← Chapters

အစွဲ။

Vol. 105 Ch. 1460

အစွဲ။

Vol. 105 Ch. 1460

ခေါင်းပြတ် နေသော ဦးခေါင်း နှစ်လုံး မြေပြင်ပေါ်၊ ပြုတ်ကျ သွားသော အခါ ရေကန် နှင့်၊ လ ပျောက်ကွယ် သွားသည်။

အသက် ပြင်းပြင်း ရှူလျက်၊ ခဏ အနားယူ ပြီးနောက်၊ သားရဲ အလောင်းမှ ရတနာ အစိတ် အပိုင်း များကို၊ လှီးယူ လိုက်သည်။

“ ဒါက ခွဲခြမ်း စိတ်ဖြာခြင်း အဆင့်ပဲ။ ”

လင်းယွန်က လေးလေး နက်နက်၊ တွေး တောလျက်၊ ရေရွတ် လိုက်၏။ မျက်ဝန်း ထဲ၌ ဆရာ သခင်၏ ပုံရိပ်များ ဝင်လာသည်။

သို့သော် ဆရာ သခင်၏ ကောင်းကင် ဓားရေကန်သည် သူနှင့် မတူ သေးချေ။ (၁၀၈) သွယ်သော ရည်ရွယ်ချက် များကို၊ ပေါင်းစပ် လာနိုင် သော်မှ၊ ကွဲပြား နေသေးသည်။

ဆရာ သခင် ပြသ ချိန်သည်၊ ခွဲခြမ်း စိတ်ဖြာခြင်း အဆင့် ဆိုက၊ သူသည် ထိုအဆင့် ရောက်ပုံ မရ သေးချေ။

မည်သို့ပင် ဆိုစေ ကာမူ၊ လက်ရှိ စွမ်းဆောင်ရည်မှာ၊ အံ့သြစရာ ကောင်းသော အတွေ့ အကြုံ တစ်ရပ် ဖြစ်သည်။

တစ်ကြိမ် တစ်ခါမှ မကြုံ ဖူးသော ခံစားချက်မျိုး ဖြစ်ပြီး၊ ဓားတာအိုကို ပို၍ စိတ်ဝင်စာမှု တိုးလာ စေ၏။

ထို့ကြောင့် ဆရာ သခင်ကို၊ ကျေးဇူးတင် မိသည်။ လမ်းညွှန် မည့်လူ မရှိ ပါက၊ ဆယ်နှစ် အတွင်း ခွဲခြမ်း စိတ်ဖြာခြင်း အဆင့်အား၊ ရှာတွေ့ နိုင်ဦးမည် မဟုတ်ချေ။

အတွေး များကို သိမ်းပြီး၊ သားရဲ အမြုတေ နှစ်လုံးအား ကောက်ယူလိုက်၏။ ဤအရာသည် နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်း အား၊ အောင်မြင်မှု ရယူရန် အတွက်၊ လုံလောက် ချေပြီ။

လက်ရှိ အချိန်၌၊ သားရဲများ သေဆုံးသွား သည်ကို အခြားသော ဘုရင် အဆင့် သားရဲများ သိဦးမည် မဟုတ်ချေ။

ထို့ကြောင့် ကျင့်ကြံရန် ပြင်လိုက်သည်။ သုံးရက် အကြာတွင် သားရဲ အမြုတေ နှစ်ခုကို သန့်စင်ခြင်း ပြီးဆုံး သွား၏။

ရွှေရောင် အလင်းတန်း နှင့်အတူ၊ ထက်ရှသော ဓားရောင်ဝါ တစ်ခု ပေါက်ကွဲ ထွက်ပေါ် လာသည်။

မျက်လုံးဖွင့် လာချိန်၌၊ အကြည့်မှာ၊ ပြတ်သား နေသည်။ နဂါး-ဖီးနစ် ကမ္ဘာ့ဖျက် ဓားကျမ်းအား စတုတ္ထ အဆင့်သို့၊ ရယူ နိုင်ပြီ ဖြစ်၏။

အဝေး တစ်နေရာ ဆီမှ၊ အားကောင်းသော ရောင်ဝါကို ခံစား လိုက်ရ သဖြင့်၊ ရောင်ဝါအား ဆုတ်ခွာပြီး၊ မျှော်ကြည့် လိုက်သည်။

ပြီး အလောင်း နှစ်လောင်းထံ ပြန်ကြည့် မိ၏။ သုံးရက် ကြာသည့်တိုင်၊ ပုတ်သိုး သွားခြင်း မရှိ သေးချေ။

အဘယ်ကြောင့် ဆိုသော်၊ ၎င်းတို့သည် ဘုရင်အဆင့် သားရဲများ ဖြစ်သဖြင့်၊ သွေးသား စွမ်းအင်မှာ ပြည့်နှက် နေခြင်း ဖြစ်သည်။

“ ရောက် လာ ကြ ပြီ။ ”

အလောင်းမျာ အနားတွင်၊ ကျင့်ကြံ ရသည့် အကြောင်း ရင်းမှာ၊ ကြမ်းတမ်း သန်မာ လှသော ထိုပြိုင်ဘက်ကို ရင်ဆိုင် ချင်၍ ဖြစ်၏။

ထိုပြိုင်ဘက်က သူ မျှော်လင့်ထား သည်ထက်၊ ရက်ပေါင်း များစွာ စောပြီး ရောက်ရှိ လာလေသည်။

ချုံပုတ် အတွင်းမှ၊ အရေပြား ပေါ်တွင် ထူးဆန်းသော ရူရ်များ ပါရှိသည့်၊ ကျားကြီး တစ်ကောင် ထွက်လာသည်။

တောင်ငယ် တစ်လုံး၏၊ အရွယ် အစား မျှရှိပြီး၊ ထုတ်လွှတ် ထားသော ရောင်ဝါသည် ကြယ်လေးပွင့် ဘုရင် သားရဲ ဖြစ်၏။

၎င်းက ဤနယ်မြေကို သိမ်းပိုက်ရန် ရောက်ရှိ လာခြင်း ပေပင်။ သို့သော် သူ့ကို မြင်ချိန်၌ သတိ ကြီးကြီးဖြင့်၊

“ ထွက် သွား ... ။ ”

-ဟု အေးစက်စွာ ပြောလာသည်။

“ ဒါက ... မင်း အရည်အချင်း ပေါ်မှာ မူတည်တယ်။ ”

လင်းယွန်မှ ပြန်ပြော လိုက်သည်။

“ သေချင် နေတာပဲ။ ”

နတ်မိစ္ဆာ ကျားကြီးက ရုတ်တရက် ခုန်အုပ် လေသည်။ လေထဲ ၌ပင်၊ (၃)မီတာခန့် မြင့်သော လူသား ခန္ဓာ အဖြစ်၊ ပြောင်းလဲ လာ၏။

ရင်ဘတ်၌ အနက်ရောင် မြူများ ရစ်သိုင်းလျက်၊ ဦးခေါင်းမှာ ကျားခေါင်း အသွင် ရှိနေဆဲ ဖြစ်သည်။

“ ဖရူး ... ။ ”

၎င်း၏ အရှိန်ကြောင့် ရွှေကျီးကန်း တောင်ပံ များကို ဆင့်ခေါ်ပြီး၊ ချက်ချင်း ရှောင်တိမ်း လိုက် ရသည်။

“ ဝုန်း ... ။ ”

ထို့ကြောင့် ကျား လက်ဖဝါးက လင်းယွန် ရပ်နေသော မူလ နေရာပေါ် ကျရောက် သွားပြီး၊ အက်ကြောင်းများ ထင်လျက်၊ တုန်ခါ လှိုင်းများ ဖြစ်ပေါ် လာသည်။

“ မင်း ... နတ်မိစ္ဆာ မိသားစုရဲ့၊ ကျင့်ကြံမှု နည်းစနစ်ကို ကျင့်ကြံထား တာပဲ။ ”

ရိုးရှင်းသော တိုက်ပွဲဝင် စွမ်းအား မဟုတ်ကြောင်း၊ တစ်ချက် ကြည့်သည်နှင့် လင်းယွန် ပြောနိုင်၏။

“ ဒီခြောက်သွေ့ တောင်တန်းကြီး ထဲမှာ၊ မင်း ... မသိ သေးတဲ့ ... ၊ အကြောင်း အရာတွေ အများကြီး ရှိတယ် ... ။ ”

နတ်မိစ္ဆာ ကျားကြီးက အေးစက်စွာ ပြန်ဖြေ၏။ ပြီးနောက် လင်းယွန်၏ တံဆိပ်ထံ တစ်ချက် ကြည့်ကာ၊

“ ဓားဂိုဏ်းရဲ့ တပည့်၊ အခု ... ဒီကနေ ထွက်သွားပါ၊ ဒီဘုရင်က မင်း ... အသက်ကို မယူ ချင်ဘူး။ ”

-ဟု ဆိုလိုက်သည်။ သို့သော် လင်းယွန်က မလှုပ် သဖြင့်၊ ချက်ချင်း ခုန်အုပ် တိုက်ခိုက်လာ တော့သည်။

“ ဝေါင်း ... ။ ”

ကြယ်လေးပွင့် ဘုရင် အဆင့် သားရဲ ရောင်ဝါကို ထုတ်ဖော်ကာ၊ ရင်ဘတ် တစ်ဝိုက်ရှိ အနက်ရောင် မြူများ ဖုံးနေသည့် ရူရ်အား အသက်သွင်း ခဲ့၏။

ထို့ကြောင့် လက်ဖဝါး မရောက်မီ ကပင်၊ အရိယာ ကောင်းကင်ဓား ခမျာ ပြိုကျတော့မည့်၊ အရိပ် အယောင်များ ပြသ လာသည်။

“ ဒါက ကြယ်လေးပွင့် စွမ်းအားလား။ ”

အတွေး တစ်ချက်နှင့် အတူ၊ ငရဲပန်းမှာ ခရမ်းရောင် နန်းတော် ထဲ၌ ပွင့်သည်။ ငရဲဓား စွမ်းအင်များ ခန္ဓာကိုယ် အတွင်း ပြည့်လာ သည်နှင့်၊ မီးခိုးရောင် ဓားရောင်ဝါများ ချွေးပေါက် ထဲမှ၊ စိမ့်ထွက် ကုန်၏။

သို့သော် သတိထား ကြည့်ပါက၊ သူ၏ နဖူးတွင် ချွေးစက်များ သီးလာ သည်ကို မြင်နိုင် ပေမည်။

စတုတ္ထ အဆင့်သို့ ရောက်ရှိ ပြီးနောက်၊ ဆေးအိုး ကြီးမှာ ပို၍ ဒေါသ ကြီးကာ၊ လေးလံ လာ လေသည်။

ငရဲပန်းကို နာရီ လက်တံ လည်သည့် အတိုင်း၊ (၉)ကြိမ် လှည့်လိုက်ရာ၊ နဂါးနှင့် ဖီးနစ် ခန္ဓာ ကိုယ်မှ၊ တိုးထွက် သွားသည်။

“ ကျီး ... ။ ”

ကိုယ်လုံး ကိုယ်ပေါက်မှာ၊ ငရဲ စွမ်းအင်၏ ဝန်ကို၊ ခံနိုင်သော ကန့်သတ် ချက်သို့ ရောက်ရှိ လာပြီ ဖြစ်သည်။

နဂါး၊ ဖီးနစ် ပေါ်လာ သည်နှင့်၊ ပြိုကျ တော့မည့် အရိယာ ကောင်းကင် ဓားရောင်ဝါမှာ ငြိမ်သက် သွား၏။

သို့သော် ယင်းက ခဏတာ ဖြစ်၏။ နတ်မိစ္ဆာ ကျားကြီး၏ လက်ဖဝါးက နဂါးနှင့် ဖီးနစ် အပေါ် ဖြတ်သန်း သွားသည်။

နတ်သားရဲ ရောင်ဝါ နှစ်ခုမှာ၊ ပေါက်ကွဲ လုလု ဖြစ်လာ သဖြင့်၊ ဆေးအိုးကို ကန့်သတ် ထားသော၊ တံဆိပ်အား ပယ်ဖျက် လိုက်ရ၏။

ထို့ကြောင့် လင်းယွန် မျက်ဝန်း များတွင် ရွှေရောင်နှင့် ကြက်သွေး ရောင်များ ရောနှော နေသည်ကို မြင်နိုင်သည်။

ရှေးကျပြီး ရိုင်းစိုင်းသော ရောင်ဝါ တစ်ခု ပေါက်ကွဲ ထွက်လာပြီး၊ ကြယ်လေးပွင့် အဆင့် ရောင်ဝါကို လိုက်မီ သွား၏။

“ ဟိတ် ... ။ ”

လက်သီး ဆုပ်လျက်၊ နတ်မိစ္ဆာ ကျား၏၊ လက်ဖဝါး ကုပ်ချက်ထံ ပြန်လည် ထိုးချလိုက် တော့သည်။

“ ဝုန်း ... ။ ”

ရလာဒ် အနေဖြင့်၊ လင်းယွန် ခမျာ ခြေလှမ်း (၃)လှမ်း ပြန်ဆုတ်ပြီး၊ ဟန်ချက်ကို ထိန်းလိုက် ရသည်။

နတ်မိစ္ဆာ ကျားကြီး မှာမူ၊ မီတာပေါင်း များစွာ လွင့်စဉ် သွားတော့၏။ မြေပြင် ပေါ်သို့ ပြုတ်ကျ သွားသည်နှင့်၊ ဒေါသ ထွက်လာပြီး နောက်တစ်ကြိမ် ထပ်မံ အားယူသည်။

“ ကျေးဇူး တင်ပါတယ်။ ”

လင်းယွန်က ပြုံးပြီး ပြောမိ၏။ လက်ရှိ သူ့ခွန်အားကို စမ်းသပ် လိုခြင်း ဖြစ်ရာ၊ သည်မျှ ဖြင့်၊ လုံလောက် လေပြီ။

ထို့ကြောင့် ချက်ချင်း လှည့်ကာ ထွက်ပြေး သွားသော၊ လင်းယွန်ကို ကြည့်ပြီး၊ ကျားကြီးက ဟိန်းဟောက် လိုက် တော့သည်။

“ ဝေါင်း ... ။ ”

ဤနယ်မြေသည် သူ့ အင်ပါယာ ဖြစ်၏။ ကြုံးဝါးသံ ကြား သူတိုင်း၊ အသံလှိုင်း ရောက်ရာ၊ ဧရိယာ အတွင်းမှ၊ ဖယ်ခွာပေး ရပေမည်။

ထိုဓားသမား အတွက်မူ၊ စိတ်မဝင်စား တော့ချေ။ ၎င်းထက် ပို၍ အရေးကြီး လှသော နယ်မြေ ရှင်းလင်း ရေးကို လုပ်ရပေ ဦးမည်။

မဟုတ်သော် မြေပြင်ရှိ အလောင်း နှစ်လောင်းကို၊ အခြား နတ်ဆိုး သားရဲ များမှ ခိုးယူ သွား နိုင်၏။

အလောင်း များတွင် အရိုးများ မရှိ တော့သည် တောင်မှ၊ ကောင်းမွန်သော စားဖွယ် ဖြစ်နေ သေးသည်။

“ ဘယ်လောက် တောင်၊ အန္တရာယ် များလိုက်လဲ။ ”

နာရီဝက် အကြာ၌၊ သစ်ပင် တစ်ပင်၏ ပင်စည်ကို လက်တစ်ဖက် ထောက်ပြီး၊ အမော ဖြေ နေသော လင်းယွန်မှ ညည်းတွား မိသည်။

နဖူး၌ ချွေးများ သီးနေပြီး၊ မျက်ဝန်းများ အရောင် ဖျော့လာ၏။ ဆေးအိုးကြီး သည်လည်း ရောင်ဝါ သမုဒ္ဒရာ ထဲသို့၊ ပြန်ကျ သွားသည်။

၎င်းအား လွှတ်ပေး ခြင်းသည် စိတ်ကူး ထားသလောက် မလွယ်ကူ လှချေ။ သို့သော် ဓား နှစ်လက် ဝိညာဉ်နှင့် ပေါင်းစပ်ကာ၊ ကြယ် လေးပွင့် ဘုရင် အဆင့် သားရဲကို တိုက်ခိုက် နိုင်လိုက်သည်။

အကျိုးဆက် အနေဖြင့်၊ လက်ဖဝါးတွင် အက်ကြောင်းများ ထင်လာပြီး၊ လက်မောင်းမှ သွေးများ စီးကျကာ ရွဲရွဲစို ကုန်၏။

ကိုယ်လုံး ကိုယ်ပေါက် ကန့်သတ်ချက် ရောက်ရှိ သွားခြင်း ဖြစ်သည်။ ထို့ကြောင့် နတ် နဂါး အရိုးကို တောင့်တ မိ လာ၏။

နတ်နဂါး အရိုး မရှိသော်၊ ခန္ဓာ ကိုယ်သည် အမြဲတမ်း အားနည်းချက် ဖြစ်နေပေ လိမ့်မည်။ ထိပ်တန်း ပါရမီရှင် တစ်ဦး ဖြစ်လိုသော်၊ မည်သည့် အားနည်းချက်မျှ မရှိသင့်ချေ။

ဒသမတန်း ဓားဝိညာဉ် ပုလဲကို၊ ထုတ်ယူ လိုက်သည်။ အန်းလျူယွင် ထံမှ သတင်း အချက် အလက်များ မရရှိ သောကြောင့်၊ ဤအရာကို သန့်စင် ရန်သာ၊ နည်းလမ်း ရှိပေသည်။

အရိယာ ကောင်းကင်ဓား တိုးတက် ခြင်းဖြင့်သာ၊ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဆေးအိုး ကို ထိန်းချုပ်ရ၊ လွယ်ကူ လာနိုင်၏။

“ အန်းလျူယွင် ... ၊ ငါ မင်းကို စိတ်မပျက် မိစေနဲ့ ... ။ ”

နတ်နဂါး အရိုး အကြောင်း၊ မကြာ- မကြာ တွေးနေ မိသဖြင့်၊ ယခု အခါတွင် စွဲလမ်း လုနီး ပါး၊ ဖြစ်လာသည်။

အန်းလျူယွင် နောက်ခံသည် သာမာန် မဟုတ်ဘဲ၊ နတ်မိစ္ဆာ နယ်မြေမှ ဖြစ်ကြောင်း သူ မှန်းဆ မိ၏။

ထို့ကြောင့် နတ်နဂါး အရိုးနှင့်၊ ပတ်သတ်သော သတင်း အချက် အလက်များ ရှာတွေ့ နိုင်မည်ဟု ယုံကြည်သည်။

***

All Chapters