← Chapters

အပြေးသန်သော တောဘုရင်။

Vol. 105 Ch. 1462

အပြေးသန်သော တောဘုရင်။

Vol. 105 Ch. 1462

တောင်ထိပ် (၅)ခု ပြိုင်ပွဲ တရားဝင် စတင်လာပြီ ဖြစ်ရာ၊ ဓားဂိုဏ်း တစ်ခုလုံး ယခင် ကထက်၊ ပိုမို အသက်ဝင် လာသည်။

အတွင်း တပည့် အားလုံး နီးပါးသည် ကောင်းကင် လေ့လာရေး စင်မြင်သို့ အပြေး အလွှား သွားခဲ့ ကြ၏။

စင်မြင့် ပေါ်တွင် ပုံစံ အမျိုး မျိုးဖြင့်၊ ရေးထွင်းထားသည့် တောင်ထိပ် ပုံစံများ ရှိပြီး၊ စင်မြင့် ရှေ့တွင် အကန့် အသတ် မရှိသော တိမ်ပင်လယ် တစ်ခု ရှိသည်။

စင်မြင့် ပေါ်၌၊ ကြက်သွေး၊ ရွှေ၊ အပြာ၊ မရဏနှင့် အရိယာ တောင်ထိပ်၏ တပည့်များ စုဝေးရောက် ရှိနေ ခဲ့ ကြ၏။

ကောင်းကင် လေ့လာရေး စင်မြင့်မှာ၊ လူတိုင်း အလွယ်တကူ လာနိုင်သော အရာ မဟုတ်ချေ။

ဧကရာဇ် ယုချင်းဖန်၏ ဓားရောင်ခြည် ရှိသဖြင့်၊ အကျိုးဆောင် ရမှတ်များ ပေးအပ်ရန် လိုခဲ့သည်။

ထို့ကြောင့် တောင်ထိပ် ငါးခု ပြိုင်ပွဲကို၊ ထိုနေရာ၌ ကျင်းပသော အခါ၊ လူတိုင်း ရောက်ရှိ လာကြ၏။

လူ စီးကြောင်းမှာ ရှည်လျား လှသော မြွေကြီး တစ်ကောင် အလား၊ ရွေ့လျား နေ သည်။

နဂါး သွေးလွှတ်ကြော နယ်ပယ်၊ တပည့် များစွာလည်း ရောက်ရှိ လာ၏။ သို့သော် ၎င်းတို့ မျက်နှာတွင်၊ စိတ်လှုပ်ရှားခြင်း မရှိချေ။

ယနေ့ ပြိုင်ပွဲသည် သူတို့နှင့် မသက် ဆိုင်တော့ သောကြောင့် ဖြစ်၏။ မြေကြီး အဆင့် ထိပ်ဆုံး (၁၀) သတ်မှတ်ပွဲ ဖြစ်ရာ၊ စိတ်လှုပ်ရှား စရာ မရှိချေ။

သို့သော် ဂိုဏ်း၌ နာမည်ကြီး လာသော ပန်းသင်္ချိုင်း ဆိုသူအား မြင်ချင် သောကြောင့်၊ ဤသို့ ရောက်ရှိ လာခြင်း ဖြစ်သည်။ သူတို့ သွားလေ ရာ၌၊ ထိုအမည်ကို ကြားနေ ရ၏။

အရိယာ တောင်ထိပ်၏ တပည့် များမှာ၊ ကောင်းကင် လေ့လာရေး စင်မြင့်ရှိ သတ်မှတ် ထားသော နေရာတွင်၊ အတူ တကွ စုရုံး နေသည်။

လူအုပ် ကြား၌ ချန်လင်း တစ်ယောက်၊ စိတ်လှုပ်ရှား နေ၏။ သူ့ဘေးတွင် ရပ်နေသော ကုန်စွန်းယန် မှာမူ၊ ပုံမှန် ပေပင်။

စမ်းသပ်ပွဲမှ သင်ခန်း စာကြောင့်၊ ဓားဂိုဏ်းသို့ ဝင်သည်နှင့်၊ တံခါးပိတ် ကျင့်ကြံ နေခဲ့ခြင်း ဖြစ်သည်။

သို့သော် လင်းယွန်မှ တောင်ထိပ် (၅)ခု ပြိုင်ပွဲသို့၊ ဝင်ရောက် မည်ဟု ကြားသောကြောင့်၊ ထွက်လာ ခဲ့ခြင်း ဖြစ်၏။

“ မင်း ... မစိုးရိမ် ဖူးလား။ ”

ချန်လင်းက ကုန်းစွန်းယန်အား လှည့်ကာ၊ မေးသည်။

“ ဘာကို စိတ်ပူ ရမှာလဲ ... ၊ တောင်ထိပ် ငါးခု ပြိုင်ပွဲ ဆိုတာလောက် ကတော့ ... ၊ အဲဒီ ကောင်က ကိုင်တွယ် နိုင်ပါတယ်။ ”

ကုန်းစွန်းယန်မှ ပြန်ဖြေ၏။

“ မဟုတ်ဘူး၊ သူ ပြိုင်ပွဲ လွတ်သွားမှာ ငါ စိုးရိမ် နေတာ။ ”

“ ဒါဆို ရင်တော့ စိတ်ပူ မနေနဲ့ ... ၊ ဒီကောင်က နောက်ကျတာ သူ့ အကျင့် ဖြစ်နေ ပြီ၊ သူက မင်းသားလေ ...

... ဘယ်တော့မှ စောစော မလာဘူး၊ လာရင်လည်း အုန်းအုန်း ကျွက်ကျွက် ဖြစ်လာ လိမ့်မယ်။ ”

“ အဟက် ... အံ့သြ စရာပဲ၊ တောင်ထိပ် ငါးလုံး ပြိုင်ပွဲမှာ ... ၊ လင်းယွန်က ဇာတ်ကောင် ဖြစ်မယ်လို့၊ တစ်ယောက် ယောက် ပြောနေ တာလား။ ”

ကုန်းစွန်းယန် စကားကို ကြားသွားသော ဟွမ်ဖူရန်က လှောင်ပြောင် လိုသော လေသံဖြင့်၊ လှမ်းပြော လာသည်။

၎င်းက လင်းယွန်ကို လူအုပ် အတွင်း ဝေ့ရှာ တော့သည်။ လက်ရှိ သူ့ခွန်အားသည် ကြယ် (၄) ပွင့်၊ ကောင်းကင် အဆင့် ဖြစ်၏။

တောင်ထိပ် ငါးခု ပြိုင်ပွဲ မတိုင်မီ၊ လက်စားချေ လိုသောကြောင့်၊ လင်းယွန်အား စုံစမ်း ထား ခိုင်းခဲ့သည်။

ထို့ကြောင့် အရိယာ တောင်ထိပ်မှ တပည့်များ စုဝေးရာ အရပ်တွင်၊ လင်းယွန်ကို မတွေ့သော အခါ၊ စိတ်ပျက် သွား၏။

“ ဒီကောင် ... ပုန်းနေ တာပဲ ဖြစ်ရမယ်။ ”

ဟွမ်ဖူရန် စကားကြောင့်၊ ကုန်းစွန်းယန်မှ လှည့်ကြည့်သည်။ လင်းယွန်နှင့် သူ့ ကြားတွင် မကျေလည် မှုများ ရှိသော်လည်း၊ အပြင်လူ တစ်ယောက်က လှောင်ပြောင် လာချိန်၌၊ မျက်မှောင်ကြုတ် မိ၏။

“ လင်းယွန်က ရှောင်ပြေး တတ်တဲ့၊ လူ မဟုတ်ဘူး၊ မင်း ... သူ့ကို ကြောက်နေ လို့လား၊ ငါသိ သလောက်တော့ ... မျိုးဆက် သစ်တွေ ထဲမှာ၊ လင်းယွန်ထက် အရည် အချင်း ရှိတဲ့၊ ...

... လူငယ်မျိုး တစ်ယောက်မှ မတွေ့ဖူး သေးဘူး၊ လက်စား ချေမယ့်၊ မင်း စိတ်ကူးကို စွန့်လိုက်တာ ပို ကောင်းမယ်။ ”

ကုန်းစွန်းယန်က ရဲရင့်စွာ တုန့်ပြန် လှောင်ပြောင် လိုက်သဖြင့်၊ အနားရှိ ချန်လင်း ခများ မျက်လုံးပြူး သွားသည်။

သူ မျှော်လင့် ထားသည့် အတိုင်း၊ ဟွမ်ဖူရန်က ဒေါသထွက် လာပြီး၊ ရိုက်နှက်ရန် ဟန်ပြင် လာသည်။

သို့သော် ဖုန်လွမ်မှ သူ့ကို လှမ်းကြည့် နေသည်ကို သတိထား မိသွား သဖြင့်၊ ကိုယ်ရှိန် သပ် လိုက်၏။

“ ဒါဆို ... ငါတို့ စောင့်ကြည့် ရအောင် ... ၊ မင်းကောင် မလာတာ ပိုကောင်းမယ်၊ မဟုတ်လို့ သင်ခန်းစာ ပေးမိတဲ့ အခါ၊ ငါ့ကို အပြစ် မတင်နဲ့၊ ကောင်းကင် တပည့် တစ်ယောက်က ...

... မြေကြီး အဆင့်၊ ထိပ်ဆုံး ဆယ်ယောက် ကိုတောင် မဝင် နိုင်ရင်၊ ရယ်စရာ ကောင်းလာ လိမ့်မယ်။ ”

စကားဆုံး သည်နှင့် တစ်ဖက် လှည့် သွားတော့သည်။ ဤအရာက ချန်လင်းအား ပြုံးမိ စေ၏။

“ ဂိုဏ်းမှာ ... ၊ သူ့ ဒေါသကြောင့် နာမည်ကြီးတယ်၊ ဘာပဲ ဖြစ်ဖြစ် သူက မင်းသား ရန်လေ။ ”

“ အိုး ... ဘာလို့ ငါက ကြောက်ရ မှာလဲ၊ လူကြား သူကြားမှာ ... ၊ ဒီလို ရမ်းကား ဝံ့မယ် မထင်ဘူး။ ”

ကုန်းစွန်းယန်မှ ပြန်ပြောသည်။

“ မဟုတ်ဘူး ... ၊ စီနီယာ အစ်ကို ဖုန်သာ အနားမှာ မရှိရင်၊ သူ မင်းကို သင်ခန်းစာ ပေးမှာ သေချာတယ်၊ အရင် ကလည်း လင်းယွန်ကို ရိုက်ဖို့၊ ကြိုးစား ခဲ့သေးတယ်။ ”

“ တကယ်လား ... ။ ”

ကုန်းစွန်းယန် ခမျာ၊ ကျင့်ကြံ ရာမှ ထွက်လာခြင်း ဖြစ်သဖြင့်၊ ဓားဂိုဏ်းမှ နာမည် ကြီး ပုဂ္ဂိုလ် များကို သိပ်မသိ သေးချေ။

“ ဟုတ်တယ် လင်းယွန် လာရင်တောင် မကောင်း နိုင်ဘူး၊ အခု ချိန်မှာ သူက ဒီပြိုင်ပွဲရဲ့ ဇာတ်ကောင် ဖြစ်နေပြီ။ ”

ချန်လင်းက သက်ပြင်း ချကာ ပြောလိုက် သည်။

“ မဖြစ်နိုင် ပါဘူး ။ ”

ကြယ် နှစ်ဖော်ဟု ခေါ်သော၊ ထိပ်ဆုံး နှစ်ယောက်တွင်၊ ကြယ် ငါးပွင့် ရှိပြီး၊ သူတို့၏ ဓားသုတ္တန်များ ကိုလည်း၊ ပဉ္စမ အဆင့်ထိ ရယူထား နိုင်သည်။

တစ္ဆေ ဝိညာဉ် ဓားရေး အပြင်၊ ကြောက်စရာ ကောင်းသော ဝှက်ဖဲများ ရှိနေ မည်မှာ၊ သေချာ ချေ၏။

၎င်းတို့ နှစ်ဦး သည်သာ၊ နဂါး သွေး လွှတ်ကြောထံ ဝင်ရောက် ခဲ့သော်၊ ကောင်းကင် အဆင့် ထိပ်ဆုံး (၁၀) ဦးနှင့်၊ ယှဉ်နိုင်မည် ဖြစ်၏။

“ ငါ အတွေး လွန်နေပြီ လို့ပဲ၊ မျှော်လင့် ရအောင်။ ”

ချန်လင်းမှ အားလျော့စွာ ပြောမိသည်။ သူ ကြားထားသော သတင်း အရ၊ မြေကြီး အဆင့်မှ (၁၀) ဦးသည်၊ လင်းယွန်ကို ပစ်မှတ်ထား နေ၏။

ဟွမ်ဖူရန်ပင်၊ လင်းယွန် ခွန်အားကို စုံစမ်းရန်၊ စေလွှတ် ခံရသူ ဖြစ်သည်။ ချန်လင်း နှင့် ကုန်းစွန်းယန်တို့ စကား ပြောနေ ကြစဉ်၊ လင်းယွန် တစ်ယောက် ဒသမတန်း ဓားဝိညာဉ် ပုလဲကို သန့်စင် ရာ၌၊ အရေး ကြီးသော အခိုက်သို့ ရောက်ရှိ နေ၏။

သစ်ပင်ကြီး တစ်ပင် အောက်တွင်၊ မျက်လုံးများ မှိတ်လျက် ထိုင်နေပြီး၊ မည်သူ့ ကိုမျှ မရည်ရွယ်ဘဲ၊ ဓားအား ထုတ်လွှတ် လိုက်သည်။

ပတ်ဝန်းကျင်ရှိ နတ်ဆိုး သားရဲ များက အန္တရာယ်ကို ခံစား မိကာ၊ လွတ်ရာ ထွက်ပြေး ကုန်သည်။

ထို့ကြောင့် လင်းယွန်ကို ဗဟို ပြုသော မိုင်တစ်ထောင် ပတ်လည် အတွင်း၌၊ မည်သည့် နတ်ဆိုး သားရဲမျှ မရှိ တော့ချေ။

“ ဂျိန်း ... ။ ”

ကောင်းကင်တွင် တဂျိန်းဂျိန်း မြည်ဟည်းလျက်၊ အားပြင်းသော မိုးကြိုး မုန်တိုင်း တစ်စင်း၊ ဖွဲ့တည် လာ၏။

မျက်နှာ တစ်ပြင်လုံး ဖျော့တော့ လာကာ၊ နဖူး၌ ချွေးများဖြင့် ဖုံးလွှမ်း လာခဲ့သည်။ ထို့စဉ် မိုးကြိုး မုန်တိုင်း အတွင်း၊ လေနှင့် လျှပ်စီးများ လွှမ်းခြုံ ထားသည့်၊ နဂါး တစ်ကောင် မွေးဖွား ပေးလာ၏။

သည့်နောက် နဂါးက သူ့ ခန္ဓာကိုယ် အတွင်းသို့၊ ခုန်ဆင်း ဝင်ရောက် လာတော့သည်။ မျက်လုံးများ ပြန်ပွင့် လာချိန်၌၊ လွှမ်းမိုး လိုခြင်း အရိပ် အယောင်များ၊ ထွက်ပေါ် လာသည်။

ပြီးပြည့် စုံသော ကျွမ်းကျင်မှု ရရှိပြီ ဖြစ်သဖြင့်၊ အရိယာ ကောင်းကင်ဓားမှာ မယုံနိုင် လောက်အောင်၊ ထက်ရှ လာပေ၏။

အသက်ရှူ ထုတ်လိုက် ချိန်၌၊ မျက်နှာ တစ်ပြင်လုံး တဖြည်းဖြည်း နီရဲလာ လေသည်။ ဒသမတန်း ဓားဝိညာဉ် ပုလဲသည် ထင်ထား သည်ထက်၊ ပို အကျိုးရှိ ချေ၏။

ကနဦး ကျွမ်းကျင်မှု အဆင့် မှသည်၊ ပြီးပြည့်စုံသော ကျွမ်းကျင်မှု အဆင့်သို့ ရောက်ရှိ သွားခဲ့သည်။

သို့သော် ယင်းမှာ ဓားသုတ္တန် နှစ်ခု၏ အောင်မြင်မှု နှင့်လည်း သက်ဆိုင် နေသည်။ ဓားသုတ္တန် နှစ်ပါး၏ အောင်မြင်မှုသည် ဓားတာအို ဉာဏ်အလင်း ပွင့်စေ၏။

ထို့ကြောင့် ဒသမတန်း ဓားဝိညာဉ် ပုလဲကို သန့်စင် လိုက်သော အခါ၊ အလုပ်ဖြစ် လာခြင်း ဖြစ်သည်။

ယင်းအချိန်တွင် မျက်ဝန်း တစ်စုံက မိုင်တစ်ထောင် အကွာမှ နေ၍၊ အေးစက်စွာ စိုက်ကြည့် နေသည်။

ကြယ်လေးပွင့် ဘုရင် အဆင့် သားရဲ နတ်မိစ္ဆာ ကျားကြီး ဖြစ်၏။ သားရဲ အလောင်း များကို စားပြီးနောက်၊ ၎င်း၏ ခွန်အားမှာ တိုးလာသည်။

သို့သော် လင်းယွန်အား မြင်ချိန်၌ မျက်လုံးပြူး သွား၏။ ချက်ချင်း တိုက်ခိုက်ရန် စိတ်ကူးကို၊ မြိုသိပ် လိုက်ရသည်။

တစ်ဖက်တွင် လင်းယွန် မှာမူ၊ ၎င်းနှင့် အသက်-သေခြင်း တိုက်ပွဲ တစ်ခု နွှဲရန်၊ ကြံရွယ် စောင့်ဆိုင်း နေခြင်း ဖြစ်သည်။

“ ကောင်းပြီ ... ၊ မင်း မလာရင် ... ငါလာ ခဲ့မယ်။ ”

ဤတိုက်ပွဲဖြင့် အောင်မြင်မှု တစ်ခု ရနိုင်မည်ဟု ထင်၏။ ထို့ကြောင့် ပြုံးကာ ပြော လိုက်သည်။

“ ဖ ရူး ... ။ ”

ရွှေကျီးကန်း တောင်ပံ များကို ဖွင့်လျက်၊ နတ်မိစ္ဆာ ကျားကြီး ရှေ့သို့၊ ချက်ချင်း ရောက်ရှိ သွားသည်။

“ မင်းရဲ့ ... ၊ မိတ်ဆွေ ဟောင်းကို မကြိုဆို ဖူးလား၊ ဟား ဟား ဟား ... ။ ”

ဓားနှစ်လက် ဝိညာဉ်ကို လွှတ်ပေးကာ လက်ဖဝါးဖြင့်၊ အံဩနေသည့် နတ်မိစ္ဆာ ကျားထံ ရိုက်ချ လျက်မှ၊ လင်းယွန်က ပြောလိုက်၏။

မိုင်တစ်ရာ အတွင်းရှိ၊ သစ်ပင် အားလုံး ပေါက်ကွဲ ကုန်ကာ၊ ပျက်စီး နယ်မြေ အဖြစ် ပြောင်းလဲ သွားသည်။

ကောင်းကင်ကြီး နိမ့်ဆင်းလာ သဖြင့်၊ လူသား အသွင် ပြောင်းကာ၊ ခုခံရန် ပြင်မိသော ကျား၏ ဒွါရ ခုနစ် ပါးမှ၊ သွေးများ ယိုစိမ့် လာသည်။

ကောင်းကင်သည် လက်ဖြင့် လှမ်းကိုင်၍ ရသည် အထိ၊ နိမ့်ဆင်း လာသောကြောင့်၊ ကျား ခမျာ ဒူးထောက် ကျသွား တော့၏။

“ ကျား ... ၊ မင်း ငါ့ကို လျှောက်လဲချက် ပေးဖို့ ဆန္ဒ ရှိလား။ ”

ဤကျားတွင် နတ်မိစ္ဆာ မိသားစု၏ ကျင့်ကြံမှု နည်းစနစ် ရှိသဖြင့်၊ ၎င်းအား အညံခံ လာစေရန် စိတ်ကူး ရ သွားသည်။ ထို့ကြောင့် လက်ဖဝါးကို လေထဲ ရပ်တန့်လျက်၊ မေးလိုက်ခြင်း ဖြစ်၏။

“ ဒီဘုရင်ကို လက်အောက်ခံ စေချင်လား၊ အိပ်မက် မက် မနေနဲ့။ ”

နတ်မိစ္ဆာ ကျားက အရှက်ခွဲ ခံရ သဖြင့်၊ ဒေါသများ ပေါက်ကွဲ လာကာ၊ ထရပ် လိုက်ပြီး၊ လင်းယွန်ကို လက်ဖြင့် လှမ်းပုတ် ၏။

“ ကောင်းကင် ဓားပုံစံ ... ။ ”

လင်းယွန်က ပြုံးလျက် လက်ဖဝါးကို ဆန့်ထုတ်သည်။ ပြီးပြည့် စုံသော ကောင်းကင် ဓားပုံစံ ဖြစ်၏။

လင်းယွန် (၃၆) ယောက်က၊ ဓားကွက် များကို တပြိုင် နက်တည်း၊ ထုတ်ဖော် နေသည်။ ထို့ကြောင့် ‘ကောင်းကင်’ ဟူသော စကားလုံး ပေါ်လာရန်၊ အချိန် သိပ် မပေးလိုက် ရချေ။

“ ဟိတ် ... ။ ”

၎င်းအား ကျား လက်ဝါးထံ ပစ်ထုတ် လိုက်ရာ၊ မီတာ တစ်ထောင် အကွာသို့၊ လွင့်စဉ် သွားတော့သည်။

“ဝုန်း ... ။ ”

ကျား ပြုတ်ကျရာ နေရာ၌၊ မီးလောင် ချိုင့်ဝှမ်းကြီး ဖြစ်ပေါ် လာ၏။ ကျားက ချိုင့်ဝှမ်း အတွင်းမှ ခုန်ထွက် လာကာ၊ လှစ်ခနဲ ထွက်ပြေး သွားတော့သည်။

“ အိုး ... ပြေးရင်လည်း မြန်တာပဲ။ ”

လင်းယွန်က အော်ဟစ် လှောင်ပြောင် လိုက်သည်။ ကျား နောက်သို့ မလိုက် တော့ဘဲ၊ လက်ဖဝါးကို ငုံ့ကြည့် လိုက်၏။

လက်ဖဝါး အတွင်း၌ နဂါး (၃၆)ကောင် လှည့်ပတ် နေသည်။ လက်သီးအား တင်းတင်း ဆုပ်လိုက် ချိန်၌၊ လုံးဝ ပျောက်ကွယ် သွား၏။

“ သွားဖို့ အချိန် တန်ပြီ ... ၊ မဟုတ်လို့ ကတော့ ... ၊ မင်းနဲ့ငါ ကစား မိဦး မှာပဲ။ ”

လင်းယွန်မှ ပြုံးပြီး၊ ရွှေတောင်ပံ များကို ဆင့်ခေါ်ကာ၊ အရိယာ ကောင်းကင် ဓားအား လောင်းထည့် လိုက်သည်။

“ ဖ ရူး ... ။ ”

သည့်နောက် အတောင်ပံ များကို ခတ်ကာ၊ မြှားတစ်စင်း ကဲ့သို့၊ ဓားဂိုဏ်းထံ ဦးတည် လိုက် တော့၏။

***

All Chapters