← Chapters

အကြွင်းမဲ့ ဖျက်ဆီးခြင်း။

Vol. 104 Ch. 1446

အကြွင်းမဲ့ ဖျက်ဆီးခြင်း။

Vol. 104 Ch. 1446

နတ်ရွှေကျီးကန်း သံသွေး သေတ္တာကို သိမ်းယူ လိုက်၏။ ဤရတနာသည် တျန်ရွှမ်ဇီမှ ချင်းကန်ကို ပေးသော ရွှေနဂါး အရိုးနှင့် အဆင့် တူသည်။

ရွှေနဂါး အရိုးကို၊ ရွှေနဂါး ခန္ဒာကိုယ် ကျင့်ကြံမှု ပညာ ရပ်နှင့် ပေါင်းစပ် နိုင်သည်။ ထို့ကြောင့် သူ့အတွက် အသုံး မဝင်ပေ။

မိုးပြာ နဂါး အရိုး သည်သာ၊ မိုးကြိုး မုန်တိုင်းကို ထိန်းချုပ် နိုင်သည့် အာဏာ ရှိ၏။ ဥပမာ ရွှေကျီးကန်း သံကို ချင်းကန် အတွက် ပေးခဲ့ပါက အသုံး မဝင်ချေ။ သူ့ အတွက် မှာမူ ဆန့်ကျင်ဘက် ဖြစ်သည်။

၎င်းအား စွပ်ပြုတ်လုပ် သောက်ရသည့် အကြောင်းမှာ၊ ပိုမို ကောင်းမွန်သော နည်းလမ်း မရှိ သောကြောင့် ဖြစ်သည်။

နတ်ရွှေကျီးကန်း သံသွေးသည်၊ နေ နတ်ဘုရား ဖမ်းစီးခြင်း ပညာ ရပ်၏၊ နဂါး သွေး လွှတ်ကြော ပုံစံကို ရှာရန်သာ၊ လိုအပ် တော့သည်။

ထို့ကြောင့် ပြုံးမိ၏။ ဤသို့ မပြုံး နိုင်ခဲ့ သည်မှာ ကြာပြီ ဖြစ်၏။ ဓားနန်းတော်မှ ထွက်ခွာ ခဲ့စဉ် ကတည်းက၊ အိမ်ရာမဲ့ တစ်ဦးလို၊ လှည့်ပတ် နေမိသည်။

ယခုမူ သက်တံဓား သူတော်စင်နှင့်၊ မူရွှမ်ကောင် ထံမှ နွေးထွေးသော မေတ္တာ တရား ကို ခံစားလာ ရသဖြင့်၊ ဤနေရာသည် သူ့အိမ် ဖြစ်လာ တော့မည်ဟု၊ နားလည် လိုက်၏။

ပြုံးလျက် ချန်လင်းဘက် လှည့်ကာ၊

“ ညီအစ်ကို ချန် ... ၊ ငါ့ကို ကိုယ်ခံ ပညာ ခန်းမ ခေါ်သွားပေး နိုင်မလား၊ ငါလမ်း မသိဘူး။ ”

-ဟု ပြောလိုက် တော့သည်။

“ ကျေကျေ နပ်နပ် ပါပဲ ... ။ ”

ချန်လင်းက ပြုံးကာ ခေါင်းညိတ် လိုက်သည်။ လမ်း တစ်လျှောက် စကား စမြည် ပြောလာ ခဲ့ကြ၏။

လွန်ခဲ့သည့် သုံးရက် တိုင်တိုင်၊ ကျင့်ကြံ နေခဲ့သဖြင့်၊ သူ့ အတွက် ရုတ်ရုတ် သဲသဲ မည်မျှ ဖြစ်သွားမှန်း၊ လင်းယွန်ကို ပြန်ပြောင်း ပြောပြ မိသည်။

“ အခု ... တောင်ထိပ် သခင် တွေက ... ၊ သူတို့ တပည့် တွေကို ဘယ်လို ပြန်ဖြေလဲ၊ မင်း သိလား။ ”

ချန်လင်းက ပြုံးကာ မေး လိုက်သည်။ ပြီး စကားကို ဆက်ပြော၏။

“ သူတော်စင် ရေကန်မှာ ... ၊ တစ်လ နေနိုင်တဲ့၊ ဘယ်သူ မဆို ကောင်းကင် တပည့် ရာထူး ရမယ်တဲ့။ ”

ထိုစကားကို ကြားသော လင်းယွန်က အံ့အားသင့် သွားပြီး၊ ပြုံးလိုက်သည်။ ရေကန် အောက်ခြေတွင်၊ သူ နေနိုင် ခဲ့သော အကြောင်း ပြချက်မှာ၊ ခွန်အားနှင့် မသက်ဆိုင်ချေ။

နဂါး ဖီးနစ် ဆေးအိုး ကြောင့်သာ ဖြစ်၏။ ၎င်းမှာ လှည့်စားခြင်း ဖြစ်ပြီး၊ မြေကြီး အဆင့် ထိပ်ဆုံး ဆယ်ဦးမှ ခန့်မှန်း မိမည် ဖြစ်သည်။

သို့သော် တောင်ထိပ် သခင် များ၏ စကားဖြစ် သဖြင့်၊ သူတို့ စောဒက မတတ် ဝံ့ခြင်း ဖြစ်သည်။

“ ဝှစ် ... ။ ”

နာရီဝက် အကြာတွင် ချန်လင်းနှင့် လင်းယွန်က လေပေါ်ကျွန်း တစ်ကျွန်း ပေါ်သို့ ဆင်းသက် လိုက်သည်။

ကျွန်းအလယ် ဗဟို၌၊ ရှေးဟောင်း နန်းတော် တစ်လုံး ရှိ၏။ လမ်းတစ်လျှောက် အရိယာ တောင်ထိပ်မှ တပည့် များက လင်းယွန်အား မြင်ချိန်တွင်၊ ဦးညွှတ် နှုတ်ဆက် ကြသည်။

လက်ရှိ အချိန်၌ လင်းယွန်သည် အရိယာ တောင်ထိပ်ကို ကိုယ်စား ပြုသော၊ ကျော်ကြား သူ တစ်ဦး ဖြစ်၏။ ထို့ကြောင့် အခြား လူများ ရှေ့တွင်၊ ခေါင်းမော့ နိုင်ချေပြီ။

“ မင်း ... ဆက် သွားလိုက်၊ ငါ မင်းကို ဒီမှာ စောင့်နေမယ်၊ ဒါပြီးရင် မင်း အတွက် သွားစရာ နေရာ ရှိသေးတယ်။ ”

ချန်လင်းက ပြုံးကာ ပြောလာ သဖြင့်၊ ခေါင်းညိတ် ပြပြီး ဆက်သွား လိုက်၏။ ကိုယ်ခံ ပညာ ခန်းမရှေ့ မြေပြင်၌၊ သစ်ရွက်ခြောက် များနှင့် ပြည့်နှက် နေသည်။

လမ်း တစ်လျှောက် ရှေးဟောင်း သစ်ပင်ကြီး များစွာကို မြင်နိုင်၏။

“ မင်း ... လာပြီလား။ ”

မုချွမ်က နန်းတော် အတွင်း လှမ်းဝင် လာသော လင်းယွန်ကို မော့ကြည့်ကာ ပြော သည်။

“ စီနီယာ အစ်ကို မု ... ။ ”

တောင်ထိပ် သခင်မှ ဤသို့ စောင့်ဆိုင်း နေလိမ့် မည်ဟု မထင်ထား သဖြင့်၊ လင်းယွန် ခမျာ အနည်းငယ် အံ့သြ သွား၏။

“ မင်း ... ငါ့ကို တတိယ အစ်ကိုလို့ ခေါ်နိုင်တယ်၊ ဒါက အသင့်လျော် ဆုံးပဲ၊ လာ ... ငါနဲ့ လိုက်ခဲ့။ ”

( အစ်ကို (၃) လား။ )

ယင်းက မုချွမ် သည်လည်း သက်တံဓား သူတော်စင်၏ တပည့် ဖြစ်ပြီး၊ ပထမနှင့် ဒုတိယ အစ်ကို ရှိသေး သည်ဟု အဓိပ္ပါယ် ရ၏။ အစ်ကို ဖုန်းကျွယ်သည် စတုတ္ထ ဖြစ်ကာ၊ အစ်ကို ကျန့်ကျန်းရှန်မှာ ပဉ္စမ ဖြစ်သည်။

“ ညီလေး ... မင်းက ကောင်းကင် တပည့် တစ်ဦး ဖြစ်လာလို့၊ အကျိုးဆောင် ရမှတ် မလို ဘဲ၊ တစ္ဆေ ဝိဉာဉ် ပညာရပ် တစ်ခုကို ရွေးချယ် နိုင်တယ်။ ”

မုချွမ်က အတွင်း ခန်းထဲ လမ်းပြ လျက်မှ ရှင်းပြသည်။

“ ဒါပေမယ့် ... အရိယာ ဓားသုတ္တန်ကို မရွေးဖို့ အကြံပြု ချင်တယ်၊ ဖျက်ဆီးခြင်း ငရဲ မြွေ ဓားကို ရွေးချယ်ပါ၊ မင်းက ချန်လင်း ထက် နားလည် နိုင်စွမ်း သာလွန်တယ်။ ”

“ အရိယာ ဓားသုတ္တန်ကို ဘာလို့ ... ၊ မရွေးသင့် တာလဲ၊ ဒီလို သာဆို ကျန်တောင်ထိပ် လေးခုနဲ့ ယှဉ်တဲ့ အခါ၊ လက်တစ်ဖက် တည်းနဲ့ တိုက်ခိုက် နေရ သလို ဖြစ်နေမှာ မဟုတ်လား အစ်ကို(၃)။ ”

“ ဟား ဟား ဟား ချန်လင်းက မင်းကို တစ်ခုခု ပြောပြ ခဲ့ပြီ ထင်တယ်၊ ဘာတွေများ သိလာလဲ။ ”

လင်းယွန် စကားကြောင့် မုချွမ်မှာ သဘော ကျစွာ ရယ်မော လိုက်သည်။

“ ဟုတ်ကဲ့ ... ၊ ဓားသုတ္တန် (၅)ပါး လုံးက ရှေးဟောင်း ပျက်သုဉ်း မြေမှာ၊ ကျော်ကြားတဲ့ တစ္ဆေ ဝိဉာဉ် ဓားသုတ္တန်တေွ ဆိုတဲ့ အကြောင်း ပြောပြ ပါတယ်။ ”

လင်းယွန်က မဆိုင်းမတွ ပြန်ပြောသည်။ သည့်စဉ် မုချွမ်က ပြတင်းပေါက် မှတဆင့်၊ သစ်ရွက် တစ်ရွက်ကို ဆင့်ခေါ် ပြ၏။

“ ဝှစ် ... ။ ”

သစ်ရွက်က အကိုင်းမှ ကြွေထွက်ကာ လွင့်ဝဲပြီး၊ ပျံသန်း လာသည်။ သူ့ လမ်းတွင် ရှိသမျှ အရာ အားလုံး၊ ညှိုးနွမ်း သွား၏။

မုချွန်၏ လက်ဖဝါးပေါ် ရောက်ရှိ ချိန်၌၊ အဆိုပါ သစ်ရွက်သည် လုံးဝ ခြောက်သွေ့ကာ ကြေမွှ လာလေသည်။

“ အရိယာ ဓားသုတ္တန်၊ - အကြွင်းမဲ့ ပျက်သုဉ်းခြင်း။ ”

လေ တစ်ချက် အဝေ့တွင်၊ အမှုန် အဖြစ် ပြောင်းလဲ သွားသော အရာ အားလုံး လွင့်ထွက် သွားပြီး၊ မြေပြင် တစ်ခုလုံး ပြောင်ရှင်း သွား၏။

ယင်းက မယုံ နိုင်စရာ ကောင်းလွန်း သောကြောင့်၊ လင်းယွန်မှာ ပါးစပ် အဟောင်း သား ဖြစ်လာသည်။ အစ်ကို မု တစ်ယောက် သုံးရက် အတွင်း၊ ကြီးပြင်း သွားပုံ ရ၏။

“ ဒါက ... ပကတိ ပျက်သုဉ်းခြင်းရဲ့ လက္ခဏာပဲ၊ အလွန် သန့်ရှင်းပြီး အရာ အားလုံး၊ ညှိုးနွမ်း သွားစေတယ်၊ သူ့ရဲ့ အဓိပ္ပါယ်က၊ ...

... သေခြင်းပဲ၊ ဒါပေမယ့် ဒီအဆင့်ကို ဝင်နိုင်ဖို့၊ အချိန် ဘယ်လောက် ပေးဆပ် ခဲ့ရလဲ မင်း သိလား။ ”

မုချွမ်က လင်းယွန်ကို ပြန်ကြည့်ကာ၊ လက်ငါးချောင်း ထောင်ပြပြီး၊

“ အနှစ် ငါးဆယ် ... ။ ”

-ဟု ပြောလာ တော့သည်။

လူများစွာမှ အရိယာ ဓားသုတ္တန်ကို အဘယ်ကြောင့် စွန့်လွှတ် ခဲ့ကြ သည်အား၊ လင်းယွန် နားလည် သွားသည်။

၎င်းသည် မည်သူ မဆို ကျင့်ကြံ နိုင်သော အရာ မဟုတ်ချေ။ သက်တံဓား သူတော်စင်၏ တပည့် တစ်ဦး ဖြစ်သော မုချွမ်ပင် အနှစ် (၅၀) ပေးဆပ် ရသော်၊ အခြား သူများ အတွက် ဆိုဖွယ် မရှိချေ။

ယင်းက ဘဝ တစ်ခုလုံး နီးပါး သည်းခံ ရမည်ဟု အဓိပ္ပါယ် ရ၏။

“ အစ်ကို ကျန့်ကျင်းရှန် ကရော ... ။ ”

“ ညီ (၅)မှာ ... ၊ သူ့ကိုယ်ပိုင် ကျင့်ကြံမှု နည်းစနစ် တစ်ရပ် ရှိတယ်၊ ဒါကြောင့် အရိယာ ဓားသုတ္တန်ကို အဆုံးထိ မလေ့ကျင့် ခဲ့ဘူး၊ ...

... ငါတို့ ဆရာတူ ညီအစ် (၅) ထဲမှာ၊ ငါတစ်ဦး တည်းကသာ ဒါကို ရွေးခဲ့တာ၊ ဆရာ တောင်မှ မရွေး ခဲ့ဘူး။ ”

ယင်းက လင်းယွန် မမျှော်လင့် ထားသော အဖြေ ဖြစ်သည်။

“ ဒါကြောင့် မေ့လိုက်ပါ၊ အထဲမှာ ဖျက်ဆီး ခြင်း ငရဲမြွေ ဓား အပြင်၊ အစွမ်းထက်တဲ့ တစ္ဆေ ဝိညာဉ် ပညာ ရပ်တွေ အများကြီး ရှိတယ် ... ။ ”

“ အစ်ကိုမု ... ၊ ကျွန်တော် အရိယာ ဓားသုတ္တန် ကိုပဲ ရွေးဖို့ ... ၊ ဆုံးဖြတ် ထားတယ်။ ”

သူသည် ကိုယ့်ကိုယ်ကို အထင်ကြီး နေသူ တစ်ဦး မဟုတ်ချေ။ ကိုယ်ပိုင် အစီ အစဉ် ရှိနေ သောကြောင့်၊ ၎င်းကိုသာ ရွေးရ ပေမည်။

ယင်းကဲ့သို့ ဓားသုတ္တန်မျိုး ဖြင့်သာ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဆေးအိုး ကြီးကို နှိမ်နှင်းနိုင် မည်ဟု၊ ခံစားနေ ရခြင်း ဖြစ်သည်။

“ မင်း ... စိတ်ပြောင်းမှာ ... ၊ မဟုတ်ဖူး ဆိုတာ ငါ သိပါတယ်၊ ကဲ ... ဒီကနေ ဆက်သွား၊ ဘယ်ကိုမှ မဝင်နဲ့၊ လမ်း အဆုံးမှာ တံခါး တစ်ချပ် ရှိတယ်၊ တွန်းဖွင့် လိုက်ရုံပဲ။ ”

လင်းယွန်က ခေါင်းညိတ် လိုက်ပြီး၊ ခန်းမ ထဲသို့ လှမ်းဝင် လိုက်တော့သည်။ ကိုယ်ခံ ပညာ ခန်းမကို မီးအိမ်များ၊ ညလင်း ပုလဲများ ထွန်းညှိ ထားသည်။

ခန်းမ အတွင်း၌ လူအများ အပြား ရှိပြီး၊ ပညာရပ် များကို ရွေးချယ် နေကြစဉ် လင်းယွန် အား မြင်သော အခါ၊ နှုတ်ဆက် ကြ၏။

ခန်းမကို ဖြတ်ပြီး၊ လမ်း အတိုင်း လှမ်းဝင်လာရာ၊ ပတ်ဝန်းကျင် တဖြည်းဖြည်း မှောင်လာသည်။

လမ်း အဆုံး၌ ငရဲ နန်းတော်ဟု၊ အမည် ပေးထားသော ကျောက် တံခါးကြီး တစ်ချပ် ရှိ နေလေသည်။

“ ကျွီ ... ။ ”

ကျောက်တံခါးကို တွန်းဖွင့် လိုက်သံကြောင့်၊ လူတိုင်း လုပ်လက်စ အရာ များကို ရပ်ကာ၊

“ ဒါ ငရဲ နန်းတော်ပဲ။ ”

-ဟု အော်လျက် လှမ်းကြည့် လာ တော့သည်။

“ လင်းယွန်က အရိယာ ဓားသုတ္တန်ကို ရွေး မလို့လား။ ”

“ ကြယ်တစ်ပွင့် ... ပင်မ နတ်ဘုရား နယ်ပယ်လေးနဲ့ မရွေးသင့်ဘူး၊ နဂါး သွေးလွှတ် ကြော နယ်ပယ် မတိုင်မီ၊ ပထမ အဆင့်ကို အောင်မြင် ဖို့တောင်၊ အရမ်း ခက်တယ်။ ”

ကိုယ်ခံပညာ ခန်းမ ထဲတွင်၊ ဤသို့ ရုတ်ရုတ် သဲသဲ ဖြစ်နေ ချိန်၌၊ အပြင်၌ ရပ်စောင့် နေသော ချန်လင်းက၊ နန်းတော်အား မော့ကြည့် မိသည်။

ပြတင်းပေါက် တစ်ပေါက် ပွင့်လာပြီး၊ အနက်ရောင် အငွေ့ အသက် တစ်ခု၊ ပျံ့လွင့် လာကာ၊ ချက်ချင်း ပြန်ဆုတ် သွားသည်ကို၊ သတိ ထားမိ လိုက်သည်။

“ အရိယာ ဓားသုတ္တန်၊ - အကြွင်းမဲ့ ပျက်သုဉ်းခြင်း။ ”

ချန်လင်း ထံမှ ရေရွတ်သံ ခပ်တိုးတိုး ထွက်ပေါ် လာသည်။ လင်းယွန်မှ ၎င်းအား ရွေးချယ် မည်ကို သူ သိသည်။

သို့သော် တစ်ကြိမ် မှားယွင်း ရုံဖြင့်၊ လင်းယွန်မှာ လူတိုင်းထက် များစွာ နောက်ကျ ကျန်ရစ် ရပေမည်။

အောင်မြင်မည်- မအောင် မြင်မည်၊ မသိ သော်လည်း၊ ဓားဂိုဏ်း တစ်ဂိုဏ်းလုံး လှုပ်ရှား လာဦး မည်မှာ၊ အမှန် ပေပင်။

***

All Chapters