← Chapters

အကြွင်းမဲ့ ပျက်သုဉ်းခြင်း။

Vol. 105 Ch. 1466

အကြွင်းမဲ့ ပျက်သုဉ်းခြင်း။

Vol. 105 Ch. 1466

ဤသို့ ရောက်ရှိ လာခြင်းသည်၊ လမ်း တစ်လျှောက်၌ မိုးပြာ ဓားကြာပန်း များကို၊ မသိမ်းယူ ခဲ့ဟု အဓိပ္ပာယ် ရ၏။

ရည်ရွယ်ချက်မှာ ရှင်းနေသည်။ ချန်ပီယံ ဖြစ်ရန် ပေပင်။ ယင်းက ကျင်းရွှမ်ရီနှင့် ကျိရှုရွှမ် အား၊ ရင်ဆိုင် မည်ဟု အဓိပ္ပါယ် ရ၏။

ထို့ကြောင့် မူချင်းချင်း တစ်ယောက် ပါးစပ် ဟောင်းလောင်း ပွင့်သွားရာ၊ လက်ဖြင့် အမြန် အုပ်လိုက် ရသည်။

ဆန့်ကျင်ဘက် အနေဖြင့်၊ မူရွယ်ချင်း၏ မျက်ဝန်းတွင် မျှော်လင့်ချက် အရိပ် အယောင် များ၊ တောက်ပ နေခဲ့သည်။

“ အံ့ဩ စရာတွေ ... ၊ ငါ မြင်ရ တော့မယ် ထင်တယ်။ ”

-ဟု မူရွယ်ချင်းမှ တိုးတိုးလေး ပြော၏။

“ မ ဖြစ် နိုင် တာ။ ”

ဤတစ်ကြိမ်၌ မူချင်းချင်းက မယုံကြည် သူ ဖြစ်ရမည့် အလှည့် ဖြစ်သည်။ လင်းယွန် သန်မာ သော်လည်း၊ ထိပ်ဆုံး (၁၀)ဦး စာရင်းဝင် ရန်သာ မျှော်လင့်ချက် ရှိ၏။

ချန်ပီယံ ဖြစ်လာ နိုင်ခြေကို မတွေးထား ဖူးချေ။ ကျင်းရွှမ်ရီနှင့် ကျိရှုရွှမ်မှာ ၎င်းထက် ပို သန်မာ သောကြောင့် ဖြစ်သည်။

“ မမ ... ၊ တစ်ခုခု ရှာတွေ့ ခဲ့တာလား၊ ငါ့ကို ပြောပြဦး။ ”

သို့သော် မူရွယ်ချင်းက သူမ မေးခွန်းကို လျစ်လျူရှု ခဲ့သည်။ လင်းယွန် အပေါ် တွင်သာ၊ အာရုံစိုက် နေ၏။

တောင်ထိပ် သခင် လေးယောက် သည်လည်း၊ စိတ်လှုပ်ရှား သွားသည်။ ဂိုဏ်းချုပ် တစ်ယောက် မည်သည့် အရာကို ဆိုလိုမှန်း အဓိပ္ပါယ် ပေါက်လာ၏။

စည်းမျဉ်း များအရ၊ လင်းယွန်မှာ မြေကြီး အဆင့် ထိပ်တန်း (၁၀)ဦး စာရင်း ဝင်လို ပါက၊ ချန်ပီယံ လမ်းကြောင်းကို ရွေးရမည် ဖြစ်သည်။

“ အစ်ကိုကြီး ... ၊ မင်း တကယ် စိတ်ကူးယဉ် ဝံ့တယ်။ ”

ဟွမ်ဖူကျွယ်က မူရွှမ်ကောင်အား လှမ်းပြော လိုက်၏။

“ စောင့်ကြည့် ရအောင် ... ။ ”

မူရွှမ်ကောင်မှာ အပြုံး မပျက် ခဲ့ခေျ။

တစ်ဖက်တွင် ပဉ္စမတန်း မိုးပြာ ဓားကြာပန်း အတွက် တိုက်ပွဲ ဝင်နေသော၊ တပည့် များစွာက တိုက်ပွဲ များကို ရပ်ကာ၊ ဦးတည်ရာ တစ်ရပ် တည်းထံ၊ ကြည့်လိုက် ကြသည်။

“ လင်းယွန် မဟုတ်လား၊ သူ နဝမတန်း မိုးပြာ ဓားကြာပန်း အတွက် ယှဉ်ပြိုင်ဖို့၊ စဉ်းစား နေတာလား။ ”

လူတိုင်း အတွေးများ နေစဉ်၊ မြူခိုးများ အတွင်းမှ ပုံရိပ်များ ပြန်၍ တိုးထွက် လာ၏။ ၎င်းတို့ ထံမှ ကြောက်မက်ဖွယ် ကောင်းသော ဓားရောင်ဝါများ ယိုစိမ့် နေသည်။

စုစုပေါင်း လေးယောက် တိတိ ရှိ၏။ အပြာရောင် တောင်ထိပ်မှ ဟွမ်ဖူရန် အဆင့် (၁၀)၊ ရွှေရောင် တောင်ထိပ်မှ ကျန်းကျွယ် အဆင့် (၈)၊ မရဏ တောင်ထိပ်မှ လုချန်းတောင် အဆင့် (၇)၊ ကြက်သွေးရောင် တောင်ထိပ်မှ ဝမ်ချောင် အဆင့် (၃)၊ တို့ ဖြစ်သည်။

(၄)ဦး လုံးမှာ မြေကြီး အဆင့် ကျွမ်းကျင် သူများ ဖြစ်ပြီး၊ အထူး သဖြင့် တတိယ အဆင့် ရှိသူ ဝမ်ချောင် ဖြစ်သည်။

သူတို့ ပေါ်လာပြီး လင်းယွန်အား လမ်းပိတ်ထား လိုက်တော့၏။

“ ငါ့ကို တားဖို့ ... မြေကြီး အဆင့်ရဲ့၊ ထိပ်တန်း အဆင့်က လေးယောက် တောင်လား၊ ဂုဏ်ယူ စရာပဲ။ ”

လင်းယွန်က ပြုံးကြည့်ပြီး ပြောလိုက်သည်။

“ ညီအစ်ကို လင်း ...၊ မင်းက ယဉ်ကျေး လွန်းပါပြီ၊ ကောင်းကင် တပည့် ဖြစ်တဲ့ မင်းနဲ့၊ ငါတို့က ဘယ်ယှဉ် နိုင်မှာလဲ။ ”

ဝမ်ချောင်က ရွဲ့ကာ ပြန်ပြောသည်။ အရှက်မဲ့သူ အဖြစ်၊ သူ့ကို ဆိုလိုချင် ပုံ ပေပင်။

“ မင်းက ထိပ်ဆုံး ဆယ်ယောက်ထဲ ကိုတောင် ... မဝင် နိုင်ဘဲ၊ ချန်ပီယံ နေရာကို ရည်မှန်း နေတာလား ... ၊ မင်းကိုယ်မင်း တကယ်ပဲ ကောင်းကင် တပည့် အဖြစ်၊ ထင်နေ တာလား ဟမ့် ... ။ ”

ဟွမ်ဖူရန်က တိုက်ရိုက် ဝင်ပြောသည်။ လင်းယွန်မှာ စကား ပြန်မပြော တော့ဘဲ၊ ငရဲ ပန်းအား ဆင့်ခေါ် လိုက်၏။

ပတ်ဝန်းကျင် ရေ မျက်နှာပြင် အနှံ့၊ လှိုင်းထ လာပြီး သူ့ထံမှ ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက် တစ်ခု၊ ရုတ်တရက် ပေါက်ကွဲ လာသည်။

ဘေးမှ ရပ်ကြည့် နေကြသည့်၊ တပည့် အချို့၏ ဓားရောင်ဝါများ ပြိုကျ တော့မည့်၊ အရိပ် အယောင် ပြသ လာသည်။

ထို့ကြောင့် လင်းယွန်အား ပြန်ကြည့် လိုက်ရာ၊ ဓားမျိုးစေ့ ပါသော ငရဲ ပန်းပွင့် နေ သည်ကို၊ မြင်လိုက် ရ၏။

“ အရိယာ ဓားသုတ္တန် ... ၊ တတိယ အဆင့် အထွတ် အထိပ်။ ”

ပင်မ နတ်ဘုရား နယ်ပယ်ဖြင့်၊ သည်အဆင့်သို့ မည်သူမျှ ရောက်ရှိ ဖူးသည် မဟုတ်ခေျ။ လူတိုင်းမှ အံ့အား သင့်စွာ မျက်လုံးပြူး ကုန်၏။

အရိယာ တောင်ထိပ်၏၊ နဂါးသွေး လွှတ်ကြော နယ်ပယ် တပည့် များပင်၊ ထိုအမြင့် မရောက်နိုင် သောကြောင့်၊ အရိယာ ဓား သုတ္တန်ကို၊ ပယ်ခဲ့ ကြသည်။

တစ်ချိန်က ကျန့်ကျင်းရှန်ပင်၊ အရိယာ ဓားသုတ္တန်ကို နောက်ပိုင်း၌ စွန့်ခဲ့၏။ ယင်းသို့ ဆိုက ဤလင်းယွန်သည် မည်သူ နည်း။

“ ဒီနေ့ ငါက ဘာလို့၊ ကောင်းကင် တပည့် ဖြစ်လာရလဲ ဆိုတာ ... ၊ မင်းတို့ လေးယောက်နဲ့ အရင် သက်သေ ပြမယ်။ ”

လင်းယွန်က ပြုံးလျက် ပြောလိုက်၏။ ငရဲပန်း လည်ပတ် လာ သည်နှင့် အမျှ၊ သူ့ခန္ဓာ ကိုယ်မှာ စွမ်းအင် များဖြင့် ပြည့်လာသည်။

ထို့နောက် ဟွမ်ဖူရန်အား ဦးစွာ လက်သီးနှင့် ထိုးချ လိုက်သည်။

“ မင်း သေချင် နေတာပဲ။ ”

ပထမဆုံး ပစ်မှတ် ထား ခံရ သဖြင့်၊ ဟွမ်ဖူရန် တစ်ယောက် ဒေါသ ထွက်လာသည်။ ယခင်က ရှုံးနိမ့် ထားဖူး လေရာ၊ နက္ခတ်ကို ချက်ချင်း ဆင့်ခေါ်ကာ တုန့်ပြန် မိ၏။

“ ဝုန်း ... ။ ”

လက်သီး နှစ်လုံး တိုက်မိ သွားပြီး၊ အပြာရောင် ဓား ရောင်ဝါမှာ၊ ပျောက်ကွယ် သွားသည်။

ထိုအချိန်တွင် တွဲလျက်၊ လိုက်ပါ လာသော ဒုတိယ လက်သီးအား မဟန့်တား နိုင်တော့ချေ။ ၎င်းက လျင်မြန်သော အဟုန်ဖြင့် ဟွမ်ဖူရန်၏ ရင်ဘတ်ပေါ် တိုးဝင် လာသည်။

သို့သော် ရင်ဘတ်နှင့် ထိတော့မည့် အချိန်တွင်၊ လင်းယွန်က လက်ဖဝါး အဖြစ် ပြောင်းကာ၊ အသာ အယာ ရိုက်ချ လိုက်၏။

“ အွတ် ... ။ ”

လက်ဖဝါး အဖြစ်၊ ပြောင်းလဲ လိုက်သဖြင့် ရင်ဘတ်မှာ လက်မ ဝက်ခန့် နိမ့်ဆင်း သွားပြီး၊ အဝေးသို့ လွင့်စဉ် သွားရသည်။

ဤမြင်ကွင်းက လူတိုင်းကို အသိစိတ် လွတ်သွား စေသည်။ တစ်ကြိမ် တည်းဖြင့် အနိုင် ရသွားခြင်း ဖြစ်၏။

“ မင်း ... ၊ အရမ်း အားနည်းတယ်။ ”

ရေကန်ထဲ ပြုတ်ကျ သွားသော ဟွမ်ဖူရန်အား မညှာ မတာ စကားဆို လိုက်၏။ နာကျင်မှုကြောင့် သတိ လစ်ကာ၊ ရေထဲ နစ်မြှပ် သွားသည်။

တစ်ဖက်တွင် အရိယာ ဓားသုတ္တန်၏ အကြွင်းမဲ့ ပျက်သုဉ်းခြင်း စွမ်းအားကို သတိရ လာသော ဝမ်ချောင်တို့ (၃)ဦး ခမျာ၊ မျက်နှာ များ ပြောင်းလဲ သွားသည်။

အဘယ်ကြောင့် ဆိုသော်၊ အရိယာ ဓားသုတ္တန်သည် အခြားသော ဓား သုတ္တန် များထက်၊ သာလွန် သောကြောင့် ဖြစ်၏။

“ ဓားဆွဲ ... ၊ ငရဲ စွမ်းအင်နဲ့ မထိ စေနဲ့။ ”

ဝမ်ချောင်မှ အော်ဟစ် သတိပေး လိုက်၏။ ထို့ကြောင့် ဓားများ တပြိုင် နက်တည်း ထုတ်ယူ ကုန်သည်။ သည့်နောက် လုချန်းတောင်က ဦးစွာ တိုက်ခိုက် လိုက်၏။

မရဏ ဓားသုတ္တန်ကြောင့်၊ ဓားဖျားတွင် လျှပ်စီးများ လက်လာပြီး၊ တိုက်စား နိုင်စွမ်းများ တိုးထွက် လာသည်။

သို့သော် အရိယာ ဓားသုတ္တန်၏ စွမ်းအားမျိုးနှင့် ယှဉ်က၊ သူ့တိုက်စား နိုင်စွမ်းမှာ ရယ်စရာ ကောင်းလေသည်။

“ ဟိတ် ... ။ ”

ကျန်းယွီ သည်လည်း၊ ကောင်းကင်ကို ပိတ်ဆို့ကာ ခုန်ဝင် လာ၏။ သူတို့ နှစ်ဦးက၊ အထက်-အောက် ညှပ်တိုက် လိုက်ခြင်း ဖြစ်သည်။

ဝမ်ချောင် မှာမူ နေမင်းကြီး ကဲ့သို့ အပူရှိန်များ ထုတ်လွှတ်လျက် ၎င်းတို့ နှစ်ဦးကို ဖြတ်ကျောက်ကာ၊ လင်းယွန်ထံ တိုးဝင် သွားသည်။

သုံးဦးသား ဓားသုတ္တန် များကို ကန့်သတ်ချက် အထိ၊ လှည့်ပတ် ထားသဖြင့်၊ မတူ ညီသော ဖြစ်စဉ်၊ သုံးရပ် ထွက်လာ၏။

ဖြစ်စဉ် သုံးရပ်သည် လူတိုင်း၏ စိတ်ကူး များကို ကျော်လွန် နေပြီး၊ စက္ကန့်ပိုင်း အတွင်း လင်းယွန် အပေါ်၊ နေရာလပ် မကျန်အောင် ဖုံးလွှမ်း လာသည်။

လက်ရှိ အချိန်၌၊ ဓားရောင်ခြည် သုံးစင်း အတွင်းသို့၊ လေထုပင် ကြားဝင် နိုင်မည် မဟုတ် သေးချေ။

“ ခရစ် ... ။ ”

ပွင့်ချပ် (၁၂)ချပ် ငရဲပန်းမှာ၊ အစိတ်စိတ် အမြွှာမြွှာ ကွဲကြေ သွားပြီး၊ ငရဲ စွမ်းအင်များ ပြန့်ကျဲ သွား၏။

ယင်းကို မြင်သည်နှင့်၊ အခွင့် အရေး အနည်းငယ် ကိုပင် လက်လွှတ် မခံလိုသော ဝမ်ချောင်က အညှာ အတာ ကင်းမဲ့စွာ ဓားဖြင့် ပိုင်းချ လိုက်သည်။

ပြိုင်ဘက်၏ ငရဲပန်း ပြန်လည် ဖြတ်တည် လာချိန်ကို စောင့်မနေ နိုင်ချေ။ ဟွမ်ဖူရန်သည် ဥပမာ ဖြစ်သည်။

“ ပြီး သွား ပြီ ... ။ ”

လင်းယွန်၏ ဓားရောင်ဝါ ကျသွား သဖြင့်၊ သူတို့ သုံးဦးကို ခုခံနိုင် တော့မည် မဟုတ်ချေ။ ကျွမ်းကျင် သူများကြား တိုက်ပွဲသည် အချိန် တိုတို အတွင်း ရလာဒ် ထွက်ပေါ် နိုင်၏။

“ ဟိတ် ... ။ ”

ရုတ်တရက် ဝမ်ချောင်က လင်းယွန် နောက်၌ ပေါ်လာ၏။ ရင်ဘတ်ကို ချိန်ရွယ်ပြီး၊ ဓားဖြင့် ပျံသန်းလာ သူမှာလည်း၊ ဝမ်ချောင် ဖြစ်သည်။

နောက်ဆုံး ဝမ်ချောင်သည် အထက် ကောင်းကင်တွင် ရပ်လျက်၊ လင်းယွန်ကို ပိတ်ဆို့ ထားသည်။

ဆိုလို သည်မှာ၊ ဝမ်ချောင် သုံးယောက် သုံးနေရာ ခွဲကာ တိုက်ခိုက် လာခြင်း ပေပင်။ ဤသည်မှာ သူ့ဝှက်ဖဲ ဖြစ်၏။

လင်းယွန်၏ ရောင်ဝါများ ပြိုကျ နေပြီ ဖြစ်ရာ၊ ၎င်းအား အသုံး ပြုရန်၊ အချိန်ကောင်း ဖြစ်ချေပြီ။

ကျန်းယွီနှင့် လုချန်းတောင် တို့အား ထည့်တွက် ရသော်၊ လူ (၅)ယောက် တစ်ပြိုင် နက်တည်း၊ တိုက်ခိုက် လာခြင်းဟု၊ ဆိုနိုင် ပေ၏။

***

All Chapters