သူ ဘာလုပ်ဖို့ ကြိုးစား နေတာလဲ။
Vol. 105 Ch. 1465
ကြယ်စင် လေ့လာရေး ရေကန်သို့၊ ကြယ်ကြွေ သွားသည့် အလား၊ လူရိပ် တစ်ရိပ် ဆင်းသက် လာသည်။
“ ဒါက ကြယ်စင် လေ့လာရေး ရေကန်ပေါ့။ ”
ရေကန် ပတ်ပတ် လည်ကို ကြည့်ပြီး၊ လင်းယွန်မှ ရေရွတ် လိုက်သည်။ ရေကန်မှာ ပင်လယ်သေ တစ်စင်း အလား၊ ကျယ်ပြော ချေ၏။
ထို့ကြောင့် ဝင်ရောက် လာသည့်၊ တပည့် အရေ အတွက် များပြား သော်လည်း၊ အမည်း စက်များ သဖွယ်၊ ပျောက်ကွယ် ကုန်သည်။
ထိုအမည်းစက် များက ရေကန် ဗဟိုသို့၊ ဦးတည် သွားနေ ကြ၏။ ရုတ်တရက် အနားရှိ အပြာရောင် ကြာပန်း တစ်ပွင့်ကို ခူးယူ ကြည့် လိုက်သည်။
ကန်စပ်တွင် ပေါက်ရောက် နေသဖြင့်၊ အရည်အသွေး အနိမ့်ဆုံး အဆင့် ဖြစ်ချေ၏။ သို့သော် ငြားလည်း ဤအဆင့် ပန်း ကိုပင် နေရာ တိုင်း၌ မတွေ့နိုင် တော့ချေ။
ပြိုင်ပွဲဝင် တပည့် များမှ၊ မြင်မြင် သမျှ သိမ်းယူ သွားပုံ ရသည်။ နတ်ဆိုး သားရဲ များ၏ ဟိန်းဟောက် ဒေါသ ထွက်နေ အသံများ၊ လေထဲ ရောထွေး ပဲ့တင်ထပ် နေသည်။
တတိယတန်း မိုးပြာ ဓား ကြာပန်းများ ကိုပင်၊ နတ်ဆိုး သားရဲ များမှ စောင့်ကြပ် နေပုံ ရသည်။
ဓားဧကရာဇ် ယုချင်းဖန်၏ ဓား ရည်ရွယ်ချက်က၊ အာကာပြင် ကို သိမ်းပိုက်ထား သောကြောင့်၊ တပည့် များ၏ ဓား ရည်ရွယ်ချက် မှာ၊ ခေါင်းမပြူ နိုင်လှချေ။
“ စိတ်ဝင်စား စရာပဲ။ ”
လက်ထဲရှိ မိုးပြာ ဓားကြာပန်း ပွင့်ကို၊ လှည့်ပတ် ကစားကာ ပြုံးမိသည်။ သူ့ သွေးများ ပွက်ပွက်ဆူ လာ၏။
တစ်နာရီ နောက်ကျ နေပြီ ဖြစ်သဖြင့်၊ ထိပ်ဆုံး ဆယ်ဦး အဆင့်သို့ ရောက်လိုသော်၊ လုပ်စရာ တစ်ခုသာ ရှိသည်။
ယင်းက နဝမတန်း မိုးပြာ ဓားကြာပန်းကို သိမ်းပိုက်ရန် ဖြစ်သည်။ ယင်းက ကြယ်နှစ်ဖော် နှင့်၊ ရင်ဆိုင် ရမည် ဟူသော အဓိပ္ပါယ် ပေပင်။
ချန်ပီယံ မဖြစ်သော်၊ ထိပ်ဆုံး တစ်ရာပင် ဝင်နိုင် တော့မည် မဟုတ်ချေ။
“ ကောင်းပြီ ... ၊ ကောင်းကင် တပည့်ရဲ့ ခွန်အားက ဘာလဲ ဆိုတာ၊ မင်းတို့ကို ငါ ပြမယ်၊ ဟား ဟား ဟား ... ။ ”
အသက် ပြင်းပြင်း ရှူပြီး၊ အရိယာ ဓားသုတ္တန်ကို ဖြန့်ချီ လိုက်၏။ ငရဲပန်း ပွင့်လာ သည်နှင့်၊ ချွေးပေါက် များမှ အနက်ရောင် အခိုး အငွေ့များ လျှံထွက် လာသည်။
“ ဝှစ် ... ။ ”
သည့်နောက် မီးခိုးတန်း သဖွယ် ရေကန် အလယ်သို့ ပြေးဝင်သွား တော့၏။ သူ သွားရာ လမ်း၌၊ ကြုံလာ သမျှသော နတ်ဆိုး သားရဲ များမှာ၊ ဦးခေါင်းများ ပေါက်ကွဲပြီး၊ အမှုန် အဖြစ်၊ တိုက်စား ခံလိုက် ရသည်။
အရိယာ ဓားသုတ္တန် တတိယ အဆင့် အထွတ် အထိပ်သို့၊ ရောက်ရှိ သွားခဲ့ သဖြင့့်၊ ပျက်စီး ကုန်သော အသွင် အပြင်မှာ၊ ကြောက်စရာ ကောင်းနေ၏။
သွေးတစ်စက်၊ အသား တစ်စ မျှပင်၊ ပျံကျဲ သွားခြင်း မရှိ ခဲ့ချေ။ ပန်းချီ ကားရှိ ဆေးစက်ကို၊ သုတ်လိုက် သလို၊ ပျက်ပြယ် ကုန်ခြင်း ဖြစ်၏။
“ အိုး ... ဘယ် အဆင့်လဲ။ ”
လေထဲရှိ အလွန် ထက်ရှ သိပ်သည်း လွန်းသော၊ ဓား ရည်ရွယ်ချက်ကို သတိထား မိလာသည်။ ၎င်းက ဝိညာဉ် စွမ်းအင် အလား၊ သူအား ရုတ်တရက် လန်းဆန်း လာစေ၏။
အသက်ရှူ ရုံဖြင့် ဓား ရည်ရွယ်ချက်ကို စုပ်ယူနိုင် လိမ့်မည်ဟု၊ ယောင်၍ မျှပင် မတွေးမိ ဖူးချေ။
“ ဝှစ် ... ။ ”
ရှေ့တွင် မြူများ ပိန်းပိတ်အောင် ရစ်သိုင်း နေသဖြင့်၊ ရေကန် ဗဟို အရပ်သို့ ရောက်ရှိရန် မည်မျှ လိုသေးမှန်း၊ မသိ နိုင်ချေ။
ထို့ကြောင့် တစ်စုံ တစ်ဦးမှ၊ နဝမတန်း မိုးပြာ ဓားကြာပန်းကို ရယူသွား မည်အား၊ ရုတ်တရက် စိုးရိမ်လာ မိသည်။
၎င်းကို ရရှိ သည်နှင့်၊ ရင်ဆိုင် တိုက်ခိုက် နေစရာ မလိုဘဲ၊ ပြိုင်ပွဲ ပြီးဆုံး သွားမည် ဖြစ်ရာ၊ ချက်ချင်း အရှိန်မြှင့် တင်လိုက်၏။
“ ဖရူး ... ။ ”
ရွှေကျီးကန်း တောင်ပံများ ပွင့်လာပြီး တဟုန်ထိုး ပျံသန်း လိုက်တော့သည်။ မကြာမီ နောက်ဆုံးမှ ပြေးလွှား နေသော ပြိုင်ပွဲဝင် များကို၊ မြင်လာ ရ၏။
လမ်း တစ်လျှောက် မိုးပြာ ဓားကြာပန်း များကို တွေ့လာရပြီ ဖြစ်သော်လည်း၊ တစ်ချက် သာ လှည့်ကြည့် ခဲ့သည်။
နဝမတန်း သည်သာ ပန်းတိုင် ဖြစ်၏။ ချန်ပီယံ မဖြစ်သော်၊ လူပြက် တစ်ကောင် ဖြစ် ရပေ လိမ့်မည်။
ရုတ်တရက် သူ့ ဓား ရည်ရွယ်အား၊ တိုး၍ ဖိနှိပ် လာကြောင်း ခံစားလိုက် ရသည်။ ၎င်းမှာ ဓားဧကရာဇ်၏ ဓားဖြစ်ပြီး၊ အဆုံးမဲ့ကာ၊ ဝါးမျိုနိုင် သည်ဟု ခံစား ရစေ၏။
ထို့အပြင် လမ်းကို ပိတ်ဆို့ ဟန့်တား လာသည့်၊ သားရဲ အရေ အတွက် သည်လည်း၊ စိုးရိမ် ဖွယ်ရာ ပမာဏ အထိ တိုးလာသည်။
ဤနေရာသည် အလယ် ဗဟို ဒေသသို့၊ ရောက်ရှိ တော့မည် ဖြစ်ကြောင်း၊ နားလည် လိုက်သည်။
ကြယ်စွမ်းအင် များကို စုဆောင်းပြီး၊ နေလ လက်သီးအား ထုတ်ဖော် လိုက်၏။ ‘နေနဂါး နှင့် လ ဒေါသ၊’ ဖြစ်သည်။
ထို့ကြောင့် နေ-လ တံဆိပ် ပါသော ဆေးအိုးကြီး တစ်လုံး ပေါ်လာကာ၊ သူ့ရှေ့တွင် ပိတ်ဆို့ နေသော သားရဲများ အားလုံးကို၊ ပေါက်ကွဲ စေတာ့သည်။
နေလ လက်သီးသည် သူ့ခွန်အားကို အပြည့်အဝ မပြနိုင်ချေ။ သို့သော် ဤအဆင့် နတ်ဆိုး သားရဲများ ကိုမူ၊ ဖြေရှင်းရန် လုံလောက် နေသေး၏။
သည့်နောက် အရှိန်ကို ထပ်မံ မြှင့်တင် လိုက်သည်။ နေတစ်စင်း ပျံသန်းနေ သကဲ့သို့၊ ရွှေရောင်များ ဖြာထွက် လာ၏။
“ ဘယ်လို တောင် ... ၊ မြန်လိုက်လဲ။ ”
“ ဘယ်သူလဲ ... ၊ ကြောက်စရာ ကောင်း လိုက်တာ။ ”
“ ပင်မ နတ်ဘုရား နယ်ပယ် ... နတ်ဆိုး သားရဲ သုံးဆယ် နီးပါးကို၊ လက်သီး တစ်ချက်နဲ့ ဖြေရှင်း သွားတယ်။ ”
တတိယတန်း မိုးပြာ ဓားကြာပန်း အတွက်၊ တိုက်ပွဲ ဝင်နေသော တပည့်များ အားလုံး နီးပါး ရပ်ကာ၊ ဤမြင်ကွင်းကို ငေးကြည့် မိသည်။
လင်းယွန်သည် လျင်မြန်လွန်း သဖြင့်၊ ရုပ်သွင်ကို မဖမ်းမိ လိုက်ချေ။ ရွှေ မျဉ်းကြောင်း တစ်ခုလို အဟုန်ဖြင့်၊ ရွေ့လျား နေသည် ကိုသာ မြင်လိုက်သည်။
တိုက်ပွဲ စည်းကို ကျော်သည်နှင့်၊ စတုတ္ထ တန်း မိုးပြာ ဓားကြာပန်း အတွက်၊ တိုက်ပွဲဝင် နေကြသော ဇုန်သို့ ရောက်ရှိ လာ၏။
ရှေ့သို့ ရောက် လေလေ၊ တပည့် များမှာ နည်းလာ လေလေ ဖြစ်သည်။ တောင်ထိပ် (၅) လုံး၏၊ အထက် တန်းစား များက၊ လင်းယွန်ကို တစ်ချက်သာ လှည့်ကြည့် ကြသည်။
သူတို့မှာ ပြိုင်ဘက်များ အပေါ်၊ မပေါ့ဆ ဝံ့ကြချေ။ မြေကြီး အဆင့်မှ ထိပ်ဆုံး (၁၀)ဦး မှာမူ၊ ရေကန် ဗဟိုသို့ ဦးတည် ပြေးလွှား နေသည်။
တစ်နာရီ ကြာ ပြီးနောက်၊ အဆင့်မြင့် မိုးပြာ ဓားကြာပန်း များကို၊ လုံလောက်စွာ သိမ်းယူပြီး ဖြစ်သဖြင့်၊ နဝမတန်း ထံသို့ ဦးတည် ကြခြင်း ဖြစ်သည်။
လူ (၁၀)ဦး ဆိုသော်လည်း၊ တိုက်ပွဲမှာ နှစ်ဖက်သာ ဖြစ်၏။ ခေါင်းဆောင်များ ဖြစ်သော ကြယ်နှစ်ဖော် သည်သာ၊ အဆုံး အဖြတ် ပေပင်။
နှစ်ဖက် စလုံးမှာ၊ အကြိမ်ကြိမ် ထိပ်တိုက် ရင်ဆိုင်ဖူး ကြသောကြောင့်၊ အချင်းချင်း ရင်းနှီး လာကြပြီး၊ တစ်လူ၏ အတွေး များကို ဖတ်လာ နိုင်ကြသည်။
ထိုအချိန်တွင် ဖိအားက နောက်တစ်ဆင့် ရောက်ရှိသွား သဖြင့်၊ လင်းယွန်မှ ရှေ့သို့ ခေါင်း မော့ကြည့် လိုက်သည်။
အလယ် ဗဟိုကို မှုန်ဝါးဝါး မြင်လာ ရ၏။ ထိုအရပ်၌ ငြိမ်သက် နေပုံရ သော်လည်း၊ ၎င်းမှ ဖိအားသည် ကြီးမား ချေပြီ။
ကြီးကျယ် ခမ်းနားသော ဓား တစ်လက်က၊ ပိုးမွှား များကို ရှင်းပစ်ရန်၊ စောင့်ဆိုင်း နေသည် ဟူသော ခံစားချက် ရစေသည်။
သည့်စဉ် မြူခိုး အတွင်း တလှုပ်လှုပ်ဖြင့်၊ ပြေးနေသော လူရိပ် များအား လှမ်းမြင် လိုက် ရသည်။
သို့သော် ရုတ်တရက် ၎င်းတို့ အားလုံး မျက်နှာများ ဖြူဖျော့လျက်၊ သွေးအန်ကာ ပြန်လည် လွင့်စဉ် လာလေသည်။
“ အရမ်း ... အားကောင်း လွန်းတယ်၊ ငါတို့ ဝင်လို့ မရဘူး။ ”
“ ဒီဓား ရောင်ဝါက ကြယ်သုံးပွင့် ပင်မ နတ်ဘုရား တစ်ပါး ကိုတောင်၊ အသာလေး တားထား နိုင်တယ်။ ”
“ ဒါက ... ဘာများ ဟုတ်ဦး မှာလဲ၊ ကျင်းရွှမ်ရီနဲ့ ကျိရှုရွှမ်က၊ ကြယ်လေးပွင့် ဘုရင် အဆင့် သားရဲ ကိုတောင်၊ ချက်ချင်း သတ်ပစ် နိုင်တယ်။ ”
“ သူတို့ နှစ်ယောက် ဘယ်သူက ပိုသန်မာလဲ ငါ ကြည့်ခွင့် မရတော့ဘူး။ ”
လွင့်စဉ်လာ သူများက ထရပ်ပြီး၊ မြူခိုး အတွင်း မျှော်ကြည့်ကာ၊ စကား စမြည်ပြော နေမိ ကြသည်။
သူတို့သည် မြေကြီး အဆင့် ထိပ်ဆုံး (၁၀)ဦးသို့၊ လှမ်းတက်လို သဖြင့်၊ ကံစမ်းရန် လာကြသည့် တပည့် များ ဖြစ်သည်။
သို့သော် မြူထဲပင် မဝင်နိုင် ခဲ့ချေ။ သူတို့ စကားပြော နေစဉ်၊ အခြားသော အရပ် မှလည်း လူတစ်စု ထွက်လာပြီး၊ မြူထဲ ဝင်ရန် ကြိုးစား ကြပြန်သည်။
“ ဝေါ့ ... ။ ”
ရလာဒ်မှာ သွေးအန် ခြင်းသာ ဖြစ်၏။
“ ဘာ ဖြစ်တာလဲ။ ”
ထိုသို့ မေးခွန်း ထုတ်လာ သူသည်၊ မြေကြီး အဆင့် (၁၀) အတွင်း ဝင်နိုင် မည်ဟု၊ ထင်ကြေး ပေးခံ ထားရသော တပည့်ကို ကြည့်သည်။
“ ဒါ ... ဓားဧကရာဇ် ယုချင်းဖန်ရဲ့ ဓားရည်ရွယ်ချက်ပဲ၊ သူက ငါတို့ကို တားဆီး ထားတယ်။ ”
တစ်စုံ တစ်ယောက်မှ ထိုတပည့် အစား ပြန်ဖြေ၏။ ဤသည်မှာ လွန်ခဲ့သော နှစ်ပေါင်း (၃၀၀၀)မှ၊ ဓား တစ်လက် ဖြစ်သည်။
အဘယ့်ကြောင့် သူတို့ကို တားဆီး နိုင်သည်အား၊ နားမလည် နိုင်တော့ချေ။ အမေး ခံရသော တပည့်က ရှင်းပြရန် စိတ်ကူး မရှိဘဲ၊ မြူထဲ ငေးနေဆဲ ဖြစ်သည်။
ဒုတိယ အဖွဲ့သည် နက္ခတ်များ ခေါ်ကာ၊ ကြိုးစား ကြပြန်၏။ သို့သော် ဓားအလင်း အချို့ ပျံသန်း လာပြီး၊ နက္ခတ်များကို နှစ်ပိုင်း ခွဲပစ် လိုက်သည်။
“ ဝှစ် ... ။ ”
ထို့ကြောင့် နှစ်ဖွဲ့ စလုံး၊ ခံစားချက်များ ရှုပ်ထွေး နေစဉ်၊ အနက်ရောင် အငွေ့ အသက် များဖြင့်၊ မျက်နှာကို ကွယ်ထားသော၊ ပုံရိပ် တစ်ရိပ် ဆင်းသက် လာသည်။
မျက်နှာ မမြင် သော်မှ၊ ရွှေတောင်ပံ များကြောင့်၊ လင်းယွန်မှန်း သိလိုက် ကြသည်။ ၎င်းသည် မြေကြီး အဆင့် (၁၀) ဦး နောက်သို့၊ လိုက်နေခြင်း ဖြစ်ပေမည်။
ဤအရှိန်ကြောင့် လမ်း တစ်လျှောက် မည်သည့် ကြာပန်း ကိုမျှ၊ ခူးယူ ခဲ့ခြင်း မရှိမှန်း၊ ကောက်ချက် ချနိုင်၏။ ယင်းက သူတို့အား အံ့အားသင့် သွားစေသည်။
***