← Chapters

နတ်ရွှေကျီးကန်း သံသွေး။

Vol. 104 Ch. 1445

နတ်ရွှေကျီးကန်း သံသွေး။

Vol. 104 Ch. 1445

ထိုလက်သီးချက် နောက်ကွယ်မှ စွမ်းအားသည် ကြောက်မက်ဖွယ် ကောင်းလွန်း သဖြင့်၊ ဒူးထောက်လု နီးပါး ပေပင်။

ထိုကြောင့် ကြယ် သုံးပွင့်အား အသက် သွင်းကာ၊ ဟန်ချက်ကို ထိန်းယူ လိုက်ရသည်။ ရောင်ဝါ သမုဒ္ဒရာ သုံးဆ တိုးပွား လာပြီး၊ ကြယ် စွမ်းအင်များ တဟုန်ထိုး တက်လာ တော့၏။

“ ဟိတ် ... ၊ ကျာ့ ... ။ ”

တစ်ဆက်တည်း မှာပင် လင်းယွန်ထံ လက်ဖဝါး ရိုက်ချက် ပေးပို့လျက်၊ ကောင်းကင် ပေါ် ခုန်တက် ပစ်သည်။

“ ဘုန်း ... ။ ”

ရုတ်ချည်း ပေါက်ကွဲ အားကြောင့်၊ လင်းယွန် ခမျာ မှင်တတ် နေစဉ်၊ လက်ဝါးချက် ထိမှန်သွား သည်။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

နဂါး ရူရ်များ အက်ကွဲကာ၊ (၁၀) မီတာ အကွာသို့၊ နောက်ပြန် ဆုတ်ခွာ ပေးလိုက် ရ လေသည်။

“ ဒါက ... ကြယ်သုံးပွင့် ခွန်အားလား ... ၊ နဂါး ရူရ်တွေသာ ထပ်တိုး မလာခဲ့ရင်၊ ငါခံနိုင်မှာ မဟုတ်ဘူး။ ”

ချန်လင်း လက်ဖဝါးကို၊ နဂါး ရူရ် များက (၇၀%) အထိ၊ ပိတ်ဆို့ နိုင်သော်မှ၊ ရင်ဘတ်မှာ နာကျင် သွားသည်။

ရောင်ဝါ သမုဒ္ဒရာ အကျယ်သည်၊ မီတာ (၃၀၀၀၀) အထိ ရောက်နေခြင်း ကြောင့်သာ ကံကောင်း သွားခြင်း ဖြစ်၏။

မဟုတ်သော် (၉၀၀၀) ကို၊ သုံးဆ တင်လိုက်သော (၂၇၀၀၀) ပမာဏ ရှိသည့်၊ ပြိုင်ဘက်၏ ကြယ် စွမ်းအင်ကို ချေဖြတ် နိုင်မည် မဟုတ်ချေ။

ချန်လင်းမှာ ပို၍ အံ့အားသင့် နေသည်။ သူ့ကိုယ်သူ လင်းယွန်ထက် သန်မာ သည်ဟု၊ ဆိုခဲ့သော စကား များသည်၊ ပြက်လုံးများ ဖြစ်သွား၏။

“ မင်းကို ... ဂိုဏ်းချုပ်က၊ ဘာလို့ ကောင်းကင် တပည့် ရာထူးပေး လိုက်တာလဲ၊ ငါ နားလည်ပြီ။ ”

ခါးသီးသော အပြုံးဖြင့်၊ ချန်လင်းမှ ပြော လိုက်သည်။ တစ်ဖက်လူ အုတ်မြစ်သည် များစွာ ခိုင်မာ နေ၏။

“ ဆက် ရ အောင် ... ၊ ညီအစ်ကို ချန် ... မင်းရဲ့ လက်ဖဝါးက၊ ငါ့ကို ... အနိုင်ယူ နိုင်လု နီးပါးပဲ။ ”

လင်းယွန်မှ ပြုံးကာ ပြောလိုက်၏။

“ ကောင်းပြီ၊ ငါ အခု ခွန်အား အပြည့် သုံးတော့မယ်၊ စောစောက မင်းရဲ့ လက်သီးက၊ ငါ့ကို ဒူးထောက် လုနီးပါး ဖြစ်စေတယ်။ ”

ချန်လင်း တစ်ယောက်၊ တိုက်ပွဲဝင် ဆန္ဒများ တောက်လောင် လာ၏။ သူတို့ကြား ကွာဟချက် ဤမျှ သိသာ ထင်ရှား နေသည်ကို လက်မခံ နိုင်သေးချေ။

ထို့နောက် မီး လူသားနှင့် လျှပ်စီး လူသား ရောယှက် သွားတော့သည်။ တစ်နာရီ အကြာ၌ ပြန်လည် ရပ်နား လိုက်၏။

“ အစ်ကို ချန်၊ မင်း ခွန်အားနဲ့ မြေကြီး အဆင့်၊ ထိပ်ဆုံး ဆယ်ယောက်ကို ယှဉ်နိုင်နေ ပြီလား။ ”

“ မယှဉ်နိုင် သေးဘူး၊ ကွာခြား ချက်က ကြီးမား နေတုန်းပဲ၊ အဆင့် တစ်ဆယ်မှာ ရှိတဲ့၊ စီနီယာ အစ်ကို ကျိုးနဲ့ ... ၊ တိုက်ရင်တောင် အနိုင် ယူဖို့ (၃၀%)ပဲ ရှိတယ်။ ”

“ ၃၀% တည်းလား။ ”

လင်းယွန်က ထင်ထား သည်ထက် နည်းပါးလွန်း သဖြင့်၊

“ ဘာကြောင့် ... ဒီလောက် ကွာဟ နေရ တာလဲ။ ”

-ဟု မေးလိုက်သည်။

“ ကျင့်ကြံမှု နည်းစနစ်နဲ့၊ ကိုယ်ခံ ပညာ ကြောင့်ပေါ့။

ချန်လင်းမှ သက်ပြင်း ချကာ ပြန်ဖြေ၏။ ထိပ်ဆုံး ဆယ်ယောက်မှ တစ္ဆေ ဝိညာဉ် ပညာ ရပ်များကို ပိုပြီး၊ ကျွမ်းကျင် နေကြသည်။

“ ငါ့ရဲ့ ဖျက်ဆီးခြင်း ငရဲမြွေ ဓားက ... ၊ မပြည့်စုံ သေးတော့ ကန့်သတ်ချက် ရှိတယ်၊ ပြီးတော့ ... ငါက အလယ် အလတ် ကျွမ်းကျင်မှုပဲ ရသေးတယ်။ ”

“ ကျင့်ကြံမှု နည်းစနစ် ကရော။ ”

လင်းယွန်က ထပ် မေးသည်။

“ ဒါက ... ပိုတောင် ဆိုးသေးတယ်၊ တောင်ထိပ် ငါးခုမှာ သက်ဆိုင်ရာ ဓားသုတ္တန် တွေ ရှိတယ်၊ ငါတို့ရဲ့ ဓားသုတ္တန်က ကျင့်ကြံရ အခက်ခဲ ဆုံးပဲ၊ တတိယ အဆင့်မှာ အကုန် ပိတ်မိ နေကြတယ်၊ ...

... တစ်ဖက် မှာတော့ ကျန်တောင်ထိပ် တေွရဲ့၊ ဓားသုတ္တန် တေွက ပင်မ နတ်ဘုရား နယ်ပယ် နဲ့တင် ကျင့်ကြံလို့ ရတယ်၊ ဒါကြောင့် သူတို့မှာ သဘာဝ အတိုင်း အားသာ ချက်တွေ ရှိကုန် တာပဲ။ ”

ကြက်သွေးရောင် ဓားသုတ္တန်၊ အရိယာ ဓားသုတ္တန်၊ အပြာရောင် ဓားသုတ္တန်၊ မရဏ ဓား သုတ္တန်နှင့်၊ ရွှေရောင် ဓားသုတ္တန် များသည်၊ ရှေးဟောင်း ပျက်သုဉ်း မြေ၌ ကျော်ကြားသော၊ တစ္ဆေ ဝိညာဉ် ဓားသုတ္တန်များ ဖြစ်၏။

“ ဒါဆို အရိယာ ဓားသုတ္တန်က အားနည်းချက် ရှိနေ တယ်လို့ ... ၊ ဆိုလိုချင် တာလား။ ”

လင်းယွန်က မရှင်းသည် များကို မေးလိုက်သည်။

“ အားနည်း ချက်လား၊ ရှိတယ် ... ။ ”

ချန်လင်း မျက်နှာက ချက်ချင်း လေးနက် တင်းမာ လာပြီး၊

“ ... သူက အဆင့်မြင့် လေလေ၊ ပိုပြီး နားလည်ရ ခက် လေလေပဲ ... ၊ နဂါးသွေး လွှတ်ကြော နယ်ပယ် ရောက်ရင်တောင်၊ အဆင့် သုံးထက် ပိုပြီး၊ နားမလည် နိုင်ဘူး။ ”

-ဟုဆို လာတော့သည်။

“ လွန်ခဲ့တဲ့ (၁၈) နှစ်က၊ စီနီယာ ကျန့်ကျင်းရှန်သာ၊ ပင်မ နတ်ဘုရား နယ်ပယ်နဲ့၊ ဒါကို ပြီးမြောက် ခဲ့ဖူးတယ်၊ သူ မတိုင်မီ ရာစုနှစ် များစွာ၊ ဘယ်သူမှ နားမလည် ခဲ့ဘူး။ ”

ထိုစဉ်က စီနီယာ အစ်ကို ကျန့်ကျင်းရှန် တစ်ယောက်၊ မည်မျှ ကြီးစိုးခဲ့ မည်ကို တွေးဆ နိုင်သည်။

“ ဓားသုတ္တန် တစ်ခုစီမှာ၊ ကိုယ်ပိုင် လက္ခဏာတွေ ရှိတယ်၊ ကြက်သွေးရောင် ဓား သုတ္တန်က နေစွမ်းအား၊ အပြာရောင် ဓား သုတ္တန်က အသွင် ပြောင်းမှု၊ ...

... မရဏ ဓားသုတ္တန်က လျှပ်စီး၊ ရွှေရောင် ဓားသုတ္တန်က ပြတ်သားမှုနဲ့ ... ၊ ငါတို့ အရိယာ ဓားသုတ္တန် ကတော့ ပျက်သုဉ်း ခြင်းပဲ။ ”

ထိုဓားသုတ္တန် များကို ချန်လင်းက၊ အကြမ်းဖျင်း ရှင်းပြ လာသည်။ သည်စဉ် တိမ် ပင်လယ် အတွင်းမှ၊ တည်ငြိမ်သော အသံ တစ်သံ ထွက်ပေါ် လာ၏။

“ လင်းယွန် ... ၊ မင်း ဘယ်မှာလဲ၊ ငါက အကြီးအကဲ ချောင်ယွီပဲ ... ၊ ဂိုဏ်းချုပ် အမိန့်နဲ့ လာတယ်။ ”

ထိုအသံကြောင့် ချန်လင်းက မျက်လုံးများ တောက်ပ လာပြီး၊

“ မင်းရဲ့ ကောင်းကင် တပည့်၊ အထောက် အထားနဲ့၊ ဆုလာဘ် ရောက်လာပြီ၊ သွားကြည့် ရအောင်။ ”

-ဟု ဆိုလိုက် တော့သည်။

“ ဝှစ် ... ။ ”

သည့်နောက် လင်းယွန် နှင့်အတူ၊ တိမ်ပင်လယ် အတွင်း ခုန်တက် လိုက်၏။ တိမ် ပင်လယ် အတွင်း၌၊ သက်လတ်ပိုင်း အရွယ် လူရွယ် တစ်ဦး၊ ရပ်စောင့် နေသည်။

ချောင်ယွီသည်၊ အကြီး အကဲ ခန်းမမှ အကြီးအကဲ တစ်ဦး ဖြစ်၏။ ၎င်း ရာထူးသည် တောင်ထိပ် အသီး သီးရှိ၊ အကြီး အကဲများ ထက် မြင့်သည်။

သူက တင်းမာသော အမူအရာဖြင့်၊

“ မင်းက လင်းယွန် လား။ ”

-ဟု တန်းမေးသည်။

“ ဟုတ်ကဲ့ ... တပည့် လင်းယွန်က အကြီးအကဲ ချောင်ကို နှုတ်ဆက် ပါတယ်။ ”

လင်းယွန်က ကမန်း ကတန်း ဦးညွှတ် လိုက်သည်။ ထိုအပြု အမူကြောင့် ချောင်ယွီမှာ ကျေနပ် သွားပြီး၊ အနည်းငယ် ပျော့ပြောင်း လာ၏။

သက်တံဓား သူတော်စင် တပည့်သည် သတင်းကြီး နေသကဲ့သို့၊ မောက်မာခြင်း မရှိ သဖြင့်၊ ခေါင်းညိတ် ပြမိသည်။

“ လွန်ခဲ့တဲ့ သုံးရက်က ... ၊ မင်းကို ကောင်းကင် တပည့် အဖြစ်၊ ဂိုဏ်းချုပ်က အသိ အမှတ် ပြုခဲ့တယ်၊ ဒါပေမယ့် ဂိုဏ်းရဲ့ ကျင့်ထုံး အချို့နဲ့၊ စည်းမျဉ်း တေွကို သင်ယူပါ၊ ဒီအတွက် အချိန် တစ်ခု ရမယ်။ ”

ချောင်ယွီက ရွှေတံဆိပ် တစ်ခု ကမ်းပေးလျက်မှ ပြောသည်။ တံဆိပ်၏ အရှေ့ဘက် မျက်နှာ ပြင်တွင်၊ ဓားဂိုဏ်း သင်္ကေတကို ရေးထွင်း ထားပြီး၊ ကျောတွင် ‘အရိယာ တောင်ထိပ် လင်းယွန်’ ဟု ပါရှိ၏။

“ ဒီတံဆိပ်က ... ၊ သူတော်စင် ရူရ် တစ်ထောင် လက်ရာပဲ၊ ရူရ် တစ်ရာကို အသက် သွင်းလိုက် တာနဲ့၊ အစီရင် ပွင့်လာပြီး လောက နိယာမ ကျွမ်းကျင် သူကို၊ နာရီဝက်ကြာ ခုခံပေး လိမ့်မယ်၊ ဒါကို အရိယာ ဓားအစီရင်လို့ ခေါ်တယ်၊ ...

... ပြီးတော့ ... အကျိုးဆောင် ရမှတ်တွေ ရယူဖို့၊ လစဉ် စီမံရေးရာ ခန်းမကို သွားနိုင်တယ်၊ ဂိုဏ်းရဲ့ တားမြစ် နေရာ တိုင်းက၊ မင်းအပေါ် မသက် ရောက်ဖူး၊ လွတ်လပ်စွာ ဝင်ထွက် သွားလာ နိုင်တယ်။ ”

အကြီး အကဲ ချောင်ယွီ အသံက၊ ဖြည်းဖြည်းနှင့်၊ မှန်မှန် ထွက်ပေါ် နေသည်။ ယင်းမှာ မည်သည့် တာဝန်မျှ ထမ်းဆောင် နေစရာ မလိုဘဲ၊ သူ ရှိနေခြင်း ကပင် ဂိုဏ်းကို အကျိုး ရှိစေ သည်ဟု အဓိပ္ပါယ် ရ၏။

“ ဒါက ... ဆဋ္ဌမတန်း သူတော်စင် စွမ်းအင် ပုလဲတွေ၊ မင်း အသက် ရှူ နိုင်ရုံနဲ့၊ ဒဏ်ရာတွေ ကနေ၊ ချက်ချင်း ပြန်ကောင်း လာနိုင်မယ်။ ”

ရှေးဟောင်း သူတော်စင် မိသားစု၏၊ အမွေခံ မင်းသား တစ်ပါး အလား၊ သူ့ကိုယ်သူ ထင်မှား လာ စေသည်။

“ ဒါက ကောင်းကင် ဝိညာဉ် ချပ်ဝတ်။ ”

ပုစဉ်း ရင်ကွဲ တောင်ပံ ကဲ့သို့၊ ပေါ့ပါး ပျော့ပျောင်းသော ချပ်ဝတ် တစ်ထည် ပေးအပ် လာ ပြန်သည်။

ဤအရာသည် ရတနာ တစ်ခု ဖြစ်ကြောင်း နားလည် လိုက်သည်။ ထို့နောက် အနက်ရောင် သေတ္တာ တစ်လုံးကို၊ ထုတ်ယူကာ၊

“ ဒါ ကတော့ ... ၊ ဂိုဏ်းက ပေးတာ မဟုတ်ဘူး၊ ဂိုဏ်းချုပ် ကိုယ်ပိုင် ရတနာ တစ်ပါး ပါ၊ နတ်ရွှေကျီးကန်း သံသွေးလို့ ခေါ်တယ်၊ မင်း အတွက် လက်ဆောင်၊ ...

... ဒီနတ်ရွှေကျီးကန်း သံသွေးမှာ၊ မူလ သူတော်စင် ရူရ်နဲ့ ... ၊ သွေး တစ်စက် ပါတယ်၊ ဒါကို သန့်စင်ရင် မင်းရဲ့ ရွှေကျီးကန်း တောင်ပံ တွေ၊ အသွင်ပြောင်း သွားမှာ သေချာတယ်။ ”

( အိုး ... ဒီအဖိုးကြီး ရူးသွား တာလား ... ၊ နင့်ကို နတ်ရွှေကျီးကန်း သံသေွးတောင် ပေး လာတယ်။ )

ခရမ်းငယ်ပင် တိတ်တိတ် မနေနိုင် တော့ချေ။ ဓားသေတ္တာ ထဲ၌ မျက်လုံး ပြူးလျက် ပါးစပ်ကို အုပ်ထား တော့သည်။

“ ကောင်းကင် တပည့် တွေက၊ ငါတို့ ဓားဂိုဏ်းရဲ့ အုတ်မြစ်ပဲ၊ ဒါကြောင့် ဂိုဏ်းချုပ်က ကောင်းကင် တပည့် ဖြစ်လာတိုင်း၊ ...

... ရတနာ တစ်ပါး ချီးမြှင့်တယ်၊ ဒါပေမယ့် ဒီလောက် အဖိုး တန်တဲ့ ... ၊ ရတနာမျိုး တစ်ခါမှ မပေးခဲ့ ဖူးဘူး။ ”

“ ဟုတ်ကဲ့... ဒါကို အမြဲ သတိရ နေပါ့မယ်။ ”

သေတ္တာကို လက်ခံ ရယူစဉ်၊ လေးလံ လွန်းသောကြောင့်၊ လင်းယွန် မျက်နှာ ရှုံ့မဲ့ သွားသည်။ တောင်ကြီး တစ်လုံးကို ပွေ့ထား ရသသည်နှင့် တူ၏။

( လင်းယွန် ... ၊ နင့် ခွန်အားနဲ့ ... အခု အသုံးမဝင် သေးဖူး ... ၊ ငါ့ကို ဘာလို့ မပေးရ တာလဲ၊ ဟဲ ဟဲ ... ။ )

( တိတ်တိတ် နေ ... ။ )

စိတ်လှုပ်ရှား နေသော ခရမ်းငယ်အား သတိပေး လိုက်သည်။ သူ့ အတွက် အသုံး မဝင် သေးလျှင်ပင်၊ သိမ်းထား နိုင်၏။

တစ်ချိန်တွင် ရွှေကျီးကန်း တောင်ပံများ အားကောင်း လာအောင် အကူ အညီ ရနိုင်မည် ဖြစ်သည်။

( ဟမ် ... ၊ နင်က လူယုတ်မာပဲ၊ နတ် ရွှေကျီးကန်း သံသွေးလေး ကိုတောင်၊ ပေးဖို့ တွန့်တို နေတယ်။ )

ခရမ်းငယ်မှ မကျေ မနပ် ပြန်ပြော လာသည်။

“ အခု တံဆိပ် ပြပြီး ... ၊ တစ္ဆေ ဝိဉာဉ် ပညာရပ် တွေကို၊ ရွေးချယ် နိုင်ပြီ ဆိုတာ မင်း သိမယ်လို့ ယုံကြည်တယ်၊ အကူ အညီ လိုရင်၊ အကြီးအကဲ ခန်းမမှာ၊ ငါ့ကို လာရှာပါ။။ ”

လိုအပ် သည်များ ပြောပြီးနောက်၊ အကြီးအကဲ ချောင်ယွီ ထွက်ခွာ သွားသည် အထိ၊ ချန်လင်း ခမျာ တုတ်တုတ်မျှ မလှုပ်နိုင် သေးချေ။

လင်းယွန်၏ အခွင့်အရေး များသည် သူ့အား၊ ထုံကျင်လာ စေ၏။ နတ်ရွှေကျီးကန်း သံသွေးကို ပေးလာ ချိန်တွင် လုံးဝ အသက်မဲ့ သွားသည်။

“ လင်းယွန်... ၊ မင်း ဒါကို လျှို့ဝှက် ထားရမယ်၊ လူတော်တော် များများက မင်းကို မကျေနပ် ကြဘူး၊ နတ် ရွှေကျီးကန်း သံသေွး ပေးခဲ့မှန်း သိသွားရင်၊ ပိုရှုပ်ကုန် လိမ့်မယ်။ ”

“ လျှို့ဝှက်ချက် ဆိုတာ၊ တစ်ချိန်လုံး သိမ်းထားလို့ မရဘူး၊ သူတို့ ရှာတွေ့ ဖို့က၊ အချိန် တစ်ခုပဲ လိုတယ်၊ မကေျနပ် ဖူးလား၊ ဒါဆို လာ ရှာကြ ပါစေ၊ စိတ် မပူနဲ့ ... ၊ ငါက သဘော ကောင်းတယ် အစ်ကို ချန်။ ”

သဘော ကောင်းသည်ဟု ပြောနေသော လင်းယွန်ကို ချန်လင်းမှ ပြန်ကြည့် လိုက်မိ၏။ သို့သော် အပြုံးတွင် တစ်စုံ တစ်ရာ မှားယွင်း နေကြောင်း ခံစား လိုက်ရသည်။

***

All Chapters