ကြယ် တစ်ပွင့်။
Vol. 103 Ch. 1441
“ မမ ... ၊ အရေး ကြီးတယ် ... ၊ အရေး ကြီးတယ် ... ။ ”
မူချင်းချင်းက အဆက် မပြတ် အော်ဟစ်လျက်၊ နန်းတော် အတွင်း ပြေးဝင်လာ သဖြင့်၊ မူရွယ်ချင်း ခမျာ မျက်လုံး ဖွင့်လိုက် ရသည်။
“ ဘာဖြစ်လာ တာလဲ ... ကိုယ့်ကိုယ်ကို မိန်းကလေး ဆိုတာ သတိ ရပါဦး၊ ဣန္ဒြေကို မရဘူး။ ”
သူမ၏ အော်ငေါက် သတိပေး ခြင်းကို ဂရုမစိုက် ဟန်ဖြင့် မူချင်းချင်းမှ လက်ကို ဆွဲကာ ကောင်းကင်ပေါ်၊ အတင်း ပျံတက် တော့သည်။
“ ဒီလောက် ... အရေးကြီး နေတဲ့ အချိန် မှာတောင်၊ မမ ... နင် ဘယ်လိုများ ကျင့်ကြံနိုင် ရတာလဲ၊ ငါသာ မပြောရင် ဘာမှတောင် သိလိုက်မှာ မဟုတ်ဘူး။ ”
ရုန်းကန် နေသော သူမ လက်ကို မလွှတ်ပေးဘဲ၊ မူချင်းချင်းမှ ပြုံးကာ အပြစ် တင် လာသည်။
သူတော်စင် ရေကန် ရင်ပြင်ကို ဖြတ်ပျံစဉ်၊ လူသူ ကင်းရှင်း နေသည်ကို၊ မူရွယ်ချင်းမှ သတိ ထားမိ လာသည်။
ဤရင်ပြင်၌ သင်းထောက်များ၊ လမ်းညွှန် ပေးသည့် အကြီးအကဲ များနှင့် တပည့် အပေါင်း တို့၊ စည်ကားရာ နေရာ ဖြစ်သည်။
“ ဘယ်သူမှ မရှိတော့ ပါလား၊ ဘာဖြစ် တာလဲ၊ ကောင်းကင်ယံ ဂိုဏ်းက လာတိုက် လို့လား၊ ဘာတွေ ဖြစ်ကုန် တာလဲ။ ”
“ ခစ် ခစ် ခစ် ... ၊ မမ ... နင်က အရမ်း ရယ်စရာ ကောင်းနေပြီ၊ တစ်ချိန်လုံး ကျင့်ကြံ မနေနဲ့၊ အပြင်လေး ဘာလေး ထွက်ဦး၊ ...
... ဘာ ကောင်းကင်ယံ ဂိုဏ်းမှ၊ လာ မတိုက်ဘူး၊ မမ ... စိတ်ဝင်စား နေတဲ့ အဲဒီ လူကြောင့်၊ ဒီလိုတွေ ဖြစ်ကုန်တာ။ ”
“ ဘယ်သူလဲ ပန်းသင်္ချိုင်း လား၊ သူက ဘာဖြစ် လို့လဲ တိုက်ရိုက် တပည့် ပေးအပ်လို့ မကျေနပ် ရင်တောင်၊ တိုက်ပွဲ တစ်ပွဲ တိုက်ရုံနဲ့ ပြီးမှာ မဟုတ်လား၊ ဒါက ငါတို့ တောင်ထိပ်က တပည့်တွေ သွားကြည့်ဖို လိုလို့လား။ ”
ညီအစ်မ နှစ်ယောက် ပျံသန်းလာလျက်မှ၊ စကားများ နေကြသည်။ စွမ်းအင် ခန်းမ၊ ကိုယ်ခံ ပညာ ခန်းမနှင့်၊ ကောင်းကင်ဓား ဘုံကျောင်း ကဲ့သို့သော၊ အထင် ကရ အဆောက် အအုံ အချို့မှ လွဲ၍၊ မည်သည့် နေရာ တွင်မှ လူရိပ် လူယောင် မရှိ တော့ချေ။
“ မဟုတ်သေး ပါဘူး ... ၊ သူတို့တွေ ဘယ်ရောက် ကုန်လဲ၊ ခွင့်မတင်ဘဲ ပျက်ကွက် ကြတာ ဘယ်လောက် အပြစ် ကြီးလဲ၊ ဒီကိစ္စ ဖေဖေ့နဲ့ ပြောရမယ်၊ စည်းကမ်းတွေ လျော့ရဲ လွန်းလာပြီး၊ ရန်သူက ဝင်တိုက် ရင်တောင် သိလိုက်မှာ မဟုတ်ဘူး။ ”
“ ခစ် ... ခစ် ... ခစ် ... ၊ မမ ဒါဆိုရင်တော့ ငါတို့ ဖေဖေ ကိုပါ၊ အရင် အရေးယူ ရမယ်။ ”
“ ဖေဖေ ...၊ ဖေဖေက ဘာဖြစ် လို့လဲ ... ၊ ချင်းအာ ... ဘာဖြစ် တာလဲ၊ မြန်မြန် ပြောပြ စမ်း။ ”
“ အဟဲ ... ၊ လုံးဝ ထိတ်လန့် စရာ ကိစ္စပဲ၊ မမရေ၊ သူ သူတော်စင် ရေကန်ထဲ ဝင်နေတာ (၁၉) ရက် နေပြီ၊ ဒါကြောင့် တောင်ထိပ် ခင် တေွ အပြင်၊ ငါတို့ ဖေဖေတောင် အဲဒီကို သွားကြည့် နေတယ်။ ”
“ မဖြစ် နိုင်တာ ... ။ ”
မူရွယ်ချင်း တစ်ယောက် မျက်လုံးပြူး သွားသည်။ ရေကန် အောက်ခြေတွင် လူတိုင်းကို သတ်ပစ် နိုင်သော ရေစီးကြောင်း ရှိသည်။
နဂါး သွေးလွှတ်ကြော နယ်ပယ်များ သာလျှင် ၎င်းကို ခုခံ နိုင်၏။
“ မမ ... နင့် တုန်းက ဘယ်လောက် ကြာခဲ့လဲ။ ”
မူချင်းချင်း မေးခွန်းကို ပြန်မဖြေဘဲ၊ စိုက်ကြည့် လိုက်၏။ သူမသည် (၉) ရက်သာ နေနိုင် ခဲ့သည်။ သို့သော် ၎င်းကပင် အထင်ကြီး လောက်သော အောင်မြင်မှု တစ်ရပ်၊ ဖြစ်ခဲ့ ဖူးသည်။
ကူရို့ချမ်း ပြီးနောက် သူမက ဒုတိယ အကြာဆုံး ဖြစ်၏။ ဓားဂိုဏ်း၏ ဒဏ္ဍာရီ ပုဂ္ဂိုလ် ကျန့်ကျင်းရှန်ပင်၊ (၁၈)သာ နေနိုင်သည်။
အရိယာ ကောင်းကင် တောင်ထိပ် ပေါ်၌ လူများဖြင့် ပြည့်နေ သော်လည်း နောက်ထပ် တပည့်များ တဖွဲ့ဖွဲ ရောက်ရှိ လာဆဲ ပေပင်။
“ လူတွေ အများ ကြီးပဲ ... ။ ”
မူရွယ်ချင်း မျက်နှာပျက် သွားသည်။ သူတော်စင် ရေကန်နှင့် အနီးဆုံး နေရာ၌ ရပ်နေသော သူမ အဖေ ကိုလည်း မြင်လိုက် ရ၏။
သူ့ဘေးရှိ တောင်ထိပ် သခင် မုချွမ်မှာ၊ တည်ငြိမ်မှုကို ထိန်းထား ဟန်ဖြင့်၊ လက်ချောင်း အချို့ အနည်းငယ် တုန်ယင် နေသည်။
အခြားသော တောင်ထိပ် သခင် များက ရယ်ချင်သော အသွင်ဖြင့်၊ ၎င်းအား ကြည့်နေ သည်။ သူတို့က မုချွမ်အား သနား နေ၏။
“ ဒီကနေပဲ ကြည့်ရအောင်။ ”
မူချင်းချင်းအား ဖမ်းဆွဲကာ ရပ်နား လိုက်သည်။ တိရစ္ဆာန် တစ်ကောင် ကဲ့သို့၊ ဝိုင်း ကြည့်ကြမည့် မျက်ဝန်း များကြောင့်၊ အနှောက် အယှက် ဖြစ်ချေသည်။
“ လင်းယွန်နဲ့ စီနီယာ ကျန့်ကျင်းရှန်က ဘာတော်လဲ။ ”
“ ဘာတော် ရမှာလဲ ... ၊ ဘာမှ မတော်ဘူး၊ ဒါပေမယ့် သူက တိမ်လွှာဓား ဂိုဏ်းမှာ နေဖူးလို့၊ နက်ရှိုင်းတဲ့ ပတ်သတ်မှု ရှိတယ်။ ”
“ စံချိန် အရ ဆိုရင်၊ လင်းယွန်က စီနီယာ ကျန့်ကျင်းရှန်ကို အပြတ် အသတ် ဖြတ်ကျော် သွားပြီ၊ ...
... ငါတို့ ဓားဂိုဏ်းမှာ နယ်ပယ် သုံးပါး ချန်ပီယံ တစ်ပါး ထပ်ပြီး၊ မွေးဖွား လာတော့မယ် ထင်တယ်။
ကျန့်ကျင်းရှန်သည် ဓားဂိုဏ်း၏ ဘီလူး တစ်ကောင် ဖြစ်ပြီး သူတော်စင် ဖြစ်လာ နိုင် သည်ကို၊ မည်သူမျှ သံသယ မရှိခဲ့ ကြပေ။
ဆရာ ဖြစ်သော သက်တံဓား သူတော်စင် ထက်ပင် ကျော်လွန်ကာ၊ ဓားဂိုဏ်းကို မြင့်မြတ် မြေ အဖြစ်၊ ပြန်လည် မြှင့်တင်ပေး နိုင်မည်ဟု၊ အများက မျှော်လင့် ခဲ့ ကြ၏။
သို့သော် ၎င်း၏ ဒေါသကြောင့် တိမ်လွှာ ဓားဂိုဏ်း၌ အကျဉ်းချ ခံနေ ရသည်။ (၁၈)နှစ် အကြာတွင်၊ ထိုသို့သော ပါရမီရှင် တစ်ဦးကို သက်တံ ဓား သူတော်စင်မှ ကောက်ယူခဲ့ ပြန်၏။
ထိုအသုံး အနှုန်းက၊ ဤအခြေ အနေများ အတွက် အသင့် လျော်ဆုံး ပေပင်။ နဝမမြောက် ကောင်းကင် လမ်း၏ ချန်ပီယံ ဖြစ်သော်လည်း၊ လင်းယွန်ကို မည်သူမျှ မလိုချင် ခဲ့ကြချေ။
စစ်မက် နယ်မြေ များနှင့် သူ့ကြား ရန်ငြိုး ဖွဲ့မှုကြောင့်၊ သက်တံဓား သူတော်စင်သာ ဆန္ဒ မရှိက၊ ခွန်လွန်၏ လမ်း တစ်နေရာတွင် သေဆုံး သွားနိုင်သည်။
အချိန်ကြာ လာသည် နှင့်အမျှ၊ ညအမှောင်များ အစား အလင်းများ ဝင်ရောက် လာသည်။ ယနေ့သည် ရက်ပေါင်း သုံးဆယ် ပြည့်သည့် နေ့ ဖြစ်၏။
ဤစံချိန်သည် နှစ်ပေါင်း မည်မျှကြာအောင် တည်မြဲ နေမည်ကို မည်သူမျှ မသိနိုင် တော့ချေ။ သေချာ သည်မှာ နှစ်ပေါင်း ရာဂဏန်း အတွင်း၊ မည်သူမျှ ချိုးဖြတ် နိုင်ဦးမည် မဟုတ်သော စံချိန် တစ်ခု၊ ဖြစ်လာ နိုင်သည်။
အရုဏ် တက်ချိန် ကျော်လွန်သွား ချိန်တွင်၊ ရေကန် မျက်နှာပြင် လှိုင်းထလျက်၊ ဓားရောင်ဝါ များ တိုးထွက် လာသည်။
“ ထွက် လာ ပြီ။ ”
မုချွမ် ခမျာ စိတ် အလှုပ်ရှားဆုံး ဖြစ်၏။ သည်မျှ ကြာပြီးနောက် မည်သို့ ထူးခြားလာ မည်ကို၊ သိချင် လေသည်။
ဓားရောင်ဝါများ နှင့်အတူ ရွှေရောင် အလင်းများ ထပ်မံ လိုက်ပါ လာသည်။
“ ဒါ ... ၊ ကောင်းကင် အဆင့် ရောင်ဝါပဲ။ ”
တောင်ထိပ် သခင် များက၊ မရေ ရာသော လေသံဖြင့် ပြောသည်။ မုချွမ်က မျက်လုံး မလွှဲ နိုင် သေးချေ။ ရေကန်ထံ အာရုံ စိုက်ကြည့် နေမိသည်။
လင်းယွန်သာ ဤအဆင့် ရောက်ရိုး မှန်က၊ သူတော်စင် ကြယ်မှုန် မည်မျှ သန့်စင်ခဲ့ မည်ကို၊ ခန့်မှန်း နေမိသည်။ ထိုအတွေးက မုချွမ်အား နှုတ်ခမ်းများ တုန်ယင် လာစေ၏။
“ ဝုန်း ... ။ ”
ရေကန် ပေါက်ကွဲ လာပြီး လင်းယွန် တစ်ယောက် လေထဲ ခုန်တက် လာတော့သည်။ ရွှေရောင် အလင်းများ သူ့အား ဖုံးအုပ် ထား၏။
အမှန်ပင် ကောင်းကင် ပင်မ နတ်ဘုရား နယ်ပယ်၌ ရှိနေသဖြင့် လူတိုင်း မျက်လုံးပြူး ကုန်သည်။ ထို့အပြင် ကြယ်တစ်ပွင့် ကိုပါ၊ ဖန်တီး ထား၏။
“ သူ ... ကျန့်ကျင်းရှန်ပဲ၊ ငါတို့ မှာ ... ဒုတိယ မျှော်လင့်ချက် ရှိလာပြီ။ ”
အကြီး အကဲများ အသံက၊ လူအုပ်ကို မျက်ရည်ဝဲ လာစေသည်။
“ တစ်နေ့တွင် ဓားဂိုဏ်းအား ... ၊ မြင့်မြတ်မြေ အဖြစ် ပြန်ယူလာ မည်ဟု၊ ကတိ ပြုပါတယ်၊ ငါ တို့ရဲ့ ထီးတော်က၊ ...
... မိုင် ကိုးသောင်း လွှမ်းခြုံ ထားပြီး၊ နှစ်ပေါင်း ရှစ်ထောင် တည်တယ်၊ လမင်း ရှိနေ သရွေ့၊ ဓားဂိုဏ်း ဘယ်ကိုမှ မရွေ့။ ”
“ လမင်း တည်နေ သရွေ့၊ ဓားဂိုဏ်းက ဘယ်ကိုမှ မရွေ့။ ”
“ လမင်း တည်နေ သရွေ့၊ ဓားဂိုဏ်းက ဘယ်ကိုမှ မရွေ့။ ”
“ လမင်း တည်နေ သရွေ့၊ ဓားဂိုဏ်းက ဘယ်ကိုမှ မရွေ့။ ”
***