ငါက မင်းရဲ့ ... ၊ သိုင်း ဦးလေးပဲ။
Vol. 104 Ch. 1447
“ ဝုန်း ... ။ ”
လင်းယွန် ငရဲ နန်းတော်ထဲ ဝင်သွားသော အခါတွင် ပေါက်ကွဲ သံနှင့် အတူ ကျောက်တံခါး အလိုလို ပိတ်သွားသည်။
ထို့ကြောင့် ပြန်ကြည့်ကာ တံခါးကို ဆွဲဖွင့်လိုက် သော်လည်း၊ တံခါးမှာ ပွင့်မလာ တော့ချေ။ ယင်းက အခန်း ထဲက ထွက်လိုသော် နည်းလမ်း တစ်ခု ရှာရ မည်ဟု အဓိပ္ပါယ် ရသည်။
“ ဟား ... ဟား ... ဟား ... ၊ တစ်ယောက်တော့ ရောက်လာ ပြန်ပြီ။ ”
ကျယ်လောင်သော အသံကြောင့် ထိတ်လန့် သွားသည်။ မီးခိုးရောင် ဝတ်ထားသော လူကြီး တစ်ဦးက၊ သူ့အား စူးစိုက် စစ်ဆေး နေ၏။
“ အကြီးအကဲက ဘယ်သူ များလဲ။ ”
လင်းယွန်က ယဉ်ယဉ် ကျေးကျေး မေးမိသည်။
“ မင်း ... အရိယာ ဓားသုတ္တန်ကို ယူချင် တာလား။ ”
အဘိုးအိုက သူ့ မေးခွန်းကို ပြန်မဖြေဘဲ မေးခွန်း ထုတ်လာသည်။
ကောင်းကင် တပည့် အဖြစ်၊ ကိုယ်စား ပြုသော တံဆိပ်အား ထုတ်ပြကာ ခေါင်းညိတ် လိုက်၏။ ဤကျောက်ခန်း အတွင်း အားကောင်း သည့် တံဆိပ် တစ်ခုကို၊ သူ ခံစား နိုင်သည်။
ပြင်ပမှ မည်သည့် စွမ်းအင်မှ မ၀င်ရောက် နိုင်ချေ။ သူ့ဓား ရည်ရွယ်ချက် သို့မဟုတ် ဝိညာဉ် စွမ်းအင် မည်သို့ပင် ရှိစေ ကာမူ၊ နံရံ များကို မဖောက် နိုင်သဖြင့်၊ အံ့ဩသွား မိ၏။
“ အနာဂတ်မှာ မင်း နောင်တ မရဖို့ ... ၊ ငါမျှော်လင့် ပါတယ်၊ ဟမ့် ... နေဦး ... မင်းမှာ သက်တံဓား သူတော်စင်ရဲ့ ရောင်ဝါ ဘာလို့ ရှိနေ ရတာလဲ။ ”
အဖိုးအို မျက်နှာ၊ ရုတ်တရက် ပြောင်းလဲ သွားပြီး၊ သူ့အား ပြန်၍ စိုက်ကြည့် လာလေ သည်။
“ ဒါကြောင့် ... ထင်ပါတယ်။ ”
သက်တံဓား သူတော်စင်၏ ပုံတူ ပန်းချီကားကို ထုတ်ပြပြီး၊ လင်ယွန်မှ ပြန်ပြော မိ၏။
ယင်းကို ထုတ် မပြခင်ဘဲ၊ ခံစား နိုင်သော ဤအကြီး အကဲမှာ ဓားဂိုဏ်း၏ ခေသူ တစ်ဦး မဟုတ်ကြောင်း နားလည် လိုက်သည်။
“ အိုး ... မင်းက ... သူ့ တပည့်လား။ ”
ပန်းချီကားကို မြင်သောအခါတွင်၊ အကြီးအကဲ အမူ အရာမှာ နူးညံ့ လာသည်။
“ ဟုတ်ကဲ့ ... ။ ”
လင်းယွန်မှ ခေါင်းညိတ် ပြမိ၏။
“ ဒါဆို ... ၊ မင်းငါ့ကို သိုင်း ဦးလေးလို့ ခေါ်နိုင်တယ်၊ ငါက သက်တံဓား သူတော်စင်ရဲ့ ဂျူနီယာပဲ။ ”
ဤအကြီး အကဲ ဝါစဉ်မှာ၊ သူ ထင်ထား သည်ထက် ပိုမြင့်နေ သောကြောင့်၊ အံ့အားသင့် သွားသည်။
တပည့် ရွေးပွဲ၌၊ သူတော်စင် သခင် (၆)ပါးက၊ သူ့ ဆရာအား သိုင်းဦးလေး အဖြစ် ခေါ်ဝေါ်ကြ သည်ကို၊ အမှတ်ရ လာသည်။
“ ဒီတပည့်က သိုင်းဦးလေးကို နှုတ်ဆက် ပါတယ်။ ”
“ ဟား ဟား ဟား ... ၊ ဒီလိုပဲ ... ဖြစ်ရ မှာပေါ့၊ စီနီယာ အစ်ကိုက နောက်ဆုံး မှာတော့ တပည့် တစ်ယောက်ကို လက်ခံ လိုက်ပြီ၊ ဟား ဟား ဟား ... ၊ ငါ့ကို အလင်းမြူ သူတော်စင်လို့ မှတ်ထား နိုင်တယ်။ ”
အလင်းမြူ သူတော်စင်၏ အမူ အရာက၊ ပို၍ ဖော်ရွေ လာကာ၊
“ အရိယာ ဓားသုတ္တန်ရဲ့ အကြောင်း မင်း သိလား။ ”
-ဟု မေးတော့၏။
“ ဟုတ်ကဲ့ ခက်ခဲတဲ့ ဓားသုတ္တန် တစ်ရပ် ဖြစ်မှန်း ကြားသိထား ပါတယ်။ ”
“ ဒါပေမယ့် ... ဘာကြောင့်၊ ဒီလို ခက်ခဲ ရတာလဲ ဆိုတာ ... ၊ မင်း မသိဖူး မဟုတ်လား။ ”
အလင်းမြူ သူတော်စင်က ပြုံးကာ၊ မေးလျက် ဆက်ရှင်း ပြသည်။
“ ဓားဂိုဏ်း မြင့်မြတ်မြေ ဖြစ်တုန်းက၊ ဓားသုတ္တန် ကိုးပါး ရှိတယ်၊ ကိုးပါးလုံး မဟာ တော်ဝင် ဓားကျမ်းမှ ဆင်းသက် လာတယ်၊ ဆိုလို တာက ...
... ဓားသုတ္တန် တစ်ခုခုကို ကျွမ်းကျင် သွားရင်၊ အဲဒီ မဟာ တော်ဝင် ဓားကျမ်းကို နားလည် လိမ့်မယ်။ ”
‘ကျမ်း’ ဟူသော ပညာရပ် များသည်၊ နည်းစနစ် ဆိုသည့် အရာ များထက်၊ များစွာ လေးနက်မှု ရှိသည်။
“ လက်ရှိ ဓားဂိုဏ်းက ဓားသုတ္တန် ကိုးပါး ထဲက၊ ဓားသုတ္တန် နှစ်ပါးကို ဆုံးရှုံး ထားတယ်၊ ကျန်ရှိ နေတဲ့ ဓားသုတ္တန် ခုနစ်ပါးမှာ၊ ဝိညာဉ် ရေးရာ ကျင့်ကြံ သူတွေ အတွက် ...
... သုတ္တန် နှစ်ပါး ပါဝင်တယ်၊ ဒါတွေ ကိုတော့ တော်ဝင် တောင်ထိပ်နဲ့၊ မြစိမ်းရောင် တောင်ထိပ်မှာ ထားတယ်။ ”
ပျောက်ဆုံး သွားသော ဓားသုတ္တန် နှစ်ပါးသည်၊ တောင်ထိပ် နှစ်ခုကို ဖြတ်ထုတ် ခဲ့သော၊ ဓားဧကရာဇ် ယုချင်းဖန်ထံ ရောက်သွား ပုံရ၏။ သို့သော် စကား တစ်ခွန်းမှ ဝင်မမေးဘဲ၊ ငြိမ်သက်စွာ နားထောင် နေမိသည်။
“ ဒီတော့ ... ကျန်တဲ့ ဓားသုတ္တန် ငါးပါး အနက်မှာ၊ အရိယာ ဓားသုတ္တန်က အခက်ဆုံး ဖြစ်ပြီး၊ ဒါကို လေ့ကျင့်မဲ့ လူက၊ ‘ငရဲ’ ဆိုတဲ့၊ ရည်ရွယ်ချက် အပေါ်၊ နားလည်ဖို့ လိုတယ်။ ”
အလင်းမြူ သူတော်စင်က ဆက်မပြောမီ ခေတ္တ ရပ်နားကာ၊
“ အရိယာ ဓားသုတ္တန်က၊ ဓားဂိုဏ်းရဲ့ ဘိုးဘေး ငရဲ ပင်လယ် ကနေ၊ နားလည် လာတဲ့ သုတ္တန်ပဲ၊ ငရဲ ပင်လယ် ဆိုတာ၊ ရှားပါး သက်ရှိ ပုံစံတွေ ရှင်သန် ကြတဲ့၊ ...
... ပင်လယ်သေ တစ်စင်း ... ၊ အဲဒီ ပင်လယ်မှာ နေထိုင်တဲ့ သက်ရှိ တွေကို၊ ငရဲ သားရဲ များလို့ ခေါ်တယ်၊ ပင်လယ်ရဲ့ တစ်ဖက် စွန်းမှာ၊ ငရဲ သွားရာ တံခါး တစ်ချပ် ရှိတယ် လို့လည်း၊ သတင်းကြီး ကြတယ်။ ”
“ အဲဒီ ... ငရဲ ပင်လယ်က ခုထိ ရှိနေ တုန်းပဲလား၊ သိုင်း ဦးလေး။ ”
လင်းယွန်မှ ဖြတ်မေး မိသည်။
“ ပြီး သွားပြီ။ ”
အလင်းမြူ သူတော်စင်က သက်ပြင်းချ လိုက်ပြီး၊
“ ရွှေခေတ် ကုန်သွားတဲ့ အခါ၊ အဲဒီ ပင်လယ်က နတ်ဘုရား တေွရဲ့၊ စစ်မြေပြင် ဖြစ် လာတယ်၊ ဒါကြောင့် လုံးဝ ပျက်စီး သွားပြီး တားမြစ် နယ်မြေ အဖြစ်၊ ...
... ပြောင်းလဲ သွားတယ်၊ သူတော်စင် တစ်ပါးတောင် သတိထား ရတဲ့ နေရာပဲ၊ ဒီလိုမှ မဟုတ်ရင် ငရဲ ပင်လယ်ကို သွားပြီး၊ အရိယာ ဓားသုတ္တန်ကို၊ နားလည်မှု ရယူနိုင် မှာပေါ၊ ...
... တစ်ချိန်က ဓားဂိုဏ်းက မြင့်မြတ်မြေ အဖြစ်၊ တန်ခိုး ထွားစဉ် အချိန် တွေမှာ၊ အဲဒီကို သွားပြီး၊ တပည့် တွေက ငရဲ ပန်းကို ဖန်တီး ယူကြတယ်၊ အရမ်း လွယ်ခဲ့တယ်။ ”
“ ငရဲ ပန်း ... ။ ”
ထိုအသုံး အနှုန်းကြောင့် လင်းယွန် စိတ်ဝင်စား လာသည်။
“ မှန်တယ်၊ ငရဲပန်း ဖွဲ့နိုင်မှ မင်းရဲ့ ငရဲ စွမ်းအင်ကို ရရှိ နိုင်မှာ၊ ဒီစွမ်းအင်က သက်ရှိတွေ အပေါ်၊ တိုက်စား နိုင်တဲ့ သေခြင်းရဲ့ ရည်ရွယ် ချက်ပဲ၊ အချိန် စွမ်းအားထက် ...
... ပို ကြောက်စရာ ကောင်းတယ်၊ ဒါကြောင့် မရွေးဖို့ အကြံပြု ချင်တယ်၊ ကောင်းကင် တပည့် တစ်ယောက် အနေနဲ့၊ ...
... တခြား တောင်ထိပ်ရဲ့၊ ဓားသုတ္တန်ကို လေ့ကျင့် ရင်တောင်၊ မင်း အပေါ် အထင်သေး ဝံ့ကြမှာ မဟုတ် ပါဘူး။ ”
သို့သော် အခြား ဓားသုတ္တန် များကို စိတ်မ၀င် စားချေ။ အရိယာ တောင်ထိပ်၏ တပည့် တစ်ဦး အနေဖြင့်၊ အရိယာ တောင်ထိပ် အမွေ ကိုသာ ဆက်ခံ ရပေမည်။
မဟုတ်သော် အခြား တောင်ထိပ်များ ရှေ့တွင် မော်ကြွားစရာ မျက်နှာ ရှိတော့မည် မဟုတ်ချေ။
“ အကြံဉာဏ် ပေးတဲ့ အတွက် ... ၊ ကျေးဇူးတင် ပါတယ် သိုင်းအန်ကယ်၊ ဒါပေမယ့် ကျွန်တော် ဆုံးဖြတ် ပြီးပါပြီ။ ”
“ မင်းက ... ငါ့ရဲ့ သိုင်းတူလေး မို့လို့ ... ၊ ဒီအထိ ပြောပြ ခဲ့တာပါ၊ ဒါက မင်းရဲ့ လွတ်လပ် ခွင့်ပဲ၊ ငါ စွက်ဖက်မှာ မဟုတ်ဘူး။ ”
အလင်းမြူ သူတော်စင်က၊ ခေါင်းညိတ် ပြလျက် အနက်ရောင် ကျောက်တုံး တစ်တုံးကို ထုတ်ယူ ပေးလာသည်။
“ ဒီမှာ ... ၊ ပထမ အဆင့် သုံးဆင့် အတွက် အချက် အလက်တွေ ပါတယ်။ ”
“ အဆင့် သုံးဆင့် ပဲလား၊ သိုင်းဦးလေး။ ”
“ ဟား ဟား ဟား ... ၊ ငရဲ ပန်းမှာ ဓားမျိုးစေ့ကို ဖန်ဆင်း နိုင်တဲ့ အခါ ... ၊ ငါ့ကို ပြန်လာရှာ၊ ငါတို့ နောက် တစ်ကြိမ် တွေ့ချင် ပါသေးတယ်။ ”
အလင်းမြူ သူတော်စင်မှ၊ အဓိပ္ပါယ်များ ပါသော ဆုတောင်း စကားကြောင့်၊ လင်းယွန်က ခေါင်းညိတ် လိုက်သည်။
“ ဒါနဲ့ သိုင်းဦလေး ... ၊ ဒီအခန်းကို ချိပ်ပိတ်ထား တာလား။ ”
“ အရမ်း မစပ်စုနဲ့၊ ပြန်ဆုံရင် ပြောပြမယ်၊ လောလော ဆယ်တော့ မင်းက ငါ့အစ်ကို ကြီးရဲ့ တပည့် ဖြစ်နေ ရင်တောင်၊ အများကြီး မပြောနိုင် သေးဘူး။ ”
ဤတစ်ကြိမ်တွင်၊ သူ့အား အလင်းမြူ သူတော်စင်မှ မရှင်းပြ တော့ဘဲ၊ စကားစကို ဖြတ် လိုက်သည်။ ယင်းကြောင့် လင်းယွန်၏ သိချင် စိတ်မှာ၊ ပို၍ တိုးလာ၏။
ဤနေရာအား ချိပ်ပိတ် ထားရသည် အထိ၊ မည်သည့် အရာများ တည်ရှိနေ သနည်း။ ထိုမျှ ကြောက်စရာ ကောင်းသည်လော။
“ ဒါဆို ကျွန်တော် ... အခုပဲ သွားပါ တော့မယ် သိုင်း ဦးလေး။ ”
လင်းယွန်က ဦးညွှတ် လိုက်သည်နှင့်၊ အဘိုးအိုမှ လက်ဝှေ့ ယမ်းကာ ကျောက်တံခါးကို ဖွင့်ပေး လာသည်။
“ ကျွီ ... ။ ”
အနက်ရောင် အငွေ့အသက် အချို့ လေထဲ ပျံနှံ့ သွားပြီး၊ ချက်ချင်း ပြန်လည် ဆုတ်ခွာကုန် တော့သည်။
“ ဝုန်း ... ။ ”
ကျောက်တံခါး ပြန်ပိတ် သွားသည်နှင့်၊ အခန်းထဲရှိ တပည့် များက ချက်ချင်း ဝိုင်းအုံ လာသည်။
“ စီနီယာ လင်း ... ၊ တကယ်ပဲ အရိယာ ဓားသုတ္တန်ကို ရွေးခဲ့ တာလား။ ”
“ အမှန်တော့ အရိယာ ဓားသုတ္တန်ကို မရွေးသင့်ဘူး အစ်ကိုလင်း၊ ဒီကောင်က မိစ္ဆာပဲ၊ အဆိပ် ပြင်းတယ်၊ နားလည်ရ ခက်တယ်။ ”
“ မင်း ... ပြန်လာ ပြီလား၊ ငါတို့ သိုင်း ဦးလေးကို မြင်ခဲ့လား။ ”
ရုတ်တရက် တတိယ အစ်ကို မုချွမ် အသံကြောင့် လူအုပ်မှာ ချက်ချင်း ဖယ်ခွာသွား ကြတော့သည်။
“ ဟုတ်ကဲ့ ... ။ ”
လင်းယွန်က အစ်ကို မုထံ လှောက်လှမ်း သွားကာ၊ အနက်ရောင် ကျောက်စိမ်း တုံးအား၊ မြှောက်ပြ လိုက်သည်။
***