ဓားဂိုဏ်း တစ်ခုလုံး တုန်လှုပ် သွားခြင်း။
Vol. 103 Ch. 1440
သူတော်စင် ရေကန် မီတာ ရှစ်ထောင် နက်သော၊ အရပ်၌ ရွှေရောင် ရေစုပ်ဝဲ များဖြင့် သိုင်းခြုံ ရစ်ပတ် ထားသော ပုံရိပ် သုံးရိပ် ရှိနေသည်။
ဤပုံစံဖြင့် သုံးရက်ရှိ နေပြီ ဖြစ်သည်။ အချိန်ကြာ လာသည်နှင့် အမျှ၊ ပတ်ဝန်း ကျင်ရှိ ရေဖိအားမှာ၊ တဖြည်းဖြည်း တိုးလာ၏။
သူ့ အပေါ် လက်ဖြင့် ဖိထား သကဲ့သို့ ခံစားရ၏။ နဂါးလေးနှင့် ခရမ်းငယ်မှာ သားရဲ ဖြစ်သဖြင့်၊ သူ့ထက် ပို ခံနိုင်ရည် ရှိသည်။
ရေကန် ထဲမှ ငါးများ အလား ပေပင်။ သို့သော် ယင်းက ယာယီ ဖြစ်သည်။ ဖိအား များသည် အချိန် နှင့်အမျှ တိုးလာ ခဲ့၏။
ရေဖိအားမှာ ကြောက်မက်ဖွယ် ကောင်း သော်လည်း၊ အကျိုးကျေးဇူး မြင့်မား လေသည်။ အတွင်း အင်္ဂါများ ၊ ခြေ-လက်များ၊ အသားများ၊ အရိုး များနှင့်၊ နဂါး ရူရ်များကို သန့်စင် မိသည်။
သုံးရက် အတွင်း နဂါး ရူရ် (၄၀၀၀) ကျော်သွား ချေ၏။ ဆက်နေပါက (၅၀၀၀) အထိ၊ တိုးလာ နိုင်သည်။
နဂါး-ဖီးနစ် ဆေးအိုးမှာ၊ အထူး ခြားဆုံး ဖြစ်၏။ အကန့် အသတ်မဲ့ သူတော်စင် ကြယ် စွမ်းအင် များကို စုပ်ယူ နေစဉ်၊ အိုး မျက်နှာပြင် ပေါ်ရှိ၊ ရွှေရောင် ကျမ်းစာများ၊ အသက်ဝင် လာတော့သည်။
၎င်းကျမ်းစာများ အသက်ဝင် လာချိန်၌၊ အလေးချိန်မှာ ပို၍ တိုးလာ သည်ကို သူလည်း ခံစား နိုင်သည်။ ထို့ကြောင့် အဖျက် စွမ်းအားမှာ၊ ပို၍ ကြောက်စရာ ကောင်းလာ သည်။
လက်ရှိ အဆင့်ထက် ကျော်လွန်သော်၊ သူ ထိန်းချုပ် နိုင်တော့မည် မဟုတ်မှန်း နားလည် လာမိသည်။
ထို့ကြောင့် သူသည် မဆင်မခြင် မလုပ် ဝံချေ။ ဖြည်းဖြည်းချင်း ထိန်းချုပ် မြှင့်တင် ရန်သာ ဆုံးဖြတ် မိသည်။
ထိုကျမ်းစာ များသည် ကြီးမားသော နောက်ခံရှိ နေသည်ဟု ခံစားရ သော်လည်း၊ ၎င်း အပေါ် လက်ရှိ ခွန်အားဖြင့်၊ နား မလည်နိုင် ဖြစ် နေသည်။
“ ဝှစ် ... ။ ”
မျက်စိ တစ်မှိတ် အတွင်း၊ (၅) ရက် ကုန်လွန်သွား ပြန်၏။ ရေကန် အတွင်းမှ ဓား ရောင်ခြည် တစ်စင်း ပျံတက် လာကာ၊ ပုံရိပ် တစ်ရိပ် ထွက်ပေါ် လာသည်။
ဤနေရာသည် ကျင့်ကြံရန် အကောင်းဆုံး နေရာ ဖြစ်သဖြင့်၊ (၅) ရက်ကြာ သည့်တိုင်၊ တပည့်များ ရှိနေဆဲ ဖြစ်သည်။
ထို့ကြောင့် လူတိုင်းက တရား ထိုင်ခြင်းအား ရပ်နားလျက်၊ အဆိုပါ လူရိပ်ထံ မော့ကြည့်လိုက် ကြသည်။
“ ဘယ်သူ ထွက်လာ တာလဲ ... ။ ”
“ လင်းယွန်ပဲ ဖြစ်ရမယ်။ ”
“ မဟုတ်ဘူး သေချာကြည့်။ ”
ကြယ် သုံးပွင့် ကောင်းကင် အဆင့်၊ ပင်မ နတ်ဘုရား ရောင်ဝါ ပွင့်လာ သဖြင့်၊ ချန်လင်း ဖြစ်မှန်း၊ သိသွား ကြသည်။
“ ငါးရက် အတွင်း ကြယ် သုံးပွင့်လား၊ တကယ့်ကို အထင် ကြီးစရာ ပါပဲ၊ ဒါက မြေကြီး အဆင့်ရဲ့ ထိပ်ဆုံး ဆယ်ဦး အဆင့်ကို ဝင်နိုင် လုနီးပြီ။ ”
လူတိုင်းက မနာလိုသော မျက်ဝန်း များနှင့်၊ ပြန်ကြည့် လာသည်။ လွန်ခဲ့သည့် (၅) ရက်တွင် ကြယ် နှစ်ပွင့်၌ ပိတ်မိ နေသူ ဖြစ်သည်။ များ မကြာခင် ကြယ်လေးပွင့် ရရှိ နိုင်ပေမည်။
ယင်းက နဂါး သွေးလွှတ်ကြော နယ်ပယ် ရောက်သော်၊ ပိုချောမွေ့ လာမည်ဟု အဓိပ္ပါယ် ရသည်။
အသက် သုံးဆယ့် ငါးနှစ် မတိုင်ခင်၊ ဒုတိယ သွေးလွှတ်ကြော အထိ ရောက်ရန် အခွင့် အရေး ရှိချေ၏။
“ တပည့် ချန်လင်းက တောင်ထိပ် သခင်နဲ့၊ စီနီယာ အစ်ကို ဖုန်ကို နှုတ်ဆက် ပါတယ်။ ”
စိတ်လှုပ်ရှား နေသော အရိယာ တောင်ထိပ် သခင် မုချွန်အား၊ ချန်လင်းမှ ဦးညွှတ် နှုတ်ဆက် လိုက်သည်။
“ မင်းက ဒီနေ့ ကစပြီး၊ အရိယာ တောင်ထိပ်ရဲ့ တိုက်ရိုက် တပည့် တရားဝင် ဖြစ်သွားပြီ၊ ကြိုက်ရာ တစ္ဆေ ဝိညာဉ် ပညာ ရပ်ကို ရွေးချယ် နိုင်တယ်။ ”
“ ဟုတ်ကဲ့ ... ၊ ကျွန်တော် ဂျူနီယာ လင်းကို စောင့်ပြီး၊ သူနဲ့ အတူတူ သွားချင် ပါတယ်။ ”
“ ကောင်းပြီ၊ သူ ... ထွက်လာ တော့မှာပါ။ ”
“ ဒါပေမယ့် ... ။ ”
“ ဘာလဲ ... ။ ”
“ ကျွန်တော် ... ၊ ဂျူနီယာ လင်းကို ရေကန်ထဲမှာ မတွေ့လို့၊ မီတာ ငါးထောင် အထိ ဆင်းပြီး ရှာခဲ့တယ်၊ ရှာလို့ မတွေ့ဘူး၊ ...
... ဒါနဲ့ပဲ ပြန်တက်ခါ နီးမှာ၊ ရေစီး ကြောင်းထဲ ငုပ်ဆင်း နေတဲ့၊ ပုံရိပ် တစ်ရိပ်ကို ဖျတ်ခနဲ မြင်လိုက် ရတယ်။ ”
ချန်လင်း စကားကြောင့် လူအုပ်မှာ၊ ရုတ်ရုတ် သဲသဲ ဖြစ်သွားသည်။ ပထမ သွေးလွှတ် ကြောရှိ တပည့် များပင် ထိုရေစီး ကြောင်းအား ခံနိုင်ရည် မရှိချေ။
“ ဒါ သေချာလား။ ”
မုချွမ်မှ စိုးရိမ် တကြီး မေးလာသည်။
“ သိပ်တော့ မသေချာဘူး၊ မီတာ ငါးထောင်က ကျွန်တော့်ရဲ့ ကန့်သတ်ချက် ဖြစ် နေတော့၊ ဘာကိုမှ ရှင်းရှင်း လင်းလင်း မမြင် ရဘူး။ ”
ကြီးမားသော ရွှေရောင် ရေစုပ်ဝဲ ကြီးနှင့် အတူ၊ ရေစီးကြောင်းထဲ ဆင်းသွား သည်ကို မြင် သည်မှာ၊ အမှန် ဖြစ်သော်လည်း၊ မပြော ဝံချေ။
ရေကန် အောက်ခြေတွင်၊ သူတော်စင် ကြယ်စွမ်းအင်ကို နှစ်ပေါင်း များစွာ သိပ်သည်း ထားခြင်းဖြင့်၊ အရည် မှသည် အမှုန် အဖြစ်သို့ ပြောင်းလဲ နေခဲ့သည်။
သည့်အပြင် လင်းယွန် အနား၌၊ အခြားသော ပုံရိပ် နှစ်ရိပ် ရှိနေ သေးသည်။ ရွှေမှုန် များအဖြစ် အသွင် ပြောင်းစေရန်၊ အနှစ် တစ်ရာကျော် စုစည်း ရသည်။
အစွမ်း အစ ရှိသ၍ လွတ်လွတ် လပ်လပ် စုပ်ယူနိုင် သည်ဟု တောင်ထိပ် သခင်မှ ပြောခဲ့ သော်လည်း ထိုရွှေမှုန်များ ပါ-မပါ မသိချေ။ ယင်းကြောင့် ချန်ပြော လိုက်ခြင်း ဖြစ်သည်။
“ ဟား ဟား ဟား ... ၊ တကယ် ပဲကိုး။ ”
မုချွမ်မှာ အနည်းငယ် ထိတ်လန့် သွားရာမှ ပျော်ရွှင်စွာ ရယ်မော လိုက်သည်။
“ ရေစီး ကြောင်းက အန္တရာယ် ရှိပေမယ့်၊ အကျိုး ကျေးဇူး တေွက စိတ်ကူး မယဉ် နိုင်ဘူး၊ ဒီတစ်ခါတော့ ငါတို့ အရိယာ တောင်ထိပ်က ရတနာ တစ်ပါးကို ကောက်ရ လိုက်တာ။ ”
ချန်လင်းမှ ပြုံးပြီး စကား တစ်ခွန်းမျှ မပြောတော့ချေ။ လင်းယွန်၏ ကျေးဇူးကြောင့် နှစ်ခြင်း ခံရခြင်း ဖြစ်သည်။ သဘာဝ အတိုင်း နစ်နာအောင် လုပ်မည် မဟုတ်ချေ။
ဤနေရာတွင် မုချွမ် ကိုယ်တိုင် ရှိနေရာ၊ လက်မခံ နိုင်သော အခြေ အနေမျိုး ဖြစ်လာ ခဲ့ သော်၊ ချက်ချင်း ပြန်ဆွဲထုတ် ပေလိမ့်မည်။
“ မင်း ... အနား ယူလိုက်တော့၊ သူ ထွက်လာတဲ့ အခါ၊ ကိုယ်ခံ ပညာ ခန်းမကို အတူတူ သွားလို့ ရတယ်။ ”
မုချွမ်က ပြုံးလျက် လက်ကို ဝှေ့ယမ်း ပြလာသည်။
“ တောင်ထိပ် သခင်၊ ဒါက စိတ်ပူ စရာ မဟုတ် ဖူးလား။ ”
ဖုန်လွမ်က အံ့သြသော လေသံနှင့် မေးသည်။
“ မဟုတ်ဘူး ... ၊ ငါးရက် အကြာမှ ရေစီး ကြောင်းထဲ ဝင်းသွားတယ် ဆိုတာ ... ဘာလဲ မင်း သိလား၊ သူ့မှာ နည်းလမ်း တစ်ခု ရလာ လို့ပဲ၊ သူကိုယ့်သူ ...
... သေကြောင်း ကြံစည်တဲ့ နည်းလမ်း မျိုးတော့ မဟုတ်ဘူး၊ မင်း ... စောင့်ကြည့်လိုက်၊ ဓားဂိုဏ်း တစ်ဂိုဏ်း လုံးကို၊ သူ ကိုင်လှုပ် လိမ့်မယ်။ ”
မုချွမ်က ပြုံးကာ ဖြေသည်။ မြူခိုးများ ဖုံးလွှမ်း နေသော ရေကန်ထံ ငေးကြည့်လျက်၊ ဖုန်လွမ် တစ်ယောက် တိတ်ဆိတ် သွား တော့သည်။
ရေစီးကြောင်း အတွင်းမှ လွတ်မြောက် ခဲ့သော်၊ အကျိုး ကျေးဇူး များစွာ ရရှိ မည်ကို သိသောကြောင့်၊ လူတိုင်း စိတ်လှုပ်ရှား လာ ကုန်သည်။
နေ့တိုင်း လိုလို ထွက်ခွာ လာမည့် လင်းယွန်ကို စောင့်ကြည့်ရန်၊ လူများ တိုးပွား လာ၏။ မျက်စိ တစ်မှိတ် အတွင်း လဝက် ကုန်လွန် သွားသည်။
ကြက်သွေးရောင် တောင်ထိပ်၊ ရွှေရောင် တောင်ထိပ်၊ အပြာရောင် တောင်ထိပ်နှင့်၊ မရဏ တောင်ထိပ်၏ တပည့် များပင်၊ နေမထိ ထိုင်မသာ ဖြစ်လာ ကြ၏။
လဝက် ကုန်လွန်ပြီး နောက်တွင် အရိပ် အယောင်မှ မပြ သဖြင့်၊ ထိုလူ သေဆုံး သွားပြီ ဟုပင်၊ ထင်မှား လာကြသည်။
သို့သော် မုချွမ်၏ မျက်နှာရိပ် မျက်နှာကဲ အား ကြည့်ကာ၊ မည်သူမျှ ထုတ်ဖော် မပြော ဝံ့ချေ။
ဤသို့ဖြင့် နောက်ထပ် (၁၀) ရက် ကုန်လွန် သွားသည်။ (၂၅)ရက် ကြာမြင့် နေပြီ ဖြစ်သဖြင့် မုချွမ်ပင်၊ အနည်းငယ် ပြောင်းလဲ လာသည်။
လင်းယွန် တစ်ယောက် အန္တရာယ် ကင်းကင်းနှင့် အသက်ရှင် နေမှန်း၊ သူ ခံစား နိုင်၏။
(၂၇)ရက် မြောက် နေ့တွင်၊ မြေကြီး အဆင့်မှ ထိပ်ဆုံး (၁၀)ဦး ရောက်ရှိ လာသည်။ ပြီးနောက် အခြားသော တောင်ထိပ် သခင်များ ရောက်ရှိ လာပြန်၏။
(၁၉) မြောက် နေ့ရောက် ချိန်၌၊ နေ ရောင်ခြည်များ ကဲ့သို့၊ အကန့် အသတ် မရှိသော ဓားရောင်ဝါများ၊ ကောင်းကင် အပြည့် လင်းလာ ကာ၊ မီးခိုးရောင် ဝတ် အဘိုးအို တစ်ဦး၊ ထပ်မံ ရောက်ရှိ လာသည်။
“ ဂိုဏ်းချုပ် မဂ်လာပါ။ ”
ယင်းမှာ ဓားဂိုဏ်း၏ ဂိုဏ်းချုပ် သခင် မူရွှမ်ကောင် ဖြစ်သည်။ တပည့် အပေါင်း တို့က ချက်ချင်း အရို အသေ ပေးလိုက် ကြ၏။
မူရွှမ်ကောင်က မုချွမ် အနားသို့ တိုးကပ် သွားပြီး၊
“ ဘာဖြစ် နေတာလဲ။ ”
-ဟု မေးသည်။
“ လင်းယွန်က ဒီကန်ထဲမှာ၊ အသက်ရှင် နေသေး တာကို ကျွန်တော် သိတယ်၊ ဒါပေမယ့် နားမလည် နိုင်တော့ဘူး။ ”
မုချွမ်က အနည်းငယ် အပြစ် ရှိကြောင်း ၀န်ခံလိုက်သည်။ လေးနက် လာသော ဂိုဏ်းချုပ် အသွင့်ကြောင့်၊ အနည်းငယ် တုန်လှုပ် သွား၏။
“ ဒါဆို ... တစ်လ နီးပါးတောင် ရှိနေပြီ မဟုတ်လား၊ သူ ဘယ်လောက် ကြာကြာ ထပ် နေဦး မှာလဲ။ ”
မူရွှမ်ကောင်က ညည်းညူလျက် ငြိမ်သက် သွားသည်။ ရေတံခွန်များ ဆုံမှတ် ရေကန်ကြီး ထံ ငုံ့ကြည့်ပြီး၊ မျက်မှောင်ကြုတ် မိ၏။
“ ဒီကောင်လေး ... ၊ ကြယ်မှုန် တေွကို ရှာတွေ့ သွားတာ များလား။ ”
ထိုယူဆ ချက်ကြောင့်၊ တောင်ထိပ် သခင်များ အားလုံး မျက်နှာ ပြောင်းလဲ သွား တော့၏။ မုချွမ်က၊
“ ဒီလိုတော့ မဟုတ်လောက် ပါဘူး၊ သူ သတိထား မိရင်တောင်၊ ဘယ်လောက်မှ ယူနိုင် မှာ မဟုတ်ဘူး၊ ရေစီး ကြောင်းထဲ ကနေ မထွက် နိုင်တာများ ဖြစ်နေ မလား။ ”
-ဟု ငြင်းဆို လိုက်သည်။
“ ဒါက ... မင်းရဲ့ အရိယာ တောင်ထိပ် ကိစ္စပဲ၊ မင်း သည်းခံ နိုင် သရေွ့၊ ငါ ဝင်ပြောမှာ မဟုတ် ပါဘူး။ ”
မူရွှမ်ကောင်မှ အံ့ဩသော အသွင်ဖြင့်၊ မုချွမ်အား လှည့်ကြည့်ကာ၊ စိတ်မဝင် စားတော့ သလို ပြန်ပြောသည်။
ထိုစကားကြောင့် မုချွမ် ခမျာ မျက်နှာ မည်းမှောင် သွား၏။ အခြားသော တောင်ထိပ် သခင် များပင်၊ ရယ်မော လိုသော အကြည့်ဖြင့်၊ ကြည့်လာ တော့သည်။
သူတော်စင် ကြယ်မှုန် ဟူသည် နှစ်ပေါင်း ထောင်နှင့်ချီ၊ စုစည်း ခြင်းဖြင့်သာ ရရှိ နိုင်သည်။ တပည့် အချို့သည် ၎င်းတို့အား သန့်စင်ကြ သော်လည်း၊ ကန့်သတ်ချက် ရှိသည်။
အများအပြား စုပ်ယူ နိုင်ကြခြင်း မရှိဘဲ၊ သည်မျှ ရက်ကြာကြာ နေနိုင် ခြင်းလည်း မရှိ ကြချေ။
လင်းယွန် မှာမူ တစ်လ ကုန်လွန်လာ သည့်တိုင်၊ ထွက်ခွာမည့် အရိပ် အယောင်မျှ မပြ သဖြင့်၊ နှမျော ဒေါသများ ဖြစ်လာ တော့သည်။
***