ကောင်းကင် တပည့် ရာထူးကို စွန့်ပါ။
Vol. 104 Ch. 1453
ဟွမ်ဖူရန်က မောက်မာသော အသွင်ဖြင့်၊ လင်းယွန်အား ပြုံးပြ၏။ သို့သော် တစ်ဖက်လူ သည် သူ့အား ဂရု မစိုက်ဘဲ၊ ချန်လင်း ကိုသာ အာရုံစိုက် နေသည်။
“ မင်း ... ဒဏ်ရာ ရသွားလား။ ”
“ မရဘူး ... ၊ ငါ အဆင် ပြေပါတယ်။ ”
ကြယ် စွမ်းအင်များ အလွှာ ပြိုကျ သွားပြီး၊ အရိုးများ အက်ကွဲ နေသည်။ ဤတိုက်ခိုက်မှုမှာ မည်မျှ ကြမ်းကြုတ် လှသည်ကို၊ မြင်နိုင်၏။
ရုတ်တရက် တစ်စုံ တစ်ရာကို သတိ ရလာကာ၊ လင်းယွန်က ဟွမ်ဖူရန်ထံ လှည့် ကြည့်လိုက်သည်။
“ မင်း ... စောစောက မဟာ တော်ဝင် နန်းတော် ထဲကို၊ ဝင်မယ်လို့ ပြောလိုက် တာ လား။ ”
“ ဟုတ်တယ် ... ၊ ငါ မင်းကို နန်းတော်ထဲ အထိ လိုက်ရှာ မို့ပဲ၊ ဒါပေမယ့် ခု ငါ ကံကောင်း သွားတယ်၊ အကျိုးဆောင် ရမှတ် (၁)သိန်း မကုန် တော့ဘူး။ ”
ဟွမ်ဖူရန်မှ ပြန်ဖြေသည်။
“ အိုး ဟုတ်သား ... ၊ ငါက သဘော ကောင်းပါတယ်၊ မြေကြီး အဆင့် ထိပ်ဆုံးက တစ်စုံ တစ်ဦးကို၊ ဘယ်လိုလုပ် ရင်ဆိုင် နိုင် မှာလဲ၊ ညီအစ်ကို ချန် သွားရအောင်။ ”
လင်းယွန်က ညစ်ကျယ်ကျယ် ပြုံးလျက်၊ လှည့်ထွက်ရန် ပြင်လိုက် လေသည်။
“ မင်း ... ထွက်သွားချင် လို့လား၊ သူ့ကို တားထား ကြစမ်း ... ။ ”
ဟွမ်ဖူရန် မျက်နှာ နီရဲ လာသည်။ သူ့ အတွက် ဤနေရာသို့ လာရန်၊ အချိန်များ ပေးခဲ့ ရသဖြင့်၊ အလွတ် မပေး နိုင်ချေ။
“ ဝှစ် ... ။ ”
နောက် တစ်စက္ကန့်တွင် သူ့ ဘေးတွင် ရပ်နေသော တပည့် နှစ်ဦးက၊ လင်းယွန်အား တိုက်ခိုက်ရန် ပြေးဝင် လာတော့သည်။
လင်းယွန်က ရုတ်တရက် ခေါင်းမော့ပြီး ထိုတပည့် နှစ်ယောက်ထံ အေးစက်စွာ ကြည့် လိုက်၏။
ခရမ်း နန်းတော်တွင် ခရမ်းရောင် ပန်း ပွင့်လာသဖြင့်၊ လက်ကို ပေါ့ပေါ့ ပါးပါး ပြန်၍ ဝှေ့ယမ်း လိုက်သည်။
အနက်ရောင် အလင်းတန်း ပြေးထွက် သွားကာ၊ ထိုတပည့် နှစ်ယောက်၏ စွမ်းအင် အကာ အကွယ်ကို ထိုးဖောက် သွားသည်။
“ ဂျွတ် ... ။ ”
“ အ ... ။ ”
ပြီး လက်တစ်ဖက်ချင်း စီကို ဖမ်းဆွဲလျက်၊ (၃၆၀-ဒီဂရီ) ပြည့်အောင် လိမ်ချိုး ပစ်လိုက်၏။ နာကျင်စွာ အော်ဟစ် သံများ ညံလာသည်။
“ ဘုန်း ... ၊ ဘုန်း ... ။ ”
ယင်းမှာ အဆုံး မဟုတ် သေးချေ။ လက်ကို လွှတ်လျက်၊ ရင်ဝထံ လက်သီး တစ်ချက်စီ ထပ် ပေးလိုက်၏။
“ ဝေါ့ ... ။ ”
“ အား ... ။ ”
တပည့် နှစ်ယောက် ခမျာ သွေးအန်လျက်၊ မြေပြင်ပေါ် ပြုတ်ကျပြီး၊ ပြန်မထ နိုင်တော့ချေ။ လူးလှိမ့် ညည်းညူ နေတော့သည်။
ဤမြင်ကွင်းကြောင့် စပ်စုနေသော တပည့် အချို့မှာ၊ မျက်လုံးပြူး သွားသည်။ ကြုမ်းကြုတ် လွန်း ချေ၏။
မင်းသား ရန် ဟူသော၊ ဟွမ်ဖူရန်၏ လုပ်ရပ်များ သည်ပင်၊ လင်းယွန်ကို မမီချေ။ ဒဏ်ရာကြောင့် မည်မျှ နာကျင် ရမည်ကို၊ လူတိုင်း ပြောနိုင်၏။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
ရှေ့လှမ်းတက် လာသော ကျန် တပည့် များမှာ၊ ကြောက်စိတ်ဖြင့် အလိုလို နောက်ဆုတ် လိုက်မိသည်။
ယင်းမှာ အရိယာ ဓားသုတ္တန် ဖြစ်၏။ မယုံနိုင် စရာ ပေပင်။ ၎င်းကို မဟာ တော်ဝင် နန်းတော်မှ၊ တစ်ဖက်လူ နားလည် နိုင်ခဲ့ပုံ ရသည်။
“ ပန်းသင်္ချိုင်း ... ၊ မင်း ငါ့ရဲ့ ... အပြာရောင် တောင်ထိပ်က၊ တပည့် တွေကို ရိုက်ရဲ တယ်ပေါ့၊ မင်းကိုယ်မင်း ဘယ်သူ ထင်နေလဲ၊ ဟမ့် ... ။ ”
ငေါက်ငမ်းသံ နှင့်အတူ၊ ဟွမ်ဖူရန် နောက်ကျော၌ အကန့်အသတ်မဲ့ တိမ်ပင်လယ် တစ်စင်း ဖြစ်ပေါ် လာသည်။
၎င်းအတွင်း လျှပ်စီး ရည်ရွယ်ချက် ကိုပါ၊ ထည့်သွင်းထား လိုက်သဖြင့်၊ လျှပ်စီးများ လက် လာတော့သည်။
လျှပ်စီးဓား တိမ်ပင်လယ် အဖြစ် ပြောင်းလဲ လာကာ၊ ရွေ့လျားလာ သောကြောင့်၊ လူတိုင်းမှ တိုက်ပွဲနှင့် လွတ်ရာသို့၊ ချက်ချင်း ဆုတ်ခွာ လိုက်ကြသည်။
“ ဝူး ... ။ ”
တိမ်ပင်လယ် အတွင်းမှ၊ လက် တစ်ဖက် ထွက်လာကာ၊ လင်းယွန်ကို ဖမ်းကုပ် လာတော့ သည်။
သို့သော် ထိုလက်ဖဝါးကို ဖြတ်လျက်၊ တိမ်ပင်လယ်ကြီး ကွဲထွက် သွားစေသည် အထိ၊ စူးရှသော ဓားအလင်း တစ်လက်၊ လင်းယွန် ထံမှ တိုးထွက် လာသည်။
ထို့နောက် လင်းယွန် အထက် လေထု၌၊ အနက်ရောင် ပန်းတစ်ပွင့် ဖြည်းညှင်းစွာ ပွင့်လာ တော့၏။
“ ချပ် ... ချပ် ... ချပ် ... ။ ”
ပွင့်ချပ် (၉)ချပ်လုံး ပွင့်သော အခါတွင်၊ လင်းယွန်၏ ဓားရောင်ဝါမှာ အထွတ် အထိပ်သို့ ရောက်ရှိ လာသည်။ မိုးကုပ် စက်ဝိုင်း တစ်ဝက် အပြည့် ဖုံးလွှမ်း သွား၏။
ဤအရာက ရပ်ကြည့် နေသူ တိုင်းကို ထိတ်လန့် သွားစေပြီး၊ မည်သူမျှ အသံ မထွက်ရဲ တော့ချေ။ အသက် ရှူသံ များပင် တိုးဖျော့ ကုန်သည်။
ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားသော အခါ၊ လင်းယွန် ထံမှ ပြန်လည် အော်ငေါက်သံ ထွက်လာသည်။
“ အရိယာ ကောင်းကင် တောင်ထိပ်က တပည့်ကို အနိုင်ကျင့် ရအောင် ... ၊ မင်း ကရော ဘယ်သူလဲ။ ”
“ ..... ။ ”
“ အရိယာ ဓားသုတ္တန်။ ”
“ အိုး ... ပွင့်ချပ် ကိုးချပ်၊ ဒါက အရိယာ ဓားသုတ္တန်ရဲ့ ဒုတိယအဆင့် အထွတ် အထိပ်ပဲ၊ မဟုတ်လား။ ”
“ မဖြစ် နိုင်တာ ... ၊ ဒီလောက် အချိန် တိုတို လေးနဲ့၊ ငရဲ ပန်းကို သူ ဘယ်လို ရလာ ရတာလဲ၊ မယုံ နိုင်စရာ ပဲ။ ”
လူတိုင်း ထိတ်လန့် သွားကြသည်။ အသွင်အပြင် အရ၊ အရိယာ ဓားသုတ္တန်မှာ၊ တတိယ အဆင့်သို့၊ အချိန် မရွေး တက်ရောက် နိုင်မည့်၊ အရိပ် အယောင် ပြနေ၏။
ဤသည်မှာ ဓားဂိုဏ်း၏ သမိုင်းတွင် တစ်ခါမျှ မကြုံဖူး သောကြောင့်၊ ရူးသွပ်ဖွယ် ကောင်း ပေသည်။
နှစ်ပေါင်း ငါးရာ အတွင်း၊ မည်သည့် ပင်မ နတ်ဘုရားမျှ၊ ဤအမှုကို ပြီးမြောက်ခြင်း မရှိဟု၊ မှတ်တမ်း များ၌ ဆိုထားသည်။
ဟွမ်ဖူရန် မျက်နှာ သည်ပင်၊ ပြောင်းလဲ သွားသည်။ သူ သည်လည်း အခြားသူ များကဲ့သို့၊ စိတ်လှုပ်ရှား လာ၏။
လင်းယွန်သည် အရိယာ တောင်ထိပ်အား ကိုယ်စား ပြုတော့ မည်လော။ အချိန် တိုင်းတွင်၊ အရိယာ တောင်ထိပ်မှာ၊ အမေ့ခံ ဖြစ်သည်။
အဘယ့်ကြောင့် ဆိုသော်၊ မြေကြီး အဆင့် အတွင်းသို့ ဝင်ရောက် နိုင်သော တပည့် များ၌၊ ချန်လင်း သည်သာ အသန်မာဆုံး ဖြစ်နေ ခြင်းကြောင့် ဖြစ်၏။
“ မင်း ... ဘာဖြစ် ချင်လဲ၊ သတ္တိ ရှိရင် ငါနဲ့တိုက်ပါ၊ နက္ခတ်တွေ မခေါ်ဘဲ တစ်ပွဲ လောက် နွှဲရဲလား။ ”
ဟွမ်ဖူရန်မှ တိုက်ရိုက် ပြောသည်။ ဝေ့ဝိုက် နေခြင်းသည် သူ့ပုံစံ မဟုတ်ချေ။
“ အဟက် ... ၊ မင်းက ငါ့ကို ... ၊ ဒီလို တောင်းဆိုဖို့ ထိုက်တန်တယ် ထင်နေ တာလား။ ”
လင်းယွန်မှ လှောင်ပြော ပြော၏။
“ အိုး ... ၊ တကယ် မောက်မာ တာပဲ၊ ဘယ်လောက် တောင် စိတ်ဝင်စား စရာ ကောင်း လိုက်လဲ၊ ဒီနေ့ မင်းကို ဓားဂိုဏ်းမှာ၊ ဘယ်လို နေရ မလဲ ဆိုတာ၊ ငါ သင်ပေးရ တော့မယ်။ ”
ဟွမ်ဖူရန်က ဒေါသ တကြီး ပြေးလာပြီး၊ လက်ဖဝါးဖြင့် ရိုက်ချသည်။ သို့သော် တစ်ဖက်မှ ပြန်လည် တိုက်ခိုက်ခြင်း မရှိဘဲ၊ ချန်လင်းအား အဝေးသို့ တွန်းလွှတ်ကာ၊ ရှောင်တိမ်း သွားသည်။
“ ဟိတ် ... ။ ”
နောက်ထပ် တိုက်ခိုက်မှု များကိုပင်၊ တစ်ချိန်လုံး ပတ်ကာ ရှောင်တိမ်း နေသဖြင့်၊ ဟွန်ဖူရန်မှ စိတ်မရှည် တော့ဘဲ၊
“ လင်းယွန် ... ၊ မင်းက ပြေးပဲ ပြေးတတ် တာလား၊ အရိယာ ဓားသုတ္တန် ဒုတိယ အဆင့် ရောက် နေတဲ့၊ ပါရမီရှင်က ... ငကြောက် တစ်ယောက်လား။ ”
-ဟု လှောင်ပြောင် လိုက်သည်။
“ မင်း ငါနဲ့ တိုက်ချင်လား၊ ဒါဆို အကျိုးဆောင် ရမှတ် တစ်သိန်း ပေးပါ။ ”
လင်းယွန်က ပြေးလွှား နေသည်ကို၊ ချက်ချင်း ရပ်ကာ တောင်းဆို လိုက်သည်။ ထို တောင်းဆို မှုကြောင့် ဟွမ်ဖူရန် ခမျာ၊ အံ့အားသင့် သွားပြီး၊
“ အို ... ကစားချင် နေတာလား၊ ကောင်းပြီ ငါ ရှုံးရင် ပေးမယ်၊ မင်း ရှုံးရင်တော့ ကောင်းကင် တပည့် ဆိုတဲ့၊ ရာထူး လွှဲပေးပါ။ ”
-ဟု ပြန်ပြော လာတော့သည်။
နှစ်ဖက် လုံး၏ လောင်းကြေးမှာ၊ သူတို့ တတ်နိုင်သော အရာ မဟုတ် သဖြင့်၊ ပတ်ဝန်း ကျင်ရှိ လူတိုင်း အသက်အောင့် ထားမိ၏။
“ လင်းယွန် မလုပ်နဲ့။ ”
ချန်လင်းမှ စိုးရိမ်စွာ အော်ဟစ် သတိပေး လိုက်သည်။
“ ကောင်း သား ပဲ ... ၊ မင်းလို လူကို ရှုံးမှတော့ ... ၊ ဒီရာထူးက ငါနဲ့ ဘယ်လိုလုပ် ထိုက်တန်တော့ မှာလဲ။ ”
လင်းယွန်က ပြုံးလျက် လက်ခံသည်။ မြေကြီး အဆင့်မှ ထိပ်ဆုံး ဆယ်ယောက်သည်၊ သူ့အား မျက်လုံးထဲ ထည့်ထားပုံ မရ သဖြင့်၊ သူ သည်လည်း ထည့်ထား စရာ မလိုချေ။
ပယင်း နယ်မြေမှ တဆင့်၊ ကောင်းကင် လမ်းကို အသက်ဖြင့်၊ လောင်းကြေး ထပ်ကာ၊ ဖြတ်သန်း လာရ သူ ဖြစ်သည်။
ထို့ကြောင့် ကောင်းကင် တပည့် ဟူသော ထိုရာထူးမှာ၊ နှစ်ကြိမ် တွေး နေစရာ မလိုချေ။ တစ်ပါး သူအား ရိုက်နှက် လိုသည်လော။
တစ်ဖက် သားအား ရိုက်နှက် လိုသော အကြင် သူသည်၊ ကိုယ်တိုင် နာကျင်ရ သည်ကို၊ ယနေ့ သင်ပေး ရပေမည်။
***