← Chapters

ငါတို့ ... မင်း ရှေ့မှာ ရှိမယ်။

Vol. 103 Ch. 1442

ငါတို့ ... မင်း ရှေ့မှာ ရှိမယ်။

Vol. 103 Ch. 1442

လွန်ခဲ့သော (၂၅) ရက်က၊ ချန်လင်း သူတော်စင် ရေကန်မှ မထွက်ခွာခင်၊ အချိန်ကို ပြန်ပြောင်း ရသော်။

ထိုစဉ် နဂါးရူရ် (၅၀၀၀) အထိ တိုးလာ သဖြင့်၊ ရေစီးကြောင်း အတွင်း စမ်းကြည့်ရန် စိတ်ကူး ရလာသည်။ သို့သော် သက်ရောက်မှု မခံနိုင် သေးဟု ထင်မိ ပြန်၏။

ကျင့်ကြံမှုမှာ ကြယ် တစ်ပွင့် ကောင်းကင် အဆင့်သို့ ရောက်ရှိ နေပြီး၊ နဂါး-ဖီးနစ် ကမ္ဘာ ဖျက်ဓား ကျမ်းအား တတိယ အဆင့်ထိ ဆောင်ယူ ထားသည်။

ထို့ကြောင့် ဆေးအိုး မျက်နှာပြင် ပေါ်ရှိ၊ ရှေးဟောင်း အက္ခရာ ပေါင်း (၁၀၀၀) နီးပါးကို၊ အသက်သွင်း ထားနိုင်ပြီ ဖြစ်သည်။

၎င်းမှာ အလွန် သန်စွမ်းလာ သဖြင့် ကြယ်တစ်ပွင့် ကောင်းကင်ရှိ ပင်မ အမြုတေမှ ထိန်းရ ခက်လာနိုင် ချေမည်။

ရောင်ဝါ သမုဒ္ဒရာ အတွင်း၊ အနည်းငယ် မျှသာ နစ်မြှပ်အောင် ဖိနှိမ်ထား နိုင်၏။ အချိန် မရွေး ထိုဖိနှိမ်မှု အတွင်းမှ၊ လွတ်ထွက် တော့ မည်ဟု၊ ခံစား လာရသည်။

သို့သော် ၎င်းက ကြယ်စွမ်းအင်ကို ထပ်မံ ဝါးမျိုရန် ဆန္ဒ တောက်လောင် နေဆဲ ဖြစ်သဖြင့် ထိတ်လန့် လာသည်မှာ၊ အမှန် ပေပင်။

ထိုဆန္ဒကို ဖြည့်ဆည်း လိုက ရေစီးကြောင်း ထဲဝင်ရ ပေမည်။ လက်ရှိ ပတ်ဝန်းကျင်ဖြင့် မလုံ လောက် တော့ချေ။

ပြသနာမှာ နဂါး ရူရ် (၅၀၀၀) နှင့်ပင်၊ ထိုရေစီး ကြောင်း၏ တိုက်စား နိုင်စွမ်းကို မခံ နိုင်ခြင်း ဖြစ်သည်။

ဒုတိယ ပြဿနာသည် ဝင်နိုင်ခဲ့ သော်မှ ကြီးထွား လာသော ဤဆေးအိုးကြီး၏ စွမ်းအား အပေါ်၊ လက်ရှိ ခွန်အားဖြင့် ထိန်းချုပ် နိုင်ခြင်း မရှိတော့ မည်ကို စိုးရိမ်ခြင်း ပေပင်။

တစ်ချက် သတိ လွတ်သွား ရုံဖြင့် မောဟ ဖုံးလွှမ်းကာ၊ မိစ္ဆာ တစ်ကောင် ဖြစ်သွား နိုင်ပေ မည်။

၎င်းသည် ရှေးဦးခေတ်မှ ပေါက်ဖွား လာသော မိစ္ဆာအိုး ဖြစ်ပြီး၊ လျှို့ဝှက်ချက် များ နှင့် ပြည့်နှက် နေသည်။

နဂါး-ဖီးနစ် ရောင်ဝါ မှာလည်း၊ (၄၂) ကြိုးအထိ ရရှိ ထားသည်။ စဉ်းစားရ ကြပ်နေစဉ် ဆေးအိုး မျက်နှာပြင် ပေါ်ရှိ၊ အက္ခရာများ အသက်ဝင် ပျံထွက် လာသည်။

“ ဝှစ် ... ။ ”

ယင်းက ပတ်ဝန်းကျင်ရှိ တိုက်စား နိုင်စွမ်းအား ကာကွယ်ပေး နေကြောင်း သတိ ပြုမိရာ၊ အံကြိတ်လျက် ရေစီး ကြောင်းထဲ တိုးဝင် လိုက်တော့သည်။

အခွင့် အရေး တိုင်းသည် အန္တရာယ်နှင့် ပူးတွဲနေသည်။ ထို့နောက်တွင် ရွှေမှုန်များ ပါဝင် သော စုပ်ဝဲကြီး၊ ဖြစ်ပေါ် လာတော့၏။

သူသာ ဆန္ဒ ရှိက နောက်ထပ် ရက်ပေါင်း များစွာ ကြာအောင် ဆက်နေ နိုင်သည်။ သို့သော် ယင်းက လွန်းကြူးရာ ရောက်သဖြင့်၊ ထွက်ခွာ လာခြင်း ဖြစ်၏။

လေထု အလယ် ရပ်လျက် လူအုပ် ကြီးထံ ဝေ့ကြည့်ကာ၊ နည်းနည်း ဝရုန်း သုန်းကား နိုင်ခဲ့ ကြောင်း နားလည် လိုက်သည်။

မုချွမ် ရှိရာသို့ ပျံသန်း လာစဉ်၊ ထူးခြားသော လူ(၆) ဦးကို သတိပြု မိသည်။ မီးခိုးရောင် ဝတ် အဘိုးအို တစ်ဦးမှာ ကျန်(၅)ဦး ရှေ့တွင် ဓားကြီး တစ်လက် သကဲ့သို့၊ ရပ်နေ၏။

“ လင်းယွန် ... ၊ ဂိုဏ်းချုပ်နဲ့ တောင်ထိပ် သခင် တေွကို တွေ့တာတောင် ... ၊ မင်း ဘာလို့ နှုတ် မဆက် ရတာလဲ။ ”

မုချွမ် မျက်နှာတွင်၊ သူ့အပေါ် အပြစ် ရှာလိုသော အရိပ် အယောင်များ ထင်ဟပ် လာသည်။

တောင်ထိပ် သခင်များနှင့် ဂိုဏ်းချုပ်ပင် ရောက်ရှိနေ သဖြင့်၊ သူ လွန်သွားပြီ ဖြစ်မှန်း သိလိုက်သည်။

“ တပည့် လင်းယွန်က ဂိုဏ်းချုပ်နဲ့၊ တောင်ထိပ် သခင် အားလုံးကို နှုတ်ဆက် ပါတယ်။ ”

“ ကြည့်ရတာ အရိယာ တောင်ထိပ်က နောက်ထပ် ပါရမီရှင် တစ်ပါး မွေးဖွား လာတော့ မယ့် ပုံပဲ။ ”

မူရွှမ်ကောင်က ပြုံးပြီး မှတ်ချက်ချ လိုက်သည်။

“ လင်းယွန် ... ၊ မင်း ကြယ်မှုန် ဘယ်လောက် သန့်စင် ခဲ့လဲ။ ”

မုချွမ်က ထိုအခြေ အနေကို ဝင်ရောက် နှောက်ယှက် လာသည်။

“ ကြယ်မှုန် ဒါက ဘာကို ပြောတာလဲ အစ်ကို မု။ ”

“ ရေကန် အောက်ခြေက ရွှေမှုန် တွေကို ပြောတာ၊ မင်း ဘယ်လောက် သန့်စင် ခဲ့လဲ။ ”

“ ဒါ ... ဒါက ... ဘယ်လို ပြော ရမလဲ။ ”

လင်းယွန်က သူ သုံးခဲ့သော ပမာဏကို မည်သို့ တိုင်းတာ ပြရ မည်မှန်း မသိ သဖြင့်၊ ခေါင်းကိုက် သွားသည်။

“ အဲဒါကို ... ထိခွင့် မရှိ ဖူးလား ... ၊ ကျွန်တော် မသိ လို့ပါ၊ လျော်ကြေး ပြန်ပေး ပါ့မယ်။ ”

“ ဟား ဟား ဟား ... ။ ”

သူတို့ နှစ်ဦး စကား များကို နားထောင် နေလျက်မှ ဂိုဏ်းချုပ်က ရယ်သည်။ သူ့မျက်လုံး ထဲတွင် လင်းယွန်မှာ ချစ်စရာ ကောင်းနေ၏။

“ ဒီလောက် အထိလည်း၊ စိုးရိမ် နေစရာ ... မလို ပါဘူး၊ မင်း အစ်ကိုကြီး ပြောတာ စိတ်ထဲ မထားနဲ့၊ အဲဒါ တွေကို၊ ...

... သန့်စင် နိုင်တာက၊ မင်းရဲ့ အရည် အချင်းပဲ၊ မင်း လုပ်နိုင်တဲ့ အတွက် ဝမ်းသာ ပါတယ်၊ အမှန် အတိုင်း ပြောဖို့ပဲ လိုတာ။ ”

ဂိုဏ်းချုပ် စကားကြောင့် လင်းယွန်က သက်ပြင်း တစ်ချက် ချကာ၊ စိတ်သက်သာရာ ရသွားသည်။

“ ကျွန်တော် ဘယ်လို ပြောရ မလဲ ... ၊ ဘယ်လောက်လဲ ဆိုတာ မသိဘူး၊ အလွှာ ကိုး လွှာ ကုန်သွား တာကိုတော့ သိလိုက်တယ်။ ”

“ ..... ။ ”

သူ့ အဖြေကြောင့် မူရွှမ်ကောင်မှာ အံ့သြ သွားသည်။ ဤသို့ အလွှာဖြင့် တွက်ယူ ရလိမ့် မည်ဟု မထင် ထားချေ။ ၎င်းသည် အရိယာ တောင်ထိပ်မှ၊ နှစ်ပေါင်း တစ်ရာ စုဆောင်း ထားသော ပမာဏနှင့် ညီ၏။

တစ်ဖက်တွင် လင်းယွန်မှာ စိတ်မလုံ ဖြစ်လာသည်။ အမှန် အတိုင်း ဆိုရသော် နဂါး လေးနှင့် ခရမ်းငယ်မှ (၄) လွှာ စုပ်ယူပြီး၊ သူက အလွှာ (၅)လွှာ မျှသာ သန့်စင် ခဲ့သည်။

တောင်ထိပ် သခင်တိုင်းက ကြင်နာသော အပြုံးဖြင့် မုချွမ်အား ကြည့်သည်။ ၎င်းကို သတိ ထားမိသော လင်းယွန်က မျက်နှာ ပူပူနှင့်၊

“ အဆင် ပြေရဲ့လား အစ်ကိုမု။ "

-ဟု မေးလိုက် မိသည်။

ဤမေးခွန်းမှာ မလို အပ်ကြောင်း သိသာသည်။ ဂိုဏ်းချုပ် မူရွှမ်ကောင် ပြုံးပြီး၊

“ ဒါ ... မင်းကို ဂိုဏ်းကနေ ပေးတဲ့ ဆုလာဘ်ပဲ၊ စိတ်မပူနဲ့ ကျန့်ကျင်းရှန် တုန်းက ဒီရေကန် ထဲမှာ၊ ဘယ်လောက် ကြာကြာ နေနိုင်ခဲ့လဲ မင်း သိလား။ ”

-ဟု စကား လမ်းကြောင်း ပြောင်းကာ၊ မေးလာသည်။

“ မသိ ပါဘူး။ ”

“ ဆယ့်ရှစ်ရက် ... ။ ”

ယင်းက လင်းယွန်ကို အံ့သြသွား စေသည်။ သူ့ အစ်ကိုကြီး ဤမျှ သန်မာလိမ့် မည်ဟု မထင် ထားမိချေ။ သူ သည်ပင် ဆေးအိုးကြီး အပေါ် မှီခိုခဲ့ ရသည်။

“ ဒါကြောင့် ... ၊ မင်းက အထင် ကြီးစရာ လုပ်ရပ် တစ်ခုကို ... အခု လုပ်ပြ လိုက်တာပဲ ကောင်လေး ... ။ ”

မူရွှမ်ကောင်က သူ့အား သဘော ကျသော မျက်လုံး များဖြင့် ကြည့်လာ သဖြင့်၊ လင်းယွန် ခမျာ မလုံ မလဲ ဖြစ်လာပြီး။

“ ဒါက ... ကံကောင်း သွားတာပါ ဂိုဏ်းချုပ် ခင်ဗျ။ ”

-ဟု နှိမ့်ချစွာ ပြန်ပြော လိုက်ရသည်။

ဤအထင် ကြီးစရာ ကောင်းသော စံချိန်သည်၊ သူ၏ ကိုယ်ပိုင် ခွန်အား မဟုတ် သဖြင့်၊ ချီးကျူးမှု မခံယူ နိုင်ချေ။

“ ဒီကမ္ဘာကြီးမှာ မင်း ဘာပဲ လုပ်လုပ် အရေး မကြီးဘူး။ ”

မူရွှမ်ကောင်က လင်းယွန် အတွေးများ ဖတ်နေ သကဲ့သို့ လေးလေး နက်နက် စိုက် ကြည့်ကာ၊

“ မင်း ... သုံးနိုင် သမျှ ... ၊ နည်းလမ်း တိုင်းကို၊ မင်း ခွန်အား တစ်စိတ် တစ်ပိုင်း အဖြစ် မှတ်ယူ ကြတယ်၊ ကဲ ... စိတ်ထဲ မထားနဲ့၊ ဒီက လူကြီး မင်းတို့၊ ငါ့မှာ စိတ်ကူး အချို့ ရှိတယ်။ ”

ချက်ချင်း တောင်ထိပ် သခင် များထံ ဝေ့ကြည့်ပြီး၊ လင်းယွန် ပခုံးအား ပုတ်ပြကာ၊

“ သူက ငယ်သေးတယ်၊ သူ့ အရည် အချင်း တွေကို သွေးယူဖို့ လိုတယ်၊ ဒါပေမယ့် ပြထားတဲ့ အလား အလာ အရ ဆိုရင်၊ ကျန့်ကျင်းရှန်ကို ယှဉ်နိုင် နေပြီ၊ ဒါကြောင့် ...

... သူ့ကို ကောင်းကင် အဆင့် တပည့် တစ်ဦးအဖြစ်၊ အသိ အမှတ် ပြုစေ ချင်တယ်၊ ဘယ်လို ထင်ကြလဲ။ ”

-ဟု မေးခွန်းထုတ် လိုက်တော့သည်။

ထိုမေးခွန်းကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး ငြိမ်ကျ သွားသည်။ သို့သော် ချက်ချင်း လူအုပ်မှ အာမေဋိတ် သံများ ထွက်လာ တော့၏။

“ ဒါက ဘယ်လို ဖြစ်တာလဲ။ ”

“ ကောင်းကင် အဆင့် တပည့်လား ... ၊ လခွမ်း သူ ဂိုဏ်းထဲ ရောက်တာ တစ်လပဲ ရှိ သေးတယ်။ ”

မူချင်းချင်းပင် ပါးစပ် ဟောင်းလောင်း ပွင့်သွား သဖြင့် လက်နှင့် အမြန်အုပ် လိုက်ရ လေသည်။

“ အဖေက ... ဒီလို ဘယ်တုန်း ကတည်းက ဘက်လိုက် တတ်သွား တာလဲ။ ”

-ဟု ညည်းတွား လိုက်သော သူမကို မူရွယ်ချင်းမှ ဂရု မစိုက် အားချေ။ လင်းယွန်၏ ရာထူးသည် လူတိုင်း အတွက် သတင်းကောင်း မဟုတ်ကြောင်း သူမ သိ၏။

ဓားဂိုဏ်းရှိ တပည့်များ အားလုံးမှာ ခေါင်းမာသည်။ မာနကြီးကာ သဘောထား ကွဲလွဲ ချိန်တိုင်း၊ ဓားဆွဲတတ် ကြ၏။

နှစ်စဉ် ကောင်းကင် တပည့်များ ခန့်အပ် သော်လည်း၊ ၎င်းအတွက် ကန့်သတ် ခွဲတမ်း ရှိ လေသည်။

ယင်း ခွဲတမ်းကို ရယူရန်၊ နဂါး သွေး လွှတ်ကြော နယ်ပယ်တွင် ရှိနေ ရမည် ဖြစ်ပြီး၊ စမ်းသပ်မှုများ ဆက်တိုက် ဖြေဆို ရပေမည်။

ထို့ကြောင့် ပင်မ နတ်ဘုရား နယ်ပယ်မှ၊ တစ်စုံ တစ်ဦးသည် ကောင်းကင် တပည့် ဖြစ် လာသော်၊ အုတ်အော် သောင်းနင်း ဖြစ်ရ ပေ လိမ့်မည်။

မြေကြီး အဆင့်မှ ထိပ်ဆုံး ဆယ်ဦးမှာ အဆိုးဆုံး ဖြစ်နိုင်၏။

“ ဓားဂိုဏ်းက တကယ့်ကို စိတ်ဝင်စား စရာ ကောင်းလာ ပြီပဲ။ ”

မူရွှယ်ချင်းက အဝေးရှိ လင်းယွန်ကို လှမ်းကြည့်ကာ၊ ပြုံးလျက် မှတ်ချက် ပြုလိုက် သည်။ ၎င်းရောက်ရှိ လာခြင်းဖြင့်၊ ဓားဂိုဏ်း သည် အရွေ့ တစ်ခု ရှိလာပြီ ဖြစ်သည်။

“ လင်းယွန် ... ၊ ဂိုဏ်းချုပ်ကို မြန်မြန် ကျေးဇူးတင် လိုက်လေ။ ”

တောင်ထိပ် သခင်တိုင်း မှင်တတ် နေစဉ်၊ မုချွမ်က ဦးစွာ သတိပေး လိုက်သည်။

“ တပည့် လင်းယွန်က ဂိုဏ်းချုပ်ကို ကျေးဇူး တင်ပါတယ်။ ”

“ ဟား ဟား ဟား ကောင်းပြီ၊ ဘယ်သူမှ မကန့်ကွက်ဖူး ဆိုတော့၊ ဒီနေ့က စပြီး မင်းက ကောင်းကင် တပည့် တစ်ယောက်ပဲ။ ”

အတိုင် အဖောက် ညီညီဖြင့် လုပ်ပြ သွားသော မုချွမ်ကြောင့်၊ ကျန် တောင်ထိပ် သခင် များမှာ၊ ဒေါသ ထွက်လာသည်။

ဤသို့ ဆိုပါက ခွဲတမ်း တစ်ခုကို ဆုံးရှုံး သွားမည် ဖြစ်သည်။ လင်းယွန်မှာ ကြယ်တစ်ပွင့် ကောင်းကင် ပင်မ နတ်ဘုရား မျှသာ ဖြစ်သဖြင့်၊ မသင့်လျော် လှချေ။

မြေကြီး အဆင့် ထိပ်ဆုံး (၁၀)ဦး အတွင်း ဝင်သော သူတို့၏ တပည့် များမှာ၊ ကြယ် သုံးပွင့် အထိပင် ရှိနေ၏။

ထို့ကြောင့် ရှင်း ပြစရာ စကား မရှိချေ။ တွေးကြည့် ရုံနှင့် ခေါင်းကိုက် လာစေသည်။

လက်ရှိ အချိန်၌ မုချွမ်မှာ အပျော်ဆုံး ဖြစ်သည်။ မကြာ သေးမီ ကပင် လင်းယွန်အား တိုက်ခိုက်ရန်၊ အမူ အရာ ပြသ ခဲ့သည်။

သို့သော် မည်သူမျှ ကန့်ကွက် စကားပြန် မပြော နိုင်မီ လင်းယွန်ကို၊ ကျေးဇူးတင် စကား ပြောရန် အတင်း တိုက်တွန်းသည်။ မျက်နှာ ပြောင် တိုက်လွန်း ချေ၏။

“ လင်းယွန် ... ကောင်းကင် လမ်းမှာ၊ မင်းမကျေ မနပ် ဖြစ်ခဲ့ ရတာ၊ ငါ ... သိပါတယ်၊ သမိုင်း တလျှောက်၊ ...

... နဝမမြောက် လမ်းရဲ့၊ အရက် စက်ဆုံး ချန်ပီယံ ဖြစ်လာ ပေမယ့်၊ ခွန်လွန်က မင်းကို ဘယ်သူမှ၊ မလိုချင် ခဲ့ကြဘူး၊ ...

... သိုင်းဦးလေး သက်တံက မင်းကို ခေါ်ယူခဲ့ပြီး ဖြစ်လို့၊ ဓားဂိုဏ်းက မင်းကို ဂရုစိုက် ပါမယ်၊ နောင် ဘယ်သူမှ မင်းကို စော်ကားခွင့် မရှိစေ ရဘူး၊ ဒုတိယ ကျန့်ကျင်းရှန် အဖြစ်မျိုး၊ ...

... မင်းမှာ ထပ် မဖြစ်စေ ရဖူး၊ မင်းက ဓားဂိုဏ်းရဲ့ တပည့် ဖြစ်နေ သရွေ့ ... ၊ ငါတို့ မင်း ရှေ့မှာ ရှိနေမယ်။ ”

ဤစကား များက မည်မျှ ‘တာ’ သွား သည်ကို လူတိုင်း သိလေသည်။ လင်းယွန်ပင် တုန်ယင် ဝမ်းသာ လာ၏။

သူ ဟူသည် ဓားနန်းတော်မှ ထွက်ကာ၊ နေရာ အနှံ့ လှည့်ပတ် သွားလာစဉ်၊ မည်သည့် အင်အားစု တွင်မှ၊ အခြေ ချခြင်း မရှိ ခဲ့ချေ။

နဝမမြောက် ကောင်းကင် လမ်း၌၊ တစ်ဦးတည်း ခွန်အားဖြင့် ပန်းသင်္ချိုင်း အမည် ကို တည်ဆောက် ယူခဲ့သည်။ စစ်မက် နယ်မြေမှ သခင်ငယ် (၅) ပါးကို သတ်ကာ၊ (၅) ပါးအား ဒုက္ခိတ ဖြစ်စေ ခဲ့သည်။

ထို့ကြောင့် သူ သန်မာ သည်ကို သိကြ သော်မှ ဂိုဏ်းကြီး များမှ ငြင်းပယ် ခဲ့ကြသည်။ ဤအရာက မည်မျှ နာကျင် ရသည်ကို၊ သူသာ အသိဆုံး ဖြစ်၏။

နောက်ခံ မရှိ သဖြင့်၊ လမ်းတစ်လျှာက် အထီးကျန် ဆန်ခဲ့ပြီး၊ ယင်းကို ဂရု မစိုက်ဟန် ဖမ်းယူ ထားရသည်။

မည်သည့်ဂိုဏ်း၊ မည်သည့် မိသားစု၊ မည့်သည့် ပါရမီရှင် နှင့် မဆို၊ တိုက်ရန် ဆန္ဒ ရှိ နေပြီး၊ အားနည်းကြောင်း လုံးဝ မပြ ခဲ့ချေ။

ခံစားချက်များ နင့်သည်း လာကာ၊ မျက်ရည်များ ဝဲလာ သဖြင့်၊ နှုတ်ခမ်း ကိုက်ကာ ထိန်းလိုက် ရသည်။

မျက်ရည် မကျ ချင်ချေ။ ဤကမ္ဘာတွင် မျက်ရည်သည် အဖြေ မဟုတ် မဟုတ်ကြောင်း၊ နားလည် နေသည်မှာ ကြာပြီ ဖြစ်သည်။

“ တပည့် လင်းယွမ်က ... ၊ ဓားဂိုဏ်းကို ကျေးဇူးတင် ပါတယ်။ ”

ဤတစ်သက် ဓားဂိုဏ်း၏ သိက္ခာကို ကျစေမည့်၊ မည်သို့သော လုပ်ရပ်မျိုးမှ လုပ်မည် မဟုတ်ကြောင်း၊ ကျိန်ဆို လိုက်မိသည်။

***

All Chapters