ယနေ့မှ စ၍။
Vol. 104 Ch. 1455
ကြယ်သုံးပွင့် တွင်ရှိသော ဟွမ်ဖူရန် လွင့်စဉ်သွား လိမ့်မည်ဟု မည်သူမျှ မထင်ချေ။ သည့်အပြင် ၎င်းအား ထပ်မံ ရိုက်နှက်ရန် လင်းယွန်မှ လိုက်ပါ သွားသည်။
ဤသည်မှာ ဓားဂိုဏ်း သမိုင်း တစ်လျှောက်တွင် မကြုံ ဖူးသော အရာ ဖြစ်သည်။
မြေကြီး အဆင့် ထိပ်ဆုံး ဆယ်ယောက် အတွင်းမှ၊ တစ်စုံ တစ်ဦးသည် တပည့် အသစ် တစ်ဦးနှင့် ရင်ဆိုင် ရာ၌ အရေးနိမ့် သွား၏။
ဟွမ်ဖူရန်မှာ ကျင့်ကြံမှု အပြင်၊ နည်းစနစ် တွင်လည်း သာလွန်သည်။ ထို့ကြောင့် လင်းယွန် တစ်ယောက်၊ မည်သို့ အရိုက် ခံရ မည်ကို တေွးတော ခဲ့ဖူးသည်။
“ ခွပ် ... ။ ”
လင်းယွန်က အနားရောက် သည်နှင့်၊ ပြန်ထရန် ရုန်းကန် နေသော ဟွမ်ဖူရန်အား လက်သီးဖြင့် ထိုးလိုက်သည်။
“ အွတ် ... ။ ”
လက်သီးချက် ထိမှန်ကာ၊ နှုတ်ခမ်းမှ သွေးများ စီးကျလျက် ထပ်မံ လွင့်စဉ် သွားရ ပြန်သည်။
“ ဝှစ် ... ။ ”
သို့သော် လေထဲ ၌ပင် တစ်ဖက် လူ လိုက်မလာ စေရန်၊ လက်သီး တစ်ချက် ပြန်၍ ပစ်လွှတ်ကာ၊ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းမိသည်။
“ အထင် ကြီးစရာပဲ ... ။ ”
မြေပြင်ပေါ် ဆင်းသက်ပြီး၊ နှုတ်ခမ်း ထောင့်စွန်းရှိ သွေးစကို သုတ်ကာ၊ ဟွမ်ဖူရန် တစ်ယောက် လေးနက် လာသည်။
လင်းယွန် ခွန်အားသည် သူ့ စိတ်ကူး များထက် ကျော်လွန်နေ သောကြောင့်၊ မပေါ့ဆ ဝံ့တော့ချေ။
“ ငါတို့က ဓားသမားတွေ ဖြစ်လို့ ... ၊ ဓားနဲ့ပဲ အနိုင်ရ သူကို ဆုံးဖြတ် ရအောင်။ ”
“ ရွှမ်း ... ။ ”
စကားဆုံး သည်နှင့်၊ ထမ်းပိုး ထားသော ဓားသေတ္တာ အတွင်းရှိ၊ သူတော်စင် ဓားအား၊ ဆွဲထုတ် လိုက်သည်။
ထို့ကြောင့် သူ့ ဓားရောင်ဝါ လျင်မြန်စွာ မြင့်တက် လာပြီး၊ တိမ် ပင်လယ်၌ လျှပ်စီးများ တဟုန်းဟုန်း တောက် လာသည်။
“ အပြာရောင် ဓားသုတ္တန် စတုတ္ထ အဆင့် ... ။ ”
“ တောင်ထိပ် ငါးလုံး ပြိုင်ပွဲ အတွက်၊ သူ ပြင်ဆင် ထားတာ ဖြစ်မယ် ... ၊ မြေကြီး အဆင့် ထိပ်ဆုံး ဆယ်နေရာ ဝင်ဖို့ ဆိုတာ လွယ်တာမှ မဟုတ်တာ။ ”
ဓားသုတ္တန် အသီးသီး၏ ပထမ အဆင့် (၃)ဆင့်ကို၊ တံခါးဝ အဖြစ် သတ်မှတ်ပြီး အဆင့် တိုင်းအား၊ ခက်ခက် ခဲခဲ ဖြတ်ကျော် ရပေမည်။
နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ များပင် ချွင်းချက် မရှိချေ။
“ တိမ်နှင့် မိုးကြိုး ... ။ ”
ဟွမ်ဖူရန်က ဓားသုတ္တန်အား ကန့်သတ် ချက်သို့၊ တွန်းထုတ်လိုက်သော အခါ၊ လေနှင့် မိုးကြိုးများ ရောယှက် နေသည့် ပန်းချီကား တစ်ချပ် ပေါ်လာသည်။
“ ဒီနေ့ ... မင်းကို ငါ အနိုင် ယူမယ်။ ”
“ စိတ်ကူး ယဉ်မနေနဲ့ ... ၊ ဓားချင်း ပြိုင်ရမယ် ဆိုရင် ... ၊ မင်းအတွက် အခွင့် အရေး မရှိ တော့ဘူး။ ”
ပန်းသင်္ချိုင်းဓား ပျံထွက် လာပြီး၊ လက်ထဲ ဝင်ရောက် လာသည်။ ဓား ကိုင်လိုက် သည်နှင့် လင်းယွန်၏ အသွင်မှာ မှုန်ဝါး သွား၏။
သည့်နောက် ပန်းသင်္ချိုင်း ဓားက စုတ်တံ တစ်ချောင်း အလား၊ ပေါ့ပါးစွာ ရွေ့လျား သည်။ ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်တရက် မည်းမှောင် သွား၏။
“ ဟိတ် ... ။ ”
“ ခရစ် ... ။ ”
အနား ရောက်လာသော ဟွမ်ဖူရန်ကို လှမ်းပြီး၊ ဓားဖြင့် ထိုးလိုက်၏။ ထို့ကြောင့် ဓား ပန်းချီကားမှာ ပြိုကျ သွားသည်။
မည်မျှပင် ပြင်းပြင်း ထန်ထန် တိုက်ခိုက် နေပါစေ၊ လင်းယွန်မှ ပေါ့ပေါ့ ပါးပါး ပြန်လည် ခုခံနိုင် ခဲ့သည်။
“ ဝူး ... ။ ”
များမကြာခင် တိမ်ပင်လယ်ကြီး ပြိုကွဲ တော့မည့်၊ အရိပ် အယောင်များ ပြလာ သဖြင့်၊ ဟွမ်ဖူရန် ခမျာ မျက်လုံးပြူး သွားသည်။
( ဒီကောင်က ဘယ်လို နတ်ဆိုး မျိုးလဲ။)
ကျင့်ကြံမှုနှင့်၊ ဓားရေး နည်းစနစ် အရ၊ တစ်ဖက် လူထက် သာလွန်သည်။ ထို့ကြောင့် သူ့ အနေဖြင့်၊ အနိုင်ယူ နိုင်မည်ဟု ထင်ထား ခဲ့သည်။
လက်တွေ့ မှာမူ၊ ဆန့်ကျင်ဘက် ဖြစ်၏။ ဓား-ဓားချင်း ရိုက်မိ ပြီးနောက်၊ ဓား လွတ်ကျလု နီးပါး ဖြစ်သွားသည်။
လက်မောင်း တစ်ဖက်လုံး တဆက်ဆက် တုန်ယင်လာ သဖြင့်၊ နောက်တစ်လှမ်း ဆုတ် အားယူကာ၊
“ ငါ ... ၊ မင်းကို အနိုင် ယူလို့၊ မရဖူး ဆိုတာ မယုံဘူး။ ”
-ဟု အော်ဟစ် လိုက်သည်။
“ ထန် ... ထန် ... ။ ”
သို့သော် လင်းယွန်က ပေါ့ပေါ့ ပါးပါးနှင့်၊ ဓားအား လွှဲယမ်းလျက်၊ သူ့ တိုက်ခိုက်မှု များကို ချေဖြတ် သွား ပြန်သည်။
တိုက်ခိုက်မှု တိုင်းတွင်၊ အားကုန်ထည့် ထားသဖြင့်၊ မြေပြင် တစ်ခုလုံး တုန်ခါ သွား၏။ ယင်းက လင်းယွန်အား ဒေါသ ထွက်လာ စေသည်။
“ ဟိတ် ... ။ ”
ခန္ဓာ ကိုယ်မှ ရွှေရောင် အလင်းများ ဖြာထွက်လျက်၊ နဂါး တစ်ကောင် အလား၊ ကောင်းကင်ပေါ် ခုန်တက်ကာ၊ ဟွမ်ဖူရန်အား ထိပ်တိုက် ရင်ဆိုင် လိုက်သည်။
“ ထန် ... ၊ ထန် ... ။ ”
မီးပွားများ ပွင့်ထွက် လာကာ၊ ဟွမ်ဖူရန် လက်မှ သူတော်စင် ဓား ပြုတ်ကျ သွားသည်။ ဤအရာကြောင့် လျင်မြန်စွာ ဆုတ်ခွာလျက်၊ ထိတ်လန့်စွာ ပြန်ကြည့် မိ၏။
“ ရွှီး ... ။ ”
အရိယာ ဓားသုတ္တန်ကို အသုံးပြု ထား သောကြောင့်၊ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဆေးအိုး က၊ ဒေါသတကြီး လေထဲ ဖြစ်တည် လာကာ၊ ဟွမ်ဖူရန်ပေါ် ပြုတ်ကျ သွားသည်။
လင်းယွန် မျက်လုံးမှာ ရွှေရောင် ပြောင်းလာပြီး၊ ဓားအလင်း (၂၉) စင်းကို ချက်ချင်း ပြီးမြောက် စေခဲ့သည်။
“ အပူပင် ကင်းသော ဓား ၉ ကွက်၊ - ကောင်းကင် ဓားပုံစံ။ ”
ဓားရောင်ခြည် များက ‘ကောင်းကင်’ ဟူသော စကားလုံး အဖြစ်၊ စုရုံး လာလေသည်။ ၎င်းမှ ဖိအားကြောင့် ဟွမ်ဖူရန် ခမျာ၊ ခြေ တစ်လှမ်း ပြန်ဆုတ် ပေးလိုက် ရသည်။
“ ဝေါ့ ... ။ ”
စကားလုံး အပြည့် အဝ မဖြစ် တည်မီ၊ ဓားရောင်ဝါ ထိမှန်ပြီး၊ သွေးတစ်လုတ် အန်ကာ၊ ဒူးတစ်ဖက် ထောက် ကျသွားသည်။
“ ဒါက ဘယ်လို ဓားရေး မျိုးလဲ။ ”
လေထု ထဲရှိ ‘ကောင်းကင်’ ဟူသော စကားလုံးကို ကြည့်ကာ၊ တပည့်များ အားလုံး အံ့သြ တုန်လှုပ်သွား ကုန်သည်။
ဓား အစီရင် တစ်ခု ကဲ့သို့၊ ဓားအလင်း များက ချိတ်ဆက် နေပြီး၊ ထူးထူး ဆန်းဆန်း ပိတ်ဆို့ ထားချေပြီ။ ယင်း ဓားရေး အရာမျိုး တစ်ကြိမ်မျှ မတွေ့ ဖူးချေ။
သည့်နောက် လင်းယွန် မျက်လုံး၏ အရောင်မှာ၊ ပုံမှန် ပြန်ဖြစ် လာပြီး၊ ဟွမ်ဖူရန်ထံ လျှောက်လှမ်း သွား၏။
“ အ ... ။ ”
ဒူးထောက် လျက်မှ ထရပ်ရန်၊ ကြိုးစား နေသော ပြိုင်ဘက် အပေါ်၊ ကောင်းကင်နှင့် ပစ်ချ လိုက်သည်။
“ ဝုန်း ... ။ ”
ဟွမ်ဖူရန် ခမျာ တစ်ချက်ပင်၊ တောင့်မခံ နိုင်တော့ဘဲ၊ အဝေးသို့ လွင့်စဉ် သွားရ ပြန်လေ သည်။
“ မင်းက မြေကြီး အဆင့်၊ ထိပ်ဆုံး ဆယ်ယောက် ထဲက တစ်ယောက်လား၊ ကြည့် ရတာ ထင် သလောက်လည်း မဟုတ် ပါဘူး။ ”
ထိုစကားကြောင့် ကောင်းကင် တပည့် ရာထူး အတွက်၊ တပည့် များက သူ့ အပေါ် မကျေ မနပ် ဖြစ်နေကြ သည်ကို၊ ဒေါသ ထွက်နေမှန်း၊ သိလိုက် ရသည်။
“ မင်း ... သိပ်ပြီး ဝင့်ကြွား မနေနဲ့ ... ၊ ငါ့နက္ခတ်ကို မခေါ် ရသေးဘူး။ ”
“ နက္ခတ် ခေါ်ချင် လို့လား ... ၊ ဒါဆို မင်းပိုဆိုး သွားမှာပေါ့၊ ငါက အရမ်း သဘော ထား ကြီးတယ်၊ ဘယ်လောက် အထိလဲ ... ဆိုရင်၊ မင်းနဲ့ အရင် သက်သေ ပြမယ်။ ”
စကားဆုံး သည်နှင့် လင်းယွန်က ဟွမ်ဖူရန်အား ရုတ်တရက် လှမ်းဆွဲ လိုက်သည်။ နဂါး လက်သည်းကြီး ထွက်လာကာ ဟွမ်ဖူရန်ကို သူ့ထံ ဖမ်းယူ လာ၏။
“ ဘုန်း ... ။ ”
“ ခရစ် ... ။ ”
“ အု ... ။ ”
သို့သော် အနား မရောက်မီ ရင်ဘတ်ကို လက်သီးဖြင့် ထိုးထုတ် လိုက်တော့သည်။ နံရိုး ကျိုးသံများ ညံလျက်၊ မြေပြင်ပေါ် ပုံကျ သွား၏။
နာကျင်မှုကြောင့် ဟွမ်ဖူရန် တစ်ယောက် ချက်ချင်း ပြန်မထ နိုင်တော့ချေ။
“ ငါ့ ညီအစ်ကိုရဲ့ နံရိုး တစ်ချောင်းကို ချိုးခဲ့တဲ့ အတွက်၊ မင်းကို ဆယ်ချောင်း ပြန်ချိုး လိုက်တယ်၊ ဒီနေ့က စပြီး အရိယာ တောင်ထိပ်က တပည့် တွေကို၊ ...
... ထိချင်ရင် ငါ့ကို အရင် လာမေးပါ၊ မဟုတ်ရင် ငါက သဘောထား ကြီး တယ်လို့ အပြစ် မတင် ကြနဲ့၊ ဒါက ငါ့ပုံစံပဲ။ ”
လင်းယွန် ပြောသော စကားကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး ချက်ချင်း တိတ်ဆိတ် သွားသည်။
အရိယာ တောင်ထိပ်သည် ဖုန်းကျွယ်နှင့် ကျန့်ကျင်းရှန် ပြီးနောက်၊ ကောင်းကင်၊ မြေကြီး အဆင့်တွင် မည်သူမျှ မရှိ ခဲ့ချေ။
ထို့ကြောင့် လင်းယွန်၏ စကား များက ချန်လင်းအား မျက်ရည်ဝဲ သွားစေသည်။ ဤလူ သည် သူ့ ခွန်အားဖြင့် ၎င်းကို ပြောင်းလဲချင် ပုံ ရသည်။
“ ဟွမ်ဖူရန် ... ၊ အကျိုးဆောင် ရမှတ် တစ်သိန်းကို ... အစ်ကို ချန်ဆီ လွှဲပေးဖို့ မမေ့နဲ့၊ ဒီလက်ဆောင် အတွက်၊ ငါ မင်းကို ကျေးဇူးတင် နေမယ်၊ ...
... မကျေနပ်ရင်၊ အချိန် မရွေး ငါ့ကို လာရှာပါ၊ ငါတို့ အရိယာ တောင်ထိပ်ရဲ့ တပည့် တိုင်းက၊ မင်း လက်ဆောင်ကို မျှော်နေမှာ သေချာတယ်၊ သွားရအောင် အစ်ကိုချန်။ ”
လင်းယွန်က ပြုံးလျက်၊ ချန်လင်း အနား ရောက်လာသည်။ ၎င်း၏ ကြီးစိုးနိုင် လွန်းသော အသွင်ကြောင့်၊ ချန်လင်း ခမျာ သွေးပွက်ပွက် ဆူလာ တော့၏။
ဓားဂိုဏ်းသို့ ဝင်ရောက်လာ ပြီးနောက်၊ ပထမဆုံး အကြိမ် အဖြစ်၊ သူ၏ တိုက်ပွဲဝင် ဆန္ဒ များ၊ လောင်ကျွမ်း လာခြင်း ဖြစ်လေသည်။
***