ငရဲ လက်ဖဝါး။
Vol. 104 Ch. 1454
ကြက်သွေးရောင် တောင်ထိပ် လွင်ပြင် တစ်နေရာရှိ၊ နန်းတော် တစ်ဆောင် ထဲသို့၊ ပုံရိပ် တစ်ရိပ် ဆင်းသက် လာသည်။
ဤနေရာသို့ စိတ်ထင်တိုင်း လာရောက် ဝံ့သူမှာ၊ မူချင်းချင်း တစ်ယောက် သာ ရှိသဖြင့်၊ ကျင့်ကြံ နေသော မူရွယ်ချင်းမှ မျက်လုံး ဖွင့် ကြည့် မိသည်။
“ ချင်းချင်း ... နင် ဘာလာ နှောက်ယှက် ပြန်ပြီလဲ။ ”
ကြက်သွေးရောင် ဓားသုတ္တန်ကို သတ္တမ အဆင့် ရောက်ရန် ကြိုးပမ်းခြင်း၊ ကျရှုံး သွားချိန် ဖြစ်သဖြင့်၊ လေသံက မာထန် သွား၏။
“ ငါ့ကို အကြောင်း ပြချက် ကောင်းကောင်းပေး၊ ဒါမှ မဟုတ်ရင် နင့်ကို သင်ခန်းစာ ပေးရမယ်။ ”
“ မမ ... ၊ လင်းယွန်ကို စောင့်ကြည့်ဖို့ ... ၊ နင်ငါ့ကို တာဝန် ပေးထားတာ မေ့နေ ပြီလား၊ အခု အရေး ကြီးတယ်။ ”
“ ဟမ့် ... ၊ ငါ အဲဒီလို မပြော ပါဘူး၊ သူ့ကို ငါတို့ တောင်ထိပ်ဆီ ခေါ်ဖို့ပဲ ပြောခဲ့ တာပါ၊ ဘာ ကိစ္စ နင့်ကို အာရုံစိုက် ခိုင်းရ မှာလဲ။ ”
“ ဒီလိုလား ... ၊ ဒါဆို တောင်းပန် ပါတယ်၊ ငါ ပြန်သွား တော့မယ်။ ”
မူချင်းချင်းက ချက်ချင်း လှည့်ထွက် သွားသဖြင့်၊ မူရွယ်ချင်း ခမျာ၊ မျက်ခုံးပင့် လိုက် မိသည်။
“ ဘာကိစ္စလဲ ... ၊ အရင် ပြောခဲ့ဦး။ ”
-ဟု ပြန်၍ မေးလိုက်သည်။ ထို့ကြောင့် မူချင်းချင်းက ပြုံးလိုက်ပြီး၊ ပြန်လှည့် လာကာ၊
“ မမ ... ၊ နင် သူ့ကို တော်တော် စိတ်ပူ တတ်ပုံပဲ၊ စောစောက ပြောတော့ စိတ်မဝင်စား သလိုနဲ့။ ”
-ဟု နောက်ပြောင် လိုက်သည်။
သို့သော် မူရွယ်ချင်းမှ အေးစက်စွာ စိုက်ကြည့် လာသဖြင့်၊ ဆက်လက် မပြော ဝံ့ တော့ဘဲ၊ လျှာထုတ် မိသည်။
“ ကောင်းပြီ ... ကောင်းပြီ၊ မမ ... ငါ လာတဲ့ ကိစ္စက လင်းယွန် ကြောင့်ပဲ၊ သူ ... ဟွမ်ဖူရန်နဲ့၊ တိုက်နေပြီ။ ”
“ ဟွမ်ဖူရန် ... ၊ မင်းသား ရန် မဟုတ်လား၊ ဒါက အံဩ စရာမှ မဟုတ်တာ၊ အနှေးနဲ့ အမြန် ဖြစ်လာ ရမှာ ပဲလေ။ ”
“ အမ် ... ၊ စိတ်မပူ ဖူးလား။ ”
တည်တည် ငြိမ်ငြိမ်ဖြင့်၊ တုန့်ပြန် လာသော မူရွယ်ချင်း အမူ အရာကြောင့်၊ မူချင်းချင်း ခမျာ အံ့အားသင့် သွားသည်။
“ သူ့ကို ... ၊ လူတိုင်းက ဖြတ်ကျော်ချင် နေတာ သဘာဝ ပါပဲ၊ အရိုက် ခံရလဲ ဘာဖြစ်လဲ၊ တစ်ချိန် ဟွမ်ဖူရန်ကို ပြန်ပြီး၊ အနိုင်ယူ နိုင်လိမ့်မယ်။ ”
မူရွယ်ချင်းမှ ပြန်ပြော လိုက်သည်။ ဓားဂိုဏ်းတွင် စိန်ခေါ်ခံ ရခြင်းကို ရှောင်ရှား၍ မရချေ။
မင်းသားရန် ဖြစ်နေ သော်မှ၊ တပည့် တစ်ဦးအား သတ်ခြင်း၊ စော်ကား ခြင်းနှင့်၊ ခိုးဝင် တိုက်ခိုက် ခြင်းများ မပြု ရချေ။ မကျေနပ် ပါက၊ စိန်ခေါ် နိုင်၏။
ယင်းက ဓားဂိုဏ်း၏ တပည့်များ လိုက်နာရသော၊ သံမဏိ စည်းကမ်း (၃)ရပ် ဖြစ်သည်။
“ မဟုတ်ဘူး၊ လောင်းကြေး ပါတယ်၊ လင်းယွန် ရှုံးရင် ကောင်းကင် တပည့် ရာထူးကို စွန့်လွှတ် ပေးရမယ်၊ ဒါကြောင့် လူတိုင်း အဲဒီကို သွားနေ ကြပြီ။ ”
မူချင်းချင်း စကား ကြားသော အခါတွင်၊ မူရွယ်ချင်း မျက်နှာ အနည်းငယ် ပြောင်းလဲသွား သည်။
“ ရူးသွား တာလား ... ၊ ဒီလို လောင်းကြေး မျိုးနဲ့ ကစားဖို့ ... ၊ ဘယ်ကနေ ယုံကြည်မှု ရလာ တာလဲ။ ”
“ ပွင့်ချပ် ကိုးချပ် ငရဲ ပန်း။ ”
“ မဖြစ် နိုင်တာ ... ။ ”
မူရွယ်ချင်းက ချက်ချင်း ထရပ် လိုက်၏။ ပွင့်ချပ် (၉)ချပ် ငရဲပန်း ဟူသည်၊ အရိယာ ဓား သုတ္တန်၏၊ ဒုတိယ အဆင့်၊ အထွတ် အထိပ် ဖြစ်သည်။
“ ဘာဖြစ်တာလဲ၊ လန့်လိုက်တာ မမရာ ... ။ ”
သို့သော် သူမ စကားကို ပြန် မဖြေဘဲ၊ တံခါးဝထံ လျှောက်လှမ်း သွားသည်။ သူမ၏ ဓားသုတ္တန်မှာ၊ ဆဋ္ဌမ အဆင့်တွင် ပိတ်မိနေ သဖြင့်၊ ဤသတင်းက စိတ်လှုပ်ရှား စေ၏။
“ ဝှစ် ... ။ ”
သည့်နောက် ကောင်းကင်ပေါ် ပျံတက်ကာ၊ မဟာ တော်ဝင် နန်းတော် ဆီသို့ ဦးတည် သွားခဲ့ လေသည်။
နန်းတော် ရှေ့တွင်၊ လင်းယွန်နှင့် ဟွမ်ဖူရန် ရပ်နေသည်။ ပတ်ဝန်းကျင်မှ အကြည့် များက၊ လင်းယွန် အပေါ် ကျဆင်း သွား၏။
လင်းယွန် တစ်ယောက် လောင်းကြေးကို သဘော တူခဲ့ သည်အား၊ မယုံနိုင် လှချေ။ ရှုံးနိမ့် သော်၊ ကောင်းကင် တပည့် ရာထူးကို၊ စွန့်လွှတ် ရပေ လိမ့်မည်။
“ မင်းရဲ့ သတ္တိကို ... ၊ သဘော ကျတယ်၊ တကယ်လည်း မင်း အရည် အချင်းက အကန့် အသတ်မဲ့၊ အလား အလာ ရှိပါတယ်၊ ဒါပေမယ့် ...
... လက်ရှိ အချိန်မှာ၊ ကောင်းကင် တပည့် ဖြစ်ဖို့၊ မထိုက်တန် သေးဖူး၊ အနည်း ဆုံးတော့ ငါ့ထက် အားနည်း နေသေးတယ်။ ”
လင်းယွန်မှ လွယ်လွယ် သဘောတူ ခဲ့သည်ကို၊ အံ့သြမိ သော်လည်း၊ အခွင့် အရေး အား၊ အလွတ် မပေး လိုချေ။
“ ဒါဆို ... မင်း ဘာလို့ လာပြီး၊ သက်သေ မပြ ရတာလဲ။ ”
ဟွမ်ဖူရန်အား ပြုံးလျက် လင်းယွန်မှ ဖိတ်ခေါ် လိုက်သည်။ ထိုအပြုံးတွင် ဒေါသ အငွေ့ အသက်များ ပါနေ၏။
ဟွမ်ဖူရန် သာမက၊ လူတိုင်းမှ ဤသို့ တွေးထင် နေကြ မည်ကို၊ ပြောနိုင်သည်။ ယနေ့ ထိုအတွေး များကို၊ ရှင်းပစ် ရပေမည်။
“ ဒါဆို နောင်တရ မနေနဲ့ ... ။ ”
ဟွမ်ဖူရန် အကြည့် များတွင်၊ ရန်လိုသော အရိပ် အယောင်များ ပြသ လာသည်။ ဓားဂိုဏ်း ရောက်လာ သည်မှာ၊ လပိုင်း မျှသာ ရှိသော လူ တစ်ဦး အနေဖြင့်၊ သူ့အား လေးစားမှု မရှိချေ။ မောက်မာ ပြနေ၏။
ကြောက်မက်ဖွယ် ကောင်းသော ဓား ရောင်ခြည်ကို ထုတ်လွှတ် လိုက်ရာ၊ တိမ် ကဲ့သို့ ဖမ်းဆုပ်ရ ခက်သော အသွင်မျိုး ပေးလာ၏။
တိမ် ဓားပင်လယ် တစ်စင်း ဖြစ်တည် လာကာ၊ ကြယ်သုံးပွင့် ကောင်းကင် အဆင့် ရောင်ဝါနှင့်၊ ပေါင်းစပ် သွားသည်။
ဤအရာက သူ့ ဓားရောင်ဝါကို ကြောက်မက်ဖွယ် ကောင်းသော အမြင့်သို့ ရောက်ရှိ လာစေ၏။
“ ဟား ဟား ဟား ... ။ ”
ရယ်မော လှောင်ပြောင်လျက်၊ လင်းယွန်ထံ တိုက်ခိုက်ရန် ပြေးဝင် လိုက်သည်။ အရိယာ ဓား သုတ္တန်အား ဖွင့်လျက်၊ လင်းယွန်မှ တုန့်ပြန် လိုက်၏။
“ ဝှစ် ... ။ ”
ဓားလှိုင်းများ ပျံ့နှံ့ ကုန်ပြီး၊ လှုပ်ရှားမှု ဆယ်ကြိမ် တိုင်တိုင် အသုံး ချကာ၊ လင်းယွန်၏ ခွန်အားကို တိုင်းတာ နေခဲ့သည်။
ပြိုင်ဘက် ဓားသုတ္တန်မှာ ဒုတိယ အဆင့် အထွတ် အထိပ် ရောက်ရှိနေ သကဲ့သို့၊ သူလည်း အပြာရောင် ဓားသုတ္တန်အား၊ တတိယ အဆင့် အထွတ် အထိပ်ထိ၊ ရယူ ထားသည်။
အရေးကြီး သည်မှာ၊ သူ၏ ကြယ်သုံးပွင့် စွမ်းအား ဖြစ်သည်။ ရောင်ဝါ သုံးဆ မြှောက်ပြီး၊ လင်းယွန် အပေါ်၊ ဖုံးလွှမ်း နိုင်၏။
ထို့ကြောင့် ဓား ရောင်ဝါသည် သူ့ လက်ဖဝါး၌၊ တိမ်များနှင့် ပေါင်းစပ် ထားသော၊ စုပ်ဝဲ အဖြစ်၊ ထွက်ပေါ် လာသည်။
“ ဒါက ... အဆုံးပဲ လင်းယွန်။ ”
ထိုလေစုပ်ဝဲ ပါသော လက်ဖဝါးကို တွန်းထုတ် လိုက်ရုံဖြင့်၊ လင်းယွန် ဓားရောင်ဝါ မှာ၊ အလွယ် တကူ ကွဲသွားသည်။
သို့သော် ထိတ်လန့်မှု မရှိဘဲ၊ ပြုံးလျက် မော့ကြည့်ကာ၊ လင်းယွန်က သူ့ လက်ဖဝါးကို ပြန်၍ တွန်းထုတ် လာသည်။
“ ချပ် ... ။ ”
သည့်စဉ် ခရမ်းရောင် နန်းတော် ထဲရှိ၊ ငရဲပန်း ပွင့်လာပြီး၊ ဖြည်းညှင်းစွာ လည်တော့ သည်။
တစ်ပတ်ပြည့် သည်နှင့် အမျှ၊ စွမ်းအင် အတက်အကျ လှိုင်းများကြောင့်၊ လင်းယွန်၏ အဝတ် အစားနှင့် ဆံပင်များ၊ တဖျပ်ဖျပ် လှုပ်ခတ် လာသည်။
“ ချပ် ... ။ ”
ငရဲပန်းသည် လှပ သော်လည်း၊ အဖော်မဲ့ နေသည်။ (၉) ကြိမ် ပြည့်ချိန်၌၊ စွမ်းအင်များ လက်မောင်းထဲ ပေးပို့ လာသည်။
ထိုစဉ် နဂါး-ဖီးနစ် ကမ္ဘာဖျက် ဆေးအိုး ကြီးက၊ ရောင်ဝါ သမုဒ္ဒရာမှ တဖြည်းဖြည်း ခေါင်းပြူ ထွက် လာ၏။
ယင်းကြောင့် ရောင်ဝါ သမုဒ္ဒရာ တစ်ခုလုံး လှိုင်းလုံးများ တဝုန်းဝုန်း ရိုက်ခတ် လာတော့ ၏။
“ ဖပ် ... ။ ”
လက်ဖဝါး နှစ်ဖက်၊ ‘ဖပ်ခနဲ၊’ ရိုက်မိသွား ပြီးနောက်၊ ဟွမ်ဖူရန်မှာ၊ ကြိုးပြတ် သွားသော စွန် တစ်ကောင် ကဲ့သို့ မြေပြင်ပေါ်၊ ပြန်၍ လွင့်စဉ် သွားသည်။
“ ခရစ် ... ။ ”
ဖုန်မှုန့်များ အလိမ်းလိမ်း ထလာပြီး၊ မြေပြင်၌ အက်ကြောင်းများ ပျံ့နှံ့ ကုန် တော့၏။
“ အရိယာ တောင်ထိပ်က လင်းယွန်က၊ စီနီယာ အစ်ကို ထံကနေ၊ လမ်းလွှန်မှု ရယူလို ပါတယ်။ ”
ထို့နောက် လင်းယွန်၏ အော်ဟစ် ကြုံးဝါး တောင်းဆို လိုက်သံက၊ လေထဲ ပဲ့တင်ထပ် လာ လေသည်။
***