ဘာလို့ သေချာ နေရတာလဲ။
Vol. 105 Ch. 1461
လင်းယွန် တစ်ယောက် ဒသမတန်း ဓားဝိညာဉ် ပုလဲကို သန့်စင် နေချိန်တွင်၊ ဓား ဂိုဏ်းမှာ တောင်ထိပ် ငါးခု ပြိုင်ပွဲ အတွက် တစ်စ-တစ်စ စည်ကား လာသည်။
ပြင်ပ၌ လှည့်လည် သွားလာ နေသော တပည့် များစွာတို့ မှလည်း၊ ဤပွဲကို လက်လွတ် မခံချင် သောကြောင့်၊ ပြန်လာ ခဲ့ကြသည်။
ရွှေရောင် တောင်ထိပ်ရှိ ခြံဝင်း တစ်ခု၌၊ ကျင်းရွှမ်ရီ တစ်ယောက် အရိယာ ကောင်းကင် ဓားကို၊ ဖြတ်ကျော်ရန် ကြိုးစား နေသည်။
သူ့ ပြိုင်ဘက်မှာ၊ နဂါးသွေး လွှတ်ကြော နယ်ပယ်၊ မီးခိုးရောင် ဝတ် သင်းထောက် တစ်ဦး ဖြစ်၏။
ကျင်းရွှမ်ရီ ခန္ဓာ ကိုယ်မှ ရွှေရောင် ဓား ရောင်ခြည်များ ဖြာထွက် နေပြီး၊ တိုက်ပွဲ အပေါ် အားသာချက် ရရှိ ထားသည်။
သူ့ပြိုင်ဘက် သင်းထောက်မှာ၊ အားနည်း လွန်းသဖြင့်၊ စိတ်မရှည် တော့ဘဲ၊ ‘ကောင်းကင် ကို ဖုံးအုပ် ထားသော နေရောင်ခြည်၊’ အား ထုတ်ဖော် လိုက်သည်။
ရွှေဓား ရောင်ခြည်များ တိမ်တိုက် အတွင်း တဟုန်းဟုန်း တောက်လာ ကာ၊ ပလ္လင် အဖြစ်၊ ဖွဲ့တည်၏။
ပလ္လင်ကို နဂါး ကိုးကောင်မှ လှည့်ပတ် နေပြီး၊ အကန့် အသတ် မရှိသော ဓားရောင်ဝါ များ၊ ထုတ်လွှတ် ထားသည်။
“ ထန် ... ၊ ထန် ... ။ ”
ထို့နောက် ဓားကို ရိုးရှင်းစွာ ခုတ်ချ လိုက်သည်။ သင်းထောက် ခမျာ ထိတ်လန့် စွာဖြင့်၊ သူ့ဓား ပြန်၍ ပင့်ခုတ် ဟန့်တား လိုက်ရသည်။
သို့သော် ဟန့်တား နိုင်ခြင်း မရှိဘဲ သွေးအန်ကာ လွင့်စဉ် သွားသည်။ ပြီး မယုံ နိုင်စွာ ပြန်မော့ ကြည့်ကာ၊
“ ကောင်းကင်ကို ဖုံးအုပ် ထားသော နေရောင်ခြည် ဓားကိုးကွက်ရဲ့၊ ဒုတိယ ပုံစံကို ကျွမ်းကျင် လာပြီလား။ ”
-ဟု မေးလိုက်သည်။
ကောင်းကင်ကို ဖုံးအုပ် ထားသော နေရောင်ခြည် ဓားကိုးကွက်ည် ဓားဂိုဏ်းတွင် ကျော်ကြားသော တစ္ဆေ ဝိညာဉ် ပညာရပ် ဖြစ်၏။
ထိပ်တန်း ဓားရေး များသည် မတိမ်း မယိမ်း စွမ်းရည် မျိုးရှိ သော်လည်း၊ မည်သူ မဆို သင်ယူ နိုင်သည့် အရာများ မဟုတ်ပေ။
ထိုကဲ့သို့ တစ္ဆေ ဝိညာဉ် ဓားရေး မျိုးကို ရရှိရန်၊ အကျိုးဆောင် အမှတ်၊ ကုန်ကျ ရုံသာ မက၊ နားလည်မှု အဆင့် မြင့်မား ရန်လည်း လိုအပ်သည်။
ကောင်းကင်ကို ဖုံးအုပ် ထားသော နေရောင်ခြည် ဓား (၉)ကွက်၏ ပုံစံတိုင်းသည်၊ ကြောက်စရာ ကောင်းပေ၏။
နဂါး သွေးလွှတ်ကြော နယ်ပယ်သို့ မရောက်မီ ဒုတိယ ပုံစံကို ကျွမ်းကျင် နေသည် မှာ၊ အထင် ကြီးစရာ ပေပင်။
“ အစ်ကို လျူ ... ၊ မင်း အရမ်း အားနည်းတယ်။ ”
နဂါး သွေးလွှတ်ကြော နယ်ပယ်၊ ကျွမ်းကျင်သူ တစ်ဦးအပေါ်၊ အလေး မထား သော မှတ်ချက်မျိုး ဖြစ်သော်လည်း၊ သင်းထောက်မှ ဒေါသ မပြ ရဲချေ။
“ ငါ့ အရည် အချင်းက ... မင်းလောက် မကောင်းဘူး၊ ကြယ်နှစ်ပွင့်ပဲ ဖန်တီးနိုင် ခဲ့လို့ နဂါး သွေးလွှတ်ကြောကို တက်ခဲ့ ရတာ၊ ဒါတောင် ဒုတိယ သွေးလွှတ်ကြောကို၊ ...
... မတက် နိုင်လို့ ... ၊ သင်းထောက် ဖြစ်ရတာ၊ ဒီလို လူ တစ်ယောက်က မင်းလို ပါရမီရှင်နဲ့၊ ဘယ်လိုလုပ် ယှဉ်နိုင် မှာလဲ။ ”
တပည့် အများ စုသည် ကြယ် (၃)ပွင့် ရရှိသည်နှင့်၊ နဂါး သွေးလွှတ်ကြော နယ်ပယ်ကို တက်ရောက် ကြသည်။ ကျင်းရွှမ်ရီ ကဲ့သို့ ကြယ် (၅)ပွင့် ရအောင်၊ မည်သူ မဆို စွမ်းဆောင် နိုင်သော အရာ မဟုတ်ချေ။
“ ဒီလောက်လည်း မဟုတ်သေး ပါဘူး၊ ကျိရှုရွှမ် မှာလည်း အရည် အချင်း ရှိပါတယ်၊ ပြီးတော့ သူလည်း အတူတူပဲ။ ”
“ သူဆိုတာ ... ဘယ်သူလဲ။ ”
သင်းထောက်က အံသြစွာ မေးသည်။ ရုတ်တရက် ကျင်းရွှမ်ရီ တစ်ယောက် မျက်နှာ ပြောင်းလဲ သွားသည်ကို မြင်လိုက် မှသာလျှင်၊ မည်သူ မည်ဝါ ဖြစ်မည်အား၊ ချက်ခြင်း သိလိုက်၏။
“ လွန်ခဲ့တဲ့ သုံးရက် လုံးလုံး အရိယာ ကောင်းကင် ဓားကို ရယူဖို့ ... ၊ ကြိုးပမ်းတာ မအောင်မြင် ခဲ့ဘူး။ ”
ကျင်းရွှမ်ရီက သက်ပြင်းချကာ ပြောလာသည်။
“ ဘာဖြစ်လဲ ... ၊ ရွှေ ရည်ရွယ်ချက်နဲ့ ... ၊ ဘုရင် ရည်ရွယ်ချက်ကို၊ ကောင်းကင် ဓားမှာ ပေါင်းစပ် လိုက်ရင်၊ အရိယာ ကောင်းကင် ဓားကို ယှဉ်နိုင် နေတာပဲ၊ ...
... ဒါက နဂါး သွေးလွှတ် ကြောက လူတွေတောင်၊ အလွယ် တကူ ဆုပ်ကိုင် နိုင်တဲ့ အရာ မဟုတ်ဘူး။ ”
သင်းထောက်က ပြောသည်။
“ အရိယာ ကောင်းကင်ဓား မရ သရွေ့ ... ၊ ငါက သူနဲ့ တူညီတဲ့ အဆင့်ကို ... ၊ ဘယ်တော့ ရောက်နေမှာ မဟုတ်ဘူး။ ”
ကျင်းရွှမ်ရီက ခေါင်းယမ်းကာ ပြောသည်။
“ ဒါများ ... နဂါး သွေးလွှတ်ကြော နယ်ပယ်ကို တက်လိုက်လေ၊ မင်းရဲ့ ကြယ်(၅) ပွင့် အုတ်မြစ် နဲ့ဆို၊ လောက နိယာမ နယ်ပယ် အထိ သွားနိုင်ဖို့ လုံလောက် နေပါပြီ။ ”
“ မဟုတ်ဘူး ... ၊ အနည်းဆုံး ကြယ် ခြောက်ပွင့် ရှိနေမှ ရလိမ့်မယ်၊ ဒီလိုမှ မဟုတ်ရင် ကောင်းကင် အဆင့်က၊ ထိပ်တန်း ဆယ်ဦးကို ရင်ဆိုင် နိုင်မှာ မဟုတ်ဘူး။ ”
သင်းထောက် ခမျာ တိတ်ဆိတ် သွား၏။ ကျင်းရွှမ်ရီ ကဲ့သို့သော ပါရမီရှင် တစ်ဦးသည် သူ နားလည် နိုင်သော အရာ မဟုတ်ချေ။
ကောင်းကင် အဆင့် တပည့် တိုင်းသည်၊ ဂိုဏ်း၏ ပင်မ သွေးကြောများ ဖြစ်ပြီး၊ ထိပ်တန်း ဆယ်ဦးမှာ ဘီလူးများ ဖြစ်၏။
၎င်းတို့သည် ရှေးဟောင်း ပျက်သုန်း မြေရှိ မျိုးဆက်သစ် လူငယ်များ ကြား၌ ထင်ရှားသော လူငယ် များလည်း ဖြစ်သည်။
မတော် တဆမှု များသာ မဖြစ်ခဲ့ ပါက၊ သူတော်စင် တစ်ပါး ဖြစ်လာရန် အခွင့် အလမ်း များစွာ ရှိသည်။
“ သူနဲ့ ပတ်သက်ပြီး သတင်းတွေ ရှိသေးလား။ ”
ကျင်းရွှမ်ရီက အဝေးကို ငေးနေရာမှ လှည့် မေးသည်။
“ ခြောက်သွေ့ တောင်တန်း ကြီးထဲ ဝင်သွားတယ်၊ အခုထိ ပြန်မလာ သေးဘူး။ ”
သင်းထောက်က ပြန်ဖြေ၏။ အဆိုပါ သူဟူသော လူငယ်သည်၊ ဓားဂိုဏ်း၌ နာမည် ကြီး ဖြစ်သည်။ ထို့ကြောင့် စုံစမ်းစရာ မလိုဘဲ၊ ၎င်း၏ သတင်း များကို ရယူ နိုင်၏။
“ ဒီလောက်လည်း အာရုံစိုက် မနေပါနဲ့၊ သုံးလ အတွင်း ဘယ်လောက် အထိ၊ ကြီးထွား လာနိုင်မှာ မို့လဲ၊ ကြယ် လေးပွင့် ရလာ ရင်တောင်၊ ...
... မင်း ပြိုင်ဘက် ... မဟုတ် သေးပါဘူး၊ ကြယ်လေးပွင့် မရှိမှတော့ ... ၊ မြေကြီး အဆင့်ရဲ့ ထိပ်တန်း ဆယ်ယောက်က ဘယ်သူ မဆို၊ သူ့ကို အနိုင်ယူ နိုင်မှာပါ။ ”
“ ဒါဆို ... ဟွမ်ဖူရန် ဘာလို့ ရှုံးသွား တာလဲ။ ”
“ သူ့ကို လျှော့တွက် ခဲ့တာကိုး၊ အခု ဟွမ်ဖူရန်က ကြယ်လေးပွင့် ရှိနေပြီ၊ ဆယ်ကြိမ် အတွင်း ရလာဒ် ထွက်လာ လိမ့်မယ်။ ”
သင်းထောက်က အခိုင် အမာ ပြောလာသည်။
“ အစ်ကို လျူ ... ၊ မင်းရဲ့ အတွေးတွေ ရောထွေး နေပြီ။ ”
ကျင်းရွှမ်ရီက သိုင်းစင်မြင့် ပေါ်မှ ခုန်ဆင်း လိုက်သည်။ သင်းထောက် လျူက သူ့နောက်သို့၊ လိုက်ပါ ခုန်ဆင်း လာ၏။
ဓားကို ဖြည်းညှင်းစွာ သုတ်လျက် သိမ်းဆည်းရန်၊ ပြင်နေသော ကျင်းရွှမ်ရီထံ ငေးကြည့်ကာ၊
“ ဘာဖြစ် လို့လဲ၊ ငါ မှားနေ လို့လား။ ”
-ဟု မေးလိုက်သည်။
“ အစ်ကို လျူရဲ့ ကန့်သတ်ချက်က၊ နဂါး သွေးလွှတ်ကြော မှာပဲ ရှိနေတာ၊ အံ့သြ စရာ တော့ မဟုတ် ပါဘူး၊ အရိယာ ကောင်းကင် ဓားကို ဆုပ်ကိုင် နိုင်တဲ့ လူက၊ ...
... ဘယ်လို လူမျိုးလဲ ဆိုတာ၊ မင်းမှ မသိတာကိုး၊ ဒီဓားက နီးလာ လေလေ၊ ပိုပြီး နားလည်ရ၊ ခက်လာ လေလေပဲ။ ”
ဓားကို သုတ်ပြီး သည်နှင့်၊ ဓားအိမ်ထဲ ပြန်သိမ်းကာ၊ သင်းထောက်ထံ လှည့်ကြည့်ပြီး၊ ‘မယုံ ဖူးလား၊’ ဟု မေးမိ၏။
သင်းထောက် ခမျာ၊ စကား တစ်ခွန်းမှ မပြောနိုင် တော့ချေ။ ယင်းကြောင့် ကျင်းရွှမ်ရီ က ပြုံးကာ၊ သူ့ စကားကို ဆက်ပြော၏။
“ ကျိရှုရွှမ်နဲ့ ငါက၊ လက် မခံချင် ပေမယ့်၊ သူ့မှာ ငါတို့ထက် သာလွန်တဲ့ ... ၊ အလားအလာ ရှိတယ် ဆိုတာ သိထားတယ်၊ အမှန် အတိုင်း ပြောရရင် ကောင်းကင် တပည့် ဖြစ်ဖို့၊ ...
... တကယ်ပဲ ... အရည် အချင်း ပြည့်မီ ပါတယ်၊ ဒါပေမယ့် ... အဲ့ဒါက အနာဂါတ်လေ၊ လက်ရှိ အချိန်မှာ ငါတို့က ဘာတွေလဲ၊ သူ့ကို လွှတ်ထား လိုက်ရင်၊ အားလုံးက ငါတို့ကို လူပြက် တွေလို့၊ ထင်သွား လိမ့်မယ်။ ”
သင်းထောက်လျူ မျက်နှာက၊ ပြောင်းလဲ သွားသည်။ ထိုစကား များသည် ကျင်းရွှမ်ရီ ထံမှ ထွက်လာ သည်ကို သူ မယုံနိုင် သေးချေ။
ဤလူငယ် မည်မျှ သန်မာ သည်ကို၊ သူ အသိဆုံး ဖြစ်သည်။ မျိုးဆက်တူ လူငယ်များ အတွင်း၊ ဝှက်ဖဲ များစွာ ပိုင်ဆိုင် ထားသည်။
ကောင်းကင်ဓား ရည်ရွယ်ချက်ကို၊ အပြည့်အ၀ ကျွမ်းကျင် ထားပြီး၊ ရွှေရောင် ဓားသုတ္တန်အား ပဉ္စမ အဆင့် အထိ၊ ရယူ ထားနိုင်သည်။
ဘုရင် ရည်ရွယ်ချက်နှင့်၊ ‘ကောင်းကင်ကို ဖုံးအုပ် ထားသော နေရောင်ခြည် ဓား(၉)ကွက်၊’ အပြင်၊ အစွမ်းထက်သော ဝှက်ဖဲ များစွာလည်း ရှိနေ သေးသည်။
ဤခွန်အား မျိုးဖြင့်၊ တစ်ဖက် လူ အပေါ် အာရုံစိုက် နေစရာ မလို သေးချေ။ အထူး သဖြင့် သည်ကာလတွင် ဖြစ်သည်။
“ တစ္ဆေ ဝိညာဉ် ဓားရေးကို၊ ရွေးခဲ့ သေးလား။ ”
ကျင်းရွှမ်ရီမှ သတိရ သွားကာ၊ ရုတ်တရက် မေးလိုက်သည်။
“ ဟင့်အင်း ... ၊ ကိုယ်ခံ ပညာ ခန်းမကို နောက်တစ်ကြိမ် ထပ်သွား တယ်လို့ ... ၊ မကြား မိဘူး။ ”
“ အိုး ... စိတ်ဝင် စားစရာပဲ၊ ဘာတွေ ကြံစည် နေပါလိမ့်။ ”
သင်းထောက်လျူ အဖြေကြောင့်၊ ကျင်းရွှမ်ရှိက မျက်ခုံးပင့် လိုက်သည်။ တစ်ဖက် လူသည်၊ အရိယာ ဓားသုတ္တန်အား ဒုတိယ အဆင့် ရောက်ရှိ ခဲ့သူ ဖြစ်၏။
ထို့ကြောင့် ၎င်းနှင့် တွဲဘက်ရန်၊ တစ္ဆေ ဝိညာဉ် ပညာရပ် တစ်ခု ခုကို၊ ရွေးချယ်ထား သင့်လေသည်။
***
ကြက်သွေးရောင် တောင်ထိပ်ရှိ၊ သူတော်စင် ရေကန်ကို ဖြတ်ကျော်ကာ၊ ပုံရိပ်တစ်ရိပ် ပျံသန်း သွားသည်။
ထိုသို့ ဖြတ်ပျံတိုင်း၊ ကျင့်ကြံ နေသော တပည့် များက၊ မျက်လုံး ဖွင့်ကြည့် တတ်ကြ၏။ သူတို့ ခေါင်းပေါ်မှ၊ ဤသို့ ဖြတ်သန်း ဝံ့သူမှာ၊ မူချင်းချင်း တစ်ယောက်သာ ရှိသည်။
၎င်းညီအစ်မ နှစ်ဦးသည်၊ ဓားဂိုဏ်းတွင် သာမက၊ ရေှးဟောင်း ပျက်သုဉ်း မြေကြီး ၌ပင်၊ ကျော်ကြား ကြသဖြင့်၊ ယင်းသို့ တွေ့ခွင့် ရသည့် အပေါ်၊ ကျေးဇူးတင် ရပေမည်။
မူချင်းချင်းက နန်းတော် အတွင်း ဝင်လိုက် သည်နှင့်၊ ရွှေအလင်းများ ဖုံးအုပ် နေသည့် သူမ အစ်မကို မြင်ကာ၊ အံ့သြ သွားသည်။
ကြက်သွေးရောင် ဓားသုတ္တန်တွင် အောင်မြင်မှု တစ်ခု ရရှိကာ၊ အဋ္ဌမ အဆင့်သို့ ရောက်ရှိ သွားခြင်း ဖြစ်လေသည်။
လင်းယွန် တိုက်ပွဲကို ကြည့်ပြီးနောက်၊ ထိုးထွင်း သိမြင်မှုများ ရရှိခဲ့ ပုံပေပင်။ မူရွယ်ချင်း က မျက်လုံးများ ဖွင့်ကြည့် လိုက်သော အခါ၊ သူမ ပတ်ပတ်လည်ရှိ အလင်း မှုန်များ ပျောက်ကွယ် သွားသည်။
“ မမ ... ၊ အရမ်း မိုက်တယ်။ ”
မူချင်းချင်းက ချီးကျူး လိုက်မိသည်။ သို့သော် မူရွယ်ချင်းမှ မျက်နှာ အပြောင်း အလဲ မရှိဘဲ၊ ထရပ် လာ၏။
“ ခစ် ခစ် ခစ် ... လင်းယွန်ကို ကျေးဇူးတင် ရမယ် မဟုတ်လား။ ”
မူချင်းချင်းက သူမ အစ်မကို ရယ်မောလျက်၊ နောက်ပြောင် လိုက်သည်။
“ လုံးဝ အမှန်ပဲ ... ။ ”
မူရွယ်ချင်းမှ ခေါင်းညိတ်ပြ လာသည်။
“ ဟမ် ... ၊ မမ နင်က တကယ် အလေးအနက် ထားနေ တာလား ... ။ ”
သူမ၏ ပေါ့ပေါ့ ပါးပါး မှတ်ချက် အပေါ်၊ အတည် ပြုလာ သဖြင့်၊ မူချင်းချင်း တစ်ယောက် အံ့ဩ သွားသည်။
“ သူက မဟာ တော်ဝင် နန်းတော်မှာ ... ၊ တစ်ရက် နေပြီး၊ အရိယာ ဓားသုတ္တန် ဒုတိယ အဆင့်ကို တက်နိုင် ခဲ့တာ၊ တကယ် လေးစား စရာပါ။ ”
မူရွှယ်ချင်းမှ ပြန်ပြောသည်။ မည်သို့ပင် ဆိုစေကာမူ၊ သူမ အစ်မ အတွက်၊ အကျိုး ပြုနိုင် ခဲ့ သဖြင့်၊ မူချင်းချင်းက ပြုံးလိုက်သည်။
“ ငါ သွားတော့မယ်၊ ကိုယ့်ကိုယ်ကို ဂရု စိုက်ပါ ချင်းချင်း ... ။ ”
“ ဟမ် ... တောင်ထိပ် ငါးခု ပြိုင်ပွဲ စတော့ မယ်လေ၊ ကြည့် မသွားတော့ ဖူးလား။ ”
“ ငါက ဘာအတွက် ကြည့်ရဦး မှာလဲ။ ”
မူရွယ်ချင်းမှ ပြန်လည် မေးခွန်း ထုတ်လိုက်သည်။ ကောင်းကင် အဆင့် ထိပ်ဆုံး ဆယ်ဦးသည် ဂိုဏ်း၏ အုတ်မြစ် ဖြစ်၏။
အနာဂတ်တွင် ဂိုဏ်း၌၊ တောင်ထိပ် သခင်နှင့်၊ ဓားထမ်း အကြီး အကဲများ ဖြစ်လာ နိုင်ပေမည်။
ထိုသို့ ဓားဂိုဏ်းကို ကိုယ်စား ပြုသူများ အနေဖြင့်၊ ဂိုဏ်းအပြင် ထွက်ကာ၊ လေ့ကျင့် ရန် လည်း လိုချေသည်။
မထွက်ခွာခင် ဓားသုတ္တန်ကို၊ နောက် တစ်ဆင့် ရယူလို ၍သာ၊ ဂိုဏ်း၌ ဤသို့ ကျင့်ကြံ နေခြင်း ဖြစ်၏။
သူ့ဆန္ဒ အတိုင်း အောင်မြင်မှု ရရှိ လာပြီး ဖြစ်ရာ၊ ဆက်နေရန် အကြောင်း မရှိ တော့ချေ။
“ ဘာလို့ နည်းနည်းလောက် ထပ်မနေ ရတာလဲ၊ လင်းယွန်က ကြက်သွေးရောင် ဓား သုတ္တန်ကို၊ နဝမ အဆင့်ထိ ရောက်အောင် လုပ်ပေး နိုင်လောက် ပါတယ်။ ”
မူချင်းချင်းမှ အံကြိတ်ကာ ပြောလိုက်သည်။
“ မသေချာ တော့ပါဘူး။ ”
မူရွယ်ချင်းက ခေါင်းယမ်း ပြ၏။
“ သေချာ နေရတာလဲ။ ”
မူချင်းချင်းမှ မာဆတ်ဆတ် အော်လိုက် သောကြောင့် မူရွယ်ချင်း ခမျာ၊ အနည်းငယ် တိတ်ဆိတ် သွားသည်။ ပြီးနောက်၊
“ ကောင်းပြီ ... ၊ တောင်ထိပ် ငါးခု ပြိုင်ပွဲ ပြီးမှ ငါသွားမယ်၊ နင် ပြောသလို တော့ ... သူက ငါ့ကို နောက်ထပ် အောင်မြင်မှုတွေ ပေးနိုင် တော့မှာ မဟုတ် ပါဘူး။ ”
“ ဟီး ဟီး ... ၊ ဘာပဲ ဖြစ်ဖြစ် ရှိနေရင် ပြီးရော။ ”
မူချင်းချင်းက ထိုစကား အပေါ်၊ ပြန်လည် ငြင်းခုန်ခြင်း မပြု တော့ဘဲ၊ ရယ်မော လိုက်၏။ အရေးကြီး သည်မှာ အနားတွင်၊ နေနိုင် သမျှ နေခွင့် ရစေရန် ဖြစ်သည်။
***