← Chapters

နဂါး-ဖီးနစ် ကမ္ဘာဖျက် ဆေးအိုးကို နှိမ်နင်းခြင်း။

Vol. 104 Ch. 1451

နဂါး-ဖီးနစ် ကမ္ဘာဖျက် ဆေးအိုးကို နှိမ်နင်းခြင်း။

Vol. 104 Ch. 1451

ခရမ်းငယ် သည်လည်း ကလေး တစ်ဦး ဖြစ်သည်။ သို့သော် ကျောက်တုံး ဝိညာဉ်အား ကလေး တစ်ဦး အဖြစ် ရည်ညွှန်း နေသဖြင့်၊ လင်းယွန်က ပြုံးမိ သွား၏။

“ အစ်မကြီး ... ထွက်လာပြီး၊ ငါနဲ့ ကစား ပေးပါ၊ ငါ ... မင်းကို မြင်ရတယ်၊ မင်းက အရမ်း လှတယ်။ ”

ဖက်တီးလေးက မျက်လုံးများ တောက်ပလျက် ထရပ် လာသည်။ ဓားသေတ္တာ ကို ဖြတ်၍ မြင်ရ သောကြောင့်၊ လင်းယွန်မှာ အံ့သြ သွား၏။

သို့တိုင် ခရမ်းငယ်က လျစ်လျူရှု ပြီး၊ ဓားသေတ္တာ အတွင်း တွင်သာ ဆက်နေရန် ဆုံးဖြတ် ထားသည်။

“ ဒါဆို ... မင်းကို ကျောက်တုံးလို့ ခေါ်ရ မှာလား။ ”

“ ဟုတ်တယ် ... ၊ ငါ့ကို ကျောက်တုံးလေးလို့ ခေါ်နိုင်တယ်။ ”

ခရမ်းငယ်ကြောင့် ဖက်တီး လေးက လင်းယွန်အား ရင်းရင်း နှီးနှီး ပြန်၍ ဆက်ဆံ လာသည်။

“ ကျောက်တုံးလေး ... ၊ ဒီကျမ်းစာကို နားလည်အောင် လုပ်ဖို့၊ ငါ ရောက်လာတာ၊ ဘာလို့ ငါ့ကို အနား မကပ်ခိုင်း ရတာလဲ။ ”

“ အခု ရပ်နေတဲ့ နေရာ ကနေ ... ၊ လုပ်လို့ ရပါတယ်၊ မင်း သိချင်တဲ့ ကျင့်ကြံမှု နည်းစနစ် ကျောက်စမ်းတုံးကို ကျောက်တိုင်ပေါ် တင်လိုက်။ ”

လင်းယွန်က ၎င်းပြောသည့် အတိုင်း၊ အရိယာ ဓားသုတ္တန် မှတ်တမ်း တင်ထားသည့် ကျောက်စိမ်းတုံးကို ထုတ်ယူ လိုက်သည်။

အနက်ရောင် ကျောက်စိမ်းတုံးကို မြင်သည်နှင့်၊ ကျောက်တုံးလေး မျက်နှာ ပြောင်းလဲ သွားပြီး၊

“ အရိယာ ဓားသုတ္တန် လား ... ၊ ဒါက နည်းနည်းတော့ အကာ အကွယ် လုပ်ထား ရမယ်၊ နောက်ဆုတ် ဦး။ ”

-ဟု သတိ ပေးလာ တော့သည်။

အဘယ့်ကြောင့် ဤသို့ လိုအပ် သည်ကို မသိသော်လည်း၊ အကြံ ပေးချက်အား လိုက်နာ ခဲ့သည်။

“ ဝှစ် ... ။ ”

လက်ကို ဝှေ့ယမ်းလျက်၊ ကြယ်စွမ်းအင် အကာ အကွယ်အား ဖန်တီးကာ၊ ခြေ သုံးလှမ်း ဆုတ်ပြီး ပစ်တင် လိုက်၏။

ကျောက်စိမ်းတုံးက ကျောက်တိုင်နှင့် ထိတွေ့သော အခါ၊ အနီ၊ ရွှေ၊ အပြာ၊ အနက် စသည်ဖြင့် အရောင်များ ပြောင်းလဲ လာပြီး၊ အဆုံးတွင် အနက်ရောင် အဖြစ် ရပ်တန့် သွားသည်။

အလင်းမြူ သူတော်စင် အဆို အရ၊ ၎င်းမှ ဆင်းသက် လာသော မည်သည့် ဓားသုတ္တန်ကို မဆို၊ ကျွမ်းကျင် လာပါက၊ မဟာ တော်ဝင် ဓားကျမ်းအား နားလည် နိုင်မည် ဖြစ်သည်။

ဆိုလို သည်မှာ မဟာ တော်ဝင် ဓား ကျမ်းတွင် ဓားသုတ္တန် ကိုးပါး၏ ရည်ရွယ်ချက် များရှိပြီး၊ ကျောက်စိမ်းတုံး များ၏ အရောင် အတိုင်း၊ ကျောက်တိုင်မှ လိုက်ပါ ပြောင်းလဲ သွားမည် ဖြစ်သည်။

သူ့ကို နည်းနည်း နောက်ဆုတ် ထားရန် သတိပေး ခဲ့သည့် အတွက်၊ အရိယာ ဓားသုတ္တန် ရည်ရွယ်ချက်သည် အန္တရာယ် ပေးနိုင်၏။

ခံစားချက်များ ရှုပ်ထွေး နေမိစဉ်၊ အနက်ရောင် ဓားရည်ရွယ်ချက် အချို့၊ ခန္ဓာ ကိုယ်ထဲ ဝင်ရောက် လာသည်။

ယင်းက တိုက်စား နိုင်စွမ်း ရှိပြီး၊ သူ့ နဂါး ရူရ်များ မှိန်ဖျော့ လာသည် အထိ၊ ပျက်စီး သွား စေ၏။

“ အရိယာ ဓားသုတ္တန်၊ - အကြွင်းမဲ့ ပျက်သုဉ်းခြင်း။ ”

လင်းယွန် တစ်ယောက် မျက်နှာ ပြောင်းသွားကာ၊ ချက်ချင်း နောက်ဆုတ်လိုက် မိ၏။ ဤစွမ်းအားသည် အနည်းငယ် ကြောက်စရာ ကောင်းချေပြီ။

“ အဲဒါ ကြောင့်ပဲ ... ။ ”

ကျောက်တုံး လေးက ပြောသည်။

“ အချိန်မီ မဆုတ်ခွာ နိုင်ရင် ... ၊ မင်းခန္ဓာကိုယ် တစ်ခုလုံး၊ ပေျာက်ကွယ် သွား လိမ့်မယ်၊ အဲဒီတော့ ခန္ဓာကိုယ် ဖျက်ဆီး မခံ ရခင်၊ ဆုပ်ကိုင် နိုင်ဖို့ လိုတယ်။ ”

ထိုစကား အတိုင်း လုပ်ဆောင်ရန် အနည်းငယ် ခက်ခဲ သောကြောင့်၊ လင်းယွန် တစ်ယောက် မျက်ခုံးပင့် မိသည်။

နဂါး သွေးလွှတ်ကြော နယ်ပယ် တပည့် များပင် ဤနန်းတော်မှ အကျိုးအမြတ် မရနိုင် သည်မှာ၊ အံ့သြစရာ မဟုတ် တော့ပေ။

သန်မာသော ကိုယ်လုံး ကိုယ်ပေါက်သာ မရှိပါက၊ မိနစ်ပိုင်း အတွင်း၊ အရည်ပျော် သွား နိုင်သည်။

သို့သော် ဗောဓိ မျိုးစေ့နှင့် ထက်မြက်သည့် ထိုးထွင်း သိမြင် နိုင်စွမ်း ရှိသောကြောင့်၊ ၎င်းကို သူလုပ် နိုင်မည်ဟု ထင်သည်။

“ အစ်ကိုကြီး ... ၊ မင်း အရိယာ ဓားသုတ္တန်ကို ကျင့်ကြံမှာ သေချာလား၊ ငါ မှတ်မိ သလောက်ဆို ... ၊ လူ အနည်းစု လောက်သာ၊ ...

... ကနဦး ကျွမ်းကျင်မှု ရယူ နိုင်တယ်၊ ဒီစွမ်းအားကို မခံ နိုင်ရင် ... ၊ ထွက်ခွာ ရလိမ့် မယ်၊ ဒါက နှမျော စရာပဲ။ ”

“ ကျေးဇူး တင်ပါတယ် ... ၊ ကျောက်တုံးလေး။ ”

လင်းယွန်က ပြုံးလိုက်၏။ ဤဖက်တီး လေးသည် ချစ်စဖွယ် ကောင်းလွန်း သဖြင့် ကျောက်တုံး ဝိညာဉ်ဟု ခံစား၍ မရချေ။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

ဗောဓိ မျိုးစေ့ကို ထုတ်ယူ ဆုပ်ကိုင်ကာ၊ ခြေလှမ်း (၇)လှမ်း တက်လိုက်၏။ ထိုနောက် ရပ်တန့်ရန် အရိပ် အယောင်မျှ မပြ ခဲ့ချေ။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

သူတော်စင် နဂါး ခန္ဓာ ကိုယ်ကို အသက်သွင်း လိုက်ရာ၊ နဂါး ဟောက်သံနှင့်၊ သွေးများ ပွက်ပွက်ဆူ လာသည်။

ရက်စက် ကြမ်းကြုတ်သော ရောင်ဝါကို ထုတ်လွှတ် ထားသည့်၊ ရန်လို နေသော နဂါး တစ်ကောင် အလား ပေပင်။

ကျောက်တိုင်နှင့် ဆယ်မီတာ အနီးသို့ အရောက်တွင် ရပ်ပြီး၊ တင်ပျဉ်ခွေ ထိုင်လိုက်၏။ မျက်လုံး မှိတ်လိုက်သော အခါ၊ အနက်ရောင် လှိုင်းများ၊ ဝင်ရောက် လာတော့သည်။

ယင်းက အရိယာ ဓားသုတ္တန် ဖြစ်ပြီး၊ အသက် ပြင်းပြင်း ရှူလျက်၊ ဗောဓိ မျိုးစေ့အား အသက် သွင်းမိသည်။

ထို့ကြောင့် စိတ်ထဲ ကြည်လင် လာကာ၊ ကြယ်စွမ်းအင် များကို အလိုက်သင့် လှည့်ပတ် လိုက်သည်။

အနက်ရောင် အလင်း များက သူ့ခန္ဓာ ကိုယ်ကို ချက်ချင်း အရှိန် အဟုန်ဖြင့် တိုက်စား လေသည်။

သို့သော် အကန့် အသတ် မရှိသော သွေးသား စွမ်အင် များက၊ အလွှာ တစ်ခုလို ချက်ချင်း ပိတ်ဆို့ လိုက်၏။

ခရမ်းရောင် နန်းတော်ရှိ၊ ခရမ်းရောင် စွမ်းအင် များက၊ အနက်ရောင် အလင်းအား ရောင်ဝါ သမုဒ္ဒရာ ဆီသို့၊ အတင်း အကြပ် ညွှန်ကြား နေခဲ့သည်။

သို့သော် ကမ္ဘာဖျက် ဆေးအိုးက ဝင်ရောက် လာသော၊ အနက်ရောင် စွမ်းအင် များကို ဒေါသ တကြီး၊ ခေါင်းပြူ ကြည့်၏။

အဖျက် စွမ်းအား တစ်ခု ဆေးအိုး ထံမှ ထွက်လာပြီး၊ အနက်ရောင် စွမ်းအင် အသစ်နှင့် တိုက်မိ သွားသည်။

စွမ်းအင် နှစ်ခု တိုက်မိ ခြင်းက၊ ခန္ဓာကိုယ် တစ်ခုလုံး တုန်ခါ စေကာ၊ မျက်နှာကို ဖြူရော် လာစေ၏။

“ ဝေါ့ ... ။ ”

ပါးစပ် အပြည့် သွေးအန် လိုက်ကာ၊ ချွေးပေါက် များမှ တဆင့်၊ အနက်ရောင် အလင်း များ အဆက် မပြတ် ထွက်လာသည်။

စုပ်ယူ သန့်စင်သော အနက်ရောင် ဓားရည်ရွယ်ချက် လှိုင်းများကို၊ ဆေးအိုးက ပြန်၍ ဖယ်ထုတ် လိုက်ခြင်း ဖြစ်၏။

“ ဒါက ... ၊ ဘယ်လို ဖြစ်ရတာလဲ။ ”

ဖက်တီးလေးက ကျောက်တိုင် ပေါ်မှ ဆင်းရန် ဟန်ပြင် လိုက်သည်။ သည်ဖြစ်စဉ်မျိုး တစ်ကြိမ်မျှ မမြင်ဖူး သေးချေ။ သူ့ နားလည် မှုကို ကျော်လွန် သွားပြီ ဖြစ်သည်။

“ မလုပ်နဲ့ ... ၊ သူ့ကို ယုံပါ။ ”

“ အိုး ... အစ်မကြီး။ ”

နူးညံသော အသံကြောင့်၊ ကျောက်တုံး လေးက ခေါင်းလှည့် ကြည့်ရာ၊ သူ့ဘေးတွင် ရပ် နေသည့် ခရမ်းငယ်အား တွေ့လိုက် ရသည်။

နဖူးတွင် ရွှေရောင်နှင့် ကြက်သွေးရောင် အမှတ် အသား ပါရှိပြီး၊ အဖြူရောင် ဝတ်စုံအား သပ်ရပ်စွာ ဝတ်ဆင် ထား၏။

“ အစ်မကြီး ... ၊ မင်းက ရှေးဟောင်း ဝိညာဉ်မှ မဟုတ်တာ၊ ငါနဲ့ မတူဘူး။ ”

သူ အမှား လုပ်မိကြောင်း သိလိုက်ကာ တုန်လှုပ် သွားသည်။ ခရမ်းငယ်က တစ်ချက် ငဲ့ကြည့်ပြီး၊

“ ဟမ့် ... ၊ ငါက သမုဒ္ဒရာ (၄) စင်း၊ ပျက်သုဉ်းမြေ (၈)ပါး၊ ကောင်းကင် (၃၆) လွှာနဲ့၊ ကမ္ဘာမြေ (၇၂) ထပ်ကို ပိုင်စိုးတဲ့၊ နတ်ဖီးနစ် မျိုးနွယ်ဝင်၊ ကောင်းကင်ဘုံ တရား စီရင်ရေး ဧကရီပဲ၊ ဘာလို့ မင်းနဲ့ တူရ မှာပဲ။ ”

-ဟု နှာခေါင်း ရှုံ့ကာ ပြန်ဖြေသည်။

“ အိုး ... ။ ”

ဖက်တီးလေးမှာ အံ့သြ သွား၏။ သို့သော် လင်းယွန်၏ နဂါး ရူရ်များ လျင်မြန်စွာ တိုက်စား ခံနေရ သည်ကို၊ သတိရ လာပြီး။

“ အစ်မကြီး ... ၊ ငါတို့ အခု ဘာလုပ် ကြမလဲ၊ အစ်ကိုကြီး ကြာကြာ ခံနိုင် မယ်လို့ မထင်ဘူး။ ”

-ဟု ပြောလိုက် မိ၏။

“ ထားလိုက် ... ၊ ဒါက သူ ရွေးထားတဲ့ လမ်းပဲ။ ”

ခရမ်းငယ်က တည်ငြိမ်စွာ ပြောသည်။ သို့သော် မျက်ဝန်း ထဲ၌ စိုးရိမ်မှုများ ထင်ဟပ် နေ၏။ သူမ ပြော သလောက်၊ တည်ငြိမ်မှု မရှိခေျ။

ထိုစဉ်က အိုင်းရစ်ဓား သူတော်စင်သည် ဤကမ္ဘာဖျက် ဆေးအိုးကြောင့် ခက်ခဲသော အချိန်များ ရှိခဲ့သည်။

အဆုံးတွင် အောင်မြင်ကာ၊ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်း တစ်ခု လုံးကို ဆုပ်ကိုင် လာနိုင်၏။

လက်ရှိ အချိန် ၌မူ၊ လင်းယွန် မျက်နှာတွင် ဒေါသ အရိပ် အယောင်များ ဖြစ်ပေါ် လာသည်။ ဆေးအိုးမှ တားဆီး ခံရ သဖြင့်၊ နာကျင် လာခြင်း ဖြစ်သည်။

“ ဝှစ် ... ။ ”

စိတ်အတွင်းမှ အော်ငေါက်လျက်၊ လေထဲ ခုန်တက်ကာ၊ (၁၀) မီတာ အကွာတွင် ရှိသော ကျောက်တိုင် အနားသို့၊ ချက်ချင်း ရေွ့လျား လိုက်တော့သည်။

“ ငါ့ကို တားချင် နေတာလား၊ မင်း လုပ်စမ်း။ ”

***

All Chapters