← Chapters

တိမ်ပျံ တောင်ကုန်း။

Vol. 104 Ch. 1443

တိမ်ပျံ တောင်ကုန်း။

Vol. 104 Ch. 1443

မူရွှမ်ကောင်က နူးညံ့သော အပြုံးဖြင့်၊

“ ကောင်းပြီ ... ၊ သူတော်စင် ကြယ်မှုန် တွေကို၊ အရင် သန့်စင် လိုက်ဦး ... ၊ နောက်ထပ် ရက်နည်းနည်း နေရင်၊ ကောင်းကင် အဆင့်၊ တပည့် အဖြစ်၊ တရားဝင် အပ်နှင်း ပေးမယ်။ ”

-ဟု ပြောလာလေသည်။လင်းယွန်က ခေါင်းညိတ် ပြပြီး၊ ပတ်ဝန်းကျင်မှ ငြူစူသော အကြည့် များကို သတိ ထားမိကာ၊ သက်ပြင်းချ လိုက်၏။

“ ကောင်းပြီ ... ၊ လူစုခွဲ ရအောင်။ ”

မူရွှမ်ကောင် စကားကြောင့် လူတိုင်း ထွက်ခွာ ကုန်ကြသည်။ သို့သော် သူတို့ မျက်နှာ များတွင်၊ ပျော်ရွှင်မှုများ မရှိချေ။

“ ပင်မ နတ်ဘုရား နယ်ပယ် လေးနဲ့၊ ကောင်းကင် တပည့် ဖြစ်တာ တကယ့်ကို မကြုံ စဖူးပဲ၊ ဂိုဏ်းချုပ်က လင်းယွန်ကို သဘောကျ နေပုံ ရတယ်။ ”

“ ငါသာ မမှားရင် ... ၊ သမီး အရင်း နှစ်ယောက် ထက်တောင်၊ ပို ဂရုစိုက် နေသေး တယ်။ ”

“ ဂိုဏ်းချုပ်က လင်းယွန် တစ်ယောက် ကောင်းကင် လမ်းမှာ ... ၊ မကျေနပ်ချက် တွေ ခံစားခဲ့ ရတယ်လို့ ပြောတယ်၊ သမိုင်းမှာ အရက် စက်ဆုံး ချန်ပီယံ တစ်ယောက် အနေနဲ့၊ ဘာတွေများ နစ်နာ နိုင်မှာလဲ။ ”

ယနေ့ ဖြစ်ပျက် သွားခဲ့ သမျှ၊ သုံးလ တိုင်အောင်၊ အရှုပ် အထွေးအား ပြေပျောက်ရန် ခက်ခဲ ပေလိမ့်မည်။ ဓားဂိုဏ်း တစ်လျှောက် ထူးခြားသော အမိန့် ဖြစ်၏။

“ ဖုန်လွမ် ... သူ့ကို နေရမဲ့၊ အိမ် အသစ်ဆီ လိုက်ပို့ ပေးလိုက်ပါ၊ သူက ကောင်းကင် တပည့် ဖြစ်တာ သောကြောင့်၊ အရင် အိမ်မှာ နေစရာ မလို တော့ဘူး။ ”

မုချွမ်မှ ဝမ်းသာ အားရ ပြုံးကာ ပြောလိုက် လေသည်။

“ ညီလေး ... ၊ ငါနဲ့ လိုက်ခဲ့။ ”

ဖုန်လွမ်က ခေါင်းညိတ်လျက် လင်းယွန်အား လှမ်းပြောသည်။

“ အလုပ်ပေး မိတဲ့ အတွက်၊ တောင်းပန်ပါတယ် အစ်ကို ဖုန် ... ။ ”

လင်းယွန်မှ ပြုံးလျက် ပြန်ပြော၏။ သူတို့ နှစ်ယောက် ထွက်ခွာ သွားသည်နှင့်၊ ဂိုဏ်းချုပ် က မုချွမ်ထံ ကြည့်ကာ၊

“ ငါနဲ့ လိုက်ခဲ့ ... ၊ သူတော်စင် ရေကန်ရဲ့ ကြယ်မှုန် ကိုးလွှာကို၊ သူ ဘယ်လို ဖယ်ထုတ်လဲ၊ အဖြေ ရှာရအောင်၊ ဒါကို ... အနှစ် တစ်ရာ တိတိ၊ ပိတ်ထားလို့ မရ သေးဘူး။ ”

မူရွှမ်ကောင် အပြုံးမှာ၊ လျင်မြန်စွာ ပျောက်ကွယ်သွား သဖြင့်၊ မုချွမ် တစ်ယောက် စိုးရိမ် သွားသည် ။

“ ဂိုဏ်းချုပ် ... လင်းယွန်ကို ကောင်းကင် အဆင့် ပေးအပ် လိုက်ရင်၊ ကျန်တဲ့ လူတွေကို ဘယ်လို ရှင်းပြ ရမလဲ။ ”

အခြားသော တောင်ထိပ် သခင် များက မူရွှမ်ကောင်ကို ထွက်သွားခွင့် မပြုဘဲ မေးမြန်း လာသည်။

“ ရှင်းပြ မနေနဲ့ ... ၊ သူတို့ မပျော်ရင် သူတော်စင် ရေကန်ထဲ ဆင်းပြီး၊ ရက် (၃၀) နေ ခိုင်းလိုက်၊ ဒါကိုမှ အဆင် မပြေရင် ယောက်ျား တွေလို ရှင်းကြ ပါစေ၊ မုချွမ် ... လိုက်ခဲ့ ... ။ ”

ဂိုဏ်းချုပ် စကားက တောင်ထိပ် သခင် များကို ပါးစပ် ပိတ်သွား စေသည်။ လူရိပ် နှစ်ရိပ် ချိုင့်ဝှမ်းထဲ ဆင်းသက် ပျောက်ကွယ် သွား သည်ကို ကြည့်ပြီး၊

“ ကြည့်ရတာ ငါတို့ ဂိုဏ်းချုပ်က လင်းယွန်ကို တော်တော် သဘောကျ နေပုံပဲ။ ”

-ဟု ညည်းတွား လိုက်သည်။

ရွှေရောင် တောင်ထိပ် သခင်မှ ပြုံးပြီး သက်ပြင်းချ၏။ ထိုစကားက လွန်အံ့ မဆိုသာ ချေ။ ထိုလူငယ် ဓားဂိုဏ်းသို့ ဝင် ရောက်နှင့်၊ ချက်ချင်း နှစ်ခြင်း ခံခွင့် ပြုကာ၊ ကောင်းကင် တပည့် ရာထူး၊ ပေးအပ် တော့သည်။

“ ဂိုဏ်းချုပ်က လင်းယွန်ကို၊ ဒုတိယ ကျန့်ကျင်းရှန်လို့၊ ယူဆ လိုက်ပုံ ရတယ်။ ”

“ အဲဒီ လိုတော့ ပြောဖို့၊ စောလွန်း ပါသေးတယ်၊ ကျန့်ကျင်းရှန် ... ဆိုတာက ရှေးဟောင်း ပျက်သုဉ်း မြေမှာ၊ ...

... ပြိုင်ဘက် ကင်းဘဲ ... ၊ သူ့ဓားနဲ့ အရှေ့ဘက် ပျက်သုဉ်းမြေ တစ်ခုလုံးကို သိမ်းယူ ခဲ့တယ်၊ လင်းယွန်က နဂါးသွေး လွှတ်ကြော နယ်ပယ် မှာတောင် မရှိ သေးဘူး။ ”

“ သွား ရ အောင် ... ၊ ဒီကိစ္စကို ... လူငယ်တွေ အချင်းချင်း ဖြေရှင်း ကြပါစေ၊ တောင်ထိပ် (၅)ခု ပြိုင်ပွဲက မကြာခင် စတော့မယ် မဟုတ်လား။ ”

ထို့နောက် လူတိုင်း ထွက်ခွာ သွား တော့သည်။ လင်းယွန်ကြောင့် ဓားဂိုဏ်းမှာ မည်မျှ လှုပ်ခတ်လာ မည်ကို၊ တွေးကြည့် နိုင်သည်။

“ မမ ... ၊ ငါတို့လည်း လိုက်သွား ကြည့်ရအောင် ... ၊ ငါနဲ့ လင်းယွန် သူငယ်ချင်း တွေဘဲ။ ”

မူချင်းချင်းက စိတ် လှုပ်ရှားစွာ ပြော လိုက်သည်။ သူတော်စင် ရေကန်တွင် ရက် (၃၀) ကြာအောင်၊ မည်သို့ နေထိုင် နိုင်ခဲ့ သည်ကို၊ သူမ သိချင် နေမိ၏။

“ ဒီကောင်မလေး ဘာဖြစ် နေတာလဲ၊ မသွားနဲ့ ... ၊ ငါလည်း မသွားဘူး။ ”

“ ဘာလို့လဲ။ ”

မူချင်းချင်းက မကျေ မနပ်နှင့် ပြန်မေး လိုက်လေသည်။

“ ဒီခေါင်းကို သုံးပြီး၊ စဉ်းစားကြည့်။ ”

မူချင်းချင်းမှာ ထက်မြက်ပြီး၊ လူတိုင်းနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိသည်။ သို့သော် မကြာ-မကြာ ဦးနှောက်မဲ့ သွားတတ်၏။

လင်းယွန်သည် လူတိုင်း၏ ပစ်မှတ် ဖြစ်နေသည်။ သူမတို့ အလည် လာသွား ခြင်း ဖြင့်၊ မီးပေါ် ဆီလောင်းလိုက် သကဲ့သို့ ဖြစ်လာ နိုင်၏။

အခြား သူများ အပေါ်၊ စိတ်မ၀င်စား လှသော်လည်း၊ တစ်ဖက် လူ အတွက် အနှောက် အယှက် မဖြစ် စေရန်၊ လိုသေးသည်။

***

အရိယာ တောင်ထိပ် ဝန်းကျင်တွင် ရာနှင့်ချီသော လေပေါ် ကျွန်းများ ရှိနေ သဖြင့်၊ ခမ်းနား ထည်ဝါသော မြင်ကွင်း တစ်ရပ် ဖြစ်သည်။

“ ဝှစ် ... ။ ”

များမကြာခင် လေပေါ် ကျွန်း တစ်ခုသို့၊ ဖုန်လွမ်က ဆင်းသက်လိုက် လေသည်။ အချင်း မိုင်ပေါင်း ထောင်ဂဏန်းခန့် ရှိသော မြို့ငယ် လေးနှင့် ယှဉ်နိုင်၏။

“ ဒါက ... နဂါး တောင်ကုန်ပဲ၊ နောင်ဆို မင်းအိမ် ဖြစ်လာ လိမ့်မယ်၊ နာမည်က နိမိတ် ကောင်းတဲ့ အတွက်၊ နဂါး တစ်ကောင် ဖြစ် လာဖို့၊ မျှော်လင့် နိုင်ပါတယ်။ ”

ဖုန်လွမ်မှ ပြုံးကာ ပြောလိုက်၏။ ယင်းက ဤကျွန်း တစ်ခုလုံး ပေးအပ်ခြင်း မည်သဖြင့်၊ လင်းယွန်မှာ အံ့သြ သွားသည်။

ကျွန်း အနှံ့ မြူခိုးများ ဖုံးလွှမ်း နေပြီး၊ ၎င်းအား အစီရင် သုံးလွှာနှင့် ကာကွယ်ပေး ထားလေသည်။

“ နဂါး တောင်ကုန်း အစား ... ၊ တိမ်ပျံ တောင်ကုန်းလို့ ခေါ်ကြ ရအောင်။ ”

လင်းယွန်မှ နာမည် အသစ်ပေး လိုက်သည်။ ထိုအမည် အသစ်အား ဖုန်လွမ်မှ နှစ်ခြိုက် ပုံဖြင့်၊ ခေါင်းညိတ် ပြ၏။

“ နာမည် မဆိုးဘူး၊ အခု မင်း ရထားတဲ့ ကျောက်စိမ်း သင်္ကေတကို ကြည့်လိုက် ပါဦး။ ”

ထို့နောက် ကျောက်စိမ်း သင်္ကေတကို ထုတ်ယူပြီး၊ ကြယ် စွမ်းအင်များ လောင်းထည့် လိုက်သည်။

မြူများ ချက်ချင်း ဖယ်ကွာ သွားပြီး၊ ကောင်းကင်ပေါ် ထိုးတက် နေသော နန်းတော် တစ်လုံး ပေါ်လာ၏။

တောင်ကုန်းများ၊ မြစ်များနှင့် သင့်တင့် လျောက်ပတ်သော ဝိညာဉ် ရေကန် တစ်ကန်ပင် ရှိနေ ခဲ့သည်။

ရေကန် ထဲရှိ၊ အလှမွေး ငါးများကို အတိုင်းသား မြင်နေရ၏။ လေ့ကျင့် ရေးကွင်း နှင့် စွမ်းအင် သန့်စင်မည့် အခန်း ကိုလည်း၊ ကောင်းစွာ ဖွဲ့စည်း ပေးထားသည်။

“ မင်း ... လောက နိယာမ နယ်ပယ် ရောက်တဲ့ အခါ၊ စွမ်းအင် သန့်စင်ဖို့ ကိုယ်ပိုင် ကျွန်နဲ့၊ ဝိညာဉ် ရေးရာ ဆရာ သခင်၊ အနည်း ငယ်ကို ထပ်ပြီး၊ ပေးအပ် လိမ့်မယ်။ ”

“ အစ်ကို ဖုန်၊ ငါတို့ အရိယာ တောင်ထိပ်က တပည့် ဘယ်နှစ်ယောက်၊ ကောင်းကင် တပည့် အဆင့်မှာ ရှိလဲ။ ”

“ ဒီမေးခွန်းကို ဖြေရမှာ၊ ရှက်စရာ ကောင်းတယ်၊ ငါတို့ တောင်ထိပ်က၊ မင်း အပါ အဝင်၊ တပည့် သုံးဦးပဲ ရှိသေးတယ်။ ”

ထိုစကားကြောင့် လင်းယွန် တစ်ယောက် ထိတ်လန့် သွားသည်။

“ တခြား တောင်ထိပ် တွေလည်း ... ၊ အတူတူ ပါပဲ၊ ကောင်းကင် အဆင့်မှာ ဝင်နိုင် ပေမယ့်၊ ထိပ်ဆုံး ဆယ်ယောက်ကို မယှဉ်နိုင် ကြဘူး၊ ...

... ကဲ ... ငါ အနားယူ တော့မယ် ... ၊ သိုင်းပညာ ခန်းမကို အလျင် စလို မသွား နဲ့ဦး၊ ကောင်းကင် တပည့်ရဲ့၊ အထောက် အထား ရရင်၊ ရွေးချယ် စရာတွေ ပိုရလာ လိမ့်မယ်။ ”

“ ခဏလေး ... အစ်ကို ဖုန်၊ ကျွန်တော့် ညီအစ်ကိုတွေ ဘယ်ရောက် ကုန်လဲ။ ”

သူတော်စင် ရေကန်၌ တစ်လ ကြာပြီး နောက်တွင်ပင်၊ ယဲ့ဇီလင်နှင့် ကျောက်ယန် တို့မှာ၊ သူ့အား လာမတွေ့ ခဲ့ချေ။

“ သူတို့က သူတော်စင် တပည့်တွေ ဖြစ်သွားပြီ ဆိုတော့၊ သူတော်စင်တွေ အနား မှာပဲ၊ တစ်ချိန်လုံး ကျင့်ကြံ ကြရတယ်၊ ဒါကြောင့် သူတော်စင် တောင်မှာ၊ ...

... အနည်းဆုံး (၆)လ၊ ဒါမှ မဟုတ် ဒီထက်မက ရှိနေ လိမ့်မယ်၊ သူတို့ ထွက်လာတဲ့ အခါ၊ အသွင် ကူးပြောင်းဖို့ သေချာတယ်။ ”

ထိုအကြောင်းကို ပြောသော အခါတွင်၊ ဖုန်လွမ်၏ မျက်လုံး များ၌ မနာ လိုသော အရိပ် အယောင်များ၊ ထင်ဟပ် လာလေသည်။

သူတော်စင် တောင် ကဲ့သို့၊ ရတနာ နယ်မြေတွင် သူတော်စင် တစ်ပါး၏ လမ်းညွှန် ခွင့် ရရှိ ရန်မှာ တပည့်တိုင်း အိမ်မက် ဖြစ်၏။

ပုံမှန် အားဖြင့် ဆိုသော်၊ လင်းယွန် သည်လည်း၊ ထိုအခွင့် အရေးမျိုး ရရှိ သင့်သည်။ အဆိုပါ အတွေးဖြင့် ကြည့်လာသော ဖုန်လွမ် အကြည့်ကို၊ လင်းယွန်က အပြုံးဖြင့် တုန့်ပြန် လိုက်သည်။

သက်တံဓား သူတော်စင်နှင့် ပတ်သတ်သော၊ အချင်းအရာ တိုင်းကို ဖုန်လွမ်အား ပြောပြ စရာ မလိုဟု ထင်၏။

အကယ်၍ သူ့ ဆရာတွင်၊ သက်တမ်း ငါးနှစ်သာ ကျန်ရှိတော့ သည်ဟု သတင်းများ ထွက်ပေါ် လာပါက၊ ဓားဂိုဏ်း တစ်ခုလုံး မငြိမ် မသက် ဖြစ်လာ ကြပေ လိမ့်မည်။

သို့သော် လျှို့ဝှက်ချက် ဟူသည်၊ အမြဲ ဖုံးကွယ် ထား၍ ရသော အရာ မဟုတ်ချေ။ ဖုန်လွမ်မှ နှုတ်ဆက် ထွက်ခွာ သွားသည်နှင့်၊ ခြံဝင်း အတွင်းသို့ လှည့်ဝင် လိုက်သည်။

ခြံဝင်း အတွင်း၌၊ ဝိညာဉ်ရေး ရေကန် တစ်ကန် ရှိကာ၊ မဝေး ကွာသော အရပ်တွင်၊ ဇရပ် တစ်ဆောင် ရှိနေသည်။

နန်းတော် အတွင်း လှမ်းဝင်ပြီး၊ ပြတင်း ပေါက်မှ လှမ်းကြည့် မိရာ၊ ကြည်လင် နေသော ကောင်းကင် ကြီးကို မြင်လာ ရသည်။

“ ဒီနေရာက တော်တော် သာယာ တာပဲ။ ”

ကျေနပ် စွာဖြင့်၊ ဓား သေတ္တာအား ဖြုတ်ချကာ၊ အိမ် အတွင်း လှည့်ပတ် ကြည့်ပြီး၊ ခေါင်းညိတ် လိုက် မိ၏။

“ နဂါးလေး ဘယ်လို နေသေးလဲ။ ”

လင်းယွန်မှ မေးသည်။ လက်ရှိ အချိန်၌ နဂါးလေးအား မြင်း တစ်ကောင်ဟု ဆိုသော်၊ မည်သူမျှ ယုံမည် မဟုတ်ချေ။

ဆူဖြိုး နေသော ကြောင်နက် တစ်ကောင် အဖြစ်သို့ ပြောင်းလဲ နေသောကြောင့် ဖြစ်သည်။

“ သူ နိုးလာရင်၊ နဂါးသွေး လွှတ်ကြော နယ်ပယ် ရောက်နေ လိမ့်မယ်။ ”

ခရမ်းငယ်မှ သက်တောင့် သက်သာ လေသံဖြင့်၊ ဓားသေတ္တာ ထဲမှ ထွက်ကာ ပြန်ဖြေ သည်။

“ ဝါး ... ။ ”

ပြီးနောက် သားမွေး ကုတင်ပေါ် တက်ထိုင်ကာ၊ သမ်းဝေလျက် ဝုန်းခနဲ လဲကျ အိပ်ပျော် သွားသည်။

“ အာ ... ခရမ်းငယ် မအိပ် နဲ့ဦး၊ ငါ မင်းကို မေးစရာ ရှိသေးတယ်၊ နဂါး-ဖီးနစ် ဆေးအိုးက ဘာလဲ။ ”

“ ဟင့်အင်း ... ၊ ဒီဧကရီ အိပ်ချင် နေပြီ၊ ငါ့ကို မနှောင့် ယှက်နဲ့ ... ။ ”

“ မအိပ် နဲ့ဦး ဖြေခဲ့ ... ။ ”

“ လူယုတ်မာ ... ၊ နင်က မိန်းမ တွေကို ဘယ်လို အနိုင်ကျင့် ရမလဲပဲ၊ စဉ်းစား နေတဲ့ လူ၊ ငါ့ကို အိပ်ခွင့်တောင် မပေးဘူး။ ”

“ အဲဒီ ဆေးအိုး မျက်နှာ ပြင်က၊ ကျမ်းစာ တွေက ဘာလဲ၊ မြန်မြန် ပြောခဲ့ ... မအိပ် နဲ့ဦး။ ”

“ ဘာ ... ကျမ်းစာလဲ။ ”

သတိ မထားမိ ချိန်၌၊ ထိုဆေးအိုး အတွင်းရှိ မကောင်းမြင် စိတ်များက သူ့အား ဖုံးလွှမ်းလာ နိုင်သည်။

ထို့ကြောင့် ၎င်း၏ မူလအား မေးယူ ရခြင်း ဖြစ်သည်။ ဤမေးခွန်းကို ကြားချိန်၌၊ ခရမ်းငယ် တစ်ယောက် အနည်းငယ် ငြိမ်သက် သွားပြီး၊

“ ဒါဆို ကျမ်းစာတွေ တကယ် ရှိတာပေါ့ ... ။ ”

-ဟု ညည်းတွား လိုက်တော့သည်။

ခရမ်းငယ် အသွင်ကြောင့်၊ လင်းယွန်မှာ မျက်လုံးပြူး သွား၏။ ၎င်းအပေါ် ယုံကြည်၍ မရကြောင်း၊ နားလည် လာမိ တော့သည်။

***

All Chapters