အရိယာ တောင်ထိပ် အတွက် ကောင်းချီး။
Vol. 103 Ch. 1439
ပတ်ဝန်းကျင်ရှိ ရေတံခွန် များ၏ ရေကျ သံများက၊ မိုးခြိမ်းသံ အလား တဝုန်းဝုန်း မြည် ဟည်းနေသည်။
ရေကန်သည် ချိုင့်ဝှမ်း အတွင်း ဖြစ်တည် နေပြီး၊ ကြယ်စွမ်းအင်များ သိပ်သည်း လှသဖြင့်၊ မြူ အသွင် ထူထပ်စွာ ရစ်သိုင်း ချေသည်။
“ ဝှစ် ... ။ ”
မုချွမ်နှင့် ဖုန်လွန်က ချိုင့်ဝှမ်း အတွင်း ခုန်ဆင်းကာ မြူထဲ ပျောက်ကွယ် သွားသော ဂျူနီယာ နှစ်ယောက်ထံ၊ ကြည့် မိသည်။
များမကြာခင် ကောင်းကင်မှ လူရိပ်များ ဆင်းသက် လာ၏။ သူတို့ မျက်လုံးတွင်၊ မနာ လိုသော အငွေ့ အသက်များ ပြည့်နှက် နေသည်။
အမှန် အတိုင်းသာ ဝန်ခံ ရမူ၊ ချန်လင်း ဆိုလျှင်ပင် လင်းယွန်အား ဤအခွင့် အရေးမျိုး ပေးမည် မဟုတ်ချေ။
လင်းယွန်မှာ တွေဝေခြင်း မရှိ ပေးအပ် ခဲ့သည်။ ယင်းသည် သူတော်စင် သွေးကြောမှ လာသော ကြယ် စွမ်းအင် ဖြစ်၏။
သာမာန် ကြယ်စွမ်းအင် မဟုတ်ဘဲ၊ သူတော်စင်များ ကိုပါ အကျိုး ပြုသော စွမ်းအင် ဖြစ်သည်။
သာလွန် ပင်မ နတ်ဘုရားများ အတွက်မူ၊ မထင်မှတ် နိုင်သော အကျိုး ကျေးဇူးများ ရရှိ နိုင်မည်။
“ ချန်လင်းက တကယ့်ကို ကံကောင်း ပါတယ်၊ ဒီက ထွက်လာရင် သူ ကြယ်သုံးပွင့် အဆင့်ကို ရောက်နေ လိမ့်မယ်။ ”
“ အမှန်ပဲ ... ၊ အခုတောင် သူက ကြယ်နှစ်ပွင့် အထွတ် အထိပ်ကို ရောက်နေပြီ၊ ဒါကြောင့် လင်းယွန်ထံ မပေးချင် တာပေါ့။ ”
“ လင်းယွန် ဘယ်လောက် ရလာမလဲ သိချင် လာပြီ။ ”
“ သာလွန် ပင်မ နတ်ဘုရား အထွတ် အထိပ်လို့ ထင်တယ်၊ ဒါက တော်တော် အကျိုး ရှိနေပြီ၊ လွန်ခဲ့တဲ့ သုံးရက် ကမှ သာလွန် အဆင့်ကို သူ ရောက်လာတာ။ ”
“ နှစ်ခြင်းခံ ရုံနဲ့၊ နှစ်ဝက်လောက် ကျင့်ကြံမှုကို ရရှိ စေတယ်၊ ဒါပေမယ့် ... သူ ချန်လင်းလောက် ခံနိုင်မှာ မဟုတ်ဘူး။ ”
ပတ်ဝန်းကျင်ရှိ စကား သံများကြောင့် မုချွမ်က ပြုံးပြီး၊ ဖုန်လွမ်အား လှည့်မေးသည်။
“ သူ ဘယ်လောက် ကြာကြာ နေနိုင်မယ် ထင်လဲ။ ”
“ သာလွန် ပင်မ နတ်ဘုရား နယ်ပယ်နဲ့၊ သူက သူတော်စင် ရောင်ဝါ (၁၈) ကြိုး သန့်စင် ထားတယ်၊ ဒါကြောင့် သူ့ နည်းစနစ်က သာမန် မဟုတ်ဘူး၊ ရုပ်ခန္ဓာ ကလည်း သန်မာတယ်၊ ခုနစ်ရက် အနည်း ဆုံးပဲ အစ်ကိုမု။ ”
ဖုန်လွမ်က အနည်းငယ် စဉ်းစား ပြီးနောက် ပြန်ဖြေသည်။ သူတော်စင် ရေကန်၌ နှစ်ခြင်းခံ ယူရန်မှာ မလွယ် ကူချေ။
ရှေးဦးစွာ ကျင့်ကြံမှုတွင်၊ ကန်သန့်ချက် အဖြစ် အတား အဆီးများ ရှှိ၏။ ထို့ပြင် ရေကန် အောက်ရှိ၊ စွမ်းအင် စီးကြောင်းမှာ၊ ရုပ်ခန္ဓာကို တိုက်စား နိုင်သည်။
အချိန် အကြာကြီး နေခြင်းဖြင့်၊ အသက် ဆုံးရှုံး သွားနိုင်၏။
“ မင်းတောင် ငါးရက်ပဲ နေနိုင်တယ် မဟုတ်လား၊ ဘာလို့ သူ့အပေါ် ဒီလောက် အထိ၊ အကဲဖြတ် ပေးရ တာလဲ၊ ...
... ဘာပဲ ဖြစ်ဖြစ်၊ မင်း အကဲ ဖြတ်တာက လိုသေးတယ်၊ သူ အနည်းဆုံး ဆယ်ရက် အထိ နေနိုင် လိမ့်မယ်။ ”
မုချွမ်က ပြုံးလျက် ပြန်ပြော လိုက်သည်။ ထိုသုံးသပ် ချက်က ဖုန်လွမ်အား ထိတ်လန့်သွား စေ၏။
ဓားဂိုဏ်း၏ အမြင့်ဆုံး စံချိန်မှာ၊ (၁၈)ရက် ဖြစ်ပြီး၊ ကျန်ကျင်းရှန်မှ နောက်ဆုံး တင်ထား ခဲ့ခြင်း ဖြစ်သည်။
ကောင်းကင် အဆင့် (၁) ဖြစ်သော ကူရို့ချမ်း သည်ပင်၊ ၎င်းကို မပြီးမြောက် ခဲ့ချေ။ ထို့ကြောင့် လင်းယွန်သည် ကူရို့ချမ်းထက် အလား အလာ ပိုရှိ သည်ဟု အဓိပ္ပါယ် ရသည်။
“ လင်းယွန် ကျေးဇူး တင်ပါတယ် ... ၊ ပြီးတော့ ငါ့ စကားတွေ အတွက်၊ တောင်းပန်ပါတယ်။ ”
ချန်လင်းက လင်းယွန်အား အလေး အနက် တောင်းပန် မိ၏။ တစ်ဖက် လူကို မောင်းထုတ် ချင်ခဲ့ သည်ကို၊ သတိရကာ၊ စိတ် မလုံချေ။
“ ဘာလို့ ကျေးဇူးတင် တာလဲ ... ၊ ကျွန်တော်က သဘော ကောင်းပါတယ်၊ ညီ အစ်ကို ချန်က စော်ကား ခဲ့တာမှ မဟုတ်တာ။ ”
လင်းယွန်မှ ပြုံးပြီး ဆက်ပြောသည်။
“ ပြီးတော့ ... ၊ စတုတ္ထ နက္ခတ်ကို ထုတ်သုံးရတဲ့ အထိ၊ ဖိအား ပေးနိုင်တဲ့ အတွက်၊ နှစ်ခြင်း ခံဖို့ အရည် အချင်း ပြည့်မီ ပါတယ်၊ ကျွန်တော်တို့ နှစ်ယောက်လုံးက၊ အရိယာ တောင်ထိပ် ကပဲ။ ”
ရိုးရှင်းသော အဖြေကြောင့်၊ ချန်လင်းမှာ ခေါင်းညိတ် လိုက်သည်။ လင်းယွန် ပြောသည့် အပေါ် လက်ခံ၏။
နောင်တွင် အခြား သူများ မည်သို့ပင် ပြောဆို နေကြ ပါစေ၊ လင်းယွန်မှာ သဘော ထား ပြည့်ဝသူ ဖြစ်ကြောင်း၊ အခိုင်အမာ ရပ်တည် ရပေမည်။
“ သွား ရ အောင် ... ၊ ဘယ်သူ ကြာကြာ ပိုနေ နိုင်မလဲ၊ ကြည့်မယ်။ ”
လင်းယွန်က ရေကန်ထဲ ငုပ်လျှိုး လိုက်တော့သည်။ ချန်လင်းက နောက်မှ အမြန် ဆင်းလိုက် သွား၏။
“ ပလုံ ... ။ ”
ရေကန် ထဲ၌ အကန့် အသတ် မရှိသော ကြယ်စွမ်းအင်ကို ခံစား နိုင်သည်။ နေရာ တိုင်းမှ ဖိအားများ ဝင်လာကာ၊ လင်းယွန်၏ ခန္ဓာကိုယ် အပေါ်၊ ပိတ်ဆို့ တော့၏။
ရုတ်တရက် နဂါး- ဖီးနစ် ကမ္ဘာ့ ဖျက် ဓားကျမ်း အသက်ဝင် လာကာ၊ ကြယ် စွမ်းအင် များကို၊ လောဘ တကြီး ဝါးမြို လေသည်။
“ ဘယ်လိုတောင် သက်တောင့် သက်သာ ရှိလိုက်လဲ ... ။ ”
အံ့သြမှုမှာ အတိုင်း အဆ မဲ့၏။ ကျင့်ကြံမှု လျင်မြန်စွာ ကြီးထွား လာသည်ကို ခံစားလိုက် ရသည်။ မကြုံ စဖူးသော ခံစားချက် တစ်ရပ် ပေပင်။
နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို ကျင့်ကြံရန်၊ အရင်း အမြစ်များ များစွာ လိုအပ် ချေသည်။
အထူး သဖြင့် ဒုတိယ အဆင့် ဖြစ်သော နဂါး-ဖီးနစ် ကမ္ဘာဖျက် ဆေးအိုးသည်၊ အကန့် အသတ် မရောက် သဖြင့်၊ ပြဿနာ တစ်ရပ် ဖြစ် ခဲ့သည်။ ယင်းက ပုံမှန်ထက် ဆယ်ဆ အထိ လိုအပ် လာစေ၏။
“ နည်းနည်း လောက် ထပ်ဆင်း ကြည့်သင့်လား။ ”
ရေကန် အောက်ခြေကို ငုံ့ကြည့်ကာ အတွေးပွား နေမိသည်။ ထိုနေရာ၌ ရွှေရောင် အလွှာ တစ်ခုကို တွေ့နေ ရသည်။
၎င်းတွင် ပါရှိသော ကြယ်စွမ်းအင်သည် စိတ်ကူး မယဉ်နိုင်သော သိပ်သည်းဆ အထိ၊ ရောက်ရှိ နေကြောင်း ရိပ်စား မိ၏။
အတွေး တစ်ချက် နှင့်အတူ၊ မြှားတစ်စင်း ကဲ့သို့ ထိုးဆင်း ပစ်လိုက်သည်။
“ ဘယ် ရောက် သွား လဲ။ ”
လင်းယွန် ပျောက်သွား သဖြင့်၊ ချန်လင်းမှ အံ့သြ သွားသည်။ မျက်စိ တစ်မှိတ် အတွင်း ရှာ မတွေ့ တော့ချေ။
ရေကန် အောက်ခြေတွင် ကြယ် ရေစီးကြောင်း တစ်ခုရှိ နေကြောင်း၊ သတိ မပေး လိုက်ရချေ။ အန္တရာယ် များပြီး သတိ မပြုမိ ပါက၊ ဒဏ်ရာ ရရှိ နိုင်မည်။
“ ဒီကောင် ထက်မြက် ပါတယ်၊ ဒါကို သတိထား မိမှာပါ။ ”
ချန်လင်းက စိတ်မပူ တော့ဘဲ၊ ပတ်ဝန်း ကျင်ရှိ သူတော်စင် ကြယ်စွမ်းအင်ကို စုပ်ယူရန် အာရုံစိုက် လိုက်သည်။ ရှားပါးသော အခွင့် အရေး ဖြစ်၏။
မီတာ သုံးထောင် အနက်သို့ ရောက်သော အခါ၊ တစ်စုံ တစ်ခု မူမမှန် သည်ကို လင်းယွန် သတိပြု မိသည်။
ပတ်ဝန်းကျင် အပူချိန် သိသိ သာသာ ကျဆင်း သွား၏။ အနည်းငယ် လှုပ်ခတ်နေ သော၊ ရေလှိုင်း များလည်း ရှိလာသည်။
ယင်းက နဂါး တစ်ကောင် အလား၊ အရာ ရာကို တိုက်စား နိုင်မည်ဟု ခံစားမိ သဖြင့်၊ နဂါး ရူရ် (၃၈၀၀) ကို ဆင့်ခေါ် လိုက်မိ၏။
ရေလှိုင်း များက သူ့ အပေါ် ဖြတ်သန်း သွားသော အခါတွင်၊ ခေါင်းလောင်း သံကဲ့သို့ မြည်ဟည်း လာသည်။
မီတာ (၈၀၀၀) အနက်သို့ ရောက်သော ချိန်၌၊ ထူးခြားသည့် ရေစီး ကြောင်းအား မြင် လိုက် ရသည်။
၎င်းအတွင်း မမြင် နိုင်သော စွမ်းအားများ ပါရှိကာ၊ သူတော်စင် ရောင်ဝါများ ဖြာထွက်နေ ခဲ့သည်။
“ ဝုန်း ... ။ ”
ရေလှိုင်း အချို့ အချင်းချင်း ရိုက်ခတ် သဖြင့်၊ နားစည်ထံ တုန်ခါလှိုင်းများ အဆက် မပြတ် ဝင် ရောက် လာသည်။
ဖိအားသည် ပြင်းထန် လှသဖြင့်၊ သွေး လည်ပတ်မှုနှင့် နှလုံးခုန် နှုန်းကို နှေးကွေးသွား စေသည်။
အချိန် မရွေး ဒွါရ ခုနစ်ပါးမှ သွေးများ ယိုစီးလျက်၊ ဒဏ်ရာ ရရှိ နိုင်သော အခြေ အနေ ဖြစ်၏။
“ နှမျော စရာ ကောင်းလိုက်တာ ... ။ ”
အဆုံးတွင် လက်လျှော့ရန် ရွေးချယ် လိုက်သည်။ သူ့ခန္ဓာ ကိုယ်၏ လက်ရှိ ကြံ့ခိုင်မှု အရ၊ ရေကန် အောက်ခြေ အထိ၊ ဆင်းသက် မိသော်၊ အသက် ဆုံးရှုံး နိုင်သည်။
( လင်းယွန် ... ၊ နဂါးလေးကို လွှတ်ပေးလိုက်၊ ဒီနေရာ အရမ်း ကောင်းတယ်၊ နဂါး သွေးလွှတ်ကြော နယ်ပယ်ကို သူ ဖြတ်ကျော် နိုင်လိမ့်မယ်။ )
ခရမ်းငယ်မှ ပြောသည်။
( မင်းရော ထွက်လာလေ။ )
( ငါ့ကို တွေ့သွားရင် မကောင်းဘူး။ )
( ဒါဆို ... ဘယ်သူ့မှ မတွေ့အောင် ... လုပ်ပေါ့၊ မင်းက ကောင်းကင်ဘုံ တရား စီရင် ရေး ဧကရီပဲ၊ ဓားဂိုဏ်း ဆီက အကြွေး ယူထား တယ်လို့ သဘောထား၊ နောင် တစ်ချိန်မှာ ကျေးဇူးပြန် ဆပ်ဖို့ပဲ လိုတယ်။ )
( အဟဲ ... ၊ ငါလည်း ဒီလို စဉ်းစား ထားပါတယ်။ )
ခရမ်းငယ်က နဂါးလေး နှင့်အတူ၊ ဓားသေတ္တာ ထဲမှ ထွက်လာသည်။ နဂါးလေးက အပြင် ရောက် သည်နှင့်၊ ဝါးမျိုခြင်း ရူရ်ကို ဖွင့် လိုက်၏။
“ ဝူး ... ။ ”
မီတာ (၈၀၀၀) အတွင်းရှိ၊ ကြယ်စွမ်းအင် များမှာ ရေစုပ်ဝဲ အလား၊ နဂါး လေးထံ စီးဝင် လာ တော့သည်။ ယင်းက လင်းယွန်ကို ချက်ချင်းပင် မနာလို ဖြစ်လာ စေ၏။
“ ဒီဧကရီလည်း စတော့မယ်။”
ခရမ်းငယ်က မျက်လုံးများ မှိတ်လျက် ထိုင်ချ လိုက်သည်။ သူမ ဆံပင်များ ချက်ချင်း ငွေရောင် ပြောင်း သွား၏။ နဂါး လေးထက် ပိုကြီးသော ရေဝဲ တစ်ခု ပေါ်လာ တော့သည်။
“ အာ ... ။ ”
ဤအရာက လင်းယွန်ကို အနည်းငယ် တုန်လှုပ်သွား စေသည်။ ၎င်းတို့ နှစ်ယောက်ကို စုပ်ယူခွင့် ပြုခြင်းသည် အစ်ကို မုချွမ်မှ၊ သူ့အား သတ်ပစ်ခြင်း ရှိ-မရှိ မသေချာ တော့ချေ။
သူတို့ သုံးယောက် ပေါင်းခြင်းဖြင့်၊ အနည်းဆုံး ရာစုနှစ် တစ်ခုစာ ကုန်ဆုံးသွား ပေလိမ့်မည်။
ဤအတော အတွင်း ခရမ်းငယ်မှာ၊ ပို၍ လှပလာပြီး၊ အနည်းငယ် အရပ် ရှည်လာသည်။ ဖီးနစ် သစ်ပင် ရှင်သန် လာပြီးနောက်၊ မကြာ ခဏ ဆိုသလို၊ ငိုက်မျဉ်း နေတတ် ပြန်၏။
အတွေးများ ဖြတ်ကာ၊ ကျင့်ကြံရန် ပြင်လိုက်သည်။ ရောင်ဝါ သမုဒ္ဒရာ အတွင်းမှ လှိုင်းများ ကြွတက် လာပြီး၊ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဆေးအိုးကြီး ပေါ်လာ၏။
“ ဝူး ... ။ ”
၎င်းထွက် လာ သည်နှင့်၊ ခရမ်းငယ်ထက် ပို၍ ကြီးမားသော ရေစုပ်ဝဲ တစ်ခု၊ သူ့ အနား၌ ဖြစ်ပေါ် လာသည်။
ယင်းကြောင့် နဂါးလေးနှင့် ခရမ်းငယ်မှာ မျက်လုံး ဖွင့်ကြည့် လိုက်မိသည်။
“ ဒီမိစ္ဆာကောင် ... ။ ”
ငွေရောင် ဆံပင်များ လွင့်မျော့ လာပြီး၊ ခရမ်းငယ်မှ မနာလိုစွာ ကျိန်ဆဲ တော့သည်။
ထိုအချိန်တွင် မုချွမ်နှင့် အကြီး အကဲ အချို့မှာ၊ လင်းယွန်ကို ရရှိ ခြင်းသည်၊ အရိယာ တောင်ထိပ် အတွက်၊ ကောင်းချီး တစ်ရပ် ဖြစ်ကြောင်း၊ ယူဆ နေကြဆဲ ဖြစ်ချေ၏။
***