← Chapters

မိတ်ဖြစ် ဆွေဖြစ်။

Vol. 104 Ch. 1444

မိတ်ဖြစ် ဆွေဖြစ်။

Vol. 104 Ch. 1444

သည်ကျမ်းစာ များသည် အိုင်းရစ် ဓားသူတော်စင်နှင့် ပတ်သက်သော လျှို့ဝှက် ချက်များ ဖြစ်ကြောင်း လင်းယွန် သိ၏။

ထိုအကြောင်း သိမြင်ရန်၊ လုံလောက်သော ခွန်အား မရှိသေးသဖြင့်၊ ခရမ်းငယ်မှ မပြောခြင်း ဖြစ်သည်။ သို့သော် လက်ရှိ အခြေ အနေမှာ၊ ခန္ဓာ ကိုယ်ထဲ ချိန်ကိုက်ဗုံး တစ်လုံးထည့် ထားရ ခြင်းနှင့် တူနေသည်။

“ အဲဒီ ကျမ်းစာ တေွက ... ၊ ဓားရေး တစ်ရပ်ပဲ၊ ရှေးဟောင်း ဓားကျမ်းကို မှတ်တမ်း တင်ထားတာ၊ လက်ရှိ နင့် ခွန်အားနဲ့ နားလည် ဦးမှာ မဟုတ်ဘူး။ ”

“ ဓားရေး တစ်ရပ်လား။ ”

လင်းယွန်မှ မျက်ခုံးပင့် လိုက်သည်။ အဖြေမှာ စိတ် ကျေနပ်မှု မပေးချေ။ သို့သော် ၎င်းထက် အရေး ကြီးသော ပြဿနာ ရှိသည်။

“ ကောင်းပြီ ... ၊ ဒါကို ငါ ... ၊ ဘယ်လို ဖြေရှင်း ရမလဲ၊ သူ ကြယ်မှုန် တေွကို စုပ်ယူပြီး၊ ပိုကြောက် စရာ ကောင်းလာတယ်၊ ငါသာ ...

... သူ့ကို ထုတ်သုံး မိရင်၊ ပြန်လည် ဖိနှိမ် နိုင်တော့မယ် မထင်ဘူး၊ သူ့ရဲ့ ရုပ်သေး ဖြစ်လာ မယ်လို့ ခံစား ရတယ်။ ”

“ ဘာများ လဲလို့၊ ငါ နင့်ကို ပြောခဲ့ ဖူးပါတယ်၊ ဒီအိုးကြီးက ကမ္ဘာဖျက် ကပ်ဘေးလို့၊ နင့် ခန္ဓာ ကိုယ်က သူ့ရဲ့ စိတ်ဝိညာဉ်၊ ဒါကြောင့် သူ့ ဒေါသက၊ နင့် အပေါ် မူတယ်တယ်။ ”

ခရမ်းငယ် ရှင်းပြ ချက်က၊ လင်းယွန်ကို ထိတ်လန့် သွားစေသည်။ ကမ္ဘာတွင် ထိုသို့သော ကျင့်ကြံမှု နည်းစနစ်များ ရှိနေ သည်ကို၊ မယုံ နိုင်ချေ။

“ မဟုတ်ရင် ... ၊ ဒီကောင် အိုင်းရစ် ဓားသူတော်စင်က၊ သူတော်စင် နယ်ပယ်နဲ့၊ နတ်ဘုရား တွေကို သတ်နိုင် စရာ အကြောင်း မရှိဘူး၊ ...

... နိဗ္ဗာန် ရည်ရွယ်ချက်၊ အုပ်စိုးရှင် နတ် ရူရ်(၇)လုံး အပြင် ... ၊ ဒီနဂါး-ဖီးနစ် ဆေးအိုးကို ပိုင်ဆိုင်ထား လို့သာ ဖြစ်နိုင်တာ၊ ဒါကြောင့် .. ဒါတွေကို အောင်မြင် ပြီးရင်၊ နင်လည်း သူ့လို လုပ်နိုင် မှာပါ။ ”

ဤတစ်ကြိမ် ရှင်းပြချက်က လင်းယွန်အား အတွေးနက် သွားစေသည်။

“ လက်ရှိ အခြေ အနေကို ဖြေရှင်းချင် ရင်တော့ ... ၊ နောက်ထပ် ဓားသုတ္တန် တစ်ခု ကျင့်ကြံ ရမှာပဲ၊ ဒီဧကရီက ... နင့်လို အားနည်း လွန်းတဲ့ လူကို၊ လှည့်စား မယ်များ ထင်နေလား၊ စိတ်ကူး ထဲတောင် မရှိဘူး၊ ဟွန့် ... ။ ”

“ မင်းက အရမ်း မောက်မာ လွန်းတယ်လို့ မထင် ဖူးလား။ ”

လင်းယွန်က ရှက်ရွံ့ စွာဖြင့် ပြောလိုက်၏။

“ ဒါတော့ အမှန်ပဲ ... ၊ ငါက သမုဒ္ဒရာ (၄)စင်း၊ ပျက်သုဉ်းမြေ (၈)ပါး၊ ကောင်းကင်ဘုံ (၃၆) လွှာနဲ့၊ ကမ္ဘာမြေ (၇၂) ထပ်ကို၊ အုပ်စိုးတဲ့ ကောင်းကင်ဘုံ တရား စီရင်ရေး ဧကရီပဲ။ ”

ဤတစ်ကြိမ်တွင် သည်းမခံ နိုင်တော့ဘဲ၊ သူမ ခေါင်းကို လင်းယွန်မှ လှမ်းခေါက် လိုက် လေသည်။

“ အ ... နာတယ်။ ”

“ ကြွားလုံး ထုတ်နေ တာကို ရပ်လိုက် ... ၊ နောင် ဒီလို ကြွားလုံး ထုတ်တိုင်း၊ မင်း ခေါင်းကို ငါ ခေါက်မယ်၊ သွား အိပ်တော့။ ”

လင်းယွန် သူမ ပါးဖောင်းဖောင်း လေးကို ဖျစ်ညှစ်လျက်၊ ပြုံးကာ ငေါက်ငမ်း သတိပေး လိုက်သည်။

“ နင် ... လူယုတ်မာ၊ တစ်နေ့ ငါ နင့်ကို လက်စား ချေမယ်။ ”

“ ဟား ဟား ဟား ... ကောင်းပြီး၊ ငါ စောင့်နေမယ်။ ”

ရယ်မောလျက် ကျင့်ကြံမှု အခန်းထဲ လှမ်းဝင် လိုက်တော့၏။ ဓားဂိုဏ်းတွင် သူ့ကြောင့် အကြီး အကျယ်၊ ရုန်းရင်း ဆန်ခတ် ဖြစ်စေခဲ့ မည်ကို သိသည်။

ချန်လင်းနှင့် တိုက်ခိုက် ပြီးနောက် ဓားဂိုဏ်း၏ တပည့်များအပေါ် အထင် မသေးဝံ တော့ချေ။ ဆရာ သခင်အား အရှက်ရ စေမည့် လုပ်ရပ်မျိုး မပြုမူ မိစေရန် ကြိုးစား ရပေမည်။

ထို့ကြောင့် ကောင်းကင် တပည့် အဖြစ် ထိုက်တန်ကြောင်း ပြသရန် လို၏။ တင်ပျဉ်ခွေ ထိုင်လျက်၊ ဓားဝိညာဉ် ပုလဲကို ထုတ်ယူ မိသည်။

အန်းလျူယွင် ပေးခဲ့သော သိုလှောင် လက်ကောက်သည်၊ သိုလှောင် အိတ်ထက် များစွာ အသုံး ဝင်၏။

“ ငါ ... အခု သန့်စင် သင့်လား။ ”

ဒသမတန်း ဓားဝိညာဉ် ပုလဲကို ကြည့်ကာ၊ အတွေးနက် သွားသည်။ ကနဦး ကျွမ်းကျင်မှု၌ တွယ်ကပ် နေခဲ့သော အရိယာ ကောင်းကင် ဓားမှာ တိုးတက် သင့်ပြီ ဖြစ်သည်။

ဤရတနာဖြင့် တစ်စုံ တစ်ဦးအား၊ ကောင်းကင်ဓား မှသည် အရိယာ ကောင်းကင် ဓားကို ဆုပ်ကိုင် နိုင်စေ မည်ဟု ကြားသိ ထားသည်။

“ ထား လိုက် ပါ။ ”

ဒသမတန်း ဓားဝိညာဉ် ပုလဲအား ပြန်သိမ်းလျက် ရေရွတ် မိသည်။ ကနဦး အဆင့် အထွတ် အထိပ်၊ ကျွမ်းကျင်မှု ရောက်မှသာ သုံးရန် ဆုံးဖြတ် လိုက်သည်။

လက်ရှိ အချိန်၌ အတား အဆီး ကိုပင်၊ မထိတွေ့ သေးသဖြင့်၊ ၎င်းကို သန့်စင် သော် ဖြုန်းတီးရာ ရောက်မည်အား စိုးရိမ်သည်။

ထို့နောက် နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို ဖြန့်ဝေ လိုက်၏။ ခန္ဓာကိုယ် အနှံ့ ကြယ် စွမ်းအင်များ ပျံ့နှံ့ သွားပြီး၊ တဖြည်းဖြည်း ရွှေရောင်လွှမ်း လာသည်။

လွန်ခဲ့သည့် တစ်လ အတွင်း ကျင့်ကြံမှု မြင့်တက်ခဲ့ သောကြောင့်၊ တည်ငြိမ်အောင် လုပ် ယူရန်၊ အချိန် တန်ပြီ ဖြစ်သည်။

ရောင်ဝါ သမုဒ္ဒရာသည် မီတာ (၃၀၀၀၀) အရွယ် အစားသို့ တိုးလာပြီး၊ သူ့ အထက်တွင် ကြယ်တစ်ပွင့် လင်းနေသည်။

ဤသည်မှာ ကောင်းကင် အဆင့်၊ ပင်မ နတ်ဘုရား၏ ပထမ ကြယ် ဖြစ်သည်။ အကန့် အသတ် အဖြစ်၊ ကြယ် (၉)ပွင့် တိုင်အောင် ဖန်တီး နိုင်၏။

ကြယ်(၉) ပွင့်ကို အသက် သွင်းခြင်းဖြင့်၊ ခန္ဓာကိုယ် အတွင်းရှိ ကြယ် စွမ်းအင်ကို (၉) ဆ တိုးလာ စေမည်။

မျက်စိတစ်မှိတ် အတွင်း သုံးရက် ကုန်သွား၏။ ထို့ကြောင့် မျက်လုံး ရုတ်တရက် ပြန်ဖွင့် လိုက်သည်။ သူ ထုတ်လွှတ် လိုက်သော ရောင်ဝါမှာ၊ များစွာ ကျစ်လစ် သွား၏။

“ တစ်ယောက် ယောက် ရှိနေ တာလား။ ”

တိမ်ပျံ တောင်ထိပ် ဧရိယာ အပြင်ဘက် တစ်နေရာတွင် တစ်စုံ တစ်ယောက် စောင့်ဆိုင်း နေသည်ကို သတိ ပြုမိ လိုက်သည်။

“ စီနီယာ အစ်ကို ချန် ... ဝင်လာပါ။ ”

ပုံရိပ်ကို ဖမ်းယူ မိပြီး လင်းယွန်က ဖိတ်ခေါ် လိုက်သည်။ ချန်လင်းက တိမ် ပင်လယ် အတွင်း တရားထိုင် နေရာမှ၊ အသံကြောင့် မျက်လုံး ဖွင့်ကြည့် လာ၏။

“ ဝှစ် ... ။ ”

ထို့နောက် ရိပ်ခနဲ တိမ်ပျံ တောင်ထိပ်ပေါ် ရွေ့လျား လာရာ၊ ဇရပ် အတွင်း၌ လက်ဖက်ရည် တစ်ခွက် ငှဲ့လျက်သား ပုံစံဖြင့်၊ လင်းယွန်မှ စောင့်နေ ခဲ့သည်။

“ စီနီယာ အစ်ကို ချန် ... ၊ မင်း အကြာကြီး စောင့်နေ ခဲ့ရ ပုံပဲ၊ ... လာပါ။ ”

“ တိတ်စမ်း ... ၊ မင်း ငါ့ကို ... စီနီယာ အစ်ကိုလို့၊ ခေါ်စရာ မလို တော့ဘူး၊ မင်းက ကောင်းကင် တပည့် တစ်ယောက်ပဲ။ ”

ချန်လင်းက လင်းယွန်၏ အသုံး အနှုန်းအား ချက်ချင်း ပယ်ဖျက် လိုက်သည်။

“ ကောင်းပြီ ... ၊ ဒါဆို မင်းနဲ့ ငါပဲ ပြောရအောင်၊ လာလည် ရတဲ့ အကြောင်းရင်း ရှိလား။ ”

လင်းယွန်မှ ပွင့်ပွင့် လင်းလင်း မေး လိုက်သည်။

“ မရှိ ပါဘူး ... ၊ ငါ မင်းကို ကျေးဇူးတင် စကား လာပြောတာ။ ”

ချန်လင်းက စကားပြော နေစဉ်၊ သူ့အိတ်ထဲမှ သစ်စေ့ တစ်စေ့အား၊ ထုတ်ယူ လိုက်သည်။

“ ဒါ ... သူတော်စင် သစ်သီးရဲ့ အစေ့ပဲ၊ အဲဒါကို ရဖို့ အချိန်တွေ အများကြီး ပေးဆပ်ခဲ့ ရတယ်၊ မင်း လက်ခံ နိုင်မယ်လို့၊ မျှော်လင့် ပါတယ်။ ”

ဤအရာသည် ချန်လင်း အတွက် အကောင်းဆုံး ရတနာ ဖြစ်သော်လည်း၊ သူ့ အတွက် ဆွဲဆောင်မှု မရှိချေ။

“ ကောင်းပြီ ... ၊ ငါ လက်ခံ လိုက်မယ်။ ”

သို့သော် စေတနာ ဟူသည်၊ တန်ဖိုးပေါ် မူတည်ခြင်း မရှိဘဲ၊ ပေးလာ သူ၏ ရည်ရွယ်ချက် နှင့်သာ သက်ဆိုင် သည်။

လင်းယွန်မှ လက်ခံ သဖြင့်၊ ချန်လင်း တစ်ယောက်၊ ခံစား ချက်များ ပေါ့ပါး သွားလေ သည်။

“ ဒါဆို ... ၊ ငါ သွားတော့မယ် မနှောင့်ယှက် တော့ဘူး။ ”

တိမ်ပျံ တောင်ထိပ်၌၊ သူ ကြာကြာ မနေ ချင်ချေ။ ဓားဂိုဏ်း အတွင်း လင်းယွန်အား ဗဟို ပြုသော လှိုင်းသည်၊ ၎င်းအား ဖိအား ဖြစ်စေ မည်ကို၊ သူ နားလည်သည်။

“ ခဏ နေပါဦး ... ။ ”

လင်းယွန်က ဟန့်တားကာ ချန်လင်းအား စစ်ဆေး လိုက်သည်။

“ ညီအစ်ကို ချန်၊ အခု ကြယ် သုံးပွင့် ရောက်နေပြီ မဟုတ်လား၊ ငါတို့ ဘာလို့ မတိုက် ရတာလဲ။

သူ့ အနေဖြင့်၊ ဖျက်ဆီးခြင်း ငရဲမြွေ ဓားအပေါ်၊ လေးလေး နက်နက် အထင် ကြီး၏။ ရက်စက် ပြတ်သားသူ များသာလျှင်၊ ၎င်းကို လေ့ကျင့် နိုင်မည်။

လက်ရှိ ချန်လင်းမှာ ယခင်ထက် လေးဆ သန်မာ လာသည်ဟု ခံစား မိသည်။ ထို့ကြောင့် စမ်းကြည့်ရန် စိတ်ဝင်စား လာခြင်း ဖြစ်၏။

“ မသင့် လျော်ဖူး ထင်တယ် ... ။ ”

ချန်လင်းက တုံ့ဆိုင်း သွားသည်။ ပြီး လင်းယွန်အား တစ်ချက် ပြန်ကြည့်ကာ၊

“ ကြယ် တစ်ပွင့်နဲ့ ... ၊ ကြယ် နှစ်ပွင့် ကြားမှာ၊ ကွာခြားချက် သိပ်ကြီးကြီး မားမား မရှိဘူး၊ ဒါပေမယ့် ... ကြယ်သုံးပွင့် အတွက် တော့ ကွဲပြားတဲ့ ဇာတ်လမ်း တစ်ပုဒ်ပဲ။ ”

-ဟု ရှင်းပြ လာသည်။

“ ဒီလို ပြောလိုက်လို့၊ ငါ မင်းကို အထင် သေးနေ တယ်လို့ မထင်နဲ့၊ ပွင့်ပွင့် လင်းလင်း ပြော ရရင်၊ ငါ့ရဲ့ ရောင်ဝါ သမုဒ္ဒရာက၊ မီတာ ကိုးထောင် အထိ၊ ရောက်သွားပြီ။ ”

“ စိတ်မပူနဲ့ ငါတို့က ... လက်ရည် စမ်းရုံပါ၊ ဒါမှ မြေကြီး အဆင့် ထိပ်ဆုံး ဆယ်ဦးရဲ့ ခွန်အား အပေါ်၊ တွက်ဆ နိုင်မှာ။ ”

လင်းယွန်က ပြုံးလျက် ပြန်ပြောပြီး၊ လေ့ကျင့်ရေး ကွင်းပြင်သို့ ပျံသန်း သွားသည်။ ၎င်းကို ဖုံးအုပ် ထားသော အစီရင်သည် နဂါး သွေး လွှတ်ကြော နယ်ပယ်၊ ကျွမ်းကျင်သူ များ၏ ခွန်အား ကိုပင်၊ ချေဖျက် နိုင်၏။

“ ကောင်းပြီ ... ၊ မင်း အရင် စပါ။ ”

ချန်လင်းက နောက်ပါးမှ လိုက်ပါ လာပြီး ပြောသည်။ ထို့စဉ် လေပြင်းများ တိုက်ခတ်လာ သဖြင့်၊ လင်းယွန်ထံ ပြန်ကြည့်ရာ ပြုံးလျက်၊ သူ့အနား ရောက်နေ သည်ကို၊ မြင်လိုက် ရသည်။

“ ဝှစ် ... ။ ”

မြန်လွန်း သဖြင့်၊ စိတ်ထဲမှ အော်ဟစ် လိုက်ပြီး၊ လက်ဖဝါးကို တွန်းထုတ် လိုက်၏။ လင်းယွန်က အလွယ် တကူ ရှောင်ရှား သွားသည်။

“ ဟိတ် ... ။ ”

ထို့ကြောင့် လက်ဖဝါး ရိုက်ချက်များ ဆက်တိုက် ထုတ်လွှတ် မိသည်။ ရိုက်ချက် တိုင်းကို၊ လင်းယွန်မှ လေထဲ လှည့်ပတ် ရှောင်တိမ်း သည်။

“ ဝှစ် ... ။ ”

ခန္ဓာ ကိုယ်အား နာရီ လက်တံ အတိုင်း တစ်ပါတ် ပြည့်အောင်၊ လက်ဖဝါး ရိုက်ချက်များ ရိုက်ပြီး ချိန်၌ လင်းယွန်က ရှောင်တိမ်း ခြင်းကို ရပ်နားကာ၊ လက်သီးဖြင့် ထိုးချ လာသည်။

“ အခု ... ၊ ငါ့ အလှည့်။ ”

လက်ဖဝါး ရိပ်များ ကြားမှ၊ နဂါး တစ်ကောင်လို၊ လက်သီး တစ်လုံး တိုးထွက် လာကာ၊ ရင်ဘတ်ပေါ် ထိမှန်၏။

“ ဘုန်း ... ။ ”

နာကျင် မှုကြောင့် ချန်လင်း တစ်ယောက် မျက်နှာ မဲ့ရွဲ့ သွားပြီး၊ ခြေလှမ်းပေါင်း များစွာ နောက်ဆုတ် လိုက်ရ တော့သည်။

***

All Chapters