← Chapters

အကျိုးဆောင် ရမှတ်၊ မင်း ... ပေးမလား။

Vol. 104 Ch. 1448

အကျိုးဆောင် ရမှတ်၊ မင်း ... ပေးမလား။

Vol. 104 Ch. 1448

“ မင်း ... ငါတို့ သိုင်းဆရာကို အနိုင်ကျင့် ခဲ့သေးလား ... ၊ ငါ့ကို စိတ်ပူရအောင် မလုပ်နဲ့၊ တိမ်လွှာ ဓားဂိုဏ်း မှာတုန်း ကလည်း ... ၊ ညီ(၅)ကို နှိပ်စက်ခဲ့ သေးတယ်။ ”

မုချွမ်က သက်ပြင်း ချကာ မေးသည်။ သည်တစ်သက် ကြယ်မှုန် (၉) လွှာကို မေ့နိုင် မည် မထင်ချေ။

“ အာ ... ကျွန်တော်က ... အပြစ်ကင်း ပါတယ်၊ သူ့ ဒေါသက ကျွန်တော့် ထက်တောင် ကြီး သေးတယ်၊ ကျွန်တော့် ကိုသာ သူက အနိုင်ကျင့် တာပါ။ ”

လင်းယွန်က ပြုံးလျက် ပြန်ဖြေ သည်။ ထိုစကားကို ကြားသော အခါ၌၊ မုချွမ် တစ်ယောက်၊ ကျန့်ကျင်းရှန်အား သတိရ လာ၏။ ပြီးပြုံး လျက်ဖြင့်၊

“ သူ ... ၊ လောက နိယာမ နယ်ပယ်ကို ရောက်နေကြောင်း ငါ ကြားတယ်၊ ဟုတ်လား။ ”

“ ဟုတ်တယ် အစ်ကို မု ... ၊ သူ့ နှလုံးသား ထဲက၊ ကြိုးထုံးတွေ ပျယ်တာနဲ့ ... ၊ ကောင်းကင် ဘုရင် ဖြစ်သွားတယ်။ ”

မုချွမ် မျက်ဝန်း များ၌ လွမ်းဆွတ် မှုများ ပြည့်နှက် လာလေသည်။

“ ဒီကောင်လေး ... ၊ ရုန်းထွက် နိုင်မယ် ဆိုတာ ငါ သိတယ် ... ၊ ဒါပေမယ့် ... မင်း သူ့လို မဖြစ် စေနဲ့။ ”

“ အစ်ကို ကျန့်က ... ၊ ဘာလုပ် ခဲ့လို့လဲ။ ”

ဤမေးခွန်းကြောင့် မုခွန်က လင်းယွန်ကို ပြန်ကြည့်သည်။ ထိုအကြောင်း အရာ များသည် တားမြစ်ချက် မဟုတ်ချေ။

“ ငါ့ကို မမေးနဲ့ ... ၊ တစ်ချိန် မင်း သိလာ ပါလိမ့်မယ်၊ ကဲ ... အခု တော်ဝင် နန်းတော်ကို သွားလိုက်။ ”

“ ဘာ အတွက်လဲ အစ်ကိုမု။ ”

“ မင်း ... ရောက်ရင် သိလိမ့်မယ်၊ ချန်လင်းနဲ့ အတူ သွားလိုက်။ ”

စကားဆုံး သည်နှင့်၊ မုချွမ် ထွက်ခွာ သွားသည်။ ချန်လင်းက ပြုံးလျက် သူ့အား စောင့်နေ၏။

“ သွား ရ အောင် ... ၊ မင်းကို မဟာ တော်ဝင် နန်းတော်ဆီ ခေါ်သွား ပေးမယ်။ ”

“ မဟာ တော်ဝင် နန်းတော် ဆိုတာ ... ၊ အစ်ကိုချန် ... မင်း အရင်က ငါ့ကို ပြောခဲ့ ဖူးတဲ့ နေရာလား။ ”

ပျံသန်း နေလျက်မှ လင်းယွန်က စူးစမ်း လိုက်သည်။

“ ဟုတ်တယ် ... ၊ မဟာ တော်ဝင် နန်းတော်က ဓားဂိုဏ်းရဲ့၊ ရတနာ နန်းတော်ပဲ၊ သူတော်စင် တောင်ထက် မနိမ့်ဘူး၊ အဲဒီ နေရာမှာ၊ ...

... မဟာ တော်ဝင် ဓားကျမ်း ရှိတယ်၊ ဒီဓားကျမ်းက၊ ငါတို့ ဓားဂိုဏ်းက နာမည်ကြီး ဓားသုတ္တန် ငါးပါး အပေါ်၊ နားလည်အောင် လုပ်ယူတဲ့ နေရာမှာ၊ အကူအညီ ပေးတယ်၊ ဒါပေမယ့် ...

... အရိယာ ဓားသုတ္တန်တော့ မပါဘူး၊ စိတ်ပျက် စရာပဲ၊ ဘာလို့ ဒီလို ဖြစ်ရလည်း ဆိုတာ ကိုတော့၊ ငါလည်း မသိဘူး။ ”

ချန်လင်း စကားကြောင့် တစ်စုံ တစ်ရာကို နားလည် လိုက်သည်။ ဓားဂိုဏ်း တပည့် များမှာ ငရဲ ပင်လယ်နှင့် အရိယာ ဓားသုတ္တန် သမိုင်း ကြောင်းကို သိပုံ မရချေ။

ထို့ကြောင့် သိုင်းဦးလေး အလင်းမြူ သူတော်စင်မှ သူ့အား လျှို့ဝှက်ချက် များကို ပြောပြကာ၊ ကူညီ ခဲ့ကြောင်း နားလည် လာ မိသည်။

“ ဒါဆို ... ဘာလို့ သွားရ တာလဲ၊ အကျိုး အမြတ်မှ မရှိတာ။ ”

အရိယာ ဓားသုတ္တန် အတွက်၊ အသုံး မဝင်သည့်နောက်၊ စိတ်ဝင်စား စရာ ရှိမည် မဟုတ်ချေ။ လင်းယွန်က မေးမိသည်။ ချန်လင်းမှ ခေါင်းယမ်းလျက်၊

“ မင်းက ဒီထဲကို ဝင်ဖို့ ... အခွင့် အရေး ရှိတယ်၊ အသုံး ဝင်ဝင်- မဝင်ဝင် ... ဒါက ရှားပါး တဲ့ အခွင့် အရေးပဲ၊ ကောင်းကင် တပည့် ဖြစ်မှသာ ... တစ်ကြိမ် ရမယ်၊ ...

... အလကား ရတဲ့ လက်ဆောင်ကို၊ ငြင်းဆန်ချင် နေတာလား၊ မဟာ တော်ဝင် နန်းတော်ထဲ ဝင်ဖို့ ဆိုတာ မလွယ်ဘူး၊ ...

... အကျိုးဆောင် ရမှတ် ... ၊ (၁) သိန်း ပေးရလိမ့်မယ်၊ ဒါကြောင့် ကောင်းကင် အဆင့် ဘီလူး ဆယ်ကောင် တောင် ဝင်ချင်တိုင်း ဝင်လို့ မရဘူး၊ နောက်ပြီး ... ”

“ နောက်ပြီး ဘာဖြစ်လဲ ... ။ ”

“ ငါသာ အမှတ် မမှားရင် ... ၊ နဂါး သွေးလွှတ်ကြော နယ်ပယ်က၊ စီနီယာ အစ်ကို တေွတောင်၊ အရိယာ ဓားသုတ္တန်ကို၊ ဒီနန်းတော် ပထမ အဆင့် ရအောင် မလုပ် နိုင်ခဲ့ဘူး။ ”

လေးနက်သော အမူအရာဖြင့် ချန်လင်းက ရှင်းပြသည်။ သူ၏ စိတ်ဓာတ် ကျသော လေသံ ကို ဖုံးကွယ် ထားခြင်း မရှိချေ။

ဤနန်းတော်ဖြင့်၊ ပထမ အဆင့် မျှပင်၊ မတက်ရောက် နိုင်သော်၊ အဆင့် (၃) ဆင့်အား မည်သို့ ပြီးမြောက် နိုင်မည်နည်း။

“ ဝှစ် ... ။ ”

လင်းယွန် သည်လည်း အတွေးနက် သွားသည်။ မဟာ တော်ဝင် နန်းတော်သို့ သူတို့ နှစ်ဦး သွားနေစဉ်၊ ရွှေရောင် တောင်ထိပ်သို့ လူ(၆)ဦး ဆင်းသက် လာသည်။

သူတို့ ထုတ်လွှတ်သော ဓားရောင်ဝါမှာ ထက်မြက် အားကောင်း လှ၏။ (၆) ယောက် လုံး၏ နောက်တွင်၊ ဓားသေတ္တာ တစ်လုံးကို ထမ်းပိုး ထားသည်။

တပည့် တစ်ဦး တစ်လေသာ မြင်ပါက၊ ဤ(၆) ဦးသည် မြေကြီး အဆင့်မှ၊ ထိပ်ဆုံး (၁၀)ဦး အဆင့် ဝင်များ ဖြစ်ကြောင်း သိနိုင် ပေမည်။

၎င်းတို့က ရွှေရောင် အဝတ် အစား ဝတ်ဆင်ထားသော လူငယ် တစ်ယောက်ထံ တိုးကပ် သွားသည်။

ထိုလူငယ်သည် ရွှေရောင် တောင်ထိပ်မှ၊ ကျင်းရွှမ်ရီ ဖြစ်ပြီး၊ ပင်မ နတ်ဘုရား နယ်ပယ်၌ အသန်မာဆုံး တပည့် စာရင်း ဝင်သည်။

ထို့ကြောင့် မြေကြီး အဆင့် ဒုတိယ နေရာ၌၊ ရပ်တည် ထားနိုင်၏။

“ ကျင်းရွှမ်ရီ ... မင်း တော်တော် သည်းခံ နိုင်စွမ်း ရှိတာပဲ၊ အဲဒီ ကောင်က မဟာ တော်ဝင် နန်းတော်ကို သွားနေပြီ၊ မင်း မတားတော့ ဖူးလား။ ”

“ ဟား ဟား ဟား ... ၊ ဟွမ်ဖူရန် မင်း ကိုယ်တိုင် မလုပ်ဘဲ၊ ဘာလို့ ငါ့ကို လာရှာ နေရ တာလဲ။ ”

ကျင်းရွှမ်ရီဟု အမည် ရသော ရွှေရောင်ဝတ် လူငယ်က နှုတ်ခမ်း တွန့်ရုံ ပြုံးလျက်၊ ပြန်မေး လာလေသည်။

ဟွမ်ဖူရန် ဟူသည် အပြာရောင် တောင်ထိပ်မှ ဖြစ်ပြီး၊ မြေကြီး အဆင့် (၁၀)၌ ဖြစ်သည်။

ဒေါသ ကြီးပြီး မောက်မာ လှသဖြင့်၊ မည်သူမျှ အကောင်း မမြင် ကြချေ။ ခွန်အား အရာ တွင်လည်း၊ (၁၀) အနက် အနိမ့် ကျဆုံး ဖြစ်သည်။

သို့သော် သူ့တွင် ခိုင်မာသော နောက်ခံမျိုး ရှိသည်။ သူ့အဖေသည် အပြာရောင် တောင်ထိပ် သခင် ဖြစ်ပြီး၊ အဘိုးမှာ အပြာရောင် မုန်တိုင်း သူတော်စင် သခင် ဖြစ်သည်။

အထီးကျန် ဝံပုလွေ ကျင်းချန်ကို၊ တပည့် အဖြစ် ခေါ်ဆောင် သွားသော သူတော်စင် သခင် ဖြစ်၏။

“ ဓားဂိုဏ်း ဝင်ပြီး တာနဲ့ ... ၊ အခွင့် အရေးတွေ ဆက်တိုက် ရနေတယ်၊ အခုဆို မဟာ တော်ဝင် နန်းတော် ထဲကိုတောင်၊ ဝင်နေပြီ၊ ... ဒီထဲကို ဝင်ဖို့၊ ...

... ဘယ်လောက် ခက်ခဲလဲ ဆိုတာ ... မင်းအသိ ဆုံးပါ၊ ဒါဆို ငါ ဝင်ပြီး တားရအောင် အကျိုးဆောင် အမှတ် (၁)သိန်း ဘယ်သူပေး မှာလဲ။ ”

ဟွမ်ဖူရန်မှ အေးစက်စွာ ပြန်ပြော၏။

“ ဘာတွေ ဖြစ်နေ တာလဲ၊ သူက ကောင်းကင် တပည့် ဖြစ်လို့ ... ၊ ဝင်ခွင့် ရတာ အစမ်းမှ မဟုတ်တာ။ ”

ကျင်းရွှမ်ရီ စကားက ရောက်ရှိ လာသူ (၆)ဦး၏ အမူအရာ များကို ပြောင်းလဲ သွားစေ သည်။

ထို ‘ကောင်းကင် တပည့်၊’ ဟူသော စကားလုံးကို တစ်စုံ တစ်ဦးမှ ပြောလာသည့် အခါတိုင်း ၊ ဒေါသ ထွက်ရ၏။

ဂိုဏ်းချုပ်သည် လုံးဝ တရား မျှတမှု မရှိ တော့ချေ။ မြေကြီး အဆင့်မှ သူတို့ (၁၀)ဦးကို၊ မျက်လုံးထဲ မရှိဟု အဓိပ္ပါယ် ရနေ၏။

“ မစမ်း ဖူးလား ... ၊ ဟား ဟား ဟား ကောင်းပြီ၊ ဂိုဏ်းချုပ်က သူ့ကို ဘာလက်ဆောင် ပေးလဲ သိရင်၊ မင်း ဒီလို ဆက်ပြော နိုင်ဦး မလား၊ ငါ သိချင်တယ်။ ”

“ ဘာလက်ဆောင် မို့လဲ။ ”

“ ဒါက လျှို့ဝှက်ချက်လား ... ။ ”

လျှို့ဝှက်ချက် ဟူသည်၊ တပည့်တိုင်း သိသင့်သော အရာ မဟုတ်ချေ။ ဟွမ်ဖူရန် မှာမူ၊ တောင်ထိပ် သခင်၏ သား ဖြစ်သည်။

“ ဒီလက်ဆောင်က မင်းတို့ ကောင်တွေ ဘယ်သူမှ မထင် ထားတဲ့ အရာပဲ။ ”

“ ဒါဆို ... ဘာလဲ မြန်မြန် ပြောပါ ဟွမ်ဖူရန်။ ”

“ ဟွမ်ဖူရန် ... ၊ ငါတို့ကို သည်းမခံ နိုင်တော့ ဖူးနော်။ ”

သူနှင့် အတူ ပါလာသော လူများပင် စိတ်လှုပ်ရှား လာ၏။ သို့သော် ဟွမ်ဖူရန်က ကျင်းရွှမ်ရီအား စိုက်ကြည့်ကာ မဖြေချေ။ ကျင်းရွှမ်ရီမှ ခေါင်းမော့ ကြည့်ပြီး၊

“ ပြောပါ ... ။ ”

-ဟု မေးလိုက်မှ သာလျှင်၊

“ နတ် ရွှေကျီးကန်း သံသွေး။ ”

-ဟု တစ်လုံးချင်း ပြောလိုက် တော့သည်။

လူတိုင်း မယုံကြည် နိုင်မှုဖြင့် လှုပ်လှုပ် ရွရွ ဖြစ်ကုန်သည်။

“ ဘယ်လို ဖြစ်ရ တာလဲ ... ။ ”

ဤတစ်ကြိမ်၌ ကျင်းရွှမ်ရီ မျက်နှာ ပြောင်းလဲ သွားသည်။ ဣန္ဒြေကို မထိန်းနိုင် တော့ချေ။ ၎င်းသည် သူ့မျှော်လင့် နေသော ရတနာ ဖြစ်သည်။

***

All Chapters