မင်းသား ရန်။
Vol. 104 Ch. 1452
သည်မြင်ကွင်းက ရူးသွပ် စရာ ပေပင်။ ကျောက်တိုင်မှ သူ့ကို မွေးဖွားခြင်း ဖြစ်သဖြင့်၊ အနက်ရောင် ဓားစွမ်းအင် များကို ၊ ရူးမိုက်စွာ စုပ်ယူသည့်၊ လူမျိုး မမြင်ဖူး ခဲ့ချေ။
လင်းယွန်က လက် တစ်ဖက်ကို ကျောက်တိုင်နှင့် ထိထားပြီး၊ ကျန်လက်က ဗောဓိ မျိုးစေ့အား ကိုင်ထား၏။
အရိုးများ တဆတ်ဆတ် တုန်လာသည် အထိ၊ နာကျင်မှုများ ခံစား ရ၏။ အနက်ရောင် ဓားစွမ်းအင် များက၊ ခရမ်းရောင် နန်းတော်သို့ ဝင်ရောက် လာကာ၊ ဒေါသ ထွက်နေသော ဆေးအိုးကို တိုက်ခိုက် တော့သည်။
ရလာဒ် အနေဖြင့်၊ ခန္ဓာကိုယ် ပေါ်ရှိ နဂါးရူရ်များ ကွဲအက် ကုန်၏။ ထို့ကြောင့် သွေး မီးတောက် နတ်ရူရ်ကို လောင်ကျွမ်း စေလျက်၊ ပြန်လည် ပြုပြင် ယူလိုက် ရသည်။
“ ဆက် လုပ် ရ မယ်။ ”
ဗောဓိ မျိုးစေ့အား အသက် သွင်းကာ၊ ကျောက်တိုင် ကြီး ထံမှ အနက်ရောင် စွမ်းအင် များကို၊ ပို၍ မြန်ဆန်သော အရှိန်ဖြင့် စုပ်ယူ လိုက်တော့သည်။
နောက်ကွယ်၌ ဗောဓိပင် တစ်ပင်ပေါ် လာပြီး၊ နာကျင် မှုကြောင့် ရှုပ်ထွေး နေသော သူ့ အသိ ဉာဏ်ကို၊ ရှင်းထုတ် ပေးနေ၏။
ထို့ကြောင့် အနက်ရောင် ဓားစွမ်းအင်ကို အရိယာ ဓားသုတ္တန် ညွှန်ကြားချက် ပတ်လမ်း အတိုင်း ပေးပို့ကာ၊ ဆေးအိုးကို ဖိနှိမ်နေ မိ၏။
တစ်နာရီ အကြာတွင်၊ သွေးမီးတောက် နတ်ရူရ်မှာ မှိန်ဖျော့ အားနည်း လာပြီး၊ ပန်းဖူး တစ်ဖူး၊ ခရမ်းရောင် နန်းတော် အတွင်း၌ ဖြစ်တည် လာ၏။
ထိုပန်းဖူးကို ဆေးအိုးမှ မလိုလား သဖြင့်၊ တရွှီးရွှီး မြည်လာ တော့သည်။ သို့သော် ၎င်းပန်း အဖူးမှ ဖိအားကြောင့်၊ သူ့ ကိုယ်ထည်၏ လေးပုံ သုံးပုံမှာ၊ ရောင်ဝါ သမုဒ္ဒရာထဲ တအိအိ နစ်မြုပ် သွားရသည်။
“ အောင်မြင်ပြီ ... ။ ”
လင်းယွန် တစ်ယောက် စိတ်လှုပ်ရှား သွားသည်။ အရိယာ ဓားသုတ္တန် ပထမ အဆင့် ဖြစ်သော၊ ငရဲပန်းကို ဖန်တီး နိုင်ပြီ ဖြစ်၏။
ပန်ဖူး ထံမှ စွမ်းအင်များ ပြန်လည် ရရှိကာ၊ နဂါး ရူရ်များ ကောင်းမွန် လာသည်။ ထိုကြောင့် သူ့ရှေ့တွင် နောက်တစ်ကြိမ် ဒေါသ ထွက်ပြ မရဲအောင်၊ ဆေးအိုးကို အပြီးသတ် နှိမ်နင်းရန် ဆက်၍ ကြိုးစား မိသည်။
ဆေးအိုးမှ ခုခံ သဖြင့်၊ ရောင်ဝါ သမုဒ္ဒရာ ကြီးတွင်၊ တစ်နာရီ ကြာအောင် လှိုင်းထန် နေခဲ့ တော့သည်။
ထိုအချိန်တွင် မဟာ တော်ဝင် နန်းတော် အပြင်ဘက်၌၊ ရန်လိုစွာ ချဉ်းကပ် လာသောဓား တစ်လက်ကို လူတိုင်း ခံစား လိုက်ရသည်။၏
“ ဝှစ် ... ။ ”
မျက်လုံး ဖွင့်ကြည့် လိုက်သော အခါ၊ ဓားရောင်ခြည်များ ပျောက်ကွယ် သွားပြီး ဟွမ်ဖူရန် ဆင်းသက် လာ၏။
သူနှင့် အတူ အပြာရောင် တောင်ထိပ်မှ တပည့် အချို့အား ခေါ်ဆောင် လာလေသည်။
( မင်းသား ရန် ... ။ )
လူတိုင်း ရင်ထဲ အမည် တစ်ခု မြည်ဟည်း လာ၏။ ထိုဘွဲ့ကို ဟွမ်ဖူရန် နောက်ကွယ် ၌သာ၊ အသုံးပြု ရဲပေသည်။
“ မင်း ... ၊ လာစမ်း ... ။ ”
ဟွမ်ဖူရန်က နီးစပ်ရာ တပည့် တစ်ဦးကို ဖမ်းဆွဲလျက်၊
“ လင်းယွန်ကို မင်း သိလား၊ သူ ဘယ်မှာလဲ။ ”
-ဟု မေး၏။
“ အ ... အ ထဲမှာ။ ”
တပည့်က ထစ်ငေါ့ ထစ်ငေါ့ဖြင့် ပြန်ဖြေသည်။ ဟွမ်ဖူရန်က ရမ်းကားသော သူ့ အပြု အမူများ အတိုင်း၊ ထိုတပည့်အား ပစ်ထုတ် လိုက်တော့သည်။
“ ..... ။ ”
လှေကား ထစ်တွင် မျက်စိ မှတ်ကာ ထိုင်နေသော ချန်လင်းက ထိုအသံ များကြောင့်၊ မျက်လုံး ဖွင့်ကြည့်ကာ ထရပ် လိုက်သည်။
( မင်းသား ရန်။ )
ဤလူသည် မြေကြီး အဆင့် ထိပ်ဆုံး (၁၀)တွင် ရှိပြီး၊ သူ့အထက် အဆင့်၌ ရှိသော ကျန် (၉)ကိုပင်၊ ဂရုမစိုက် တတ်သူ ဖြစ်၏။
မကျေနပ် ပါက၊ မည်သူ့ကို မဆို၊ တိုက်ခိုက် ဝံ့သည်။ ယင်းကြောင့် တပည့် တိုင်းက ၎င်းအား ရွံကြောက် ကြောက်၏။
ထိုသို့သော လူမှ လင်းယွန် အတွက် ရောက်လာ သဖြင့်၊ ချန်လင်း ခမျာ စိုးရိမ်သွား သည်။
မင်းသား ရန် ဟူသော ဘွဲ့၏ နောက်ကွယ်တွင်၊ ဦးနှောက် မဲ့ခြင်း ဟူသော ရည်ညွှန်းချက် ကပ်ပါ နေ၏။
ထို့ကြောင့်သာ ဂိုဏ်းချုပ်မှ တန်ဖိုးထား လင်းယွန်ကို မရိုက်ဟု၊ မည်သူမျှ အာမ မခံ ဝံ့ချေ။
ဤသို့ စိတ်မထင် သလို ရိုင်းစိုင်းစွာ ပြုမူတတ် သဖြင့် မကြာ ခဏ အပြစ်ပေး ခံရ သော်လည်း၊ ဆက်လက် လုပ်ဆောင် နေဆဲ ဖြစ်သည်။
“ မင်းတို့ ဘာလုပ်ဖို့ ကြိုးစား နေကြ တာလဲ။ ”
မြေပြင်ပေါ် ပျံသန်း ဆင်းသက်ကာ၊ ချန်လင်းက မေးလိုက် မိသည်။ အကျိုးဆောင် ရမှတ် တစ်သိန်းသည်၊ ဟွမ်ဖူရန်လို လူမိုက် အတွက် လွယ်ကူ ချေ၏။
ထို့ကြောင့် နန်းတော် အတွင်းသို့ လိုက်ဝင်ကာ၊ လင်းယွန်ကို ရိုက်နှက် မည်မှာ သေချာသည်။
“ မင်းက ဘာကိစ္စ ... ငါ့ လမ်းမှာ၊ လာရပ် ရတာလဲ၊ ထွက် သွား စမ်း ... ။ ”
ဟွမ်ဖူရန်က သူ့လက်အား ဝှေ့ယမ်း လိုက်ရုံဖြင့်၊ စွမ်းအား တစ်ခု ချန်လင်းကို တွန်းထုတ် ပစ်တော့သည်။
“ ဟား ဟား ဟား ... ။ ”
ဟွမ်ဖူရန်က ရယ်မောလျက်၊ ရှေ့ဆက် သွားလေသည်။ အကျိုးဆောင် အမှတ် များကို ကြိုးကြိုး စားစား စုဆောင်း ခဲ့ရသည် ဖြစ်ရာ၊ ရပ်တန့်ရန် ဆန္ဒ မရှိချေ။
သို့သော် ချန်လင်း ပျံသန်းကာ၊ လမ်းပိတ် လိုက်ပြန်သည်။
“ ချန်လင်း မင်းက ... ထိပ်တန်း ဆယ်ယောက် ထဲကို ရောက်အောင် ကြိုးစားနေ တယ်လို့ ငါ ကြားတယ်၊ ဒီခွန်အား လေးနဲ့ အိပ်မက် မက်နေ တာလား၊ ငါ့ ရှေ့က ထွက်သွားစမ်း။ ”
ဟွမ်ဖူရန်က အော်ငေါက် လိုက်၏။ အစောပိုင်း တိုက်ခိုက်မှုတွင် သူ့ ခွန်အားကို (၄၀%) မျှသာ သုံးထားသည်။
ယင်းကို သိသော်မှ ချန်လင်းမှာ၊ နောက်မဆုတ်ဘဲ၊ ကြိုးစား လာပြန်သည်။ ထို့ကြောင့် ဒေါသ ထွက်လာ၏။
“ ဟမ့် ... ၊ ဘာဖြစ်ချင် နေတာလဲ ... ၊ အရိယာ တောင်ထိပ်ရဲ့ တပည့် တွေက၊ ရဲရင့် လာကြပြီ၊ ဒါပေမယ့် ... မင်းမှာ ကြယ်သုံးပွင့် ရှိနေ ရင်တောင်၊ ဘာမှ မဟုတ်သေး ပါဘူး။ ”
စကားဆုံး သည်နှင့် ဟွမ်ဖူရန် နောက်၌ တိမ်ပင်လယ်ကြီး ဖြစ်ပေါ် လာကာ၊ ဓားရောင်ဝါ များနှင့် ချန်လင်းအား ဖိချ လိုက်၏။
“ ခရစ် ... ။ ”
ချန်လင်း ခမျာ၊ ကြယ်စွမ်းအင် အကာ အကွယ် ပြိုကျ သွားပြီး၊ နှုတ်ခမ်းမှ သွေးများ စီးကျ လာ၏။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
တုန်တုန် ယင်ယင်နှင့် ချက်ချင်း နောက်ပြန်ဆုတ် လိုက်ရသည်။ ဟွမ်ဖူရန်က ကျေနပ်ပုံ မရဘဲ၊ အပြာရောင် ဓားသုတ္တန်ကို အသက် သွင်းလိုက်သည်။
“ တိမ်တွေလို အသွင် ပြောင်းခြင်း။ ”
တိမ်ပင်လယ် နှင့်အတူ သူ့လက်ဝါးက နောက်တစ်ကြိမ် ချန်လင်းထံ ရွေ့လျား လာ လေသည်။
“ မင်း ... ငါနဲ့ တိုက်ချင် လို့လား၊ နောက်ခြောက်လ လောက် ... သွားပြီးတော့ ကျင့်ကြံ လိုက်ဦး ... ။ ”
အပြာရောင် ဓားသုတ္တန်၏ စွမ်းအားကို သုံးခဲ့သဖြင့် ကြယ် သုံးပွင့်ခြင်း တူသော်လည်း၊ တူညီသော အဆင့် မျိုး၌ မရှိ တော့ချေ။
“ ဝှစ် ... ။ ”
ထိုလက်ဖဝါးကြောင့် ချန်လင်း ခမျာ အရုပ်ကြိုးပြတ် လွင့်စဉ် သွားပြီး မြေပြင်ပေါ် ပြုတ်ကျ ခါနီးတွင်၊ လူရိပ် တစ်ရိပ်မှ ဖမ်းယူ လိုက်ကာ၊ ဟွမ်ဖူရန်၏ စွမ်းအားကို လက် တစ်ဖက် တည်းဖြင့်၊ ချေဖြတ် ပစ်သည်။
ပြီးနောက် မြေပြင် ပေါ်သို့၊ အတူ ဆင်းသက် လိုက်၏။ သူ့ကို ကူညီသူမှာ လင်းယွန် ဖြစ်မှန်း သိသည်နှင့်၊ ချန်လင်းက စိုးရိမ် သွားသည်။
“ ညီအစ်ကို လင်း ... ၊ အခု အရိယာ တောင်ထိပ်ကို ပြန်သွားပါ၊ ဒီနေရာက မလုံခြုံ တော့ဘူး၊ ဟွမ်ဖူရန်က မင်း အတွက် ဒီကို လာတာ။ ”
“ ပန်းသင်္ချိုင်းဓား လင်းယွန် ဆိုတာ ... မင်းလား၊ ကောင်းတယ် ... ၊ အခု အကျိုးဆောင် ရမှတ် တစ်သိန်း ကုန်စရာ မလို တော့ဘူး။ ”
ချန်လင်း စကားကြောင့်၊ ဟွမ်ဖူရန်က ပြုံးရွှင်သော အသွင်ဖြင့်၊ လင်းယွန်ထံ ကြည့် ကာ၊ ပြောလိုက် တော့သည်။
***