မင်းသား ရန်။
Vol. 104 Ch. 1449
“ နတ် ရွှေကျီးကန်း သံသွေး ဆိုတာ သေချာလား။ ”
ကျင်းရွှမ်ရီက ဟွမ်ဖူရန်ကို စိုက်ကြည့်ကာ ထပ်မေးသည်။
“ လိမ် စရာလား ... ၊ အကြီးအကဲ ချောင်ယွီ ကိုယ်တိုင်၊ သွားပေး ပို့ခဲ့တာ။ ”
ဟွမ်ဖူရန်မှ မကျေမနပ်ဖြင့် ပြန်ဖြေ၏။
“ အဓိပ္ပာယ် မရှိ လိုက်တာ၊ ဂိုဏ်းချုပ်က လင်းယွန်ကို အရမ်း မျက်နှာလိုက် လွန်းတယ်၊ နှစ်ခြင်း ခံစေ ရုံသာ မကဘူး၊ ...
... ကောင်းကင် တပည့် အဖြစ်တောင်၊ သတ်မှတ်လိုက် သေးတယ်၊ ကျွတ် ... အခု နတ်ရွှေကျီးကန်း သံသွေး တဲ့လား။ ”
လိုက်ပါ လာသူ တစ်ဦးမှ ဝင်ပြော လာသည်။
“ သူက ဓားဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ကာကွယ် ပေးခဲ့တယ် ဆိုပေမယ့်၊ ကြယ်တစ်ပွင့် ကောင်းကင် အဆင့် မှာပဲ ရှိသေးတယ်။ ”
ထိုနေ့က ဖြေရှင်းချက် တောင်းဆိုရန်၊ သူတို့အားလုံး သက်ဆိုင်ရာ တောင်ထိပ် သခင် များနှင့် တွေ့ဆုံ ခဲ့သည်။
သူတော်စင် ရေကန် အတွင်း၊ တစ်လ နေနိုင်ပါက၊ သူတို့ သည်လည်း ကောင်းကင် တပည့် ဖြစ်နိုင် မည်ဟု ပြန်ဖြေ ခဲ့၏။
“ ကျင်းရွှမ်ရီ ... မင်း ကြယ်ငါးပွင့် ပင်မ နတ်ဘုရား နယ်ပယ်၊ တပည့် တစ်ယောက် မဟုတ် ဖူးလား။ ”
“ ဒါနဲ့ ဘာဆိုင်လဲ ... ၊ ငါ့ကို ... အခုလို လာရှာမဲ့ အစား၊ ကြက်သွေးရောင် တောင်ထိပ် က၊ တစ်ယောက် ယောက်ကို ရှာသင့်တယ် ထင်တယ်။ ”
“ ညီအစ်ကို ကျင်း ... ၊ မင်း ဘာစကား ပြောလိုက် တာလဲ၊ ငါတို့ တောင်ထိပ် သုံးခုက၊ ကြက်သွေးရောင် တောင်ထိပ်နဲ့ ဆက်ဆံရေး မကောင်းတာ၊ ...
... မင်း အသိပဲ၊ ဒါကြောင့် ခေါင်းဆောင် ဖြစ်တဲ့ မင်းဆီ ကိုမှ မလာရင် ဘယ်သူ့ဆီ သွားရ မှာလဲ၊ သူတို့က လှောင်ပြုံးနဲ့ ကြည့်လာ မှာကို၊ ခံစေချင် လို့လား။ ”
နက်ပြာရောင် ဝတ် မရဏ တောင်ထိပ်မှ တပည့်က၊ မကျေ မနပ်ဖြင့် ပြန်ပြော လာသည်။ သူ့အမည်မှာ ဝမ်ချန် ဖြစ်ပြီး၊ မြေကြီး အဆင့်(၆) ဖြစ်၏။
ကျော်ကြားသော ပုဂ္ဂိုလ် တစ်ဦး ဖြစ်ကာ၊ ကြယ်လေးပွင့် ကောင်းကင် ပင်မ နတ်ဘုရား ဖြစ်လေသည်။
“ ပြော ... ၊ ဒီကိစ္စ ... မင်း ဝင်ပါ မှာလား။ ”
ဟွမ်ဖူရန်က စိတ်မရှည် တော့ဘဲ၊ စိုက် ကြည့်သည်။
“ မင်း ... မပါဖူး ဆိုရင် ... ၊ တောင်ထိပ် သုံးခုရဲ့၊ မဟာမိတ် ပြီးပြီလို့ မှတ်လိုက်ပါ၊ ဒါကို ကြယ်သွေးရောင် တောင်ထိပ်က ကောင်တွေ သိရင် ဝမ်းသာ တော့မှာ အမှန်ပဲ။ ”
တောင်ထိပ် (၇)လုံးကြား ပြိုင်ပွဲတွင်၊ မြစိမ်းရောင် တောင်ထိပ်နှင့် တော်ဝင် တောင်ထိပ်မှာ မပါ ဝင်ချေ။
ထို့ကြောင့် ကျန် တောင်ထိပ် ငါးခုတွင်၊ ကြက်သွေးရောင် တောင်ထိပ်မှာ၊ အသန် မာဆုံး ဖြစ်သည်။ ယင်းက သူတို့ တောင်ထိပ် သုံးခုကို၊ အလိုလို မဟာမိတ် ဖွဲ့စေသည်။
အရိယာ တောင်ထိပ် မှာမူ၊ မြေကြီး အဆင့်တွင်၊ လောက်လောက် လားလား မည်သူ မျှ မရှိ သဖြင့်၊ စာရင်းထဲ မပါချေ။
ထို့ကြောင့် မြေကြီး အဆင့်၊ ဒုတိယ ဖြစ်သော ကျင်းရွှမ်ရီမှာ၊ သဘာဝ အလျောက် မဟာမိတ် ခေါင်းဆောင် ဖြစ်လာ သည်။
ကျင်းရွှမ်ရီက အေးစက်သော အကြည့်ဖြင့်၊
“ မင်း ... ငါ့ကို ... ၊ ဘယ်လို ဖြစ်စေချင် တာလဲ၊ သူ့ကို သင်ခန်းစာ ပေးဖို့၊ တစ်ယောက် ယောက်ကို လွှတ်ပေး ရမလား၊ ဒါမှမဟုတ် ငါကိုယ်တိုင် လုပ်ရ မှာလား။ ”
“ ဒါပဲ ... ဘာမှ မလိုဘူး ... ၊ မင်းသာ ဆန္ဒ ရှိဖို့ပဲ လိုတယ်၊ ငါကိုယ်တိုင် သူ့ကို သင်ခန်းစာ ပေးမယ်။ ”
ဟွမ်ဖူရန်မှ ပြန်ဖြေ၏။
“ ဟား ... ဟား ... ဟား ... ။ ”
ထိုစကားကြောင့် ကျင်းရွှမ်ရီ တစ်ယောက် ရယ်မော လိုက်သည်။
“ ဒါဆို သွားတော့ ... ။ ”
“ ဟမ့် ... သွားမှာပါ၊ မင်းသာ လိပ် တစ်ကောင်လို ဆက်ပြီး ပုန်းနေ၊ အဲဒီကောင်ကို စည်းမျဉ်းတွေ ငါ သင်ပေးမယ်၊ ဘယ်သူ ငါနဲ့ လိုက်မလဲ။ ”
ဟွမ်ဖူရန်က မေးမြန်းသံ နှင့်အတူ၊ ကျန်သူ များထံ၊ ဝေ့ကြည့်သည်။ သို့သော် မည်သူမျှ ပြန် မဖြေချေ။
မျက်လုံးချင်း အဆုံ မခံ တော့ဘဲ၊ ချောင်းဟန့်လျက် ရှုခင်း များကို ငေးကြည့် နေ သလို၊ ဟန်ဆောင် နေသည်။
“ လူယုတ်မာတွေ ... မင်း တို့လည်း အတူတူပဲ၊ စောင့် ကြည့် ထား ... အဲဒီ ကောင်ကို သင်ခန်းစာ ပေးပြီးရင်၊ ဂိုဏ်းချုပ် ဆီမှာ ငါ ကိုယ်တိုင် ဖြေရှင်းချက် တောင်းပြမယ်။ ”
ဟွမ်ဖူရန်က ဒေါသ ထွက်လာပြီး၊ သူ တစ်ယောက် တည်း ထွက်ခွာ သွားတော့သည်။ သို့မှသာ မရဏ တောင်ထိပ်မှ ဝမ်ချန်က၊
“ ညီအစ်ကို ကျင်း ... ၊ ငါတို့ ဟွမ်ဖူရန်ကို လွှတ်လိုက်လို့ ရပါ့ မလား ... ၊ သူက ဒေါသ ကြီး လွန်းတယ်၊ ဂိုဏ်းချုပ် ကာကွယ် ထားတဲ့ လူကို တိုက်ခိုက် တာက၊ ပြဿနာ ရှာတာနဲ့ အတူတူပဲ။ ”
“ ဒါဆို ... သူ အရိုက်ခံ ရရင် ဘာဖြစ် မလဲ၊ သူ့အဖေက တောင်ထိပ် သခင်ပါ၊ သူ့သား မိုက် အတွက်၊ ဘာမဆို လုပ်လိမ့်မယ်၊ ဒီကောင်က ကောင်းကင် တပည့်၊ ...
... မဖြစ်နိုင် ပေမယ့်၊ မဟာ တော်ဝင် နန်းတော် ထဲကိုတော့ ဝင်ခွင့် ရှိပါ သေးတယ်၊ ဟား ဟား ဟား ... ။ ”
ကျင်းရွှမ်ရီက သဘော ကျသော အသွင်ကို လှစ်ဟ ပြလာသည်။
“ ဒါပေမယ့် ... ငါတို့ တကယ်ပဲ လွှတ်ထား ရမှာလား။ ”
အပြာရောင် တောင်ထိပ်မှ လျူယွီက တွေးဆဆဖြင့် မေးသည်။ သူသည် ဟွမ်ဖူရန်နှင့် တောင်ထိပ် တစ်ခု တည်းမှ ဖြစ်၏။
“ ဒီကိစ္စကို ... ၊ ငါ့ မေးနေမယ့် အစား ကြက်သွေးရောင် တောင်ထိပ်က အဲဒီ လူတွေကို မေးတာ ပို့သင့်လျော် လိမ့်မယ်၊ အထူး သဖြင့် မြေကြီး ပထမ အဆင့်က ကျိရှရွှမ်ပဲ၊ သူက ကောင်းကင် တပည့် ဖြစ်လို နေတာ။ ”
“ ဟား ဟား ဟား ... ၊ ငါ့အပေါ် နားလည် ပေးနိုင်တာ ဆိုလို့၊ ဓားဂိုဏ်းမှာ ညီအစ်ကို ကျင်း တစ်ယောက်ပဲ ရှိတယ်။ ”
ရုတ်တရက် ရယ်မောသံ တစ်သံ အဝေးမှ ပျံ့လွင့် လာပြီး၊ နေ သုံးစင်း ကဲ့သို့ အလင်းများ ဖြာလျက်၊ လူ(၃)ဦး ပျံသန်း လာသည်။
၎င်းတို့ မြေပြင်ပေါ် မရောက်မီ ဝမ်ချန်၊ လျူယွီနှင့် ကျန်သူ များက ကျင်းရွှမ်ရီ နောက်သို့ ရွေ့လျား သွားကာ၊ အမုန်း တရား များဖြင့်၊ လှမ်းကြည့် လိုက်၏။
သူတို့ နှစ်ဖက်ကြား မီးနှင့် ရေကဲ့သို့၊ ရန်ပွဲများ အလျင်းသင့် သလို ဖြစ်ပွား နေတတ် ကြရာ၊ သတိ အနေ အထား ဖြစ်လာသည်။
“ စိတ်ဝင်စားဖို့ ကောင်းတယ်... ကြက်သွေးရောင် တောင်ထိပ်ရဲ့ ... ၊ ပါရမီရှင် သုံးပါးက ... ငါ့ဆီကို၊ တကယ် ရောက်လာ တာပဲ။ ”
ကျင်းရွှမ်ရီက ရှေ့လှမ်းတက် လိုက်ပြီး၊ ကျိရှရွှမ်ကို ကြည်ကာ၊ ပြောသည်။ သူတို့ နှစ်ဦး သည် မြေကြီး အဆင့် ပထမနှင့် ဒုတိယ ဖြစ်ပြီး၊ ကြယ်ငါးပွင့် ပိုင်ရှင်များ ဖြစ်သည်။
ထို့ကြောင့် သူတို့အား မြေကြီး အဆင့်မှ ကြယ်နှစ်ဖော် အဖြစ် တင်စား ကြသည်။ သူတို့ နှစ်ဦးကြား ပြိုင်ဆိုင် မှုမှာ၊ ပြင်းထန် လှ၏။
ကျိရှရွှမ် ဘေးရှိ နှစ်ယောက်မှာ၊ မြေကြီး တတိယ အဆင့်နှင့် စတုတ္ထ ဖြစ်သောကြောင့်၊ ကြက်သွေးရောင် တောင်ထိပ် မည်မျှ သန်မာ သည်ကို မြင်နိုင်သည်။
ဝမ်ချန်တို့မှာ သတိကြီးစွာ ထားနေမှန်း သိလိုက် ရသဖြင့်၊ ကျိရှရွှမ်က ပြုံးပြ လိုက်ပြီး၊
“ စိတ်လျှော့ပါ ... ၊ ငါ ဒီနေ့ ... တိုက်ဖို့ လာတာ မဟုတ်ဘူး၊ ဒါဆို ဘာလို့ ရောက်လာ တာလဲ ဆိုတာ ညီအစ်ကို ကျင်း သိတယ်။ ”
-ဟု ပြောလာသည်။
ထိုစကားက ဝမ်ချန်တို့အား အကြည့်ချင်း ဖလှယ်မိ စေ၏။ ကျိရှရွှမ်နှင့် ကျင်းရွှမ်ရီ တို့မှာ မီးနှင့် ရေ ဖြစ်သည်။ သူတို့ နှစ်ဦး၌ ပြေလည် နိုင်စရာ အကြောင်း မရှိချေ။
“ နတ်ရွှေကျီးကန်း သံသွေး။ ”
“ ဟား ဟား ဟား ... ။ ”
“ ဟား ဟား ဟား ... ။ ”
နှစ်ယောက်သား ပြိုင်တူ ရွတ်ဆိုကာ၊ ရယ်မော လိုက်မိ၏။ ၎င်းကို လင်းယွန် ရသွား သည်ဟု ကြားစဉ် ကတည်း ကပင်၊ သူတို့၌ အစီစဉ်များ ရှိနေပြီ ဖြစ်သည်။
“ ဒီတစ်ခါတော့ ... ၊ ဂိုဏ်းချုပ်က နည်းနည်း လွန်သွားပြီ၊ ... ”
“ တော်ပြီ ... ဆက်မပြောနဲ့ ... ။ ”
ကျင်းရွှမ်ရီက ချက်ချင်း ဝင်ဟန့်သည်။ ဂိုဏ်းချုပ်သည် ၎င်း၏ ဆရာ ဖြစ်သော ကြောင့်၊ ကျိရှရွှမ်မှ ထိုသို့ ပြောရဲ သော်လည်း၊ သူ မလုပ်ဝံ့ချေ။
“ ငါ တကယ် နား မလည် နိုင်ဘူး ... ၊ ဆရာက ငါတို့ ကြက်သေွးရောင် တောင်ထိပ် သခင် ဖြစ်ဖူး သလို၊ ဂိုဏ်းချုပ် လည်း ဖြစ်တယ်၊ အမြဲတမ်း သမာသမတ် ကျပြီး၊ သူ့ သမီး နှစ်ယောက် ကိုတောင်၊ ...
... ဦးစားပေး ဆက်ဆံ တာမျိုး တစ်ခါမှ မလုပ် ခဲ့ဘူး၊ အခု လင်းယွန် ကျမှပဲ သားအရင်း ထက်တောင်၊ ကောင်းပြ နေတယ်၊ ဘာလို့လဲ မနေ့က တစ်ညလုံး တွေးနေ ခဲ့တာ၊ ခုထိ နားမလည် နိုင်သေးဘူး၊ ငါက သူ့တပည့် အရင်းပဲ မဟုတ်လား။ ”
ကျိရှရွှမ်က လေသံ ပြောင်းသွားကာ၊ ညည်းညူ လိုက်သည်။ ၎င်း၏ လေသံ အတွင်း နာကျည်းမှုများ ပါနေ၏။
စိတ်ဓာတ် ကျနေသော သူ့ အမူ အရာကို မြင်သော အခါ၊ ဝမ်းသာ ရမည် ဖြစ်သော်လည်း၊ မည်သူမျှ ထိုသို့ မလုပ် နိုင်ချေ။
ကျိရှရွှမ် စကား များက အမှန် ဖြစ်သည်။ သူတို့၏ မကျေနပ်ချက် များသည် ၎င်းနှင့် ယှဉ်သော် ပမွှား မျှသာ ဖြစ်၏။
ဂိုဏ်းချုပ်မှာ ကျိရှရွှမ်ကို သားအရင်း တစ်ယောက် နီးပါး၊ ငယ်စဉ် ကတည်းက ဂရု တစိုက် ချစ်ခင် ခဲ့သည်။ ယခုမူ ရုတ်တရက် သူ့ကို မေ့သွားပုံ ရသည်။
“ မင်း ... ဒီအကြောင်း ဂိုဏ်းချုပ်ကို မမေးကြည့် ဖူးလား။ ”
ကျင်းရွှမ်ရီမှ မေးမိသည်။
“ ငါ မေးခဲ့တယ်၊ ဆရာက လင်းယွန် တစ်ယောက် ကောင်းကင် လမ်းမှာ နာကျင် ခဲ့ရ တယ်လို့ပဲ၊ ပြန်ပြော ခဲ့တယ်၊ ...
... ဒါက လင်းယွန်ကို မထိဖို့ ... ၊ သတိ ပေးတာနဲ့ အတူတူပဲ မဟုတ် ဖူးလား၊ အဲဒီလို အကြောင်း ပြချက် မျိုးကို၊ ငါ သည်းခံနိုင် ပေမယ့်၊ ငါ့ဓားက မခံ နိုင်ဘူး။ ”
ကျိရှရွှမ်မှ ပြန်ဖြေသည်။
“ ဒါဆို ... ငါတို့ ကြားက ပြိုင်ဆိုင်မှုကို ... ခဏ မေ့ထား ရအောင်၊ တောင်ထိပ် ငါးခု ပြိုင်ပွဲ မှာ၊ တွေ့ကြမယ် ... ။ ”
“ ကောင်းတယ် ... ၊ ထက်မြက်တဲ့ သူနဲ့ စကား ပြောရတာ လွယ်တယ်၊ ဒီပြိုင်ပွဲမှာ သူ့ကို ကိုင်တွယ်ဖို့ နည်းလမ်း ရှာရမယ်၊ တကယ်လို့ သူသာ၊ ...
... ထိပ်တန်း ဆယ်ယောက် အတွင်း၊ မဝင်နိုင်တဲ့ အခါ ငါတို့ အကြောင်း ပြချက် ရလာ ပါလိမ့်မယ်။ ”
ကျိရှရွှမ်က ပြုံးပြီး ပြောသည်။ ယင်းကို တွေးမိပြီး ဖြစ်သဖြင့်၊ သူတို့ကြား အသေးစိတ် ထပ်ပြော နေစရာ မလို တော့ချေ။
ဤမတိုင်မီ လင်းယွန်အား တိုက်ခိုက်ရန် ကြိုးစား မိပါက၊ လူပြော စရာ ဖြစ်နိုင် ပေမည်။ အထူး သဖြင့် နတ်ရွှေကျီးကန်း သံသွေး ကိုပင် ပေးအပ်ခြင်း ခံထား ရသူ ဖြစ်သည်။
“ မင်းသား ရန်လည်း ... ၊ မတွေ့ ပါလား။ ”
အနားတွင် ဟွမ်ဖူရန် မရှိ သည်ကို၊ ကျိရှရွှမ် သတိ ထားမိ သွားသည်။ ‘မင်းသားရန်’ ဟူသော အမည်မှာ၊ ဟွမ်ဖူရန်၏ ဘွဲ့ဖြစ်သည်။
သူ့ အဖေသည် အပြာရောင် တောင်ထိပ် သခင် ဖြစ်ကာ၊ အဖိုးသည် သူတော်စင် သခင် ဖြစ် သဖြင့်၊ ဓားဂိုဏ်း၌ ရာထူး တစ်ခုကို အလွယ် ရရှိ ထားသည်။
သို့သော် ဓားဂိုဏ်းသည် လူ တစ်ဦး၏ မူလနှင့် နောက်ခံကို ဂရု မစိုက်ဘဲ၊ အစွမ်း သတ္တိ အပေါ်သာ တန်ဖိုး ထား၏။
ထို့ကြောင့် သူတို့ ကြားတွင်၊ ခွန်အား အနည်းဆုံး ဖြစ်သော ၎င်းကို၊ မင်းသားရန် ဘွဲ့ ပေးအပ် လိုက်ခြင်း ဖြစ်သည်။
တစ်ရှူးထိုး ဆန်ပြီး၊ စိတ်တို လွယ်၏။ ထူးခြားသော ကိုယ်ရည် ကိုယ်သွေးမျိုး မရှိဘဲ မောက်မာ လွန်းသောကြောင့်၊ မည်သူမျှ သဘော မကျချေ။
“ မဟာ တော်ဝင် နန်းတော်ကို သွားနေတယ်။ ”
လျူယွီမှ ပြန်ဖြေသည်။
“ အိုး ... ဟား ဟား ဟား ... ၊ ဟား ဟား ဟား ... ဒါပဲ၊ ဒါကမှ ... မင်းသား ရန်ဆိုတဲ့ သူ့ ပုံစံ လေ၊ ဟား ဟား ဟား။ ”
***