ကျောက်တိုင် ဝိညာဉ်။
Vol. 104 Ch. 1450
လင်းယွန်နှင့် ချန်လင်းက တိမ်ပင်လယ် အတွင်း ဖြတ်ကာ၊ မဟာ တော်ဝင် နန်းတော် ဆီသို့ ဦးတည် နေကြသည်။
များမကြာခင် လေပေါ် ကျွန်းမျောကြီး အားမြင်လိုက် ရသည်။ ထိုကျွန်းမျောသည် ဓား ဂိုဏ်း၏ အဓိက တောင်ထိပ် (၇)ခုထက် ရာထူး မြင့်မားသည်။
ရင်ပြင် ကျယ်ကြီး အလယ်၌ တိမ်ပင်လယ် ထဲသို့ ထိုးဖောက် ဝင်ရောက် နေသည့် နန်းတော် တစ်ဆောင် ရှိ၏။
ယင်းကဲ့သို့ ထူခြားသော အခြား နေရာများ ရှိသည်။ သူတော်စင် တောင်တန်း၊ ကြယ်တာရာ လေ့လာရေး စင်မြင့်၊ ကောင်းကင်ဘုံ ဓား သစ်တော စသည်တို့ ဖြစ်သည်။
သူတော်စင် တောင်သည် ရှေးဦးခေတ် ကတည်းက တည်ရှိ ခဲ့ပြီး၊ ဓားဂိုဏ်းမှ ၎င်းကို သိမ်းပိုက် ထားခြင်း ဖြစ်၏။
၎င်းတောင်တန်း အောက်တွင်၊ နှစ်ပေါင်း တစ်သိန်းကျော် သက်တမ်း ရှိသော သူတော်စင် ဝိညာဉ် သွေးကြော ရှိသည်။
ထို့ကြောင့် သူတော်စင်များ အတွက်၊ ကျင့်ကြံရန် အကောင်းဆုံး နေရာ ဖြစ်လာ၏။ လောက နိယာမ နယ်ပယ် ကျွမ်းကျင် သူများ ပင်၊ ထိုတောင်ပေါ် တက်ရောက်ရန် အရည် အချင်း ပြည့်မီမှု မရှိ ခဲ့ချေ။
ကြယ်တာရာ လေ့လာရေး စင်မြင့်သည် တပည့် များ၏ ဓား ရည်ရွယ်ချက်ကို လေ့ကျင့် ရသော နေရာ ဖြစ်သည်။
မူလ စင်မြင့်သည် လက်ရှိ နေရာ၌ မဟုတ်ချေ။ ယုချင်းဖန်က တောင်ထိပ် နှစ်ခုကို ဖျက်ဆီးကာ၊ သူ့ ဓားရောင်ခြည်ဖြင့် ပိတ်ဆို့ ထားသော နေရာတွင် ဖြစ်သည်။
ထိုစဉ်က ဓားဂိုဏ်း၏ သူတော်စင် သခင် များက ဆွေးနွေး ကြပြီး၊ ဤအရှက် တရားကို နှောင်းလူများ သတိရ နေစေရန်၊ ယုချင်းဖန် ဓားအား ဆက်ထားရန် ဆုံးဖြတ် ကြသည်။
တစ်ဖက်တွင် အကျိုး အမြတ် အနေဖြင့် ယုချင်းဖန် ဓားကို နားလည်မှု ရယူနိုင် သေး၏။ ထို့ကြောင့် မူလ ကြယ်တာရာ လေ့လာခြင်း စင်မြင့်အား ထားခဲ့ကာ၊ လက်ရှိ နေရာ၌ ပြန်၍ တည်ဆောက် ထားခြင်း ပေပင်။
ဓားဂိုဏ်း၏ ဆုံးဖြတ်ချက်နှင့် အမြင် ကျယ်မှုသည်၊ လေးစား စရာ ဖြစ်သည်။ အခြားသော ဂိုဏ်းကြီး တစ်ဂိုဏ်း ဖြစ်ခဲ့ ပါက၊ ဤသို့ ဆုံးဖြတ်ချက်မျိုး ချမှတ် နိုင်မည် မဟုတ်ချေ။
တစ်စုံ တစ်ယောက်သည် ၎င်းတို့ထက် သန်မာကြောင်း ဝန်ခံရ ခြင်းမှာ မျက်နှာ ပူစရာ ဖြစ်သည်။
ကောင်းကင်ဘုံ ဓား သစ်တောသည် တပည့်များ အတွက်၊ ဓားရေး လေ့ကျင့်ရန် ဖန်တီး ထားသော သူတော်စင် သစ်တော ဖြစ်သည်။
လင်းယွန်က သူ့ရှေ့ရှိ ထည်ဝါသော နန်းတော်ကို စိုက်ကြည့် လိုက်သည်။ နန်းတော် အတွင်းတွင် ဓားဂိုဏ်း၏ တန်ဖိုး အရှိ ဆုံးသော ကိုယ်ခံပညာ ဖြစ်သည့် မဟာ တော်ဝင် ဓားကျမ်း ရှိ၏။
တပည့် တစ်ဦး၌ အကျိုးဆောင် ရမှတ် အလုံအလောက် မရှိသော်၊ နန်းတော် ရှေ့တွင် ရပ်ခြင်းဖြင့်၊ နားလည်မှု ရယူ နိုင်သည်။
ထို့ကြောင့် တပည့် များစွာ တို့က ဓားသုတ္တန်တွင်၊ ပိတ်ဆို့မှု ကြုံတွေ့ ရတိုင်း၊ ဤနေရာသို့ ရောက်ရှိ လာတတ် ကြသည်။
ယင်းက သူတော်စင် ရေကန်များ နီးပါး တန်ဖိုး ရှိ၏။
“ ဟိုမှာ လင်းယွန် ပဲ။ ”
“ နောက်ဆုံးတော့ သူ ဒီကို ရောက်လာပြီ။ ”
ချန်လင်းနှင့် လင်းယွန်ကို ကြည့်ကာ လူတိုင်း လုပ်လက်စ အလုပ်များကို ရပ်လိုက် ကြသည်။ ဤလူသည် ဓားဂိုဏ်း အတွက် ရှားဟိုယန်အား ရိုက်နှက်ခဲ့သူ ဖြစ်သည်။
ပြီးနောက် သူတော်စင် ရေကန် အတွင်း၌၊ တစ်လကြာ နေထိုင်ပြီး၊ ကောင်းကင် တပည့် ဖြစ်လာ ခဲ့သည်။
၎င်း၏ ကျော်ကြားမှုကို ကောင်းကင် အဆင့်မှ၊ ဘီလူး ဆယ်ကောင်ပင် မမီ တော့ချေ။
“ ညီအစ်ကို လင်း ... ၊ မင်းက နာမည်ကြီး နေပြီ၊ ငါတို့ရဲ့ အရိယာ တောင်ထိပ်က ... ၊ ဒီလို ဂရုစိုက်မှုမျိုး မရ တော့တာ၊ နှစ် မနည်း တော့ဘူး။ ”
ချန်လင်း စကားကြောင့် လင်းယွန် တစ်ယောက် ပြုံးမိသည်။
“ အစ်ကို ချန် ဒီနန်းတော်ရဲ့ ထူးခြားချက်က ဘာလဲ ။ ”
“ မပြော တတ်ဘူး ... ၊ ငါလည်း တစ်ခါမှ မဝင်ဖူးဘူး၊ ငါ့ ရထားတဲ့ အကျိုးဆောင် ရမှတ် တွေကို ဖျက်ဆီးခြင်း ငရဲမြွေ ဓားနဲ့၊ ...
... လဲယူ လိုက်ရတယ် ... ၊ ဒါပေမယ့် ဒီနန်းတော်နဲ့ ပတ်သက်တဲ့ အချက် အလက် တချို့ ကိုတော့ ... ၊ ငါ သိတယ်။ ”
“ ဒါဆို ... ပြောပါ ပါဦး။ ”
လင်းယွန်မှ ပြုံးမေး လိုက်သည်။
“ ငါတို့က ... ၊ ဘယ် ဓားသုတ္တန် ရွေးရွေး၊ ပထမ အဆင့် သုံးဆင့် ပါတဲ့၊ ကျောက်စိမ်းတုံး ကိုပဲ၊ ပေးလိမ့်မယ်၊ နဂါး သွေးလွှတ်ကြော နယ်ပယ်ကို ရောက်ရင်၊ ကျန်တဲ့ အပိုင်း ...
... ထပ်ပေး လိမ့်မယ်၊ ဒီနန်းတော် ထဲကို ဝင်ရုံနဲ့ အဲဒီ ဓားသုတ္တန် တိုင်းကို ပထမ အဆင့် အထိ၊ နားလည် လာနိုင်တယ်။ ”
ချန်လင်းမှ ရှင်းပြသည်။
“ ငါတို့ အရိယာ ဓားသုတ္တန်ရော ပါလား။ ”
“ မပါဘူး ... ၊ ပင်မ နတ်ဘုရား နယ်ပယ်နဲ့၊ ဘယ်သူမှ ဒါကို နားလည်အောင် လုပ် မယူနိုင် ကြဘူး၊ ဒါကြောင့် ရွေးမဲ့သူ မရှိ တော့တာ၊ ...
... နဂါး သွေးလွှတ်ကြော နယ်ပယ် ... တပည့် တေွက၊ ဒီထဲကို ဝင်ပြီး ကြိုးစား ကြည့် သေးတယ်၊ သူတို့ ကလည်း ပထမ အဆင့် ကိုတောင် နားမလည် နိုင်ခဲ့ဘူး၊ ...
... ဒါကြောင့် မင်းမှာ ... ၊ နောက်ထပ် ဓားသုတ္တန် ရှိတယ် မဟုတ်လား၊ အထဲရောက် လို့ အရိယာ ဓားသုတ္တန်ရဲ့၊ ပထမ အဆင့် ကိုမှ မအောင် နိုင်ရင်၊ အချိန် မဖြုန်းနဲ့၊ အဲဒီ ဓားသုတ္တန်ကို ကျင့်ယူပါ။ ”
ထိုသို့ မလုပ် နိုင်မှန်း၊ လင်းယွန်က သူ့ကိုယ်သူ သိ၏။ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဆေးအိုးကို ဖိနှိမ်ရန်၊ ဤအရာအား ရေွး ထားခြင်း ဖြစ်သည်။
“ ဝင် တော့ မယ်။ ”
ချန်လင်း ပုခုံးအား ပုတ်ကာ နှုတ်ဆက် လိုက်သည်။
“ ကောင်းပြီ ... ၊ ငါ မင်းကို ဒီမှာ စောင့်နေမယ်။ ”
ချန်လင်းက လှေကား ထစ်များထံ လှည့်ပတ် ကြည့်ကာ ဖုန်ခါပြီး ထိုင်ချ လိုက်သည်။
( လင်းယွန် ... ၊ နင် တကယ် အရိယာ ဓားသုတ္တန်ကို ... ၊ ကျင့်ကြံ နိုင်မယ်လို့ ထင်နေ တာလား။ )
ခရမ်းငယ် အသံ ထွက်ပေါ် လာသည်။
( ကျန်တဲ့ တာအိုတွေ အကြောင်း ... ၊ မသိပေမယ့် ဓားတာအိုနဲ့ ပတ်သတ် လာရင်၊ ငါက ပြိုင်ဘက် ကင်းပါတယ်။ )
လင်းယွန်က ယုံကြည်ချက် ရှိရှိနှင့် ပြန်ဖြေသည်။ ယင်းကို သူ၏ ဓားနှစ်လက် ဝိညာဉ်က သက်သေပြ နေ၏။
နှစ်ရက် အတွင်း၊ ကောင်းကင်ဘုံ ဓား ရေကန်၏ ဝိညာဉ် တော်ကို ခေါ်ဆောင်ပြ နိုင်သည်။
( လွယ်လွယ် မတွေးနဲ့ ... ဓားသုတ္တန်နှင့် ဓားရေးက တူညီတဲ့ အရာ မဟုတ်ဘူး၊ ပြီးတော့ ဒါက အရိယာ ဓားသုတ္တန်။ )
ခရမ်းငယ်မှ ကြည့် မရတော့ ဟန်ဖြင့်၊ ပြန်ပြောသည်။
( ဘာများ စိတ်ပူစရာ ရှိလို့လဲ ... ၊ ငါ့ အနားမှာ ... မင်း ရှိနေ တာပဲ၊ ငရဲ စွမ်းအင်ကို သိုင်းဦးလေးထက် ... မင်းက ပို နားလည်တာ ငါသိ ပါတယ်။ )
လင်းယွန်မှ ပြုံးပြီး မြှောက်ပြော ပြောလိုက်သည်။
( ဟမ့် .. ဒါတော့ သေချာတယ်၊ ဒီဧကရီက အရိယာ ဓားသုတ္တန် လောက်တော့ မုချ လမ်းပြ ပေးနိုင်တယ်။ )
ခရမ်းငယ် လေသံသည် ရုတ်တရက် ပြောင်းလဲ သွားကာ၊ ဂုဏ်ယူ ဝင့်ကြွားသော အရိပ် အယောင်များ ပါလာ တော့သည်။
စကား စမြည် ပြောလျက် နန်းတော် တံခါးဝသို့ ရောက်ရှိ လာသည်။ တံဆိပ်အား ပြလိုက် သည်နှင့်၊ အစောင့် အကြီး အကဲမှ ခေါင်းညိတ်ကာ ဆက်သွား စေ၏။
အသက် ပြင်းပြင်း ရှူလျက်၊ တံခါး ဝတွင် ခဏရပ်မိသည်။ လမ်းတွင် ပြောလာ သကဲ့သို့ သူ့၌ ယုံကြည်မှု များစွာ မရှိချေ။
သို့သော် ဤအရာသည်၊ လုပ်ကို လုပ်ရမည် ဖြစ်သဖြင့်၊ ယုံကြည် ချက်အား မွေးယူ နေရခြင်း ဖြစ်သည်။
“ ကျွီ ... ။ ”
တံခါးကို တွန်းဖွင့်လိုက် သည်နှင့်၊ အမှောင်ထုက စီးကြို နေသည်။ အခန်း အတွင်း လှမ်းဝင် လာသော သူ့ ခြေသံမှ လွဲပြီး၊ လေတိုး သံပင် မရှိ ခဲ့ချေ။
ဤနေရာရှိ အချိန်သည် နှေးကွေး သွားပုံ ရပြီး၊ အခန်း အလယ်၌ ဧရာမ ကျောက်တုံးကြီး တစ်တုံးကို တွေ့လိုက် ရသည်။
ကျောက်တုံးဟု ဆိုသည်ထက် ကျောက်စာတိုင် ဆိုက ပိုမှန်မည်။ ၎င်းတွင် ရှေးဟောင်း ရူရ်များ ရေးထွင်း ထား၏။
ဤသည်မှာ မဟာ တော်ဝင် ဓားကျမ်း ဖြစ်သည်။ သို့သော် လင်းယွန် နားမလည်ချေ။ ရှေးဟောင်း ရူရ်များကို စိုက်ကြည့်ပြီး၊ အတင်း အကြပ် နားလည်အောင် ကြိုးစား မိသည်။
ချက်ချင်း ကျောရိုး တစ်လျှောက် ချွေးများ စိမ့်ထွက် လာသဖြင့် အကြည့် လွှဲလိုက် ရသည်။ ၎င်းထံမှ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဆေးအိုး ကဲ့သို့၊ စွမ်းအင် အတက် အကျ လှိုင်းကို ခံစား ရသည်။
သို့သော် ရည်ရွယ်ချက် မှာမူ၊ လုံးဝ ကွဲပြား ချေ၏။ ဆေးအိုး၏ ရည်ရွယ်ချက်မှာ သတ်ဖြတ် လိုခြင်း ဖြစ်ပြီး၊ မြင်မြင် သမျှ သတ်ပစ်ရန် တွန်းအား ပေးသည်။
ကျောင်တိုင်ကြီး မှာမူ၊ ခမ်းနားသော ရောင်ဝါမျိုး ရှိနေကာ၊ ဆေးအိုးထက် ပို၍ နူးညံ့ သည်ဟု၊ ခံစား ရသည်။
“ အဲဒီမှာ ရပ်လိုက် ... ။ ”
ရုတ်တရက် ဟန့်တား သံကြောင့်၊ ကျောက်တိုင် အနား တိုးကပ် နေသော ခြေလှမ်း များကို၊ ရပ်လိုက်သည်။
“ ဘယ်သူ လဲ။ ”
ပတ်ဝန်းကျင်ကို သတိ ထားပြီး လှည့်ပတ် ကြည့်မိ၏။
“ ငါ ... ။ ”
အသံက ရှေ့တည့် တည့်မှ၊ ထပ်မံ ထွက်ပေါ် လာသဖြင့်၊ မီတာ (၁၀၀) အကွာရှိ ကေျာက်တိုင် ကြီးထံ၊ ကြည့်လိုက် မိသည်။
“ မင်း လား။ ”
“ ဟုတ်တယ် ... ။ ”
ဤတစ်ကြိမ်တွင် လင်းယွန်မှာ မျက်လုံးပြူး သွားရသည်။ ကျောက်တိုင်မှ လူစကား ပြောနေ ၏။ မယုံ နိုင်စရာ ပေပင်။
“ ငါက ဒီကျောက်တုံးရဲ့ ဝိညာဉ်ပဲ ... ၊ ဒီလောက် အထိ ထိတ်လန့် နေစရာ လိုလို့လား၊ မင်းရဲ့ ဓားသေတ္တာ ထဲမှာတောင်၊ ရှေးဟောင်း ဝိညာဉ် တစ်ကောင် ရှိနေ သေးတယ် မဟုတ် ဖူးလား။ ”
ကျောက်တိုင် ကြီးမှ ပြန်ပြော လာသည်။ ထိုစကားကို ကြားသော အခါ လင်းယွန် မျက်နှာ အေးစက် သွား၏။
ခရမ်းငယ်၏ တည်ရှိမှုကို ခံစား နိုင်သော တစ်စုံ တစ်ဦး ရှိနေ သည်မှာ၊ စိုးရိမ် စရာပင်။ သူ့ဆရာ သခင်ပင် သူမကို မမြင်ချေ။
သို့မဟုတ် ရှာတွေ့ပြီး ထုတ် မပြော ခြင်းလည်း ဖြစ်နိုင်သည်။
“ ဧကရီ ... ၊ ငါ ဘာလုပ် ရမှာလဲ၊ သူ မင်းကို တွေ့ရတယ်။ ”
“ ထူးဆန်းတယ်၊ ကျောက်တုံး ဝိညာဉ် ဆိုပေမယ့် အမှန်က မဟာ တော်ဝင် ဓားကျမ်း ရဲ့ ဝိညာဉ်ပဲ၊ နေဦး ... လင်းယွန် ကြည့်စမ်း ...
... သူ့ကိုယ် ပေါ်က ရူရ်တွေက၊ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဆေးအို မျက်နှာပြင်မှာ ရှိတဲ့ ... ၊ ရူရ် တွေနဲ့ တူတယ် မဟုတ် ဖူးလား။ ”
ဤနေရာသည် မှောင်လွန်း သောကြောင့်၊ ဓားရည်ရွယ်ချက်ကို အသုံးပြု ထားသည့် တိုင်၊ အခန်း အတွင်း ရှင်းရှင်း လင်းလင်း မမြင်ရ သဖြင့်၊ ၎င်းကို သတိ မထားမိ ခဲ့ချေ။
“ သူတို့က ... ၊ ဘယ်လို ရူရ် အမျိုး အစားလဲ။ ”
“ ဦးခေတ်မှာ ... ၊ မွေးဖွား လာတဲ့ ... ၊ ခေတ်ဦး နတ်ကျမ်းဂန်လို့ ခေါ်တယ်၊ ရူရ်တိုင်း မှာ ကောင်းကင်နဲ့ မြေကြီးရဲ့၊ ဥပဒေသတွေ ပါရှိတယ်၊ သူကို မှတ်နိုင် ရင်တောင်၊ နား မလည်လို့ ပြန်ရေး ပြနိုင်မှာ မဟုတ်ဘူး။ ”
“ ဒါဆို နဂါး-ဖီးနစ် ကမ္ဘာဖျက် ဆေးအိုးနဲ့ ... ၊ မဟာ တော်ဝင် ဓားကျမ်းက ခေတ် တစ်ခေတ် တည်းက လာတာလား။ ”
လင်းယွန်က အံ့သြစွာ မေးမိသည်။ ဓားဂိုဏ်း၏ အုတ်မြစ်သည် မည်မျှ ခိုင်မာ နေမှန်း နားမလည် နိုင်တော့ချေ။
မြင့်မြတ်မြေ တစ်ခုသည် မည်မျှ ကြောက်စရာ ကောင်းကြောင်း၊ မြင်သာ စေသည်။
“ နင် ... ဘာတွေ ပြောနေ တာလဲ၊ ဒီရှေးဟောင်း ဝိညာဉ် လေးက၊ ငါ့ကို မီမယ် ထင်နေ တာလား၊ စော်ကား လိုက်တာ။ ”
ခရမ်းငယ်က ဒေါသထွက် နေစဉ်၊ ကျောက်တိုင် ထိပ်၌၊ ပုံရိပ် တစ်ရိပ် တိုးထွက် လာသည်။
အသက် (၇)နှစ်၊ (၈)နှစ်ခန့် ရှိသော ကတုံး ပြောင်ပြောင်နှင့်၊ ဖက်တီး ကလေး တစ်ယောက် ဖြစ်၏။
ဝလွန်းသော ခန္ဓာ ကိုယ်ကြောင့်၊ ကျောက်တိုင် ထိပ်တွင် ခက်ခက် ခဲခဲ ထိုင်ချပြီး၊ လင်းယွန်ကို စိုက်ကြည့်သည်။
( ဒါက ကျောက်တုံး ဝိညာဉ်လား၊ ဝက် တစ်ကောင်လား။ )
လင်းယွန် ခမျာ မျက်လုံးများ ပြူးသွား၏။
“ မင်း ... ၊ ရှေးဟောင်း ဝိညာဉ်ကို ... ၊ မမြင်ဖူး ဘူးလား၊ ဘာလို့ ဝက်သေ တစ်ကောင် မြင်လိုက်ရ သလို ဖြစ်ပျက်ပြ နေရ တာလဲ။ ”
“ အာ ... မဟုတ်ဘူး၊ အဲလို ... မဟုတ် ပါဘူး၊ ဒီကျောက်တိုင်က ရူရ်တွေ အကြောင်း တွေးနေ မိလို့ပါ။ ”
လင်းယွန်က ရယ်ချင် စိတ်အား ထိန်းကာ အကြောင်းပြချက် ပေးလိုက်သည်။
“ အဲ့ဒါကို ခေတ်ဦး နတ် ကျမ်းဂန်လို့ လို့ခေါ်တယ်၊ အရမ်းကြီး အာရုံ မစိုက်နဲ့၊ မင်း ရူးသွား လိမ့်မယ် ... ။ ”
ဖက်တီး လေးက အထင် သေးစွာဖြင့်၊ လင်းယွန်ကို ကြည့်ကာ သတိ ပေးလာသည်။ ထိုအမူ အရာက ချစ်စရာ ကောင်းနေ သဖြင့်၊ လင်းယွန်မှ ပြုံးမိ၏။
“ မင်းရဲ့ ... ရှေးဟောင်း ဝိညာဉ်ကို ထွက်လာပြီး၊ ငါနဲ့ စကား ပြောခိုင်းပါ၊ ငါစောင့် နေရတာ ကြာပြီ။ ”
ဓားသေတ္တာကို ကြည့်ကာ ၎င်းက တောင်းဆိုသည်။ မည်သူ မဆို ကိုယ်နှင့် အဆင့် တူသော အရာကို စိတ်ဝင်စား သည်မှာ သဘာဝ ပေပင်။ ဝိညာဉ်ပင် ချွင်းချက် မရှိနိုင်။
“ အမ် ... ၊ ဘယ်သူက မင်းကို ထွက်လာခိုင်း လို့လဲ။ ”
လင်းယွန်မှ မျက်လုံး ပြူးပြကာ၊ အံ့သြစွာ ပြန်မေး လိုက်သည်။
“ သူတို့မှာ ဒီလို ရှေးဟောင်း ဝိညာဉ်မျိုး မရှိတော့၊ ခြောက်လှန့် သလို ဖြစ်မိမှာ စိုးလို့၊ ငါ မထွက်ပဲ နေခဲ့တာ၊ ငါ့မှာ ကစားဖော် မရှိ ခဲ့ဘူး၊ အခု ငါ ...
... မင်းရဲ့ ရှေးဟောင်း ဝိညာဉ်နဲ့၊ ကစား ချင်တယ်၊ ငါ့ နာမည်က ကျောက်တုံး၊ သူ့နာမည် ဘယ်လို ခေါ်လဲ။ ”
ဖက်တီးလေးက တကယ်ပင် ပျင်းစရာ အချိန် များကို ဖြတ်သန်း ခဲ့ပုံ ရသည်။ အာသီသ ပြင်းပြင်းဖြင့် လင်းယွန်အား ပြောလာ၏။
( ဧကရီ ... ၊ မင်း သူနဲ့ ခဏလောက် ဆော့ပေးလို့ ရမလား။ )
လင်းယွန်မှ ပြန်မေး မိသည်။
( လုံးဝ ... လုံးဝပဲ ... မဖြစ် နိုင်တာ၊ ဒီလို ကလေးနဲ့ ... ၊ ကောင်းကင်ဘုံ တရား စီရင်ရေး ဧကရီက၊ ဆော့ စရာလား။ )
ခရမ်းငယ်က မျက်နှာကို မော့လျက်၊ လက်နှစ်ဖက် နောက် ပစ်ကာ နှာခေါင်း ရှုံ့ပြီး၊ ငြင်းဆန်သည်။ မောက်မာ ခြင်းမှာ၊ တရွေး သားမှ မလျော့ချေ။
***