← Chapters

ယုချင်းဖန်၏ ဓားပိုးမျှဉ်။

Vol. 105 Ch. 1467

ယုချင်းဖန်၏ ဓားပိုးမျှဉ်။

Vol. 105 Ch. 1467

ဝမ်ချောင် ဓားသည် မြန်ပြီး ထူးဆန်း၏။ သုံးနေရာ ခွဲလာ ခြင်းကြောင့်၊ အန္တရာယ် များ လေသည်။

စက္ကန့်ပိုင်း အတွင်း မှာပင်၊ ဓားဖျားက လင်းယွန်၏ ရင်ဘတ်ထံ ဝင်ရောက် သွားသည်။ ရက်စက် လွန်းသော ဓားဖြစ် သဖြင့်၊ လူအုပ်မှာ ရုတ်ရုတ် သဲသဲ ဖြစ်ကုန်သည်။

နှလုံးသားကို ဓားဖြင့်၊ ထိုးခံ ရခြင်းသည်၊ မသေ သော်မှ နှစ်ဝက်ခန့်၊ အိပ်ယာထဲ လှဲနေ ရ မည် ဖြစ်သည်။

ဓားသမား တစ်ယောက် အသည်၊ ဤအခြေအနေ မျိုးက အထူ တလည် မဟုတ် သော်လည်း၊ ၎င်းနောက် ကွယ်ရှိ ဝမ်ချောင်၏ ရည်ရွယ် ချက်ကြောင့် ဖြစ်သည်။

သို့သော် ဝမ်ချောင် ဓားမှာ၊ အရေပြားကို ဖောက်ထွင်း ဝင်နိုင်ခြင်း မရှိဘဲ၊ ရပ်တန့်သွား သဖြင့်၊ လူတိုင်း မျက်လုံးပြူး ကုန်သည်။

ဤဖြစ်စဉ်က ဝမ်ချောင် အပါ အဝင် ကျန်နှစ်ယောက် ကိုပါ၊ ထိတ်လန့် သွားစေ တော့၏။

ပြိုင်ဘက်တွင် သန်မာသော ကိုယ်လုံး ကိုယ်ပေါက် ရှိကြောင်း၊ သူတို့ သိ သော်လည်း၊ ဝမ်ချောင် ဓားကို ဟန့်တား နိုင်သည် အထိ၊ မာကျော လိမ့်နေ မည်ဟု မထင် ထားချေ။

“ မင်းက ဘီလူးပဲ ... ။ ”

ဝမ်ချောင်က ညည်းတွား လိုက်သည်။

“ မင်း ... မဆိုးဖူး၊ အမှန် မြင်တတ် လာပြီ။ ”

သွေးမီးတောက် နတ်ရူရ်ကို အသက်သွင်း ထားသော လင်းယွန်က ပြန်ဖြေ၏။ နဂါး အရိုး မရှိ တောင်မှ၊ မွေးရာပါ သူတော်စင် နဂါး ခန္ဓာ ကိုယ်သည် ဝမ်ချောင် အဆင့် လောက်အား တားနိုင် သေးသည်။

ထို့နောက် နဂါး ရူရ်များ တွန့်လိမ်လျက်၊ ကြောက်မက် ဖွယ်ရာ ရုပ်ခွန်အားက ဝမ်ချောင် ဓားအား ကွေးသွား စေသည်။

အရှိန်ကြောင့် ဝမ်ချောင် ခမျာ အဝေးသို့ လွင့်စဉ်သွား သဖြင့်၊ ကျန်နှစ်ယောက် ကိုလည်း၊ အဖျားခတ် တုန့်နှေး သွားသည်။

“ ဝှစ် ... ။ ”

ဝမ်ချောင် ဟူသည် ကြယ် နှစ်ဖော် ပြီးနောက်၊ အသန် မာဆုံး ဖြစ်၏။ လေထဲတွင် တစ်ပါတ် ဂျွမ်း ပစ်ပြီး၊ အရှိန်ကို ချေဖြတ်ကာ၊ ရေကန် ပေါ်သို့ ခြေဖြင့် ပုတ်လိုက်သည်။

ခြေပုတ် ချက်ကြောင့်၊ ကန်ရေ မျက်နှာပြင် နိမ့်ကျသွားကာ၊ ကြီးမားသော ရေဝဲများ ဖြစ်ပေါ် လာစေသည်။

ထိုတွန်းကန် အားဖြင့်၊ လင်းယွန်ထံ နောက်တစ်ကြိမ် ပျံသန်း ဝင်ရောက် လိုက်၏။

“ ဒါပေမယ့် ... ၊ မင်း အတွက် အဆုံး သတ်ပြီလို့၊ ငါ ပြောတယ် မဟုတ်လား။ ”

ရက်စက် ကြမ်းကြုတ်သော အရိပ် အယောင်များ၊ သူ့ မျက်ဝန်း၌ ထင် လာသည်။ လင်းယွန်ကြောင့် အရှက် ရလာ သဖြင့်၊ ဤအဆင့်ကို တက်ရ ပေမည်။

သူသည် မြေကြီး တတိယ အဆင့်၌ ရှိ၏။ အိမ်ဖြည့် သဘော ဖြစ်သည့် ဟွမ်ဖူရန်နှင့် မတူ ချေ။ ကြက်သွေးရောင် တောင်ထိပ်၏ တပည့် တစ်ဦး အဖြစ်၊ ယုံကြည်ချက် ရှိသည်။

သူ့အစ်ကို ကျိရှုရွှမ်၏ ဂုဏ် သိက္ခာကို ကာကွယ်ရန် ဤတာဝန်အား ယူခဲ့ခြင်း ဖြစ်၏။ ထိုအတွေးက သူ့အား ခွန်အား ဖြစ်စေသည်။

“ သတ် ... ။ ”

လုချန်းတောင်နှင့် ကျန်းယွီတို့ မှလည်း သူတို့၏ အဟုန်ကို တိုးမြှင့် လိုက်သည်။ သူတို့ ပူးပေါင်း ခြင်းဖြင့်၊ လင်းယွန်အား အနိုင် မရသော်၊ ရှက်စရာ ကောင်းပေ၏။

ရုတ်တရက် ရေကန် ကြမ်းပြင်မှ ဓားလှိုင်း အတက် အကျများ ဖြစ်ပေါ် လာ သောကြောင့် လင်းယွန် မျက်နှာ ပြောင်းလဲ သွားသည်။

ထိုဓား ရည်ရွယ်ချက်မှာ၊ အားနည်း သော်လည်း ရောင်ဝါသည် ကြောက်မက်ဖွယ် ကောင်းနေ၏။

( ဒါ ... နဝမတန်း မိုးပြာ ဓားကြာပန်း ပွင့်တော့မယ် လက္ခဏာလား။ )

ဤမျှ ကြောက်စရာ ကောင်းသော ဓားလှိုင်းမျိုး ထုတ်လွှတ် နိုင်သည့် ရတနာ ဤရေကန်၌ မရှိချေ။ နဝမတန်း မိုးပြာ ဓားကြာပန်းသာ ဖြစ်နိုင်မည်။

“ မင်းက ငါ့တို့ကို လျစ်လျူရှု နေတာလား လင်းယွန်။ ”

ဓားလှိုင်းမှာ ပါးလျသောကြောင့် ဝမ်ချောင်တို့မှ သတိမထား မိချေ။ သူတို့ သိ သည်မှာ၊ သူတို့အား ရှေ့ထား၍ အခြားသို့ အာရုံရောက် နေခြင်း ဖြစ်သည်။

ဝမ်ချောင်က အံကြိတ် လိုက်ပြီး၊ ဓားသုတ္တန်အား ကန့်သတ် ချက်သို့ တွန်းပို့ကာ၊ တစ္ဆေ ဝိညာဉ် ပညာ ရပ်ကို၊ အကောင် အထည် ဖော်သည်။

ထိုအော်သံကြောင့် လင်းယွန်က လုချန်းတောင်နှင့် ကျန်းယွီထံ ဦးစွာ ကြည့်မိ၏။ ပြီး ဝမ်ချောင်ထံ ကြည့်သည်။

သုံးဦး လုံးသည်၊ ဓားသုတ္တန် များကို အထွတ်အထိပ် အထိ၊ ထုတ်ဖော် ထားချေပြီ။ ဤအခြေ အနေ မျိုး၌ တိုက်ပွဲမှ ထွက်ခွာရန်၊ မဖြစ်နိုင် တော့ချေ။

ဝှက်ဖဲများ ထုတ်ပြမှ သာလျှင် ထွက်ခွာ နိုင်မည် ဖြစ်သည်။ ထို့ကြောင့် အနည်းငယ် အကြပ်ရိုက် သွား၏။

နောက်ဆုံးတွင် ဓားနှစ်လက် ဝိညာဉ်ကို ထုတ်ကာ၊ ဓားကွက် သုံးမျိုး၏ အားနည်းချက် ရှာရန်၊ ကြိုးစား လိုက်သည်။

“ ဘာလုပ်ဖို့ ... ၊ ကြိုးစား နေတာလဲ။ ”

“ သေမှာ မကြောက် ဖူးလား။ ”

တစ္ဆေ ဝိညာဉ် ဓားရေး သုံးရပ်နှင့်၊ ရင်ဆိုင် နေရ ချိန်တွင်၊ မျက်လုံးများ မှိတ်ချ လိုက်သော လင်းယွန် လုပ်ရပ် ကြောင့်၊ သို့လော သို့လော ဖြစ်လာ ကုန်သည်။

“ တစ္ဆေ ဝိညာဉ် ဓားရေး တွေကို ... အသုံးချပြီး၊ သူ့ ဓားရေးမှာ ဖြေရှင်းဖို့ ... စီစဉ် နေတာလား၊ ဒါက အရမ်း စိတ်ကူးယဉ် ဆန်နေပြီ။ ”

ထိပ်တန်း ဆယ်ဦး အဆင့်နှင့်၊ နီးကပ် နေသည့် တပည့်က လင်းယွန်ကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ် လိုက်သည်။

ဓား (၃)လက် ဖုံးလွှမ်း သွား ချိန်တွင်၊ လင်းယွန် မျက်လုံးများ ပွင့်လာ တော့သည်။ ခရမ်းရောင် နန်းတော်ရှိ ဓားမျိုးစေ့ ပေါက်ကွဲ သွား၏။

ခြေတစ်လှမ်း ပြန်ဆုတ်ကာ၊ ပြိုင်ဘက် သုံးဦးနှင့်၊ အကွာ အဝေးကို ချိန်ညှိ လိုက်စဉ်၊ ငရဲ ပန်းက ကောင်းကင်၌ ပွင့်လာသည်။

“ ဖပ် ... ဖပ် ... ဖပ် ... ။ ”

လင်းယွန် သုံးယောက် ကွဲထွက် သွားကာ လက်ဖဝါးကို ရိုက်ထုတ် လိုက်၏။ တစ္ဆေ ဝိဉာဉ် ဓားရေး သုံးရပ်မှာ၊ ချက်ချင်း ပျက်ပြယ် သွားပြီး၊ ပြိုင်ဘက် သုံးဦးလုံး၊ ကောင်းကင်မှ ပြုတ်ကျ သွားသည်။

“ ဝေါ့ ... ။ ”

ရေပြင်ပေါ် ရောက်သည်နှင့်၊ သွေးအန် လိုက်ရပြီး၊ မော့ကြည့် လိုက်ရာ၊ လင်းယွန် (၃) ယောက် ပြန်၍ ပေါင်းစည်း သွား၏။

၎င်းက လုံးဝ မလှုပ်ရှား ခဲ့ သကဲ့သို့၊ မူလ နေရာ၌ လက်နောက် ပစ်ကာ ရပ်နေ လေသည်။ ဤလူသည် ဘီလူး တစ်ကောင် ဖြစ်၏။

အားနည်းချက် များကို ရှာတွေ့ လျှင်ပင်၊ ဤမျှ မြန်မြန်ဖြင့် ဖြေရှင်းရန် မလွယ် လှချေ။ ယင်းက တစ္ဆေ ဝိညာဉ် ပညာရပ် ဖြစ်၏။

ရိုက်ခတ်မှု ဒဏ်ကြောင့်၊ အတွင်း အင်္ဂါ အချို့ ဒဏ်ရာ ရကုန်သည်။

“ မင်း ... ဘယ်လို တေွ့တာလဲ။ ”

-ဟု ဝမ်ချောင်မှ မေး မိ၏။

“ ရှူး ... ။ ”

လင်းယွန်က နှုတ်ခမ်း ရှေ့တွင်၊ လက်ညှိုး တစ်ချောင်း ထောင်ကာ၊ ပြုံးလျက် သူတို့ (၃)ဦး ကို၊ ဖြတ်ကျော် သွားတော့သည်။

ရေကန် ထဲမှ ပြန်တက် လာသော ဟွမ်ဖူရန်မှာ၊ ထိုအဖြစ် အပျက် များကို မသိခေျ။ ဦးခေါင်း တစ်ခုလုံး ရေများ ရွဲရွဲစိုလျက်၊ မျက်နှာ ပြင်ပေါ် ထွက်လာစဉ်၊ ခြေထောက် တစ်ဖက်က သူ့ခေါင်းကို တက်နင်း လာသည်။

ထို့ကြောင့် ရေထဲ စွပ်ခနဲ၊ ပြန်၍ နစ်မြုပ် သွားသည်။ မြုပနေ လျက်မှ၊ မြူထဲ တိုးဝင် သွား သည့်၊ လင်းယွန်၏ ကျောပြင်ကို ဝိုးတဝါး မြင်လိုက် ရသည်။

ထိုမြင်ကွင်းကို ရှင်းရှင်းစွာ မြင်လိုက်သော အပြာရောင် တောင်ထိပ် သခင်မှာ၊ နှုတ်ခမ်းများ တုန်ယင် သွားသည်။

သည့်နေ့ သူ့သားသည် လုံး၀ အရှက်ရ စေ၏။ ပြိုင်ဘက် ထံမှ တစ်ချက် မျှပင်၊ ခံယူ နိုင် ခြင်း မရှိသည့် အပြင်၊ ခေါင်းကိုပါ တက်နင်းခြင်း ခံလိုက် ရသည်။

“ ဒီကောင်လေးက အရမ်း လွန်သွားပြီ၊ အားလုံးက ဓားဂိုဏ်းရဲ့ တပည့်တွေ ဖြစ်တာ တောင်မှ၊ ထိန်းထိန်း သိမ်းသိမ်း မလုပ်ဘူး၊ ဒါကြောင့် လည်း ...

... ကောင်းကင်လမ်း သမိုင်းရဲ့ အရက်စက်ဆုံး ချန်ပီယံ ဆိုတဲ့ နာမည် ပျက်မျိုး ရှိနေတာ ဖြစ်မယ်၊ စီနီယာ အစ်ကို ဟွမ်ဖူ ... စိတ်မပူ ပါနဲ့၊ ...

... အရိယာ တောင်ထိပ် ပြန်ရောက်ရင် ဟွမ်ဖူရန် ခေါင်းကို၊ ဒီလို မနင်းသင့် ဖူးဆိုတာ၊ ငါ သေချာပေါက် ဆုံးမပေး ပါ့မယ်၊ အဟဲ ... ။ ”

“ ခွိ ... ။ ”

မုချွမ် စကားကြောင့် တိုးတိုး တိတ်တိတ် ရယ်သံများ လွှတ်ခနဲ ထွက်ကျ လာ ကြသည်။ ဟွမ်ဖူကျွယ် ဝေ့ကြည့် လိုက်မှသာ၊ ချက်ချင်း ပါးစပ် ပြန်ပိတ် ကုန်၏။

လင်းယွန်က ဟွမ်ဖူရန်၏ ဦးခေါင်းအား ခြေနင်းတုံး သဖွယ်၊ နင်းထွက် သွား သည်ကို ကြည့်ပြီး၊ လူတိုင်း နှုတ်ဆိတ် သွားသည်။

ထိုအချိန်တွင် မြူခိုးများ အတွင်းမှ ကြောက်မက်ဖွယ် ကောင်းသော ဓားနှစ်လက် ကို၊ ခံစား လာမိသည်။

၎င်းအား စောင့်ကြည့် လိုသော်၊ မြူထု အတွင်း ဝင်ရောက် ရပေမည်။ သို့သော် ဓား ဧကရာဇ်၏ ဓားရောင်ခြည်က သူတို့ကို ပေး မဝင်ချေ။

လူတိုင်း မသေချာ မရေရာဖြင့်၊ တုန့်ဆိုင်း ကုန်စဉ်၊ ဓားရောင်ခြည်များ ရုတ်တရက် ပါးလျ သွားပြီး၊ မြူခိုးများ လွင့်ပျယ် လာတော့၏။

ထို့ကြောင့် ကောင်းကင်တွင် မျက်နှာ ချင်းဆိုင် ရပ်နေသော ကြယ်နှစ်ဖော် နှင့်၊ ဓားအလင်းကို ဖမ်းဆုပ် ထားသော လင်းယွန်အား တွေ့လိုက် ရသည်။

သူ့ဆံပင် များက လေထဲတွင် တဖျပ်ဖျပ် လွင့်နေပြီး၊ လက်ထဲရှိ ဓားရောင်ခြည်မှာ နဂါး တစ်ကောင် အလား၊ တွန်းထိုး ရုန်းကန်၏။

မည်မျှပင် ရုန်းကန် စေကာမူ၊ လင်းယွန် လက်အတွင်း ဖမ်းဆုပ်ခံ ထားရဆဲ ဖြစ်သည်။ သည့်နောက် ဓားရောင်ခြည်မှာ ကွဲအက် ပျောက်ကွယ် သွား၏။

ထိုဓား ရောင်ခြည်သည် လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်က၊ တောင်ထိပ် နှစ်ခုကို လှီးဖြတ် ခဲ့သော ယုလျင်းဖန်၏ ဓားအလင်း ဖြစ်သည်။

ယင်းကို လင်းယွန်မှ ကောက်ကိုင်ပြီး ကြည့်ရှုနေ သဖြင့်၊ လူတိုင်း မျက်လုံးပြူး သွား ခြင်း ပေပင်။

ကြယ်နှစ်ဖော်ပင် ဟန်မဆောင် နိုင်ဘဲ မှင်တတ် နေ၏။ ဤမြင်ကွင်းက သူတို့အား ထိတ်လန့် စေသည်။

လင်းယွန် မည်သို့ လုပ်ခဲ့မှန်း၊ စဉ်းစား၍ မရချေ။

“ ဝှစ် ... ။ ”

သည့်စဉ် မဝေးကွာ လှသော အရပ်၌၊ ရွှေရောင်လှိုင်း ဂယက်များ ဖြစ်ပွားလာ သဖြင့်၊ ကြယ်နှစ်ဖော် ခမျာ၊ ချက်ချင်း လှည့်ပြေး တော့၏။

နဝမတန်း မိုးပြာ ဓားကြာပန်း ထွက်ပေါ် လာပြီ ဖြစ်သည်။ လက်ရှိ အချိန်၌ လင်းယွန်ကို၊ စစ်ဆေး အဖြေ ရှာခြင်းထက် ၎င်းမှာ၊ ပို၍ အရေး ကြီးသည်။

“ နောက်ဆုံးတော့ စိတ်ဝင်စား စရာ ကောင်းလာပြီ၊ ဟား ဟား ဟား ... ။ ”

လင်းယွန်က ရယ်မောလျက်၊ သူတို့ နှစ်ဦးနောက်သို့၊ လိုက်ပါ သွား တော့သည်။

***

All Chapters