← Chapters

ခွဲခြမ်း စိတ်ဖြာခြင်း အဆင့်။

Vol. 104 Ch. 1456

ခွဲခြမ်း စိတ်ဖြာခြင်း အဆင့်။

Vol. 104 Ch. 1456

ထွက်ခွာ သွားသော လင်းယွန်နှင့် ချန်လင်းအား လူတိုင်းက တိတ်ဆိတ်စွာ ကြည့် နေမိသည်။ ဟွမ်ဖူရန်၏ စရိုက်ကြောင့် မည်သူမှ စာနာစိတ် မဖြစ်ချေ။

ဤနေ့ ပြီးနောက် မြေကြီး အဆင့်၏ ထိပ်ဆုံး ဆယ်ဦး အတွင်း၊ လှောင်ရယ် စရာ လူပြက် တစ်ဦး ဖြစ်လာ ပေမည်။

“ မမ ... ငါတို့ လိုက်သွား ရအောင်။ ”

မူချင်းချင်းက သူမ ဘေးရှိ မူရွယ်ချင်းကို လှည့်ကြည့်ကာ ပြောသည်။ ယခု တစ်ကြိမ်တွင် သူမ သည်လည်း အံ့အားသင့် သွား၏။

သွေ့ရော် ကျွန်းတွင် ချင်းကန်ကို အနိုင် ယူစဉ် ကထက် ပို၍ ကြီးစိုး နေသည်။ သမုဒ္ဒရာ ပြန်ရောက် လာသော၊ နဂါး တစ်ကောင်နှင့် တူ၏။ အချိန်တို အတွင်း ဓားဂိုဏ်းအား သိမ်းပိုက်လာ ပေပြီ။

“ ဟိုမှာ တွေ့လား ... ။ ”

မူရွယ်ချင်းက တိမ်ပင်လယ် အတွင်း တစ်နေရာသို့ ညွှန်ပြ လေသည်။ ထိုအရပ်၌ လ(၉)ယောက် အတူ တကွ ရပ်နေ သည်။

သူမ အစ်မသာ ညွှန်ပြခြင်း မရှိပါက၊ ၎င်းတို့အား သတိထား မိမည် မဟုတ်ချေ။ ယင်းက မြေကြီး အဆင့်၏ ထိပ်ဆုံး (၉) ယောက် ဖြစ်သည်။

အထူး သဖြင့် ကျင်းရွှမ်ရီက ကျိရှုရွှမ် နှင့်အတူ ယှဉ်တွဲကာ ရပ်နေ သဖြင့်၊ အံ့ဩသွား မိသည်။ မယုံ နိုင်စရာ ပေပင်။

“ လွန်ခဲ့တဲ့ ရက်(၃) ရက်လောက်၊ အစ်ကို ကျိက အဖေ့ကို ရှာဖို့ သွားခဲ့ သေးတယ်၊ ကြည့် ရ တာ သူ ... ၊ မအောင်မြင် ဖူးထင်တယ်။ ”

“ မြင်ပြီလား၊ ပြန် ရ အောင်။ ”

မူရွယ်ချင်းက လှည့်ထွက် သွားသည်။

“ မမ ... ၊ နင် တကယ် သွားတော့ မို့လား၊ လင်းယွန်က နင့် ဓားသုတ္တန်ကို သတ္တမ အဆင့် ရောက်အောင်၊ ကူညီပေး နိုင်တယ်နော်။ ”

“ ချင်းချင်း ... ၊ နင် သွားချင်ရင် သွားပါ၊ ငါတော့ လိုက်မှာ မဟုတ်ဘူး၊ တောင်ထိပ် ငါးခု ပြိုင်ပွဲ ပြီးတဲ့ အထိ စောင့်ရမယ် ... ၊ ရလဒ် မပြ နိုင်ရင် အဲဒီ လူတွေက လက်ခံမှာ မဟုတ်ဘူး။ ”

မူရွယ်ချင်းက ပြုံးကာ ဖြေသည်။ ဓားဂိုဏ်းမှာ သက်ဝင် လှုပ်ရှား လာပြီ ဖြစ်၏။ သည်ပုံစံကို ကျေနပ် ချေပြီ။

တိမ်ပင်လယ် ထဲရှိ လူ (၉) ယောက် မျက်နှာမှာ ပျက်ယွင်း သွားသည်။ ဟွမ်ဖူရန်က လင်းယွန်ကို ရိုက်နှက်မည့် မြင်ကွင်းမျိုး မျှော်လင့်ကာ လာခဲ့ခြင်း ဖြစ်သည်။

ယင်းအစား ဟွမ်ဖူရန် အရိုက်ခံ ခဲ့ရ၏။ ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ လင်းယွန် တစ်ယောက် ကောင်းကင် တပည့် ဖြစ်လာခြင်း အပေါ်၊ မည်သူမျှ ဝေဖန် ရဲတော့မည် မဟုတ်ချေ။

“ ငါ နားတော့မယ်။ ”

ကျိရှုရွှမ်က နှင့်အဖွဲ့က နှုတ်ဆက် ထွက်ခွာ သွားသည်။ ကျန်ရှိနေသော ခြောက်ယောက်မှာ အဆင် မပြေသော အမူ အရာဖြင့်၊ ဟွမ်ဖူရန်ထံ ကြည့်လိုက် မိ၏။

“ အစ်ကို ကျင်း၊ ငါတို့ ဒါကို သည်းခံ နေလို့ မရဘူး။ ”

အပြာရောင် တောင်ထိပ်မှ လျူယွီက လေးနက်သော အမူ အရာဖြင့် သက်ပြင်းချကာ ပြော လိုက်သည်။

“ ဒါပေမယ့် ... သူက အနိုင်ရ သွားပြီ၊ သည်းခံ ရမယ်၊ ဒီအကြွေးကို တောင်ထိပ် ငါးခု ပြိုင်ပွဲ ကျမှ ပြန်ယူ ရအောင်၊ လောလော ဆယ်တော့ လွှတ်ထား ရမှာပဲ။ ”

ကျင်းရွှမ်ရီက တည်ငြိမ်စွာ ပြောလိုက် တော့သည်။

***

“ ညီအစ်ကို ချန် အကျိုးဆောင် အမှတ် တစ်သိန်းကို မင်း ယူလိုက်၊ လောလောဆယ် ငါ့ အတွက် အသုံး မလို သေးဘူး။ ”

“ ဒါက အဆင်ပြေ ပါ့မလား။ ”

“ ဘာ ... မပြေ စရာ ရှိလို့လဲ၊ ယူသာ ယူလိုက်၊ မဟာ တော်ဝင် နန်းတော်က ပေးရ တာနဲ့ ထိုက်တန်တဲ့ နေရာ တစ်ခုပဲ။ ”

လင်းယွန်မှ ပြုံးကာ ပြောမိ၏။ ချန်လင်း စရိုက်ကို သူ သဘော ကျလေသည်။ ထို့ကြောင့် အရိယာ တောင်ထိပ်မှ တပည့် တစ်ဦး အနေဖြင့် ဆရာ့ အစား စောင့်ရှောက် သင့်သည်ဟု ထင်၏။

“ ဒါဆို ... ငါ ငြင်း မနေ တော့ဘူး ... ၊ ဒါပေမယ့် သတိတော့ ထားပါ၊ မြေကြီး အဆင့် ထိပ်ဆုံး ဆယ်ယောက် ထဲက ကျန်တဲ့ ကိုးယောက်က ...

... ကျေနပ် ကြမှာ မဟုတ်ဖူး၊ အထူး သဖြင့် ကြယ်နှစ်ဖော်လို့ ခေါ်တဲ့၊ ကျင်းရွှမ်ရီနဲ့ ကျိရှုရွှမ် တို့ပဲ။ ”

“ ကောင်းပြီ ... ဂရုစိုက် လိုက်မယ်။ ”

လင်းယွန်က နှုတ်ဆက်ကာ တိမ်ပျံ တောင်ထိပ် ဆီသို့ ပျံသန်း လိုက်တော့သည်။ ဟွမ်ဖူရန် အား အနိုင်ယူ နိုင်ခြင်းသည် ဂုဏ်ယူစရာ မရှိချေ။

အရိယာ ဓားသုတ္တန်ကို မလေ့ကျင့် ခင်၌ ဆေးအိုးကြီး လွတ်ထွက် သွားမည်ကို စိုးရိမ်ရ သဖြင့်၊ ၎င်းက ကောင်းမွန်သော ပြိုင်ဘက် ဖြစ်နိုင်မည်။

ယခုမူ ငရဲပန်းမှ၊ ဆေးအိုးကြီးအား၊ ကောင်းစွာ ထိန်းချုပ် နိုင်ချေပြီ။ ဆေးအိုးနှင့် ယှဉ်က ငရဲပန်းတွင် ဝိညာဉ် မရှိ သောကြောင့် သူ၏ ထိန်းချုပ်မှုကို ခံသည်။

ဆေးအိုး မှာမူ၊ ကိုယ်ပိုင် ဝိညာဉ် ရှိပြီး၊ သူ့အား မကြိုက်ချေ။ မည်သို့ပင် ဆိုစေ ကာမူ ဤဓားသုတ္တန် နှစ်ရပ်ကြောင့်၊ အကန့် အသတ်မဲ့ ယုံကြည်ချက်မျိုး ရရှိ လာသည်။

မြေကြီး အဆင့်မှ ထို(၁၀)ဦး မလာခဲ့ လျှင်ပင်၊ တစ်နေ့၌ သူ အလည် သွားရ ပေမည်။ ဖြစ်သည်။

ဂိုဏ်းချုပ် ပေးလာသော၊ ကောင်းကင် တပည့် ရာထူးနှင့် ထိုက်တန်ကြောင်း သက်သေ ပြရ ပေမည်။

“ နင်က အရမ်း ဘဝင်မြင့် လွန်းတယ်။ ”

ခရမ်းငယ်က ဓားသေတ္တာ ထဲမှ ပြေးထွက် လာကာ ဆိုသည်။ ဆက် ပြီး၊

“ ကျောက်တုံးလေး ပြောတာတော့ ... ၊ မြေကြီး အဆင့် ကြယ်နှစ်ဖော်မှာ ကြယ် ငါးပွင့် ရှိပြီး၊ သူတို့က ဓားသုတ္တန် ပဉ္စမ အဆင့် ရောက်နေပြီတဲ့။ ”

“ ဟမ် ... ၊ ဒါကို ကျောက်တုံး လေးက ဘယ်လိုလုပ် သိတာလဲ။ ”

“ အဟက် ... ၊ ဒိထက် မက အများကြီး သိတယ်၊ ဓားဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေ အကုန် သူပြော ပြတယ်။ ”

ခရမ်းငယ်အ ဖြေကြောင့် လင်းယွန်က ပြုံးမိ သွားသည်။

“ လူယုတ်မာ ... ၊ နင် ဘာကြည့် နေတာလဲ၊ ငါက ဒီလောက်တောင် ခေျာနေ လို့လား။ ”

“ ဒါပေါ့ မင်းက တော်တော် ချစ်စရာ ကောင်းတယ်၊ ဒါပေမယ့် ကလေး တွေနဲ့ ကစား ဖို့ လုံးဝ စိတ် မဝင်စား ဖူးလို့၊ တစ်ယောက် ယောက်က ငါ့ကို ပြောခဲ့ သလားလို့။ ”

“ နင် ... နင် ။ ”

“ ဟား ဟား ဟား ... ကောင်းပြီ၊ ကောင်းပြီ၊ ငါ မပြော တော့ဘူး၊ ပြောပါဦး ... သူက ဘာတေွ ပြောပြ လိုက်လဲ။ ”

ဓားဂိုဏ်းသည် ရှည်လျားသော သမိုင်း ကြောင်းမျိုး ရှိနေသည်။ ထို့ကြောင့် လျှို့ဝှက် ချက်များ ရှိနေ မည်မှာ သေချာ၏။

“ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်က ယုချင်းဖန်နဲ့ သက်တံဓား သူတော်စင်ရဲ့ ဆရာ၊ ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်တို့ ကြားက၊ တိုက်ပွဲ အကြောင်းကို၊ ...

... အသေးစိတ် ပြန်ပြော ပြခဲ့တယ်၊ တကယ်ပဲ ဒီလူက ဓားဧကရာဇ် ဘွဲ့ခံ ယူဖို့ ထိုက်တန် ပါတယ်။ ”

ခရမ်းငယ်က သက်ပြင်း ချကာ ဆိုသည်။

“ လုပ်ပါဦး ... ၊ အဲ့ဒီ တိုက်ပွဲ အကြောင်းလေး။ ”

“ ဟမ့် ... ၊ နင့် အဆင်နဲ့ သိစရာ မလို သေးဘူး၊ ကိုယ်ဘာသာ သွား ကျင့်ကြံချေ၊ ငရဲ ပန်းက ဆေးအိုးကို ဖိနှိမ်နိုင် ပေမယ့်၊ ဒါက ယာယီပဲ၊ နင့် ခွန်အား တိုးလာ တာနဲ့ အမျှ၊ သူက ခေါင်းပြန်ထောင် လာလိမ့်မယ်။ ”

လင်းယွန် မေးခွန်းကို လျစ်လျူရှု လိုက်ကာ၊ ခရမ်းငယ်မှ အော်ငေါက် လာသည်။

သူမ စကားသည် အမှန် ဖြစ်သဖြင့် လင်းယွန်က ခေါင်းညိတ်ကာ ကျင့်ကြံရန် ပြင် တော့သည်။

အနည်းဆုံး အရိယာ ဓားသုတ္တန်အား၊ တတိယ အဆင့် အထွတ် အထိပ်ကို ရောက်ဖို့ လိုလေသည်။ ယင်းအတွက် ငရဲဓား မျိုးစေ့ကို ပျိုးထား ရမည် ဖြစ်၏။

တစ်ဖက်တွင် ဆရာ သခင်၏ စကားများ အတိုင်း အပူပင် ကင်းသော ဓား (၉) ကွက်နှင့် ကောင်းကင် ဓားရေကန်ကို လေ့ကျင်ရန် လိုအပ် နေသေးသည်။

သရုပ်ဖော် အဆင့် အထက်တွင်၊ ခွဲခြမ်း စိတ်ဖြာခြင်း အဆင့် ရှိ၏။ ယင်းက ထိုပညာရပ် ၏၊ ရည်ရွယ်ချက်အား ပြန်လည် ရှာဖွေခြင်း ဖြစ်သည်။

ယင်းကို ရှာတွေ့ မှသာ ခြားနားသော အဆင့်သစ် ဖြစ်ပြီး၊ အမှန် တကယ် ကျွမ်းကျင် ခြင်း ဖြစ်လာ ပေမည်။

ဆရာ သခင် သည်သာ၊ သင်ကြား ပေးခြင်း မရှိ ပါက၊ ထိုအဆင့်ကို ရှာတွေ့ နိုင်မည် မဟုတ် ချေ။ ထို့ကြောင့် သူ့ဓားမှာ မူလ ပိုင်ရှင်ထက်၊ အမြဲ တစ်ဆင့် နိမ့်နေ ပေလိမ့်မည်။

***

All Chapters