ငါ ပြောတာကို အတည် မယူနဲ့။
Vol. 103 Ch. 1438
အရာ အားလုံးက မြန်ဆန် လွန်းသဖြင့်၊ တစ်ဖက် လူ၏ တိုက်ခိုက်မှုကို မမြင် နိုင်ဘဲ၊ ရှုံးနိမ့် သွားသည်။
“ ဝှစ် ... ။ ”
လင်းယွန်က ချန်လင်း နောက်သို့၊ ထပ်မလိုက် တော့ချေ။ မြေပြင်ပေါ် ပြန်၍ ဆင်း သက်ကာ လက်ကမ်း ပေးလိုက်၏။
“ တိုက်ပွဲအတွက် ကျေးဇူး တင်ပါတယ်။ ”
ချန်လင်းက မျက်လုံး မှေးစင်း ကြည့်ပြီး၊ လက်ကို လှမ်းဆွဲ မိသည်။ လင်းယွန်မှ အားစိုက် လျက် ဆွဲယူလျက် မတ်တပ် ရပ်ရန်၊ ကူညီပေး လာသည်။
“ အဆင်ပြေ ရဲ့လား။ ”
လင်းယွန်က ထပ်မေး၏။ နောက်ဆုံး တိုက်ခိုက်မှုတွင် ခွန်အားကို မထိန်းနိုင် ခဲ့ချေ။ ချန်လင်းမှာ ရန်သူ မဟုတ် သဖြင့်၊ အပြစ်ရှိ သလို ခံစား ရသည်။
ချန်လင်းက သူ့ ရင်ဘတ်ကို အုပ်ကိုင်ပြီး၊
“ အဆင် ပြေပါတယ် ... ၊ ငါ ရှုံးတယ်၊ ပန်းသင်္ချိုင်း မင်းက၊ မင်းရဲ့ အမည်နဲ့ လိုက်ဖက် ပါပေတယ်။ ”
-ဟု ပြုံးလျက် ဆိုသည်။
သူ့ အပြုံးမှာ ခါးသီး နေပြီး၊ နှုတ်ခမ်း ထောင့်မှ၊ သွေးများ စီးကျ နေဆဲ ဖြစ်သည်။ ဒဏ်ရာမှ ပြင်းထန် ချေ၏။
စကားပင် ပြောချင်စိတ် မရှိ တော့ချေ။ သည်ရလာဒ်သည် လူအုပ်ကို ငြိမ်သက်သွား စေသည်။
ချန်လင်း ခွန်အားမှာ တိုက်ရိုက် တပည့် ဖြစ်ရန်၊ အရည်အချင်း ပြည့်မီ၏။ အထူး သဖြင့် ဖျက်ဆီးခြင်း ငရဲ မြွေဓားသည် မြေကြီး အဆင့် ထိပ်ဆုံး (၃၀) အတွင်း ဝင်ရန် ပြည့်မီသည်။
ယုတ္တိဗေဒ အရ ဆိုရသော် ရှုံးရန်၊ မဖြစ် နိုင်ချေ။ ထို့ကြောင့် လူတိုင်း လင်းယွန်ထံ ငေး ကြည့်မိသည်။
ဤလူငယ်သည် ကောင်းကင်လမ်း သမိုင်း တစ်လျှောက်၌၊ အရက်စက်ဆုံး ပါရမီရှင် တစ်ဦး အဖြစ၊ ကျော်ကြား လှသည်။
ခွန်လွန်တွင် တစ်နှစ် မျှသာ ရှိသေးပြီး၊ ဓားဂိုဏ်း ရောက်လာ သည်မှာ၊ (၃) ရက်သာ ရှိသေး သည်။
သို့သော် နက္ခတ် လေးလုံးကို ဆင့်ခေါ်ပြ လိုက်သော အခါတွင်၊ ဝါရင့် ဂိုဏ်းသား တပည့် တစ်ယောက် အလား ပေပင်။
“ ဖုန်လွမ် ... ၊ ချန်လင်းကို မြကျောက်စိမ်း တောင်ထိပ်ကို ခေါ်သွားပြီး၊ ဒဏ်ရာတွေ ကုသ ပေးလိုက်။ ”
မုချွမ်က ကောင်းကင်တွင် ပျံဝဲလျက် အမိန့်ပေး လိုက်သည်။ ချန်လင်း ဒဏ်ရာမှာ ပြင်းထန် လှသဖြင့်၊ အမြန် ကုသရန် လိုသည်။
“ ခဏ လေး။ ”
လင်းယွန်က မုချွမ်ကို မော့ကြည့်ပြီး၊
“ တောင်ထိပ် သခင် ကျွန်တော့် ပြောစရာ တစ်ခု ရှိပါတယ်။ ”
“ ပြောပါ။ ”
“ စီနီယာ အစ်ကို ချန်ကို သူတော်စင် ရေကန်မှာ၊ ကျွန်တော့်နဲ့ အတူ နှစ်ခြင်း ခံဖို့ အခွင့် အရေး ပေးချင် ပါတယ်။ ”
ထိုတောင်းဆို မှုကြောင့် မုချွမ်မှာ စကား မပြော နိုင်တော့ချေ။ ဖုန်လွမ်နှင့် ချန်လင်းပင် လင်းယွန်ထံ ပြန်ကြည့်၏။
“ မင်း သေချာလား။ ”
မုချွမ် အသံက တည်ငြိမ် မှုကို ထိန်းထား ဟန်ဖြင့်၊ ထွက်ပေါ် လာ၏။ သူတော်စင် ရေကန် အတွက် လူ တစ်ဦးသာ လက်ခံ ပေမည်။
“ သေချာ ပါတယ် ... ၊ စီနီယာ အစ်ကို ချန်လင်း ... ၊ မင်းရော ငါ့ စိတ်ကူး အပေါ်၊ ဘယ်လို သဘော ရလဲ။ ”
“ ငါ ... ဒါက မသင့် လျော်ဖူး ထင်တယ်။ ”
ချန်လင်းမှ ရှက်ရွံ့စွာ ပြန်ပြောသည်။ တောင်ထိပ် သခင် မုချွမ် ကပါ၊ ဝင်ထောက်ခံ လာ၏။
“ ဟုတ်တယ် မသင့် လျော်ဘူး။ ”
“ ကျွန်တော်က သင့်လျော်တယ် ထင်နေ သရွေ့၊ အဆင်ပြေ ပါတယ်။ ”
လင်းယွန် ပြုံးပြီး ထပ်ပြော လိုက်သည်။ သူ့စကားက ချန်လင်း အပါအဝင် လူတိုင်းကို အံသြသွား စေ၏။
လင်းယွန်မှ တောင်ထိပ် သခင် တစ်ပါးကို သည်ပုံစံနှင့်၊ စကားပြော လိမ့် မည်ဟု မည်သူမျှ မထင် ထားချေ။
ထို့ကြောင့် မုချွမ် မျက်နှာမှာ ပြောင်းလဲ သွားပြီး၊ ဒေါသ အရိပ် အယောင်များ ပြသ လာ ခဲ့သည်။
“ ဒီလို ဘယ်သူမှ ... ၊ ဓားဂိုဏ်းရဲ့ စည်းကမ်းကို ဖောက်ဖျက်တဲ့ ဖြစ်ရပ်မျိုး မဖြစ် ဖူးဘူး။ ”
“ ဒီအခွင့် အရေးကို ... ၊ အကျိုးဆောင် ဆုလာဘ် အဖြစ် ဂိုဏ်းချုပ်က ကျွန်တော့်ကို ပေးလိုက် တာလို့ ယုံကြည်တယ်၊ ကိုယ်ပိုင်တဲ့ ဆုကို ဘာလို့ စိတ်ကြိုက် စီမံခွင့် မရ တာလဲ။ ”
လင်းယွန်မှ ပြန်မေးသည်။
“ သူတော်စင် ရေကန်ရဲ့ ... ကြယ် စွမ်းအင်က အကန့် အသတ် ရှိတယ်၊ တံဆိပ်ကို ကိုးလွှာ အထိ ဖွင့်ပေးတယ် ဆိုတာ၊ မင်း အတွက် ဆိုတာ မှန်တယ်၊ ဒါပေမယ့် ... နောက်တစ်ယောက် အတွက်တော့ ... ။ ”
မုချွမ်က အကြောင်း ရင်းအား ရှင်းပြသည်။ သို့သော် သူ့စကားတွင် အနည်းငယ် ချဲ့ကားရာ ရောက်ခဲ့သည်။
လင်းယွန် အတွက် ရည်ရွယ် ခဲ့သော အရာကို၊ အခြားသူ တစ်ယောက်ထံ ပေးအပ် ခြင်းဖြင့်၊ ချန်လင်းမှ အကျိုး အမြတ် ပိုရ သွား မည်ကို စိုးရိမ် မိခြင်း ဖြစ်သည်။
“ ဒါဆို ... ၊ စီနီယာ အစ်ကို ချန်ကို ပေးလိုက်ပါ၊ ကျွန်တော်က နောက်နှစ် အထိ၊ စောင့်နိုင် ပါတယ်၊ တောင်ထိပ် သခင် အလေး အနက် ထားပေးဖို့၊ တောင်းဆို ပါတယ်။ ”
“ မင်း တကယ် ဆုံးဖြတ် ပြီးပြီ ဆိုရင်၊ တံဆိပ်ကို ငါ ဖွင့်ပေး လိုက်မယ်၊ ဒီ အတွက် နောင်တ မရနဲ့။ ”
ထိုအချိန်တွင် ဖုန်လွမ်နှင့် ချန်လင်းမှာ အသံမထွက် နိုင်လောက် အောင်ပင်၊ ထိတ်လန့် နေခဲ့သည်။
လင်းယွန်၏ ခေါင်းမာမှုကြောင့် မုချွမ်မှာ နားသယ်ကို ရိုက်ချင် စိတ်များ ပေါ်လာ တော့ သည်။
ထိုစဉ် တုန်ခါမှု လှိုင်းအချို့ ဝင်ရောက် လာသဖြင့်၊ မျက်လုံးမှိတ်ကာ၊ နားထောင် လိုက်သည်။
“ လင်းယွန်က သူ့အခွင့် အရေးကို တကယ် ပေးနေတာပဲ။ ”
“ ဘယ်လောက် တောင် စိတ်လှုပ်ရှား စရာ ကောင်းလိုက်လဲ။ ”
“ သူ့ ... ဆုံးဖြတ်ချက် မှန်တယ်၊ သူ့ အသက်က နှစ်ဆယ်ပဲ ရှိသေးတဲ့ အတွက် စောင့် နိုင်တယ်၊ ညီအစ်ကို ချန်ကတော့ အချိန် မရှိ တော့ဘူး။ ”
“ ဒါပေမယ့် သူ့လို ဘယ်သူက ရက်ရော နိုင်မှာလဲ၊ မင်းလား ... ၊ ငါလား ... ။ ”
ဤတစ်ကြိမ်တွင် အားလုံးက လေးစားသော အမူအရာဖြင့်၊ လင်းယွန်ထံ ပြန်ကြည့်ကာ၊ မုချွမ် ၏ ဆုံးဖြတ် ချက်ကို စောင့်နေ ကြသည်။
ဓားဆွဲကာ ခွန်အား ပြသ ပြီးနောက်၊ နှလုံးသားကို လုပ်ရပ်ဖြင့် သက်သေ ပြလာ သည်။
မုချွမ် မျက်လုံးများ ပြန်ဖွင့် လာပြီး၊ လင်းယွန်အား စူးရှစွာ ကြည့်သည်။ တစ်စုံ တစ်ဦးနှင့်၊ စကား ပြောချင်း ပြီးသွားပုံ ရ၏။
“ ဂိုဏ်းချုပ်က သဘော တူတယ်၊ သူက မင်းတို့ နှစ်ယောက် လုံးကို၊ ခံယူခွင့် ပေးလိုက် တယ်။ ”
“ ဂိုဏ်းချုပ်နဲ့ တောင်ထိပ် သခင်ကို ကျေးဇူးတင် ပါတယ်။ ”
မုချွမ်မှ ချန်လင်း အနား လျှောက်လှမ်း လာသည်။ သူ့လက် ပခုံးပေါ် တင်ပြီး၊ ဒဏ်ရာ များကို စစ်ဆေး လိုက်သည် ။
ဒဏ်ရာ များမှာ သူ ထင်ထား သကဲ့သို့ ပြင်းထန်ခြင်း မရှိချေ။ ယင်းက သူ့အား အံဩ သွား စေ၏။
လက်ကို ပခုံးမှ ပြန်ခွာ လိုက်သော အခါ၊ ချန်လင်း မျက်နှာတွင် သွေးရောင် ပြန်လွှမ်း လာလေသည်။
“ ကျေးဇူး တင်ပါတယ် ... ၊ တောင်ထိပ် သခင်။ ”
“ ငါ့ကို ကျေးဇူးတင် မနေနဲ့၊ စည်းမျဉ်းတွေ ဆိုတာ လူတိုင်း လိုက်နာဖို့ ချမှတ် ထားတာပဲ၊ မင်းတို့ လိုက်နာနေ သရွေ့ အဆင် ပြေတယ်၊ ငါတို့က ဓားသမား ဆိုတာ သတိ ရပါ။ ”
“ တပည့် နားလည် ပါတယ်။ ”
ချန်လင်းမှ ခေါင်းညိတ် ပြသည်။
“ လာ ... ငါ့နောက် လိုက်ခဲ့ ... ။ ”
မုချွမ်က ဒေါသ ထွက်နေသော အသွင်ဖြင့် လင်းယွန်ကို လည့်ကြည့်ကာ၊
“ မင်း ... ရောပဲ။ ”
-ဟု ငေါက်ပြော ပြောလိုက်သည်။
မုချွမ်မှာ မျက်နှာကို တည်ငြိမ်အောင် လုပ်ယူထား သော်လည်း၊ ခေါင်းမာ လွန်းသော လင်းယွန်ကို အံ့သြ မိသည်။
လင်းယွန်သည် သွေးအေးပြီး ရက်စက်၏။ သို့သော် တစ်ကြိမ်သာ တွေ့ဆုံ ဖူးသော လူစိမ်း တစ်ယောက် အတွက်၊ သူ့အခွင့် အရေး ပေး အပ်သည် အထိ၊ ရက်ရော လေသည်။
ဤသည်မှာ သက်တံဓား သူတော်စင်မှ ရွေးချယ်ရသည့် အကြောင်း ရင်းလည်း ဖြစ်နိုင် ချေ၏။
ထိုလုပ်ရပ်သည် တစ်ချိန်က ဂျူနီယာ ညီလေး ကျန့်ကျင်းရှန်အား သတိရ စေသည်။ သူတို့ နှစ်ယောက်လုံး ခေါင်းမာ ကြပြီး ပြတ်သား မှုခြင်း တူချေ၏။
“ စီနီယာ အစ်ကို၊ တောင်းပန် ပါတယ်။ ”
လင်းယွန်က မုချွမ် အနား တိုးကပ် လာကာ၊ စကားဆို လိုက်သည်။
“ အိုး ... ငါက မင်းရဲ့ ... စီနီယာမှန်း မှတ်မိသေး တာလား၊ ငါ အထင်တော့ မင်းက သာ၊ ငါ့ရဲ့ စီနီယာ အစ်ကိုလို့ ထင်နေတာ။ ”
ဆရာ တပည့် အခမ်းအနား မလုပ် သော်လည်း၊ လင်းယွန် ဟူသည် သက်တံဓား သူတော်စင်၏ တပည့် ဖြစ်ကြောင်း၊ လူတိုင်း သိသည်။
တစ်ဖက်တွင် ဓားဂိုဏ်းရှိ ဝါစဉ်ကို လင်းယွန်မှာ နားမလည် ချေ။ သူ သိသည်မှာ၊ စီနီယာ အစ်ကို မုချွမ်သည် ဒေါသ ထွက်နေ သော်လည်း၊ သူ နစ်နာ မည်ကို စိုးရိမ် နေကြောင်း၊ ခံစား မိသည်။
ရေတံခွန်များ ပေါင်းဆုံသည့် အရပ်သို့ ရောက်ရှိရန် အချိန် အတော် ကြာသည်။ ရေကန် အနေဖြင့် ကျယ်ပြော သော်လည်း၊ ဤအရပ် သည်သာ၊ အထိ ရောက်ဆုံး ဖြစ်သည်။
“ ဂျူနီယာ ညီလေး ... ၊ မင်းက အရိယာ တောင်ထိပ်ရဲ့ တိုက်ရိုက် တပည့် တစ်ယောက် ဖြစ်ပြီ၊ တစ်ယောက် ယောက်က မင်းကို အနိုင် ကျင့်ဖို့ သတ္တိ ရှိရင်၊ ဓားဂိုဏ်း အမည် သုံးခွင့် ရှိတယ်။ ”
မုချွမ်က ကြုတ်ထားသော မျက်မှောင်ကို ဖြည်လျက် ပြောသည်။
“ စိတ် မပူနဲ့၊ ကျွန်တော်က သဘော ကောင်းတယ်၊ ဒါကြောင့် ဘယ်သူမှ အနိုင်ကျင့် ကြမယ် မထင်ဘူး။ ”
“ ဟား ... ဟား ... ဟား ... ။ ”
မုချွမ်က သဘောကျစွာ ရယ်မော လိုက်ပြီး၊ ချန်လင်းထံ လှည့်ကြည့်ကာ၊
“ ဒီနေ့က စပြီး၊ မင်းလည်း အရိယာ တောင်ထိပ်ရဲ့ တိုက်ရိုက် တပည့် ဖြစ်ပြီ၊ နောင် ဓားဂိုဏ်း အမည်ကို သုံးခွင့် ရှိတယ်။ ”
“ ဒါပေမယ့် ... ဒါက စည်းကမ်းနဲ့ မညီဖူး မဟုတ်လား။ ”
ချန်လင်းက မလုံ မလဲ ဖြစ်သွားသည်။
“ ငါက သင့်လျော် တယ်လို့ ... ထင်နေ သရွေ့၊ မင်း စိုးရိမ် နေစရာ မလို ပါဘူး။ ”
မုချွမ်မှ ခပ်တည် တည်ဖြင့် ပြန်ပြော လိုက်သည်။ ထိုစကားကို ကြားသော အခါ လင်းယွန် တစ်ယောက် ပြုံးမိ၏။
သူ့ အစ်ကို ကြီးမှာ၊ ထိုစကားကို တစ်သက်လုံး မှတ်ထား တော့မည် ဖြစ်ကြောင်း နားလည် လိုက်သည်။
“ ကဲ့ ... စလိုက် ရအောင်၊ သူတော်စင် ရေကန် ထဲမှာ ကြာကြာ နေနိုင်ရင် အကျိုး ကျေးဇူး ပိုများတယ်၊ စောစောက ...
... ငါ့ စကားကို အတည် မယူနဲ့၊ ဒီရေကန် ထဲမှာ မင်းတို့ လိုသလောက် ကြယ်စွမ်းအင်တွေ ရှိတယ်၊ စိတ်ကြိုက် သုံးပါ၊ ငါ စိတ်မဆိုးဘူး။ ”
တံဆိပ် ကိုးလွှာ အထိ ဖွင့်ပေး နေစဉ်၊ တောင်ထိပ် သခင် မုချွမ်မှ ပြုံးလျက် ပြောလာ တော့သည်။
***