ငရဲ ဓားမျိုးစေ့။
Vol. 105 Ch. 1457
ဓားဂိုဏ်းသို့ ဝင်ရောက် ချိန်မှ စကာ၊ အကျိုးအမြတ်များ
ရရှိ ခဲ့သည်။ ဆရာ သခင်၏ သွန်သင် ဆုံးမမှု၊ သူတော်စင် ရေကန်မှ ရွှေမှုန်၊ မဟာ တော်ဝင် နန်းတော် စသည် တို့သည် တန်ဖိုး မဖြတ် နိုင်သော အရာများ ဖြစ်၏။
ခရမ်းငယ် ပြောပြချက် အရ၊ မြေကြီး အဆင့်မှ ထိပ်ဆုံး (၁၀)သည် အားနည်း သူများ မဟုတ်ချေ။
ဟွမ်ဖူရန် သည်ပင်၊ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဆေးအိုးကို အသုံးပြု ခဲ့ရသည် အထိ၊ သန်မာလှ ချေ၏။
ဆိုလို သည်မှာ သူ့တွင် ကြယ်တစ်ပွင့် စွမ်းအားသာ ရှိသဖြင့်၊ ကြယ်သုံးပွင့် ကျွမ်းကျင် သူအား တိုက်ရာတွင်၊ မီတာ (၃၀၀၀၀) ရောင်ဝါ သမုဒ္ဒရာနှင့်၊ ဓားရည်ရွယ် ချက်ကို သုံးခဲ့ ရသည်။
ကြယ် ငါးပွင့်တွင် ရှိသော ထိုနှစ်ယောက် အတွက်မူ၊ နည်းလမ်း မရှိ နိုင်ချေ။ ၎င်းတို့ နှစ်ဦး စလုံးသည် သက်ဆိုင်ရာ ဓားသုတ္တန် များကို၊ ပဉ္စမ အဆင့်ထိ နားလည် ထားသည်။
ထို့ကြောင့် သုံးကြိမ် အတွင်း ရှုံးနိမ့် သွားနိုင်မည်။
“ သစ်ပင်က ငြိမ်သက်ချင် ပေမယ့် ... ၊ လေက ခွင့်မပြု ပါလား။ ”
သူ့ရှေ့ ကြွေကျ လာသော သစ်ရွက် တစ်ရွက်ကို လှမ်းယူပြီး၊ ရေရွတ် လိုက်သည်။ သို့သော် ယင်းကပင်၊ သူ လိုချင်သော အခြေ အနေ ဖြစ်၏။
မဟုတ်သော် ပယင်း ကမ္ဘာ မှတဆင့်၊ ဤနေရာသို့ ရောက်လာ နိုင်မည် မဟုတ်ချေ။ အခက် အခဲ ဟူသည်၊ အကောင်း မွန်ဆုံး တွန်အား တစ်ခု ပေပင်။
“ မုန်တိုင်းကို ရှောင်လွှဲလို့ မရရင်၊ တည့်တည့် တိုးရ မှာပဲ။ ”
ပြုံးပြီး သစ်ရွက်အား ပစ်ထုတ် လိုက်ရာ၊ မီတာ (၃၀၀၀) နီးပါး ကျယ်သော ရေကန်သည် ဓားတစ်လက် ပြုတ်ကျလာ သကဲ့သို့၊ ဝုန်းခနဲ ထက်ခြမ်းကွဲ သွားသည်။
ထိုလူ များသည် ဟွမ်ဖူရန် ကဲ့သို့သော လူမိုက်ကို အသုံး ချကာ၊ သူ့ ခွန်အား အပေါ်၊ စမ်းသပ် နေချေပြီ။
“ အရင်ဆုံး အရိယာ ဓားသုတ္တန်နဲ့ စမယ်။ ”
အသက် ပြင်းပြင်း ရှူလျက်၊ ဓားသုတ္တန် အချက် အလက် များကို ပြန်တွေး လိုက်မိသည်။ သူ့တွင် ပြတ်သားသော ရည်ရွယ်ချက် ရှိ၏။
ဓားသုတ္တန်အား တတိယ အဆင့် အထွတ်အထိပ်သို့ ရောက်အောင် ကျင့်ကြံရ ပေမည်။
သို့မှသာ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းအား နောက် တစ်ဆင့် ရယူ ရာ၌ အဆင် ပြေမည် ဖြစ်သည်။
ဓားသုတ္တန် တိုင်းသည် သူ၏ အခြေခံ အုတ်မြစ် ဖြစ်ပြီး၊ ကောင်းကင် ဓားရေကန်နှင့် ကောင်းကင် ဓားပုံစံ၏ စစ်မှန်သော စွမ်းအားကို ၎င်းတို့ ဖြင့်သာ ထုတ်လွှတ် နိုင်မည်။
“ ဟိတ် ... ။ ”
ခြေဖျားကို မြေပြင်ပေါ် ညင်သာစွာ ပုတ်လိုက်ပြီး၊ ဝိညာဉ် ရေကန်၏ အလယ်သို့ ဆင်းသက် လိုက်သည်။
ထင်ကျန် ရစ်သော လင်းယွန် ပုံရိပ်များ ထပ်သွား ချိန်၌၊ ဗောဓိ မျိုးစေ့ကို ထုတ်ယူပြီး၊ မျက်စိ မှိတ်နေပြီ ဖြစ်သည်။
အရိယာ ဓားသုတ္တန်ကို ဖြန့်ကျက် လိုက်သဖြင့်၊ ရေကန်မှ အမှုန် အမွှားများ တဖွဲဖွဲ ပျံတက် လာကာ၊ မြူခိုး အသွင် သူ့အား ရစ်သိုင်း လာတော့၏။
ဗောဓိ မျိုးစေ့၊ ဓားနှစ်လက် ဝိညာဉ်နှင့်၊ မဟာ တော်ဝင် နန်းတော်၏ စွမ်းအင်များ အကူ အညီကြောင့်၊ ကျင့်ကြံမှု အဟုန်မှာ ပို၍ မြန်ဆန် လာသည်။
ခုနစ်ရက် အကြာ၌၊ ရေကန် အနှံ့ မြူခိုး များနှင့် ပြည့်နှက် လာပြီး၊ လင်းယွန်ကို မတွေ့ ရတော့ချေ။
“ ချွင် ချွင် ချွင် ... ။ ”
မြူများ အတွင်းမှ ဓားသံ မြည်လာမှ သာလျှင်၊ နန်းတော် ခေါင်မိုး ပေါ်တွင် အိပ်ပျော် နေသည့်၊ ခရမ်းငယ် တစ်ယောက် လန့်နိုး လာသည်။
“ အစ်မကြီး ... ၊ ငါတို့ အစ်ကို ကြီးက အရိယာ ဓားသုတ္တန်ကို ... ၊ တတိယ အဆင့် ရောက် သွားပြီ။ ”
ကျောက်တုံး လေးက စိတ်လှုပ်ရှားစွာ ပြောသည်။
“ နင် ... ၊ ခိုးထွက် လာပြန် ပြီလား။ ”
ခရမ်းငယ်က စိုက်ကြည့် ကြိမ်းမောင်းချင် သော်လည်း၊ အိပ်ငိုက် နေသဖြင့် မျက်လုံးများ အပြည့် ပွင့်မလာ ခဲ့ချေ။
“ အဟဲ ... တော်ဝင် နန်းတော်က ပြင်းစရာကြီး။ ”
ကျောက်တုံး လေးက ကတုံး ပြောင်ပြောင်ကို လက်ဖြင့် ပွတ်သပ်ကာ ပြန်ဖြေ လေသည်။
“ ဟမ့် ... ၊ ဒါက မင်း ကိစ္စပဲ။ ”
ခရမ်းငယ်မှ ပြန်လည် အိပ်စက် ရန်သာ ပြင်လိုက် တော့သည်။ သူတို့ နှစ်ဦး ရင်းနှီးလာ ပြီးနောက်၊ သူမနှင့် စကား စမြည် ပြောရန်ကျောက်တုံး လေးမှာ ဤသို့ မကြာ-မကြာ ခိုးထွက် လာတတ်သည်။
၎င်းသည် ဓားဂိုဏ်း အတွင်း၊ မည်သည့် နေရာကို မဆို သွားလာ နိုင် သော်လည်း၊ သူနှင့် တူသော မည်သူမျှ မရှိ သဖြင့်၊ အချိန်တိုင်း အိပ်စက် နေခဲ့ ရသည်။
သူ့ကဲ့သို့ ‘ရှေးဟောင်း ဝိညာဉ်၊’ တစ်ပါးကို နေရာ တိုင်း၌ ရှာတွေ့ နိုင်မည် မဟုတ်ချေ။ လူ့ သက်တမ်းဖြင့် တွက်သော် နှစ်ပေါင်း ထောင်ချီ နေပြီ ဖြစ်သည်။
ရှေးဟောင်း ဝိညာဉ် သက်တမ်း နှင့်မူ၊ ကလေးငယ် တစ်ဦး မျှသာ ဖြစ်နေသေး သဖြင့်၊ သဘာဝ အတိုင်း ခရမ်းငယ်နှင့် ဆော့ ကစား ရန်သာ ဆန္ဒရှိ နေသည်။
“ အစ်မကြီး၊ ... မအံ့သြ ဖူးလား။ ”
“ ဟမ့် ... ၊ ငါက ဘာကို အံသြ ရမှာလဲ၊ ငါ့လို ဧကရီ တပါးရဲ့ ... ကျွန်က၊ ဒီလို အရည် အချင်း မျိုးတော့၊ ရှိမှ ရမှာပေါ့။ ”
ကျောက်တုံးလေးက စကား ထပ်မပြော တော့ဘဲ၊ မြူထု အတွင်း စိုက်ကြည့် နေတော့ သည်။ ငရဲ ပန်း၌ ပွင့်ချပ် (၁၂) ချပ်ရှိ လာပြီ ဖြစ်သည်။
၎င်းမှ ဖြာထွက် နေသော စွမ်းအားမှာ၊ အကန့် အသတ် မရှိချေ။ ကမ္ဘာကြီး ဆိတ်သုဉ်း စေနိုင်သည့်၊ သေခြင်း၏ စွမ်းအား ပေပင်။
ဓားဂိုဏ်း သမိုင်း တစ်လျှောက် ဤမျှ လွယ်လွယ်ဖြင့်၊ မည်သူမျှ နားလည် နိုင်ခြင်း မရှိချေ။
မျက်စိ တစ်မှိတ် အတွင်း၊ လဝက် ကုန်ဆုံး သွား၏။ လင်းယွန် နောက်၌ ကြောက်မက်ဖွယ် ကောင်းသော ဓားရောင်ဝါ (၁၂)စင်း ဖြာထွက် နေသည်။
ထို့ပြင် မီးခိုးရောင် မြူများ ရစ်သိုင်းနေ သဖြင့်၊ မီတာ တစ်ရာ ပတ်လည် အတွင်း၌ သက်ရှိ ဟူ၍ လုံးဝ မရှိ တော့ချေ။
ကြည်နေစဉ် ဓား ရောင်ခြည်များ ရုတ်တရက် ပို၍ သိပ်သည်း လာကာ၊ ငရဲပန်း အလည်သို့ တိုးဝင် လာသည်။
ယင်းက အနက်ရောင် ပန်း ဝတ်ဆံများ အဖြစ်၊ ငရဲပန်း အလယ်၌ ဖြစ်တည် လာသည်။ ဓားရောင်ဝါ များ ပါသော၊ မျိုးစေ့ တစ်စေ့ ဖြစ်၏။
သို့မှသာ လင်းယွန် တစ်ယောက် သက်ပြင်းချ နိုင်ခဲ့သည်။ ဤအရာသည် တတိယ အဆင့်၊ အထွတ် အထိပ် ဖြစ်သော၊ ငရဲ စွမ်းအင် အစိုင် အခဲ (ခေါ်)၊ ငရဲ ဓားမျိုးစေ့ ဖြစ်၏။
“ ဖျစ် ... ။ ”
မျက်လုံးများ ဖွင့်ကာ လက်ဖဝါး ဖြန့် လိုက်သည်နှင့်၊ အနက်ရောင် ဓားရောင်ခြည်များ ဖြာထွက် လာသည်။
“ သွား ... ။ ”
၎င်းအား ဝှေ့ယမ်း လိုက်ရာ၊ အနက်ရောင် ဓားစွမ်းအင် ကျရောက်ရာ၊ ရေကန် မျက်နှာပြင် တစ်ခုလုံး၊ ပျောက်ကွယ် သွားလေသည်။
သူ့ လမ်းကြောင်း ပေါ်ရှိ၊ ဝိညာဉ် စွမ်းအင်များ အပါအဝင်၊ အရာ အားလုံး ပျောက်ကွယ် သွားခြင်း ဖြစ်သည်။
လက်ဖဝါးကို ပိတ်လိုက်ပြီး ခေါင်းညိတ် မိ၏။ ငရဲ စွမ်းအင် အပေါ် ထိန်းချုပ် နိုင်မှုသည် မကျွမ်းကျင် သေးချေ။
မဟုတ်သော်၊ ဤသို့ အပျက် အစီးများ ပြန်ကျဲသွား စရာ မလိုဘဲ၊ ဦးတည်ရာ တစ်ရပ် ကိုသာ ပျက်စီး စေမည် ဖြစ်သည်။
ထိုအဆင့်သို့ ရောက်ချိန်၌၊ ၎င်းစွမ်းအင်ကို ဓားရေး များတွင်၊ ထည့်သွင်း သုံးစွဲ နိုင်သော အခြေ အနေမျိုး၊ ဖြစ်လာ ပေမည်။
“ ဓားမျိုးစေ့ ကွဲသွားရင် ... ၊ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလာ နိုင်မလဲ ... ။ ”
မျက်လုံး များတွင် မျှော်လင့်ချက် အလင်းရောင်များ တောက်ပ လာ၏။ တတိယ အဆင့် အထွတ် အထိပ်သို့ ရောက်ရှိ သွားပြီ ဖြစ်ရာ၊ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို စတုတ္ထ အဆင့် တက်ရောက်ရန်၊ ကြိုးပမ်း နိုင်ပြီ ဖြစ်သည်။
ထို့ကြောင့် နတ်ကြယ် ပုလဲများ ထုတ်ယူ လိုက်သည်။ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်း အတွက်၊ အရင်း အမြစ် များစွာ သုံးစွဲရ သဖြင့်၊ အန်းလျူယွင် ထံမှ ရခဲ့သော ငါးသန်းတွင် နှစ်သန်းသာ ကျန်ရှိ တော့သည်။
အန်းလျူယွင် အကြောင်း၊ သတိ ရသွား ချိန်တွင်၊ နတ်နဂါး အရိုးကို တွေးမိလာ စေ၏။ ယင်းကို စုံစမ်းပေး မည်ဟု သူမမှ၊ ကတိ ပြုထားသည်။
သို့သော် တစ်လ ကြာသည့် အတိုင်၊ ၎င်းမှ လာရောက် ဆက်သွယ်ခြင်း မရှိ သေးချေ။ နတ် နဂါး အရိုး များသည်၊ လွန်စွာ ရှားပါး ပုံရ၏။
“ စောင့်ကြည့် ရအောင် ... ၊ ဘာပဲ ဖြစ်ဖြစ် နဂါ-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို ... ၊ စတုတ္ထ အဆင့် ရောက်မှ ရမယ်။ ”
ဤကျင့်ကြံမှု နည်းစနစ် နှစ်ရပ်သည်၊ အကြီးမား ဆုံးသော ဝှက်ဖဲများ ဖြစ်လေသည်။ အသက် ပြင်းပြင်း ရှူလျက်၊ မျက်လုံးများ ပြန်မှိတ် လိုက်၏။
နဂါးနှင့် ဖီးနစ်က၊ ခန္ဓာ ကိုယ်မှ ပျံထွက် လာပြီး၊ သူ့အား လှည့်ပတ် ရစ်ဝဲကာ၊ အနားရှိ နတ်ကြယ် ပုလဲ များကို၊ ဝါးမြို တော့သည်။
များမကြာမီ ခန္ဓာ ကိုယ်ကြီး၊ အက်ကွဲ တော့မည့်၊ အရိပ် အယောင် ပြသ လာ သဖြင့်၊ နဂါး ရူရ် (၅၀၀၀)ကို အသက် သွင်းကာ၊ ချက်ချင်း ကာကွယ် လိုက်ရသည်။
ဤသည်မှာ သူတော်စင် မိုးပြာ နဂါး ခန္ဓာ ကိုယ်၏ စွမ်းအား ဖြစ်သည်။ အရေး ကြီးသော အချိန် တိုင်း၌၊ သူ့ကို ကာကွယ် ပေး၏။
ထို့ကြောင့် နဂါး အရိုးအား တောင့်တ မိခြင်း ဖြစ်သည်။ အချိန်များ တရွေ့ရွေ့ ကုန်ဆုံး နေ၏။ ကျင့်ကြံခြင်း ဟူသည်၊ ငြီးငွေ့ဖွယ် ကောင်းသော လုပ်ငန်းစဉ် တစ်ရပ် ပေပင်။
နဂါးနှင့် ဖီးနစ်သည် ရေဝဲ တစ်ခု အသွင် လည်ပတ် လာကာ၊ နတ်ကြယ် ပုလဲ နှစ်သန်းကို ဝါးမြို သွားတော့သည်။
ဤတစ်ကြိမ်တွင် ကမ္ဘာဖျက် ဆေးအိုးမှာ၊ ခေါင်း မပြူ နိုင်သဖြင့်၊ သွေးသား စွမ်းအင်နှင့် ခရမ်းရောင် နန်းတော်သို့၊ ကြယ်စွမ်းအင်များ စိတ်ကြိုက် သွန်းလောင်း နိုင်ခဲ့သည်။
သုံးရက်ကြာ ပြီးနောက်၊ စတုတ္ထ အဆင့် ရောက်လုလု ဖြစ်လာသည်။ ရောင်ဝါ သမုဒ္ဒရာမှ ရွှေရောင် အလင်းတန်း တစ်ခု ထုတ်လွှတ် ပြပြီး၊ သူ့ ကန့်သတ်ချက် ပြည့်သွားကြောင်း ပြသ တော့သည်။
သည့်နောက် ရောင်ဝါ သမုဒ္ဒရာ တစ်ခုလုံး ပွက်ပွက်ဆူ သွားပြီး၊ အလင်းများ ချွေးပေါက်မှ တဆင့်၊ လျှံထွက် လာသည်။
ရွှေရောင် ကြယ်တစ်ပွင့်က၊ ရောင်ဝါ သမုဒ္ဒရာ အထက်၌ တဖြည်းဖြည်း ဖြစ်ပေါ် လာသည်။
မျက်လုံး ဖွင့်ကြည့် လိုက်သော အခါ၊ မီး ကဲ့သို့ပင် စူးရဲ တောက်ပ နေ၏။ လက်ဖဝါးကို တင်းတင်း ဆုပ်လျက်၊ ရွှေရောင် စွမ်းအင်များ လက်သီးထဲ စုစည်း လိုက်သည်။
“ ဟိတ် ... ။ ”
“ ဖောင်း ... ဖောင်း ... ။ ”
လေထဲ ထိုးချ လိုက်သော အခါ၊ ဆယ်မိုင် အကွာ အဝေး၌ ရှိသော အရာ အားလုံး၊ တုန်ခါ ပေါက်ကွဲ သွားသည်။
“ ကြယ် နှစ်ပွင့် ... ။ ”
လင်းယွန် တစ်ယောက် ကူကယ်ရာ မဲ့ သွားသည်။ နဂါး ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို အောင်မြင်မှု ရယူရန်၊ အားစိုက်ခဲ့ သော်လည်း၊ ရလာဒ်မှာ ကျင့်ကြံမှု ဖြစ်သွား၏။
“ ဟူး ... ။ ”
စိတ်ဓာတ် ကျသွားကာ၊ သက်ပြင်းချ လိုက်မိသည်။ သူ့တွင် ရွေးချယ် စရာ ရှိပါက၊ ကျင့်ကြံမှု တည်ငြိမ်အောင် သည့်ထက် ပို၍၊ အချိန်ယူ လိုသေးသည်။
နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းသည်၊ စတုတ္ထ အဆင့် ရောက်ရန်၊ ခြေတစ်လှမ်း မျှသာ လိုချိန်၌၊ အရင်း အမြစ်များ ကုန်ဆုံး သွားပြီ ဖြစ်သဖြင့်၊ သူ လုပ်နိုင်သော အရာ မရှိ တော့ချေ။
“ အစ်ကို ကြီးက၊ ကြယ် တစ်ပွင့် ထပ်ရ လာတယ် မဟုတ်လား၊ ဒါကို ဘာလို့ မပျော်ဘဲ စိတ်ပျက် နေရ တာလဲ။ ”
ကျောက်တုံး လေးက လင်းယွန်၏ မျက်နှာ အမူအရာကို ကြည့်ကာ၊ အံသြသော လေသံဖြင့် မေးသည်။ လဝက်မျှ အိပ်ပြီး ဖြစ်သဖြင့်၊ ခရမ်းငယ်မှာ အိပ်ရေးဝ နေ၏။
ထို့ကြောင့် ကျင့်ကြံမှုနှင့် ဓားသုတ္တန်တွင် အောင်မြင်မှု ရရှိခဲ့ သော်လည်း၊ စိတ်ညစ် ပြနေ သည့် လင်းယွန်ထံ လှမ်းကြည့်ကာ၊ သူမ သည်လည်း နှာခေါင်းရှုံ့ လိုက်မိသည်။
“ သူက ... ကြောင်သူတော်ပဲ၊ မြေကြီး အဆင့် ထိပ်ဆုံး (၁၀) ယောက်က ရိုက်နှက်ချင် နေတာလဲ မပြောနဲ့၊ ဒီဧကရီတောင် ... ကြည့် မရ တော့ဘူး။ ”
***