့သည့် သုံးနှစ်တာ ကာလ အတွင်း၊ အလုပ် ကြိုးစား ခဲ့ကြောင်း မြင်သာ စေ၏။
လင်းယွန် အတွက် စိတ်မကောင်း ဖြစ်မိ သော်လည်း၊ သူသည် အသက် သုံးဆယ် ရှိနေပြီ ဖြစ်သောကြောင့်၊ လက်လွှတ် မခံ နိုင်ချေ။
“ ကျာ့ ... ။ ”
စိတ်ထဲမှ တောင်းပန် ပြီးနောက်၊ လင်းယွန်၏ ဓားရောင်ဝါကို အလုံးစုံ ဖျက်ဆီး ရန်၊ သူ့ဓား ရောင်ဝါအား တွန်းထုတ် လိုက်သည်။
သို့သော် လင်းယွန် ထံမှ အေးစက်သော အငွေ့ အသက်များ ရုတ်ချည်း ပေါက်ကွဲ လာပြီး၊ ပန်းချီကား တစ်ချပ် ထပ်မံ ထွက်ပေါ် လာသည်။
“ ချပ် ... ။ ”
“ မျက်ဝန်း တစ်စုံက နေနဲ့ လလို တောက်ပပြီး၊ အတွေး တစ်ချက် တည်းနဲ့ ထာဝရ အေးခဲ စေတယ်။ ”
အံ့အား သင့်စွာဖြင့် ချန်လင်း တစ်ယောက် နောက်သို့ လွင့်စဉ် သွားသည်။ ပြိုကျ လုနီးနီး ဖြစ်နေသော ဓားရောင်ဝါမှာ ပြန်လည် တောင့်တင်း လာတော့သည်။
“ တစ္ဆေ ဝိဉာဉ် ပညာ ရပ်က ကြောက်စရာ ကောင်းပေမယ့် ... ၊ ဒါက ကန့်သတ်ချက်ကို ရောက် သွားပြီ ထင်တယ်။ ”
သူ့ထံ ပျံသန်း လာသော နောက်ဆက်တွဲ အဖြစ် အပျက် များကို ကြည့်ကာ၊ လင်းယွန်က ပြောလိုက်သည်။
လင်းယွန် သုံးယောက် ချက်ချင်း ပျံထွက် သွားပြီး၊ ဖြစ်စဉ် (၃၆) မျိုးနှင့် ဓား အလင်းများ ကောင်းကင် အပြည့်၊ ဖုံးလွှမ်း လာသည်။
သည့်နောက် နဂါးဖြူ ထွက်ပေါ် လာ၏။ ၎င်းကို ပန်းချီကား (၄)ချပ်မှ ထောက်ပံ ပေးရာ၊ ချန်လင်းအား ပါးစပ် အဟောင်းသား ဖြစ်ပေါ် လာစေသည်။
တစ်စုံ တစ်ယောက်သည် နက္ခတ် (၄)လုံးအား မည်သို့ ပိုင်ဆိုင် ထားမှန်း နား မလည်နိုင် တော့ချေ။
“ ထန် ထန် ... ။ ”
ကျန်ရှိ နေသော ဖီးနစ် တောင်ပံ ကျိုးကျ သွားပြီး သွေးများနှင့် ဖုံးလွှမ်း လာတော့သည်။ မြွေနက်နှင့် နဂါး ဖြူတို့ အချင်းချင်း တိုက်ခိုက် နေချိန်တွင်၊ ဓားနှစ်လက် ထိမိ သွားသည်။
“ ဖျစ် ဖျစ် ဖျစ် ... ဂျိန်း ... ။ ”
ကောင်းကင်၌ လျှပ်စီးများ လက်လာပြီး မိုးကြိုး မုန်တိုင်းများ တက်လာ၏။ အချိန်တိုက် ခတ်နေ ပြီးနောက်၊ ဖြစ်စဉ် အားလုံး ငြိမ်သက် သွားသည်။
“ လင်းယွန် ... ၊ မင်းမှာ ဘာရှိ သေးလဲ။ ”
ရင်ဘတ်တွင် လက်သည်း ကုပ်ရာ အနည်းငယ် ရှိနေ သော်လည်း၊ ချန်လင်းမှ အရှုံး ပေးရန် ဆန္ဒ မရှိချေ။ ရူးသွပ် စွာဖြင့်၊ ထပ်တိုက်ရန် ကြိုးစား လာသည်။
ထိုလုံ့လကြောင့်၊ လင်းယွန် တစ်ယောက် အတိတ်က သူ့ကိုယ်သူ ပြန်၍ သတိ ရလာ မိ၏။ ခြားနား ချက်မှာ အသက် အရွယ် ဖြစ်သည်။
အသက် (၃၀) ဟူသည် သူ့ထက် ကြီးသော်လည်း ငယ်ရွယ် သေးသည်။ နတ်နဂါး ခေတ်တွင် အသက် (၄၅) နှစ် ရောက်သည့်တိုင် လူငယ်ဟု ယူဆ ကြ၏။
နဂါးသွေး လွှတ်ကြော နယ်ပယ်သို့ တက်ရောက် ခြင်းဖြင့်၊ တိုက်ရိုက် တပည့် အလို အလျောက် ဖြစ်နိုင်သည်။
သို့သော် စီနီယာ အစ်ကို ချန်လင်းမှာ၊ ရည်မှန်းချက် ကြီးမား လေသည်။ နဂါးသွေး လွှတ်ကြော မရောက်မီ ကြယ် လေးပွင့် သို့မဟုတ်၊ ငါးပွင့် ရယူလို ခဲ့သည်။
သို့မှသာ နဂါး သွေးလွှတ်ကြော နယ်ပယ်၌ ချောမွေ့နိုင်ပြီး၊ သူတော်စင်လမ်း လျှောက်လှမ်း နိုင်ပေမည်။
“ ကောင်းပြီး အစ်ကို ချန် ... ၊ မင်း ဒီတစ်ကြိမ် ငါ့ တိုက်ခိုက်မှုကို ခံနိုင်ရင်၊ ငါ ဆုံးရှုံး ပေးလိုက်မယ်။ ”
လင်းယွန်က လေးနက်စွာ ပြောမိသည်။ ထို့နောက် ကနဦး ဓားကို ခင်းကျင်း လိုက်၏။ သူ့ဓားရေး များသည် အခြား သူများ ထံမှ လာခြင်း ဖြစ်သည်။
ဤဓား သည်သာ ကိုယ်ပိုင် ဖြစ်၏။ ချန်လင်းအား လေးစား သောကြောင့်၊ ၎င်းကို သုံးရန် ဆုံးဖြတ် လိုက်ခြင်း ပေပင်။
မပြည့်စုံ သေးသဖြင့် တိုက်ပွဲတွင် အသုံး မပြုခြင်း ဖြစ်သည်။ သို့သော် ဤချန်လင်းတွင် ကိုယ်ပိုင် ဟန်ကို မြင်သော အခါ၊ အတွေး ပြောင်းသွား သည်။
လူတိုင်း၌ ကိုယ်ပိုင် အရည် အချင်းများ ရှိသည်။ မည်သူမျှ မေွးဖွားစဉ် ကတည်းက ကျွမ်းကျင် သူများ မဟုတ်ချေ။
“ နှလုံးသား ထဲက ... ၊ ထက်ရှမှုတွေ အားလုံးကို ဓားနဲ့ ... ၊ ပေါင်းစပ် လိုက်တဲ့ အခါ၊ ခဏလေး အတွင်း အရာ အားလုံး အေးခဲ သွားစေတယ်။ ”
ရေရွတ်သံ ဆုံးသည်နှင့်၊ လင်းယွန်၏ မျက်လုံး များက နေမင်း နှစ်စင်း အလား၊ တောက်ပစွာ ထွန်းလင်း လာသည်။
အမှောင်ထု အားလုံး မောင်းထုတ် ခံလိုက်ရ သကဲ့သို့၊ ကမ္ဘာ ပေါ်ရှိ အရာရာတိုင်း၊ လင်းလက် အသက်ဝင် လာ၏။
ကြောက်မက်ဖွယ် ကောင်းသော ဖြစ်စဉ် တစ်ခု ပေါ်လာ သည်နှင့် အမျှ၊ တုနှိုင်း မရသော ရောင်ဝါများ ပေါက်ကွဲ လာတော့သည်။
“ ရွှပ် ... ။ ”
နီရဲ တောက်ပ လွန်းသော ဓားက ချန်လင်းပေါ် အရှိန် အဟုန်ဖြင့် ကျဆင်း လာသည်။
“ ဝုန်း ... ။ ”
“ ..... ။ ”
ဓားဖြင့် ပြန်၍ ပက်ထုတ် လိုက်သော်လည်း၊ နောက်ကျ သွားသည်။ ကြယ်စွမ်းအင် အလွှာကွဲ ကာ၊ လွင့်စဉ် သွားတော့၏။
***