လမင်းနှင့် ဓားသမား။
Vol. 105 Ch. 1459
တစ်နာရီ အကြာတွင် လင်းယွန် တစ်ယောက်၊ အခြားသော သစ်ပင် အိုကြီး ပေါ်သို့ ဆင်းသက် လိုက်၏။
မီတာ ထောင်ဂဏန်း အကွာ အရပ်၌၊ ဘုရင်အဆင့် ကြယ် (၃)ပွင့်၊ ကောင်းကင် ပင်မ နတ်ဘုရား နယ်ပယ်၊ နတ်ဆိုး နှစ်ကောင်၊ ရှိနေသည်။
ဟိန်းဟောက် လိုက်တိုင်း၊ အသံ လှိုင်းမှာ အရှိန် အဟုန်နှင့် ကြောက်မက်ဖွယ် ကောင်းစွာ ပျံ့နှံ့ သွား၏။
၎င်းတို့ အနက် တစ်ကောင်သည်၊ (၉) မီတာ နီးပါး ရှိပြီး၊ ကြယ်တာရာ များကဲ့သို့ ခရမ်းရောင် မျက်ဝန်းများ ပါရှိသည့်၊ ခရမ်းရောင် မိစ္ဆာ ဝံပုလွေ ဖြစ်သည်။
စိန်ခေါ်သူ ဖြစ်သော်လည်း၊ တိုက်ပွဲ၌ အနိမ့်ဘက် ရောက်နေ၏။ ထို့ကြောင့် ပြန်၍ ဆုတ်ခွာရန် ဆုံးဖြတ် ခဲ့ပုံ ရသည်။
၎င်းမှာ ဉာဏ်ရည် ထက်မြက်ပြီး၊ အသက် ကြီးသော မျောက်ဝံ များနှင့်၊ အသက် လုပွဲများ ဆင်နွှဲခဲ့ ဖူးသည်။
“ ဂါး ... ။ ”
ကြက်သွေးရောင် နဂါးသွေး မျောက်ဝံမှ အော်ဟစ် လိုက်ရာ၊ ရုတ်တရက် လေပြင်းများ တိုက်ခတ် လာသည်။
၎င်းက ခရမ်းရောင် မိစ္ဆာ ဝံပုလွေအား လွှတ်ထားရန်၊ စိတ်ကူး မရှိချေ။ စိန်ခေါ် သူကို သတ်ပစ် ခြင်းဖြင့်၊ အခြား ကောင်များ အပေါ်၊ ခြိမ်းခြောက် လိုပုံ ရသည်။
သစ်ရွက်များ ကြွေကျ သွား သဖြင့်၊ လင်းယွန်မှာ ထင်းထင်းကြီး ပေါ်သွားသည်။ ထို့ကြောင့် ကြက်သွေးရောင် နဂါးသွေး မျောက်ဝံမှ၊ မော့ကြည့် လာ၏။
ကြယ် နှစ်ပွင့်သာ ရှိသော၊ လူသား ကျင့်ကြံသူ တစ်ဦး ဖြစ်သဖြင့်၊ သူ့ အမြင်တွင် ပိုးမွှား တစ်ကောင် ဖြစ်နေသည်။
ရုတ်တရက် ပါးစပ်ကို ဖွင့်လိုက်ကာ၊ လင်းယွန် ဆီသို့ မီးတောက်များ မှုတ်ထုတ် လိုက်သည်။
“ ဝူး ... ။ ”
မီးတောက်က မီတာ သုံးရာ နီးပါး အရွယ်အစား ရှိသော စက်ဝန်းကြီး တစ်ခု အဖြစ်၊ ပြောင်းလဲ သွား၏။
၎င်းထိ မှန်သော်၊ ကြယ် (၂)ပွင့် အဆင့်၊ လူသား ကျင့်ကြံသူ မည်သူ မဆို၊ ချက်ချင်း သေဆုံး နိုင်မည်။
ဘုရင် အဆင့် သားရဲ တစ်ကောင်၏၊ ရှောင်တခင် တိုက်ခိုက်မှု ခွန်အားမှာ အမှန်ပင်၊ ကြောက်စရာ ကောင်းချေပြီ။
“ ငါ့ကို သတိပေး တာလား၊ ဒါမှ မဟုတ် သင်ခန်းစာ ပေးဖို့ ကြိုးစား နေတာလား၊ မင်းရဲ့ တိုက်ပွဲကို ကြည့်ပြီး၊ ငါ အခွင့်အရေး ယူမို့၊ စောင့်ကြည့် နေတာ မဟုတ်ဘူး။ ”
ကြက်သွေးရောင် နဂါးသွေး မျောက်ဝံမှာ၊ ခရမ်းရောင် မိစ္ဆာ မျောက်ဝံကို မသတ်မီ၊ သူ့အား ထွက်ခွာ စေလိုပုံ ရသည်။
အရိယာ ဓားသုတ္တန်ကို လှည့်ပတ်ကာ၊ ပွင့်ချပ် (၁၂) ချပ် ပါသော ငရဲပန်းအား ပွင့်စေ လိုက်၏။
ကောင်းကင် ဓားရေကန် ကြောင့်၊ ကြယ်စွမ်းအင်များ လှိုင်းထ လာပြီး၊ နဂါး ဖြူ တစ်ကောင် ပျံထွက် လာသည်။
“ ဝှစ် ... ။ ”
နဂါး ဖြူက၊ ကြက်သွေးရောင် နဂါးသွေး မျောက်ဝံ၏ ရောင်ဝါအား ပြန်၍ ချေဖြတ်စဉ်၊ လက်သီး ဆုပ်ကာ ထိုးချ လိုက်၏။
နဂါး ဖြူက ဟောက်သံ ပြုလိုက် သည်နှင့်၊ ထိုလက်သီး အတွင်းမှ ငရဲ စွမ်းအင် များက၊ ၎င်း အတွင်းသို့ ပေါင်းစပ် သွားသည်။
“ ဝုန်း ... ။ ”
“ ဖောင်း ... ရှူး ... ။ ”
လက်သီးက မီးစက်လုံး ကြီးထံ၊ ထိမှန် သွားကာ၊ မီးရှူး မီးပန်း ကဲ့သို့ ပေါက်ကွဲ လျက်၊ ချက်ချင်း ညှိုးနွမ်း သွား တော့သည်။
ထို့ကြောင့် ကြက်သွေးရောင် နဂါးသွေး မျောက်ဝံ အပြင်၊ ခရမ်းရောင် မိစ္ဆာ ဝံပုလွေကြီး သည်လည်း၊ ပြန်လှည့် ကြည့်လာ၏။
“ ကြည့် မနေနဲ့ ... ၊ မင်းပါ လာလို့ ရတယ်။ ”
လင်းယွန်မှ ခရမ်းရောင် မိစ္ဆာ ဝံပုလွေကြီးထံ လှမ်းကြည့်ကာ၊ ပြောလိုက် သည်။
ထို့နောက် ဓားရည်ရွယ်ချက် အား ထပ်မံ ပေါင်းစပ် ထည့်ပြီး၊ နဂါးဖြူကို ပို၍ ကြီးထွားစေ လိုက်သည်။
မြေပြင်၌ အက်ကြောင်းများ ထင်လာ တော့၏။ ထိုမြင်ကွင်းက ဘုရင် အဆင့် သားရဲ နှစ်ကောင်ကို၊ အလိုလို ပေါင်းစည်း သွားစေ ခဲ့သည်။
ကြက်သွေးရောင် နဂါးသွေး မျောက်ဝံက၊ ဒေါသကို ဆက်မထိန်းနိုင် တော့ဘဲ၊ ဦးစွာ စတင် တိုက်ခိုက် လာသည်။
“ ဂါး ... ။ ”
ကြီးမား ရှည်လျား လှသော လက်ကို လင်းယွန်ထံ ချိန်ရွယ်လျက်၊ ပျံသန်း လာခြင်း ဖြစ်၏။ ခရမ်းရောင် မိစ္ဆာ ဝံပုလွေ မှလည်း၊ လျှပ်စီး လက်သလို လိုက်ပါ လာသည်။
“ ကောင်း လိုက် တာ ... ။ ”
ပန်းသင်္ချိုင်း ဓားကို၊ ဓားသေတ္တာ ထဲမှ ထုတ်ယူကာ၊ မြေပြင်ပေါ် ခုန်ချလျက်၊ ဟန်ပြင် ယူ လိုက်သည်။
ဓားမှ အလင်းများ တောက်ပ လာပြီး၊ တိမ်ထဲတွင် လမင်း တစ်စင်း ဝှက်ထား သကဲ့သို့၊ ကောင်းကင်ကြီး လင်းလာ၏။
မြေပြင်၌ မိုင်တစ်ရာကျော် ကျယ်ပြော လှသော၊ ဓားရောင်ဝါ ရေကန်ကြီး တစ်ကန် ဖြစ်တည် လာသည်။
စက္ကန့်ပိုင်း အတွင်း၊ ကောင်းကင် ဓား ရေကန်နှင့် သက်ဆိုင်သော ဖြစ်စဉ် မျိုးစုံ ထွက် ပေါ် လာတော့သည်။
“ ရွှပ် ... ။ ”
ပန်းသင်္ချိုင်း ဓားက၊ ကြက်သွေးရောင် နဂါးသွေး မျောက်ဝံ လက်ဖဝါးပေါ် ကျရောက် သွားသည်။
“ ဝုန်း ... ။ ”
နောက်ကွယ်မှ စွမ်းအားကြောင့်၊ ကြက်သွေးရောင် နဂါးသွေး မျောက်ဝံ ခမျာ၊ နောက်ပြန် လွင့်စဉ် သွားရပြီး၊ တောင်ကုန်း တစ်ခုနှင့် တိုက်မိကာ ရပ်တန့် သွား၏။
မီတာ ထောင်ဂဏန်းခန့် မြင့်သော တောင်ကုန်းက ချက်ချင်း ပြိုကျလျက်၊ ၎င်းအား ဖုံးအုပ် သွားလေသည်။
တိမ် ပင်လယ်မှာ၊ ကန့်သတ် ချက်သို့ ချက်ချင်း ရောက်ရှိ လာပြီး၊ ကောင်းကင်တွင် လ တစ်စင်း ပေါ်လာသည်။
လရောင် အောက်၌၊ ပွင့်ချပ် (၁၂)ချပ် ပါသော ငရဲပန်း တစ်ပွင့် ပေါ်လာပြီး၊ ရေကန်ကို တံဆိပ် တစ်ခု အသွင်၊ ထိန်းချုပ် လိုက်၏။
ယင်းက ငရဲ စွမ်းအင်ကို၊ ကောင်းကင် ဓားရေကန်နှင့် ထပ်မံ ပေါင်းစပ်ရန် ကြိုးစား လိုက်ခြင်း ဖြစ်သည်။
“ ခရစ် ... ။ ”
ထိုအချိန်တွင် လေထု အတွင်း အက်ကြောင်းများ ထင်ကျန် ရစ်လျက်၊ ဝံပုလေွ လက်သည်းက ကျရောက် လာ၏။
ယင်းကြောင့် လေယူရာ ယိမ်းနွဲ့ တတ်သော မိုးမခပင် တစ်ပင် ကဲ့သို့၊ ခန္ဓာ ကိုယ်ကို ယိမ်းပြီး၊ ရှောင်တိမ်း လိုက်ရသည်။
“ ရွှပ် ... ။ ”
ပြီး ဝံပုလွေ လက်သည်း များကို၊ ဓားဖြင့် ပြန်၍ ပက်ထုတ် မိ၏။ ဤသို့ဖြင့် လှုပ်ရှားပေါင်း ဆယ်ကြိမ် အပြီးတွင်၊ သားရဲမှာ ရောင်ဝါ ဖျော့ကျ သွားသည်။
ယင်းကြောင့် ခရမ်းရောင် မိစ္ဆာ ဝံပုလွေမှ နောက်ဆုတ်ရန် ပြင်လိုက် သော်လည်း၊ သူက အခွင့် အရေး မပေး လိုချေ။
“ ဝှစ် ... ။ ”
ရုတ်တရက် ခြေ တစ်လှမ်း တိုးကာ၊ ပန်းသင်္ချိုင်း ဓားဖြင့် လှမ်းထိုး လိုက်၏။၊ ရေကန် ထဲမှ လမင်း ပျံထွက် လာသည်။
“ အု ဝု ... ။ ”
လမင်းမှ ခရမ်းရောင် နဂါးသွေး ဝံပုလွေနှင့် တိုက်မိပြီး၊ အရိုးများ ရိုးလျက် သွေးအန် လွင့်စဉ် သွားလေသည်။
“ ခရစ် ... ။ ”
ထိုအချိန်တွင် ကောင်းကင် ပထမ အလွှာ ကွဲလာပြီး၊ ကျယ်လောင်သော ပေါက်ကွဲ သံကြီး ထွက်ပေါ် လာသည်။
“ ဂါး ... ။ ”
ကြက်သွေးရောင် နဂါးသွေး မျောက်ဝံက ကျောက်တုံးများ အတွင်းမှ ခုန်ထွက် လာကာ၊ မြှားတစ်စင်း ကဲ့သို့ ဒေါသနှင့် ပျံသန်း လာသည်။
“ ဖြိ ... ။ ”
ပြီး လက်သည်းဖြင့် ရေကန် ထဲမှ ပျံတက် လာသော လမင်းကို အလွယ် တကူ ကုပ်ဖြဲ ပစ် လိုက်လေသည်။
သို့သော် တိမ်ပင်လယ် အတွင်း၌၊ လမင်းတစ်စင်း ရှိနေသေး သဖြင့်၊ ရေကန်တွင် လမင်းက ထပ်မံ ပေါ်လွင် လာ ပြန်၏။
ယင်းက ကြက်သွေးရောင် နဂါးသွေး မျောက်ဝံကို အံဩလာ စေသည်။ တစ်ချိန်တည်း မှာပင်၊ အဖော် ဖြစ်သော ခရမ်းရောင် မိစ္ဆာ ဝံပုလွေထံ လှည့်ကြည့် လိုက်၏။
၎င်းမှာ မြေပြင် ပေါ်တွင် နာကျင်စွာ အော်ဟစ် လူးလှိမ် နေဆဲ ပေပင်။ ထိုမှ သာလျှင် သူ ကုပ်ဆွဲ လိုက်သော လမင်းမှာ၊ အစစ် အမှန် ဖြစ်ကြောင်း၊ သေချာ သွားသည်။
ယင်းသို့ ဆိုသော် ရေကန် ထဲ၌၊ အဘယ့်ကြောင့် လမင်း တစ်စင်း ဆက်၍ တည်ရှိ နေ သနည်း။
ထိုအချိန်တွင် ဓားသမား၏ ရောင်ဝါမှာ၊ သူတို့ နှစ်ဦးအား ပိတ်ဆို့ထား သည်ကို၊ သတိ ပြုမိ လာ၏။
“ ဂါး ... ။ ”
“ အု ဝေါင်း ... ။ ”
ချက်ချင်းပင် သားရဲ နှစ်ကောင်က ပြိုင်တူ တိုက်ခိုက် လိုက်တော့သည်။ ဤအခြေ အနေ၌ ပြိုင်ဘက်အား အမြန် အုပ်စိုးမှု ရယူ ရမည် ဖြစ်သည်။
တစ်ဖက်တွင် ကောင်းကင်ဓား ရေကန်၏ ဓားရောင်ဝါသည် ကန့်သတ် ချက်သို့ ရောက်ရှိ သွား၏။
“ ဝှစ် ... ။ ”
ထို့ကြောင့် သားရဲ နှစ်ကောင် ရောက်ရှိ လာချိန်၌၊ လင်းယွန်မှာ ပျောက်ကွယ် သွားပြီ ဖြစ်သည်။
“ ဝှစ် ... ။ ”
လေထု ကိုသာ ကုပ်ဖြဲ မိသဖြင့်၊ ဘုရင် အဆင့် သားရဲ နှစ်ကောင် ခမျာ၊ မျက်လုံးပြူး သွား၏။
ပတ်ဝန်းကျင်၌ ဓား သမားကို မမြင်ရ တော့ချေ။ ရေကန်နှင့် ၎င်းအတွင်းရှိ လမင်း မှ လွဲ၍၊ အရာ အားလုံး ငြိမ်သက် နေသည်။
နှစ်ကောင်သား နဝေ တိန်တောင် ဖြစ်နေ မိစဉ်၊ ကောင်းကင်ရှိ တိမ်ပင်လယ်မှာ ပြန့်ကျဲ လာပြီး၊ နဂါး ဖြူက တိမ်ထဲ ဝင်ရောက် သွားသည်။
နဂါးဖြူ ဝင်ရောက် သွားသော အက်ကြောင်းရာ နေရာ၌၊ လမင်း တစ်စင်း ခေါင်းပြူ လာ၏။ လမင်း ပေါ်တွင် သူတို့အား ပြုံးပြ နေသော ဓားသမား ရှိနေသည်။
ယင်းက အမှန်ပင်၊ သူတို့နှင့် အာကာပြင် ကွဲလွဲနေ သကဲ့သို့ ခံစား ရစေ၏။ သူတို့ထံ လုံးဝ မရောက်ခဲ့ ဟူသော ခံစား ချက်မျိုး ပေးသည်။
ထိုစဉ် ရေကန် ထဲရှိ လမင်းမှာ၊ ပျံတက် လာပြန်၏။ ၎င်းပေါ် တွင်လည်း ဓားသမား တစ်ဦး၊ ရပ်လျက် ရှိနေသည်။
“ ရွှပ် ... ။ ”
ကောင်းကင်မှ လမင်းနှင့်၊ ရေကန် ထဲမှ လမင်းတို့ ထွက်ပေါ်လာ ပြီးနောက်၊ ဓားသမား နှစ်ယောက် လုံးက၊ တူညီသော ကိုယ်ဟန် ပြုလျက်၊ ဓားဖြင့် ပိုင်းချ လာသည်။
“ ဝှစ် ... ။ ”
ရည်ရွယ် ချက်ပေါင်း (၁၀၈) သွယ်က၊ ချက်ချင်း ဖြစ်ပေါ် ပေါင်းစပ် သွားပြီး၊ လင်းယွန် တစ်ယောက်၊ ကောင်းကင်မှ ခုန်ဆင်း လာ၏။
ထုတ်လွှတ် ခဲ့သော ထိုဓားချက်ကြောင့်၊ မြေပြင်ပေါ် မရောက်မီ ကပင်၊ ဘုရင် အဆင့် သားရဲ နှစ်ကောင်၏ ဦးခေါင်းများ၊ လေထဲ လွင့်ပျံ ကုန်တော့သည်။
***