← Chapters

မင်းသား ရန်၏ အဖေ။

Vol. 105 Ch. 1464

မင်းသား ရန်၏ အဖေ။

Vol. 105 Ch. 1464

“ လင်းယွန် ... ၊ မင်းမှာ ပြောစရာ ရှိလား။ ”

မူရွှမ်ကောင်က ပြုံးလျက်၊

“ မကျေနပ်တာ ရှိရင် ပြောလို့ ရတယ်နော်။ ”

-ဟု ပြောလာသည်။

“ မရှိ ပါဘူး ... ၊ နောက်ကျ တာက နောက်ကျတာမို့၊ ဒီပြစ်ဒဏ်ကို တပည့် လက်ခံ ပါတယ်။ ”

လင်းယွင်က ပြုံးပြီး စင်မြင့်ပေါ် ထိုင်ချ လိုက်သည်။ အရိယာ ကောင်းကင် ဓားကို အာရုံ စိုက်နေ မိသဖြင့်၊ ပြိုင်ပွဲအား မေ့လျော့ သွားခဲ့သည်။

မည်သို့ပင် ဆိုစေ ကာမူ၊ နောက်ကျ သွားသည့် အပေါ်၊ ငြင်းခုံ နေစရာ အကြောင်း မရှိချေ။ ထိပ်ဆုံး (၁၀)ဦး အတွင်း မဝင်သော်၊ သူ့ အပြစ်သာ ဖြစ်၏။

“ ဒါဆို ... ၊ တံဆိပ်ကို ဖြည်ရအောင်၊ စမယ်။ ”

စကား ဆုံး သည်နှင့် မူရွှမ်ကောင် အပါ အဝင်၊ တောင်ထိပ် သခင် များ၏ ခန္ဓာ ကိုယ်မှ ဓားအလင်း များ ဖြာထွက် လာသည်။

ရစ်သိုင်းနေသာ တိမ်မြူ များမှာ တဖြည်းဖြည်း ပြန့်ကျဲ သွားပြီး၊ နယ်မြေ တစ်ခု ပေါ်လာသည်။

တိမ်ပင်လယ်ကြီး ပွင့်လာသော အခါ၊ ဓားအလင်းများ ဖြာကျနေသော ဥက္ကာခဲ များကို မြင်လိုက် ရသည်။

ယင်းက ကမ္ဘာ့ အပြင်ဘက်ကို၊ မြင်နေရ သကဲ့သို့၊ ဖြစ်နေ၏။ သို့သော် ထူးဆန်း သည်မှာ အာကာပြင် တစ်ခု တည်းတွင်၊ ရှိနေ သကဲ့သို့၊ အရာ အားလုံးကို၊ ရှင်းရှင်း လင်းလင်း မြင်နေ ရခြင်း ဖြစ်သည်။

၎င်းသည် လွန်ခဲ့သော အနှစ် (၃၀၀၀)မှ ယုချင်းဖန် ချန်ထား ခဲ့သော ဓား ရည်ရွယ်ချက် ကြောင့် ဖြစ်၏။

ယင်းကြောင့် ထိုဓား ရည်ရွယ်ချက် မည်မျှ ထူးခြား သည်ကို စူးစမ်းလို စိတ်ဖြင့် ငေးကြည့် နေမိ ကြသည်။

အတွေးထဲ နစ်မျော နေ မိစဉ်၊ ကုန်းစွန်းယန်နှင့် ချန်လင်းက၊ လင်းယွန် အနား ဖြည်းညှင်းစွာ လျှောက်လှမ်း လာ၏။

လင်းယွန်က သူတို့အား ပြုံးလျက် ခေါင်းညိတ် ပြမိသည်။

“ လင်းယွန် မင်းက၊ တစ်နာရီ ကြာ ထိန်းသိမ်း ခံထား ရတာတောင် ... ၊ စိတ်ပူပုံ မရ ပါလား။ ”

ချန်လင်းမှ ခေါင်းကိုက် သွားသည်။ ဤအရာက ထိပ်ဆုံး (၁၀)ဦး အဆင့်သို့ ဝင် ရောက်ရန်၊ စိတ်ကူးအား လွင့်ပါး စေသည် မဟုတ် ပါလော။

“ ဒီပြိုင်ပွဲရဲ့ ဆုလာဘ်ကို ပြောလိုက်၊ ဒီကောင် အခုလို မပြုံးနိုင် စေရဖူး ဆိုတာ ငါ လောင်းရဲတယ်။ ”

ကုန်းစွန်းယန်က လင်းယွန် အကြောင်း ကောင်းကောင်း သိသဖြင့်၊ ရယ်မော လိုသော အသွင်နှင့် ပြောလာသည်။

“ ဘာ ... ဆုလာဘ်လဲ။ ”

သူ့တွင် အရင်း အမြစ်များ ကုန်ဆုံး သွားပြီ ဖြစ်သဖြင့်၊ ကုန်းစွန်းယန် စကားကို လင်းယွန်မှ စိတ်ဝင်စား သွားသည်။

“ ချန်ပီယံ အတွက်၊ နဂါး-သွေး သလင်း ကျောက်၊ ဒါက ... နတ်ရွှေကျီးကန်း သံသွေးနဲ့၊ အဆင့် တူတယ်၊ ကျန် ကိုးယောက် အတွက်၊ ဒသမတန်း ဓားဝိညာဉ် ပုလဲ တစ်လုံးစီ။ ”

ချန်လင်း စကားကြောင့်၊ လင်းယွန် ခမျာ မျက်လုံးပြူး သွား၏။ ဆက်ပြီး တည်ငြိမ်အောင် မနည်း ထိန်းနေ ရသည်။

မိုးပြာ ဓားကြာပန်း များ၏ အရည် အတွက်ပေါ် မူတည်ကာ၊ အဆင့် သတ်မှတ်မည် ဆိုက၊ တစ်နာရီကြာ ကန့်သတ် ခံရ ခြင်းသည်၊ ပြိုင်ပွဲမှ ထုတ်ပယ်ခြင်း မည်၏။

“ မင်းတို့ ... အရင် သွားနှင့်တော့ ... ၊ နောက်မကျ စေနဲ့ ... ၊ ဒသမတန်း ဓားဝိညာဉ် ပုလဲက ရတနာပဲ၊ ထိပ်ဆုံး ဆယ်ယောက်ထဲ ဝင်အောင် ကြိုးစားပါ။ ”

ဒသမတန်း ဓားဝိညာဉ် ပုလဲကို၊ သန့်စင် ထားပြီး ဖြစ်သဖြင့်၊ ၎င်းတန်ဖိုးအား အခြားလူ များထက် လင်းယွန်မှ ပိုသိသည်။

များမကြာခင် လူတိုင်း တိမ်မြူ အတွင်း ခုန်ဆင်းသွား သဖြင့်၊ ကောင်းကင် လေ့လာရေး စင်မြင့်သည်၊ ဗလာ ဖြစ်သွား၏။

သို့သော် လောင်းကျွမ်း နေသော အမွေးတိုင် တစ်တိုင်နှင့် လင်းယွန် ခမျာ ထိုင်လျက် ကျန်ရစ် ခဲ့သည်။

အချိန်များ တရွေ့ရွေ့ ကုန်လွန်လာ ချိန်၌ ပေးအပ်မည့်၊ ဆုလာဘ် များကို ပြန်တွေး မိကာ၊ လင်းယွန် တစ်ယောက် မတည်ငြိမ် တော့ချေ။

မူချင်းချင်းနှင့် မူရွယ်ချင်းမှာ အံ့သြ စွာဖြင့် ကောင်းကင် လေ့လာရေး စင်မြင့်ထံ ကြည့်နေမိ သည်။

လင်းယွန်၏ တိုက်ပွဲ များမှ၊ အကျိုး ကျေးဇူးရစေ နိုင်မည်ဟု မျှားခေါ် ထားမိသော မူချင်းချင်း ခမျာ၊ အဆင် မပြေ ဖြစ်လာပြီး၊

“ အဖေက မကောင်းဘူး၊ လင်းယွန် အချိန်မီတာ သိသာ နေတာကို ... ၊ တမင် တစ်နာရီ ကန့်သတ် ပစ်တယ်။ ”

-ဟု ညည်းတွား အပစ်တင် လိုက်၏။

သူမ စကားကို မူရွယ်ချင်းမှ မတုန့် ပြန်ချေ။ လင်းယွန်ထံ ကြည့်ကာ အတွေးပွား နေမိသည်။

“ မမ ... ၊ နင့်ရဲ့ အချိန် တွေကို ဖြုန်းမိလို့ တောင်းပန် ပါတယ်။ ”

သို့တိုင် မူရွယ်ချင်းမှာ လင်းယွန်ကို စိုက်ကြည့် နေဆဲ ဖြစ်သည်။

“ မမ ... ၊ ဘာဖြစ် နေတာလဲ၊ ငါပြောတာ ကြားလား။ ”

လျစ်လျူရှု ခံရ သဖြင့်၊ ဒေါသထွက် လာတော့သည်။ ထို့ကြောင့် သူမ အစ်မ ရှေ့တွင် ပိတ်ရပ်ကာ၊ လင်းယွန်ကို မမြင်အောင် ကွယ် လိုက်၏။

“ ဖယ် စမ်း ပါ ... ။ ”

မူရွယ်ချင်းမှ အနှောက် အယှက် ဖြစ်သွား ဟန်ဖြင့်၊ သူမကို အော်ငေါက် လာသောကြောင့်၊ မူချင်းချင်း ခမျာ အံဩ သွားသည်။

“ မမ ... နင် ဘာလို့ ... ၊ လာအော် နေရ တာလဲ။ ”

“ နင်က ... ငါ့ မျက်စိ ရှေ့မှာ၊ ပိတ်နေ တာကိုး။ ”

မူရွယ်ချင်းက အော်မိ သည်ကို၊ ဂရုစိုက်ပုံ မပြဘဲ၊ မူချင်းချင်းအား ကျော်တက် သွားကာ လင်းယွန်ထံ ထပ် ကြည့်သည်။

ထိုအချိန်၌ တစ်နာရီ ပြည့်သွားပြီ ဖြစ်သဖြင့်၊ လင်းယွန်မှာ တိမ်မြူများ အတွင်းသို့ ခုန်ဆင်းသွား သည်ကို၊ မြင်လိုက် ရ၏။

“ ..... ။ ”

ထို့ကြောင့် ကောင်းကင် လေ့လာရေး စင်မြင့်ပေါ်၊ ချက်ချင်း ပျံသန်းလျက်၊ ခုန်ဆင်း သွားသော လင်းယွန်ထံ လိုက်ပါ ငုံ့ကြည့် မိသည်။

ကြယ်စင် လေ့လာရေး ရေကန်ပေါ်၊ ရွှေရောင် အလင်းတန်း အသွင်ဖြင့်၊ ဆင်းသက် သွားသော အပြာရောင် အရိပ် တစ်ရိပ်ကို မြင်နိုင်၏။

“ အစ်မ မူ ... ။ ”

စင်မြင့်အား တာဝန် ယူရသော နဂါး သွေးလွှတ်ကြော နယ်ပယ် တပည့် များမှာ၊ ချက်ချင်း နှုတ်ဆက် လိုက်ကြသည်။

သူမ သည် ကောင်းကင် အဆင့်တွင် တတိယ ဖြစ်ပြီး၊ ပြိုင်ဘက်ကင်း အလှ တရား ဖြစ်၏။ ဂိုဏ်းချုပ် သမီး ဖြစ်သောကြောင့်၊ ဂုဏ်သိက္ခာ မြင့်မား လေသည်။

မူရွယ်ချင်းက ၎င်းတပည့် များအား ခေါင်းညိတ် ပြကာ၊ လင်းယွန် ထံသာ ဆက်၍ အာရုံစိုက် ထား၏။

ထိုအပြု အမူက သူမအား နှုတ်ဆက် နေသော တပည့် များကို၊ အဆင် မပြေ ဖြစ်လာ စေသည်။

မူရွယ်ချင်း၏ အာရုံကို လင်းယွန်မှ ရရှိ သွားပုံ ရသည်။ ထို့ကြောင့် ဤပြိုင်ပွဲအား လာ ကြည့်ခြင်း ဖြစ်၏။

ယင်းက ထိတ်လန့် အံဩ စရာ ပေပင်။ မူရွယ်ချင်း ဟူသည် ကောင်းကင် ပထမ အဆင့်၊ ကူရို့ချမ်း အပေါ်ပင်၊ အမြဲတမ်း လျစ်လျူရှု ထားသူ ဖြစ်၏။

“ ရွယ်ချင်း ... ၊ မဟုတ်လား။ ”

တောင်ထိပ် သခင် ငါးပါး သည်ပင်၊ ချွင်းချက် မရှိချေ။ မူရွယ်ချင်းကို မြင်ပြီး၊ သဘာဝ အတိုင်း မျက်ခုံးပင့် ကုန်၏။

“ ဒီကောင်မလေး သတိ ထားမိ သွားပုံပဲ၊ ဟား ဟား ဟား ... ၊ ဒါပေမယ့် ... အများကြီး သူ မြင်နိုင် မှာတော့ မဟုတ် ပါဘူး။”

မူရွှမ်ကောင်က သူ့သမီး အကြီး မိကို ကြည့်ကာ၊ ရယ်မော လိုက်သည်။ သူ့စကားများ နောက်ကွယ်၌၊ လျှို့ဝှက်ချက် ရှိနေကြောင်း တောင်ထိပ် သခင်များ သိ၏။

ထို့ကြောင့် လင်းယွန်ထံ ပြန်ကြည့် မိသည်။ သို့သော် လင်းယွန်မှာ ကြယ်စင် လေ့လာရေး ရေကန်ပေါ်၊ ရောက်ရှိ သွားပြီ ဖြစ်သည်။

၎င်းအရပ်တွင် ဓားဧကရာဇ် ယုချင်းဖန်၏ ဓားရည်ရွယ်ချက် ရှိနေ သောကြောင့်၊ အနီးကပ် စစ်ဆေးရန် မဖြစ် နိုင်တော့ချေ။

“ ကောင်လေးက ကစားပွဲ ရလာဒ်ကို ပြောင်းပစ် နိုင်တယ်လို့ ... ပြောချင် တာလား၊ တစ်နာရီ နောက်ကျ နေတဲ့ အတွက်၊ ထိပ်ဆုံး ဆယ်ဦး စာရင်း ဝင်ဖို့၊ မလွယ်လှ ပါဘူး။ ”

ရွှေရောင် တောင်ထိပ် သခင်က ခေါင်းယမ်းလျက်၊ သူ့ အမြင်ကို ထုတ်ပြော လိုက်သည်။

“ အမှန်ပဲ၊ တစ်နာရီ ဆိုတာ ထိပ်ဆုံး ဆယ်ဦးကို ဆုံးဖြတ်ဖို့၊ လုံလောက် တာထက် ပိုနေ ပါပြီ။ ”

အပြာရောင် တောင်ထိပ် သခင် မှလည်း၊ ထောက်ခံ လာ၏။

“ ဟုတ်တယ် ... ၊ မဖြစ် နိုင်ဘူး။ ”

မုချွမ်က ခေါင်းညိတ်ကာ ထောက်ခံသည်။ လင်းယွန် တစ်ယောက် ထိပ်ဆုံး (၁၀)ဦး ဝင်ရန်၊ မျှော်လင့်ချက် နည်းပါး သွားပြီ ဖြစ်သည်။

“ အစ်ကိုကြီး ... ၊ ငါတို့ကို ပြောပြ ပါဦး၊ ဘာများ ထူးခြား နေလို့လဲ။ ”

မရဏ တောင်ထိပ် သခင်က၊ မူရွှမ်ကောင်အား ကြည့်ကာ မေး လိုက်သည်။ လင်းယွန်အား သတိထား စောင့်ကြည့်ရန်၊ စိတ် မဝင်စား မိခဲ့သည့် အပေါ်၊ နောင်တ ရလာ၏။

သို့သော် မူရွှမ်ကောင်မှ ပြုံးရုံသာ ပြုံး ပြသည်။ သူ သည်လည်း၊ လင်းယွန် ချန်ပီယံ ဖြစ်လိမ့် မည်ဟု၊ မထင် ထားချေ။

သို့သော် ထိပ်တန်း (၁၀)ယောက် အတွင်း ဝင်ရန်မူ လွယ်ပေ၏။ အဘယ့်ကြောင့် ဆိုသော် နက္ခတ် မခေါ်ဘဲ၊ ဟွမ်ဖူရန်ကို အနိုင်ယူ နိုင်၍ ဖြစ်သည်။

“ ပုံမှန် နှစ်တွေရဲ့ စည်းမျဉ်းတွေ အတိုင်း ဆိုရင်၊ ထိပ်တန်း ဆယ်ယောက် အတွင်း ဝင်ဖို့ ဆိုတာ သူ့ အတွက် မဖြစ် နိုင်တော့ ပါဘူး၊ ဒါပေမယ့် ... ဒီနှစ်က ဖြစ်နိုင် ပါတယ်။ ”

အဆုံးတွင် မူရွှမ်ကောင်က ပြုံးကာ ဖြေပေး၏။ ထိုစကားကြောင့် တောင်ထိပ် သခင် များ၏၊ မျက်နှာ ပြောင်းလဲ သွားသည်။

( ဒါဆို ဒီစည်းမျဉ်း တွေက၊ လင်းယွန် အတွက်လား။ )

မုချွမ် သည်ပင်၊ အသက် ပြင်းပြင်း ရှူကာ သက်ပြင်းချ လိုက်မိသည်။ လက်ရှိ အခြေ အနေ အရ၊ လင်းယွန်မှာ ထိပ်ဆုံး ဆယ်ဦး အဆင့် ဝင်ရန်၊ အချိန် မရှိ တော့ချေ။

“ အစ်ကို မူ ... ၊ မင်း တကယ်ပဲ တွေးရဲ လိုက်တာ ... ၊ ဒါပေမယ့် ... ဒါက ဖြစ်နိုင်ချေ အရမ်း နည်းတယ် မဟုတ်လား။ ”

“ ကျွန်တော် ... သိသလောက် ဆိုရင်၊ သူ တစ္ဆေ ဝိညာဉ် ပညာရပ်ကို၊ မရွေးချယ် ထားခဲ့ ပါဘူး။ ”

ယင်းကြောင့် သူတို့ စကားဝိုင်းကို နားထောင်နေ သူတိုင်း၊ ခေါင်းညိတ် လိုက်ကြ သည်။ တစ္ဆေ ဝိညာဉ် ပညာရပ် မရှိသော်၊ မြေကြီး အဆင့်သို့ ဝင်ရန် မဖြစ် နိုင်ချေ။

“ ဟုတ်တယ် အစ်ကိုကြီး၊ သူက အရိယာ ဓားသုတ္တန် တစ်ခုပဲ ရွေးခဲ့တယ်၊ ဓားပညာရပ်ကို မရွေး ခဲ့ဘူး၊ သူ့မှာ ရှိမယ်လည်း မထင်ဘူး။ ”

မုချွမ်က သက်ပြင်းချကာ ဝင်ပြော လိုက်သည်။ စီနီယာ အစ်ကို တွေးနေ သကဲ့သို့၊ သူ မမျှော်လင့် ရဲချေ။ ကြယ်နှစ်ဖော် ဟူသည် သာမည ဘွဲ့များ မဟုတ် သည်ကို၊ သိ၏။

သို့သော် မူရွှမ်ကောင်က အပြုံး မပျက်ဘဲ၊

“ ဒါဆို ... ဘာ ဆက်ဖြစ် မလဲ စောင့်ကြည့် ရအောင်၊ ဒီတစ်ကြိမ် ပြိုင်ပွဲက ဘာမဆို ဖြစ်လာ နိုင်တယ်။ ”

-ဟု စကား ဝိုင်းကို ဖြတ်ချ လိုက်သည်။

လင်းယွန်နှင့် ပတ်သတ်သော မည်သည့် အရာ ကိုမျှ၊ ဆက်ပြီး မပြော တော့ရန်၊ ဆုံးဖြတ် လိုက် ပုံရ၏။

ထို့ကြောင့် တောင်ထိပ် သခင်(၄) ပါးက၊ အတွေး နက်သွားသည်။ လင်းယွန်တွင် တစ္ဆေ ဝိညာဉ် ပညာရပ် မရှိ သည်မှာ သေချာ၏။

ပြိုင်ပွဲ အစတွင်၊ တစ်နာရီမျှ ကန့်သတ် ခံရပြီး၊ ကြယ်နှစ်ပွင့် ခွန်အားသာ ပိုင်ဆိုင်ထား လေသည်။

ဓားသုတ္တန် ၌မူ တတိယ အဆင့် သာ ဖြစ်သဖြင့်၊ ထိပ်ဆုံး ဆယ်ဦးအား ယှဉ်တိုက်နိုင် စရာ အကြောင်း မရှိချေ။

“ ငါတော့ မယုံဘူး ... ၊ ဒီကောင်လေးက ထိပ်ဆုံး ဆယ်ယောက်ထဲ ဝင်နိုင်ရင်၊ ကြယ်စင် လေ့လာရေး ရေကန် ထဲက၊ ရေတွေ အကုန်လုံး ငါ သောက်မယ်။ ”

အပြာရောင် တောင်ထိပ် သခင်၊ ဟွမ်ဖူကျွယ်မှ ပြောလာခြင်း ဖြစ်သည်။ သူသည် မင်းသား ရန်၏ အဖေ ပီသ ချေ၏။

မူရွှမ်ကောင်မှ လျှို့ဝှက်ချက်အား ဝေမျှ လိုခြင်း မရှိမှန်း သိသော အခါတွင်၊ ဒေါသထွက် လာပြီး၊ တိုက်ရိုက် စိန်ခေါ် လိုက် တော့သည်။

***

All Chapters