ငယ်ရွယ်သူ ဖြစ်လို့ ... ၊ မာန ရှိသင့်တယ်။
Vol. 105 Ch. 1469
လက်ဖဝါးကို စွန်လက်သည်း သဏ္ဍာန် ပြောင်းလဲ မှောက်ချ လိုက်ဖြင့်၊ လက် ငါးချောင်း က ဓားများ သဖွယ် ပြုတ်ကျ လာသည်။
လူတိုင်း သက်ပြင်းချ မိသည်။ ကျင်းရွှမ်ရီ အကြံပေး ခဲ့သည့် အတိုင်း၊ နောက်ဆုတ် ခဲ့မည် ဆိုသော်၊ ဤသို့ ဆိုးရွားသော အခြေ အနေနှင့်၊ အဆုံး သတ်မည် မဟုတ်ချေ။
တတိယ နေရာ သို့ပင်၊ တတ်လှမ်းထား နိုင်ပြီ ဖြစ်ရာ၊ ကောင်းကင် တပည့် ရာထူးနှင့် ထိုက်တန်ကြောင်း လူတိုင်း သိသည်။
ယခုမူ ရွှေလက်ချောင်းများ အောက်၌၊ လင်းယွန်၏ အရိုးများ ကွဲအက်နေ သည်ကို၊ အတိုင်းသား ကြားနေ ရပြီ ဖြစ်၏။
သို့သော် ကျိရှုရွှမ်မှာ၊ မျက်ခုံးပင့် မိသည်။ တစ်ခုခု မူ မမှန် လှချေ။ ထို့ကြောင့် သတိထား ကြည့် လိုက်ရာ၊ သူထင် သကဲ့သို့၊ ရွှေလက် ချောင်းက လင်းယွန်၏ ဓားရောင်ဝါကို မဖိနှိမ် နိုင်မှန်း သိလိုက် ရသည်။
ဆန့်ကျင်ဘက် အနေဖြင့်၊ လင်းယွန်၏ ဓားရောင်ဝါက လက်ဖဝါးကို ထိုးခွဲရန် ပြင်နေ ခဲ့သည်။ ယင်းက အဓိပ္ပါယ် မရှိချေ။
သို့လော- သို့လော ဖြစ်နေ ကြစဉ်၊ ဓားမြည်သံ များက၊ သူတော်စင် ဂီတ သံစဉ် တစ်ခုလို၊ ထွက်ပေါ် လာသည်။
ထို့နောက်တွင် ပြိုးပြက် နေသော ဓားရောင်ခြည် (၁၂) စင်းက ရွှေလက်ဖဝါးကို ခွဲထွက် သွား၏။
အလွန် ကြီးမားသော ငရဲပန်း တစ်ပွင့် လင်းယွန် ဦးခေါင်း အထက်၌ ပေါ်လာပြီး၊ ဖြည်းဖြည်းချင်း လည်လာသည်။
၎င်းထံမှ စူးရှသော ဓားရောင်ခြည်များ ထွက်နေ၏။ လင်းယွန်က ငရဲပန်း ရောင်ဝါ အောက်တွင်၊ တည်ငြိမ်စွာ ရပ်နေသည်။
ရွှေလက်ချောင်း များက၊ သူ၏ ဆံချည် တစ်မျှဉ် ကိုပင်၊ ထိခိုက်အောင် မလုပ်နိုင် ခဲ့ချေ။
“ ဘာတွေ ဖြစ်နေ တာလဲ။ ”
သူ့ လက်ချောင်းများ ရပ်တန့် သွား သောကြောင့်၊ ကျင်းရွှမ်ရီ ခမျာ အံ့သြ သွား မိသည်။
“ ငရဲ ဓားမျိုးစေ့ ... ။ ”
မျက်ဝန်း များက၊ ငရဲပန်း ဝတ်ဆံကို မြင်ပြီးနောက် ပြူးကျယ် သွား၏။ ဓားမျိုးစေ့မှ အနက်ရောင် အဆင်း သဏ္ဍာန်ကို ထုတ်လွှတ် နေပြီး၊ အကန့် အသတ် မရှိသော ဓားနယ်မြေ တစ်ခု ဖန်တီး နေသလို ပေပင်။
ပြိုင်ဘက်မှာ ငရဲဓား မျိုးစေ့ကို၊ မည်သို့ ပျိုးထားနိုင် သည်အား တွေးလျက်၊ အလေး အနက် ထားလာ မိတော့သည်။
ငရဲ ဓားမျိုးစေ့သည် ပိုးအိမ် ဘဝ နှင့်ပင် ကြောက်စရာ ကောင်း၏။ ၎င်းသာ ပေါက်သော်၊ မည်မျှ အစွမ်းထက် နိုင်မည်ကို တွေးမရ တော့ချေ။
ထိုအချိန်တွင် ရွှေလက်ချောင်း များမှာ၊ လျင်မြန်စွာ တိုက်စား ခံနေရ သဖြင့်၊ တိုက်ပွဲ အပေါ် ပြန်၍ အာရုံစိုက် လိုက်ရသည်။
“ ဟန့်တား ထားတယ်။ ”
လင်းယွန်ကို ကြည့်ပြီး၊ လူတိုင်း အံ့သြ သွားသည်။ ထိုရွှေ လက်ချောင်း များသည် လေဟာ နယ်ကို၊ ပုံပျက် သွားစေ သော်မှ လင်းယွန်မှာ၊ အနေ အထား မပျက်ချေ။
“ ကလေးကွက် လေးတွေ။ ”
ကျင်းရွှမ်ရီ မျက်လုံးများ အေးစက်စွာ တောက်ပ လာသည်။ ပြိုင်ဘက်သည် ငရဲ ဓား မျိုးစေ့ကို ထုတ်ပြကာ၊ မည်သည့် အရာများ ကြံရွယ်နေ သည်ကို နားလည် လိုက်၏။
“ ရွှေရောင် ဓားသုတ္တန်၊ - ပျံသန်း နေသော အရိပ်။ ”
လက်ဖဝါးကို ပြန်ရုတ်လျက်၊ ရွှေဓား ရောင်ခြည် တစ်ရာ ကျော်ကို၊ မုန်တိုင်း အသွင် ဖွဲ့စည်းကာ၊ လင်းယွန်ထံ ပေးပို့ လိုက်သည်။
“ စိတ်ဝင်စား စရာပဲ။ ”
ပြိုင်ဘက်၏ ခွန်အားကို ကြည့်ကာ လင်းယွန်မှ ပြုံးလိုက်သည်။
“ နဂါး- ဖီးနစ် ကမ္ဘာဖျက် ကပ်ဘေး။ ”
နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို လှည့်ပတ်ကာ၊ နဂါး-ဖီးနစ် ရောင်ဝါ ကြိုးများ အားလုံး၊ အသက် သွင်း လိုက်သည်။
နဂါး-ဖီးနစ် ပုံရိပ်များ ပေါ်လာပြီး၊ သူ့ကို လှည့်ပတ် တော့၏။ ၎င်းတို့ ပေါ်လာသော အခါ ဓားရောင်ဝါက၊ တဟုန်ထိုး ထပ်မံ မြင့်တက် သွား လေသည်။
နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းအား၊ စတုတ္ထ အဆင့်သို့ ရောက်ရှိပြီး ဖြစ်သဖြင့်၊ ကမ္ဘာ ဖျက် ဆေးအိုးကို မသုံးသော်မှ၊ ကြောက်စရာ ကောင်းနေ သေးသည်။
လက်ချောင်း နှစ်ချောင်းကို ဓားအသွင်၊ ကျင်းရွှမ်ရီ လက်ဓားနှင့် ထိပ်တိုက် တွေ့ပေး လိုက်သည်။
သူတို့ နှစ်ဦး၏ တိုက်ပွဲဝင် စွမ်းအား များမှာ၊ ပင်မ နတ်ဘုရား နယ်ပယ်ကို ကျော်လွန် နေ၏။ ဓား ရောင်ခြည်များ အချင်းချင်း လေထု အလယ် တိုက်မိ သွားသည်။
“ ထန် ... ။ ”
ရေမျက်နှာပြင် ပေါ်၌ လှိုင်းလုံးများ အဆက်မပြတ် ဖြစ်ပေါ် လာ၏။ ကျင်းရွှမ်ရီမှာ မာနကြီး သဖြင့်၊ ဓားကို မသုံးချေ။
သူ့ ခွန်အားသည် လင်းယွန်ထက် သာလွန်ကြောင်း ဓား မဆွဲဘဲ၊ သက်သေ ပြရန် စဉ်းစား ထားသည်။ လူငယ်များ မာန မကြီးသင့်- ဟု၊ သတိ ပေးလို၏။
တစ်ဖက်တွင် လင်းယွန် တစ်ယောက် အဘယ်ကြောင့် မာနကြီး ရသည် ကိုလည်း နားလည် လာသည်။
၎င်းတွင် ဒုတိယ ဓားသုတ္တန် ရှိနေ၏။ ထိုအရာသည် အရိယာဓား သုတ္တန် ထက်ပင် အဆင့်မြင့် လေသည်။
ထို့ကြောင့် စိတ် အနှောင့် အယှက် ဖြစ်လာပြီး၊ ခွန်အားကို (၈၀%) သို့၊ ရုတ်တရက် မြှင့်တင် လိုက်မိသည်။
ရွှေဓားကွင်း တစ်ကွင်း လည်လျက် ပေါ်လာပြီး၊ နဂါး-ဖီးနစ် ဓား ရောင်ဝါကို လှီးဖြတ် သွားတော့၏။
ထို့ကြောင့် လင်းယွန်မှာ၊ ချက်ချင်း နောက်ဆုတ် သွားရသည်။ ကျင်းရွှမ်ရီမှ လေထု အလယ် ရပ်လျက်၊ လက်နောက် ပစ်ကာ၊ ၎င်းထံ ကြည့်နေ သည်။
“ ဝှစ် ... ။ ”
လင်းယွန်က လက်ဝှေ့ ယမ်းပြီး၊ အဟုန်ကို ချေဖြတ်လျက်၊ အားယူကာ ပြန်၍ ပြေးတက် သွားသည်။
သူ့လက် ယမ်းသွားရာ၊ လမ်းအတိုင်း နဂါးများ ပျံသန်း လိုက်ပါ လာကာ၊ ဆေးအိုးကြီး အသွင် ပေါင်းစပ် တော့သည်။
ဤသည်မှာ နေ-လ လက်သီး၏ နေ နဂါးနှင့် လ ဒေါသ ဖြစ်၏။
“ အချည်း အနှီး ... ၊ အားထုတ်မှု ပါပဲ။ ”
ကျင်းရွှမ်ရီက အထင် အမြင် သေးသော မျက်ဝန်း များဖြင့်၊ ၎င်းအား ကြည့်နေ ခဲ့သည်။ စင်ကြယ်သော ဝိညာဉ်တော် ပညာ ရပ်သည် သူ့အပေါ် သက်ရောက်မှု ရှိမည် မဟုတ်ချေ။
“ ဝှစ် ... ။ ”
၎င်းအား သရုပ်ဖော် အဆင့်ထိ၊ ကျွမ်းကျင် ထားလျှင်ပင်၊ သနားစရာ ကောင်းနေဆဲ ဖြစ်၏။ ထို့ကြောင့် နေ-လ ဆေးအိုး အနားသို့ ရွေ့လျား လိုက်ပြီး၊ လက်ဖြင့် အုပ်ကိုင် လိုက်သည်။
“ ဖပ် ... ။ ”
ပြန့်ကျဲ နေသော ရွှေဓား ရောင်ဝါက လက်ဖဝါးထံ စုရုံး လာကာ၊ နေ-လ ဆေးအိုးကို ဖျက်ဆီး တော့သည်။
ယင်းဖြင့် လင်းယွန် တစ်ယောက် တုန့်ပြန်မှု ဒဏ် ခံရမည် ဖြစ်သည်။ တွေးကြည့်ရုံ ဖြင့်ပင် ပျှော်ရွှင် လာစေ၏။
သို့သော် စိတ်ကူးသည် စိတ်ကူးသာ ဖြစ်သည်။ လက်တွေေ့ မဟုတ်ချေ။ ငရဲပန်း ပွင့် လာပြီး၊ နေ-လ ဆေးအိုးထံ၊ စွမ်းအင်များ ပေးပို့ တော့သည်။
ဆေးအိုး တစ်ခုလုံး၊ ချက်ချင်း မည်းနက် လာပြီး၊ လက်ဖဝါး အတွင်းမှ တိုးထွက်ရန် ရုန်း ကန် လေသည်။
ဖြစ်ပေါ်လာသည့် လှိုင်း များကြောင့်၊ အဝေးမှ ရပ်ကြည့် နေသူများ ကိုပင်၊ ဒဏ်ရာ အချို့ ပေးနိုင် ခဲ့သည်။
“ ဝုန်း ... ။ ”
များမကြာခင် အနက်ရောင် လှိုင်း တစ်ခု ဝုန်းခနဲ ပွင့်ထွက် သွားပြီး၊ ကျင်းရွှမ်ရီအား မီတာ တစ်ထောင် အကွာ သို့တိုင်၊ တွန်းထုတ် ပစ်၏။
လမ်း တစ်လျှောက်၊ ရေမျက်နှာ ပြင်တွင်၊ ပေါက်ကွဲမှု အသေး စားများ ဖြစ်ပေါ် လာသည်။ နေ-လ ဆေးအိုး ကြီးမှာ၊ လေထု အလယ် တဖြည်းဖြည်း မှိန်ဖျော့ သွားတော့၏။
“ ဝှစ် ... ။ ”
ဤကဲ့သို့ ရှုံးနိမ့်လိမ့် မည်ဟု၊ သူ့ကိုယ်သူ မထင်ထားသော ကျင်းရွှမ်ရီ ခမျာမှာ၊ မျက်နှာ ပျက်ယွင်းလျက်၊ ကိုယ်ဟန် ပြင်ယူပြီး၊ ရေပြင်ပေါ် ဆင်းသက် လိုက်သည်။
သည့်စဉ် ရေကန် အတွင်းမှ၊ ကောင်းကင် တခွင် ဖုံးလွှမ်း စေသော၊ ရွှေရောင် အဆင်းများ ဖြာထွက် လာသည်။ ဤသည်မှာ နဝမတန်း မိုးပြာ ဓားကြာပန်း မွေးဖွား လာသည့် လက္ခဏာ ဖြစ်၏။
ယင်းကြောင့် ကျိရှုရွှမ်မှာ ဝမ်းသာသွား သော်လည်း၊ မည်သည့် အရာ ဆက်လုပ် ရမည် မှန်း၊ မသိ တော့ချေ။ သူ့ မျက်ဝန်း များက ကျင်းရွှမ်ရီထံ ကျရောက် သွားသည်။
“ အရင် ယူလိုက် ... ၊ ငါ့ အတွက် စိတ် မပူနဲ့၊ မြန်မြန် အဆုံးသတ် လိုက်မယ်။ ”
သူ့ အတွေးကို သိနေသော ကျင်းရွှမ်ရီက၊ ပြန်ကြည့်ကာ နှုတ်ခမ်း လှုပ်ရုံ ပြောလိုက်သည်။ ထို့ကြောင့် ကျိရှုရွှမ်မှ ခေါင်းညိတ်ပြီး၊ မိုးပြာ ဓားကြာပန်းထံ ပြေးတော့၏။
သို့သော် မိုးပြာ ဓားကြာပန်းမှ ထုတ်လွှတ် ထားသော ရွှေရောင်ဝါမှာ၊ သူအား ဓားအစီရင် အသွင်၊ ဟန့်တား လာလေသည်။
လင်းယွန်က ၎င်းတို့ နှစ်ဦး၏ လုပ်ရပ်ကို မြင်ချိန်၌ ဒေါသ ထွက်သွားသည်။ ကျင်းရွှမ်ရီကို လျစ်လျူရှုလျက်၊ မိုးပြာ ဓားကြာပန်း ထံသို့၊ လှည့်ပြေး မိ၏။
“ ဝှစ် ... ။ ”
သို့သော် ကျင်းရွှမ်ရီမှ ရုတ်ချည်း သူ့ရှေ့ ရောက် လာသည်။ သူ့ ခွန်အားကို အပြည့် အဝ ထုတ်ကာ၊ လက်သီးဖြင့် ထိုးချ လာ၏။
“ ခရစ် ... ။ ”
ထို့ကြောင့် နဂါး ရူရ် (၅၀၀၀) ကို၊ ထုတ်ဖော်ကာ၊ ချက်ချင်း ကာကွယ် လိုက် သော်လည်း၊ နောက်ကျ သွားသည်။
နဂါး ရူရ်များ ကွဲကုန်လျက်၊ နှုတ်ခမ်းမှ သွေးများ စီးကျ လာ၏။ မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ လာကာ၊ ယိမ်းယိုင် သွားသည်။
“ ပြီးပြီလို့ ... ၊ ငါ ပြောခဲ့တယ် မဟုတ်လား။ ”
ကျင်းရွှမ်ရီမှ လက်နှစ်ဖက်အား နောက်ပစ်လျက်၊ ရပ်လိုက်သည်။ ထပ်မံ တိုက်ခိုက်ခြင်း မရှိ ခဲ့ချေ။
“ လူငယ် တွေက နေရာ တိုင်းမှာ၊ မာနကြီး မနေ သင့်ဘူး၊ မင်းမှာ ... ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ် ရှိတာ နဲ့ပဲ၊ ငါ့ဆီက လက်သီးကို ခံယူ နိုင်မယ်၊ မထင် လိုက်နဲ့။ ”
သို့သော် လင်းယွန်မှ တုန့်ပြန် စကား ပြောခြင်း မပြု တော့ဘဲ၊ လက်သီး ဆုပ်ကာ၊ ကျင်းရွှမ်ရီထံ ပြန်ထိုးချ လိုက်သည်။
“ ဝှစ် ... ။ ”
ဤမြင်ကွင်းကြောင့် ကျင်းရွှမ်ရီမှာ၊ လှောင်ပြုံး ပြုံးမိ၏။ တစ်ဖက်တွင် လင်းယွန်က နဂါး-ဖီးနစ် ကမ္ဘာဖျက် ဆေးအိုးကို၊ ရောင်ဝါ သမုဒ္ဒရာ အတွင်းမှ ထုတ်ယူ လိုက်သည်။
“ ဘုန်း ... ။ ”
ထို့ကြောင့် ပြုံးပြီး၊ သူ့ လက်သီးအား မထီမဲ့မြင် ခံယူရန် ပြင်နေသော ကျင်းရှုရီပေါ်၊ အညှာ အတာ ကင်းမဲ့စွာ ကျရောက် သွား၏။
အနက်ရောင် အငွေ့ အသက် တစ်ခု၊ ရင်ဘတ်မှ ဝင်ကာ၊ ကျောက ဖောက်ထွက် သွား သဖြင့်၊ ကျင်းရှုရီ တစ်ယောက် သွေးအန်လျက် လွင့်စဉ်သွား တော့သည်။
“ ..... ။ ”
မီတာ တစ်ရာ အကွာသို့၊ ဒူး တစ်ဖက် ထောက်လျက် အနေ အထားဖြင့်၊ ပြုတ်ကျ သွား၏။ နာကျင်မှုကြောင့်၊ မျက်နှာ ရှုံ့တွ သွားပြီး၊ အသက်ရှူရ ခက်ခဲ လာသည်။
“ လူငယ် တွေက ... ငယ်ရွယ်သူ ဖြစ်လို့၊ မာန ရှိသင့် ပါတယ်။ ”
လင်းယွန်မှ လှမ်းပြော လိုက်သည်။ သူ့မျက်နှာ ဖြူဖျော့ နေသော်လည်း၊ အကြည့် များက စူးရှ နေသေး၏။
***