← Chapters

နောက်ကျတဲ့ အပြစ်ဒဏ်။

Vol. 105 Ch. 1463

နောက်ကျတဲ့ အပြစ်ဒဏ်။

Vol. 105 Ch. 1463

ကောင်းကင် စောင့်ကြည့်ရေး စင်မြင့် ပတ်၀န်းကျင်သည် အဆုံး မရှိသော မြူများဖြင့်၊ ရစ်သိုင်း နေသည်။

တောင်ထိပ် အသီးသီး၏ တပည့် များက စူးစမ်းလို စိတ်နှင့်၊ ကွင်းလုံး အပြည့် ရောက်ရှိိ လာကြသည်။

လွန်ခဲ့သည့် နှစ်ပေါင်း သုံးထောင်က၊ ဓားဧကရာဇ် ယုချင်းဖန်မှာ တောင်ထိပ် နှစ်ခုကို ဓားတစ်ချက် တည်းဖြင့် ခုတ်ဖြတ် ခဲ့သည်။

ထိုဓားကို ကောင်းကင် လေ့လာရေး စင်မြင့်မှ ဆက်ပြီး ထိမ်းသိမ်း ပေးထား၏။ သို့သော် လူများ စွာမှ မမြင်ဖူး ကြချေ။

ထိုဓားရောင်ခြည် ကြောင့်၊ တိမ်ပင်လယ် အတွင်းရှိ အချိန် ယန္တရားမှာ၊ ရှုပ်ယှက်ခတ်သွား သည်ဟု၊ အပြောများ ကြသည်။

ယခု တစ်ကြိမ်တွင်၊ တောင်ထိပ် (၅) ခု ပြိုင်ပွဲအား ထိုနေရာ၌၊ ကျင်းပမည် ဖြစ်သော ကြောင့်၊ ကန့်သတ် ချက်အား ရုတ်သိမ်းမည် ဖြစ်သည်။

ထို့ကြောင့် လူတိုင်းက ဓားဧကရာဇ် ယုချင်းဖန်၏ ဓားရောင်ခြည်ကို မြင်တွေ့ခွင့် ရရှိမည် ဖြစ်၏။

သူတို့ ပြိုင်ဘက်သည်၊ သန်မာ သဖြင့်၊ ဓားအရာ၌ ဧကရာဇ် ဘွဲ့ကိုပင်၊ ရရှိ ထားသည်။ ယင်းကြောင့် ဓား ရောင်ခြည်ကို မြင်ခွင့် ရမည် ဖြစ်သဖြင့်၊ တပည့်တိုင်း စိတ်လှုပ်ရှား နေခြင်း ဖြစ်သည်။

“ ဝှစ် ... ။ ”

ထိုအချိန်တွင် လူရိပ် တစ်ရိပ်က၊ ကောင်းကင် လေ့လာရေး စင်မြင့် ပေါ်သို့၊ ပျံသန်း ဆင်းသက် လာသည်။

၎င်းမှာ ကျင်းရွှမ်ရီ ဖြစ်၏။ သူ့ ထံမှ ဓားရောင်ဝါသည် တောင်ကြီး တစ်လုံး ကဲ့သို့၊ ဖိအားမျိုး ပေးစွမ်း နေသည်။

“ ကျင်း ရွှမ် ရီ လား ... ။ ”

ကုန်းစွန်းယန်က ချန်လင်း အနား တိုးကပ် သွားကာ မေး၏။ ဤလူသည် စိတ်နေ စိတ်ထား ထူးခြားကြောင်း ဝန်ခံ ရပေမည်။

“ စီနီယာ အစ်ကို ကျင်း လာပြီ။ ”

“ ဒီရက်ပိုင်း အတွင်း ... ၊ ပိုသန်မာ လာပုံ ရတယ်။ ”

“ မြေကြီး အဆင့် သတ်မှတ် ချက်က ... ၊ ကျန်တဲ့ လူတွေလည်း၊ အားကောင်း ပါတယ်၊ ဒါပေမယ့် စီနီယာ အစ်ကို ကျင်းကို မမီဘူး။ ”

“ ငါ ... ၊ သတင်း ကြား တာတော့ ... ၊ နဂါးသွေး လွှတ်ကြော နယ်ပယ်၊ သင်ထောက် တစ်ယောက်ကို၊ အစ်ကို ကျင်းက အနိုင်ယူ နိုင်ခဲ့ တယ်တဲ့ ... ။ ”

သင်းထောက် ဟူသည် တစ်ချိန်က တပည့်များ ဖြစ်၏။ တပည့် များကြား ထူးချွန် သူများ မဟုတ် သော်လည်း၊ လေလွင့် ကျင့်ကြံ သူများထက်၊ ပို၍ အားကောင်း လေသည်။

ထို့ကြောင့် သင်းထောက် တစ်ဦး အပေါ်၊ အနိုင်ယူ ခဲ့သည့်၊ ကျင်းရွှမ်ရီမှာ လေးစား စရာ ဖြစ်လာ၏။

“ ဝှစ် ... ။ ”

သည့်စဉ် ကြက်သွေးရောင် တောင်ထိပ် အတွက်၊ သတ်မှတ် ထားသော နေရာသို့၊ နေ (၃) စင်း ဆင်းသက် လာသည်။

အလယ်၌ ရပ်နေ သူမှာ ကျိရှုရွှမ် ဖြစ်၏။ ၎င်းအား မြင်ချိန်၌ အော်ဟစ် အားပေး သံများ ညံလာ တော့သည်။

“ ကျိ ရှု ရွှမ် ... ။ ”

“ ကျိ ရှု ရွှမ် ... ။ ”

“ ကျိ ရှု ရွှမ် ... ။ ”

“ မြေကြီး အဆင့်ရဲ့ ကြယ်နှစ်ပွင့်၊ ဒီနှစ်လည်း သူတို့ နှစ်ယောက် ပြိုင်ဘက်ကင်း နေမှာ သေချာတယ်။ ”

“ သူတို့ နှစ်ယောက်လုံး၊ နောက်နှစ်ဆို နဂါးသွေး လွှတ်ကြော နယ်ပယ်ကို၊ ရောက်လိမ့် မယ်လို့၊ ငါ ထင်တယ်။ ”

“ ဟုတ်တယ် ... ဒါကြောင့် ဒီနှစ်က သူတို့ အတွက် နောက်ဆုံးပဲ၊ နောက်တစ်ကြိမ် ပြိုင်ပွဲ ဆိုရင်၊ သူတို့ ပါဝင်လာ တော့မှာ မဟုတ်ဘူး။ ”

“ ဘယ်သူ နိုင်မယ် ထင်လဲ ... ၊ အရင် ကတော့ ကျိရှုရွှမ်က အမြဲ အသာစီး ရခဲ့တယ်။ ”

“ ဒါကတော့ သူက ဂိုဏ်းချုပ် တပည့်ကိုး၊ ကျင်းရွှမ်ရီ မှာသာ၊ ဒီလို အခွင့် အရေးမျိုး ရှိရင်၊ အလားတူ ဖြစ်မှာပဲ။ ”

မည်သို့ပင် ဆိုစေ ကာမူ၊ နှစ်ယောက် စလုံးတွင်၊ အမာခံ ပရိတ်သတ်များ ရှိချေ၏။ ထို့ကြောင့် တစ်စုံ တစ်ယောက်မှ ပို၍ သန်မာ ကြောင်း၊ အမြဲ ငြင်းခုံ မိကြသည်။

“ နေဦး ... ၊ လင်းယွန် မတွေ့ ပါလား။ ”

“ အိုး ... ၊ ဟုတ်သား သူ မလာ ဖူးလား။ ”

ချက်ချင်းပင် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားပြီး အရိယာ တောင်ထိပ်ထံ ကြည့်လာ ကြ၏။

လင်းယွန်သည် ဤရက်ပိုင်းများ အတွင်း ပျောက်ကွယ် နေခဲ့သည်။ ဟွမ်ဖူရန်ပင် ကြယ် (၄)ပွင့် ဖန်တီး ထားနိုင်ပြီ ဖြစ်၏။

“ သူ မလာ တော့ဖူး ထင်တယ်၊ မြေကြီး အဆင့်က ဆယ်ယောက် လုံးက သူ့ကို ပစ်မှတ် ထားနေတာ သိသာ နေတာပဲ။ ”

အထူး သဖြင့်၊ ကျင်းရွှမ်ရီနှင့် ကျိရှုရွှမ်မှာ ဟွမ်ဖူရန် မဟုတ်ချေ။ ၎င်းတို့သာ ပစ်မှတ်ထား လာပါက၊ လွတ်မြောက်မည် မဟုတ်ကြောင်း ပြောနိုင်သည်။

ခေတ္တမျှ တိတ်ဆိတ် သွားပြီးနောက်၊ ပြိုင်ပွဲနှင့် ပတ်သတ်သော အချင်း အရာများ အပေါ်၊ ဝေဖန် သံများ ညံလာ တော့၏။ ထိုစဉ် ကောင်းကင်မှ ပုံရိပ် ငါးရိပ် ဆင်းသက် လာသည်။

အလယ်မှ ဆင်းသက် လာ သူသည်၊ ဂိုဏ်းချုပ် မူရွှမ်ကောင် ဖြစ်၏။ သူ့ရောင်ဝါမှာ ကျန် (၄)ဦးထက် ပို သိပ်သည်း နေသည်။

“ ဂိုဏ်းချုပ်ကို ... တွေ့ရတာ ဝမ်းသာ ပါတယ်။ ”

တပည့်များ အားလုံး လက်ဝှေ့ ယမ်းပြီး၊ နှုတ်ဆက် လိုက်ကြသည်။ တောင်ထိပ် သခင် များနှင့် အတူ၊ ဂိုဏ်းချုပ်ပါ ရောက်ရှိ လာ သဖြင့်၊ အံ့သြ နေမိ၏။

“ ဒီမှာ လူတွေ အများကြီး ပါလား၊ တောင်ထိပ် ငါးခု ပြိုင်ပွဲက ဒီနှစ် ပိုအသက် ဝင် လာပုံပဲ၊ မင်းတို့တွေ ... ဒီလောက် အထိ၊ ယဉ်ကျေး နေဖို့ မလိုဘူး။ ”

မူရွှမ်ကောင်မှ ပြုံးပြီး ပြန်ပြော လိုက်သည်။

“ ဒီတစ်ကြိမ်က အရင် ပြိုင်ပွဲ တွေနဲ့၊ မတူတာတော့ အမှန်ပဲ၊ ဒါကြောင့် လူတိုင်းက အကောင်းဆုံး လုပ်ကြပါ၊ ဒါပေမယ့် ... ။ ”

မူရွှမ်ကောင်က လူအုပ်ထံ ဝေ့ကြည့်ကာ၊ စိတ်ဝင်စား မှုကို ဆွဲယူ လိုက်သည်။

“ ဒီတစ်ကြိမ် စည်းမျဉ်းတွေ နည်းနည်း ပြောင်းထားတယ်၊ သာမန် ဆုလာဘ်တွေ အပြင် ချန်ပီယံကို နဂါး-သွေး သလင်းကျောက် တစ်ခု ပေးမယ်။ ”

“ ..... ။ ”

လူတိုင်း ရုတ်ရုတ် သဲသဲ ဖြစ်သွား၏။ နဂါးသွေး သလင်းကျောက်မှာ၊ နတ်ရွှေကျီးကန်း သံသွေးနှင့် အဆင့်တူ ရတနာ ဖြစ်သည်။

ကျင်းရွှမ်ရီနှင့် ကျိရှုရွှမ်မှာ အံ့သြပြီး ရှုပ်ထွေးသော အသွင်အပြင်ဖြင့် ငြိမ်သက်သွား ၏။

ဂိုဏ်းချုပ်မှာ လင်းယွန်ကို ပေးခဲ့သော နတ်ရွှေကျီးကန်း သံသွေးကြောင့်၊ ဖြစ်လာသော မကျေ လည်မှု များကို၊ လျော်ကြေး ပေးလို ပုံ ရနေသည်။

ချန်ပီယံသည် ကြယ် နှစ်ဖော်ဟု တင်စား ကြသော သူတို့ လက်တွင်သာ ရှိ၏။ ထို့ကြောင့် ချန်ပီယံ ဖြစ်ရန်မှာ၊ ခက်ခဲ လာပေ တော့မည်။

“ ထိပ်တန်း ဆယ်ယောက် အဆင့်ကို ဝင်တဲ့ လူတိုင်း၊ ဒသမတန်း ဓားဝိညာဉ် ပုလဲ တစ်လုံးစီ ရမယ်။ ”

“ ဝိုး ... ။ ”

ဤကြေငြာ ချက်က ထိပ်တန်း ဆယ်ယောက်တွင် ရှိနေသော ကျန်သူ များကို ပြုံးမိလာ စေ၏။

သည်နှစ်၌ ရက်ရော လှသော ဆုကြေး များကြောင့်၊ ပြိုင်ပွဲမှာ မြိုင်ဆိုင် လာပေ တော့ မည်။

ထို့နောက် အပြောင်း အလဲ လုပ်ထားသည့်၊ စည်းမျဉ်း များကို မူရွှမ်ကောင်မှ ပြန်၍ ကြေငြာ ပေးလေသည်။

တိမ်ပင်လယ် အောက်တွင်၊ ကြယ်စင် လေ့လာရေး ရေကန် ရှိသည်။ ဓား ဧကရာဇ်၏ ဓား ရည်ရွယ်ချက်ကြောင့် ထိုရေကန်တွင်၊ ကြာပန်း တစ်မျိုး မွေးဖွား လာ၏။

၎င်းမှာ ထူးခြား ဆန်းပြားသော မိုးပြာ ဓားကြာပန်း ဖြစ်၏။ မိုးပြာ ဓားကြာ ပန်းကို၊ အဆင့် (၉)ဆင့် ခွဲခြား ထားသည်။

ဒုတိယတန်း မိုးပြာ ဓားကြာပန်း တစ်ပွင့်သည် ပထမတန်း မိုးပြာ ဓားကြာပန်း (၁၀) ပွင့်နှင့် ညီမျှ၏။

ထို့ကြောင့် ကြာပန်း အရေ အတွက်ပေါ် မူတည်ကာ၊ အဆင့်ကို သတ်မှတ် ပေးကြမည် ဖြစ်သည်။

နဝမတန်း မိုးပြာ ဓားကြာပန်း မှာမူ၊ တစ်ပွင့်တည်းသာ ရှိသဖြင့်၊ ၎င်းကို ရရှိ သူသည် ချွင်းချက် မရှိ ချန်ပီယံ ပေပင်။

“ ဒီကြာပန်းတွေ အားလုံးက ... ၊ ရတနာ တွေပဲ၊ ဒါပေမယ့် မင်းတို့ ထင်ရာ စိုင်းလို့ မရဘူး၊ ခွန်အားထက် သာလွန်တဲ့၊ ကြာပန်း တွေကို ခူးဖို့ စဉ်းစား နေတာကို ရပ်ပါ၊ ကဲ ... မေးစရာ မရှိရင်၊ ပြိုင်ပွဲကို စလိုက် ရအောင်။ ”

ဂိုဏ်းချုပ် စကားကြောင့် မုချွမ်မှာ မျက်နှာ ပျက်ယွင်း သွားသည်။ လင်းယွန်ကို မည်သည့် နေရာ တွင်မှ မမြင်ရ သောကြောင့် ဖြစ်၏။

သည့်စဉ် ဓားတစ်လက် တိမ်ပင်လယ် အတွင်းမှ အရှိန် ပြင်းပြင်းဖြင့်၊ ချည်းကပ် လာ နေသည်ကို၊ သတိထား မိသွားသည်။

တိမ်ပင်လယ် ကွဲထွက် သွားကာ၊ နေမင်း တစ်စင်း အလား၊ ရွှေအလင်းများ ဖြာကျလျက်၊ လင်းယွန် တစ်ယောက် ဆင်းသက် လာ၏။

“ ဖ ရူး ... ။ ”

ရူရ်များ လင်းလက် တောက်ပ နေသဖြင့်၊ ရင်သပ်ရှု မောဖွယ် ကောင်းသော ရွှေကျီးကန်း တောင်ပံ များကို၊ လူတိုင်း ငေးကြည့် မိသည်။

“ အရိယာ တောင်ထိပ်ရဲ့၊ တပည့် လင်းယွန်က၊ ဂိုဏ်းချုပ်နဲ့ တောင်ထိပ် သခင် တွေကို နှုတ်ဆက် ပါတယ်။ ”

“ မင်း ... ၊ နောက် ကျ တယ် ... ။ ”

မူရွှမ်ကောင်မှ ပြုံးကာ ပြော၏။

“ ဒါ ... ။ ”

လင်းယွန်က တောင်ပံများ ရုတ်သိမ်းပြီး၊ မျက်နှာပူ သွားသည်။ အရှိန် အပြည့်ဖြင့် ခရီးနှင် ခဲ့သော်လည်း၊ အနည်းငယ် နောက်ကျ နေသေး၏။

“ ဟား ဟား ဟား ... ၊ ဒီအတွက် မင်းမှာ အကြောင်း ပြချက် ပေးလို့ မရဘူး၊ နောက်ကျ တာက၊ နောက်ကျ တာမို့၊ သဘာဝ အတိုင်း စျေးပေး ရမယ်၊ အခု ပြိုင်ပွဲက စနေပြီ။ ”

မူရွှမ်ကောင်က သူ့လက်ကို ဝှေ့ယမ်း လိုက်ပြီး၊ လင်းယွန် ပတ်ပတ် လည်အား၊ ဓား ရောင်ခြည် များဖြင့်၊ ပိတ်ချ လိုက်သည်။

“ ဒီမှာ ... ၊ တစ်နာရီ နေပါ။ ”

ယင်းကြောင့် လူတိုင်း အံသြ သွား၏။ ဆိုလိုသည်မှာ လင်းယွန် တစ်ယောက် ပြိုင်ပွဲကို စွန့်လိုက် ရပြီ ဖြစ်သည်။

ဟွမ်ဖူရန်သည် အပျော်ဆုံး ဖြစ်၏။ လင်းယွန်က မေးစေ့ကို ကိုင်လျက်၊ စဉ်းစား နေမိသည်။

သူ အချိန်မီ သည်မှာ၊ မြင်သာ သည်။ ထို့ကြောင့် ဂိုဏ်းချုပ်မှ မည်သည့် အရာများ ကြံစည် နေ သည်ကို၊ သိချင် လာ၏။

အမှန်ပင် ဤပြိုင်ပွဲမှ သူ့အား ထုတ်ပယ် ထားလို သည်လော။ ယင်းသို့ မဟုတ် ခဲ့သော် စိတ်ဝင်စား စရာ ပေပင်။

***

All Chapters