← Chapters

စိတ်ကူး ကောင်းတယ်။

Vol. 105 Ch. 1470

စိတ်ကူး ကောင်းတယ်။

Vol. 105 Ch. 1470

သည်မြင်ကွင်းက လူအုပ်ကို အံသြသွား စေသည်။ ကျင်းရွှမ်ရီမှ ခွန်အား အပြည့် ထုတ် ပြီးနောက်၊ လင်းယွန်၏ နဂါး ရူရ် (၅၀၀၀)ကို ထိုးခွဲ လိုက်သည်။

ဤသည်မှာ မျိုးဆက် တစ်ခု အတွင်း၊ အသန်မာဆုံး ရုပ်ခွန်အား ပိုင်ရှင် လင်းယွန် ဟူသည့်၊ ဒဏ္ဍာရီကို အဆုံးသတ် စေခဲ့၏။

သို့သော် ထိုလင်းယွန်မှ လက်သီးဖြင့်၊ ချက်ချင်း ပြန်၍ ထိုးနှက်ကာ၊ ကျင်းရွှမ်ရီအား ဒူးထောက် စေခဲ့သည်။

ဤတိုက်ပွဲကို ကြည့်ခြင်းဖြင့်၊ မည်သူ ပို၍ သန်မာ သည်အား၊ မြင်သာ စေ၏။ နှစ်ဖက်လုံး ဓားမဆွဲ၊ နက္ခတ် မခေါ်ခဲ့ ကြချေ။

ထို့ကြောင့် ဒူးထောက် နေသော ကျင်းရွှမ်ရီ အဖြစ်ကို၊ မယုံနိုင်စွာ ကျိရှုရွှမ်မှ ပြန်လှည့်ကြည့် မိသည်။

“ ဝှစ် ... ။ ”

လင်းယွန် မှာမူ၊ မည်သူ့ ကိုမျှ ဂရု မစိုက် တော့ဘဲ၊ နဝမတန်း ဓားကြာပန်း ဆီသို့၊ ပြေးဝင် သွားသည်။

၎င်းသည် သူ့အတွက်၊ နဂါးသွေး သလင်းကျောက်၊ နီးပါး တန်းဖိုး ရှိ၏။

“ မြန်မြန် ... ၊ မြန်မြန် ... ။ ”

လင်းယွန်မှ သူ့ကိုယ်သူ သတိ ပေးသည်။ ကျင်းရွှမ်ရီအား ဒူးထောက် ခိုင်းခဲ့ သော်လည်း၊ အလုံးစုံ အနိုင်ရ သည်ဟု အဓိပ္ပါယ် မရချေ။

ထို့ကြောင့် ၎င်းမှ ပြန်လည် ကောင်းမွန် မလာမီ၊ နဝမတန်း မိုးပြာ ဓား ကြာပန်းအား ရယူ လို၏။

“ မစဉ်းစားနဲ့ ... ။ ”

ထိုရည်ရွယ် ချက်ကို ရိပ်စား မိသော ကျိရှုရွှမ်မှ၊ သူ့ ဓားရောင်ဝါအား ထုတ်လျက် အော်ဟစ် လိုက်သည်။

ရွှေရောင် ဓား အစီရင်ကို၊ ချိုးဖျက် နေခြင်းအား အရှိန် မြှင့်မိ၏။ ဤအစီရင်သည် ရွှေရောင် ဓားရောင်ဝါ များကို၊ အလွှာလိုက် သိုင်းယှက် ထားခြင်း ဖြစ်သည်။

လုံလောက်သော အင်အား မရှိက၊ ဝင်ရောက်ရန် ကြိုးစား သူသည် အန္တရာယ် ရှိ၏။ ယင်းက မီတာ တစ်ထောင်ခန့် အထိ၊ လွှမ်းခြုံ ထားသည်။

ဤအကွာ အဝေးသည် ပြောပ စရာ မဟုတ်သော်လည်း၊ သတိထား သွားလာနေ ရသဖြင့်၊ နှေးကွေး လေသည်။

“ ငါ ... လိုက်မမီ နိုင်တော့ဘူး။ ”

လင်းယွန်မှ ခေတ္တ ရပ်ပြီး၊ ကျိရှုရွှမ်အား ကြည့်မိသည်။ မိုးပြာ ဓားကြာပန်းနှင့် တစ်ဖက် လူကြား မီတာ (၁၀၀)သာ ကွာတော့၏။

သူ နှင့်မူ မီတာ ခုနစ်ရာကျော် လိုနေ သေးသည်။ ကွာခြားချက်မှာ သိသာ လွန်း၏။ ထို့ကြောင့် နည်းလမ်း အချို့ကို ရှာကြံနေ မိသည်။

ဓားရောင်ဝါအား တိုးမြှင့်ကာ ကျင့်ကြံမှု ခွန်အားကို အပြည့် ထုတ်လိုက် သော်လည်း၊ မထူး ခြားချေ။

ရွှေဓား ရောင်ဝါများက၊ ပို၍ တင်းကြပ် လာ သည်သာ အဖတ်တင်၏။ သွေးသား စွမ်းအင်နှင့် ရုန်းထွက်ရန် ပြင်လိုက် သော်လည်း၊ အလားတူ ပေပင်။

ထိုသို့ နည်းလမ်းရှာ နေစဉ်၊ ကျိရှုရွှမ်မှာ ဆယ်မီတာ အကွာထိ နီးကပ် သွားပြီ ဖြစ်သည်။ သို့သော် ၎င်းက ဆက် မသွားပဲ၊ သံသယဖြင့် ပြန်လှည့် ကြည့်သည်။

မီတာ (၈၀၀) အကွာတွင် ရပ်လျက်၊ ရွှေရောင် အလင်း များကို ကြည့်ကာ၊ ငေးငိုင် နေသော ပြိုင်ဘက်ကြောင့်၊ ပြုံးရယ် လာမိသည်။

သည့်နောက် ချက်ချင်း ပြန်လှည့်ကာ၊ နဝမတန်း မိုးပြာ ဓားကြာပန်းထံသို့ ဆက်၍ တိုးသွား လိုက်တော့၏။

ကျင်းရွှမ်ရီက ထိုမြင်ကွင်းကို ကြည့်ကာ၊ ပြုံးလာသည်။ ကျိရှုရွှမ် တစ်ယောက် ရရှိ သွား မည်ကို၊ သူ စိတ် မပူချေ။

ထိုသူ၏ အကျင့် စရိုက် အရ၊ တရား မျှတသော ယှဉ်ပြိုင်မှု တစ်ခု၊ ပြန်လုပ် ပေးလိမ့် မည်ဟု၊ ယုံကြည်၏။

“ သူ ... ရှုံးသွားပြီ။ ”

မူချင်းချင်းမှ တိုးတိုးလေး ပြောသည်။

“ မသေချာ သေးပါဘူး။ ”

မူရွယ်ချင်းက ခေါင်းယမ်း ပြလာ၏။ လင်းယွန်မှာ သူမအား စိတ်ပျက် စေလိမ့်မည် မဟုတ်မှန်း၊ ယုံကြည် နေဆဲ ဖြစ်သည်။

ထိုအချိန်တွင် လင်းယွန် ခမျာ ရပ်လျက် ဒုက္ခများ နေဆဲ ဖြစ်၏။ ရွှေရောင် ဓားရောင်ဝါ ရောင်ဝါကြိုး များကို၊ ဓား ရည်ရွယ်ချက်နှင့်၊ ပိုင်းဖြတ် ကြည့် လိုက်သည်။

“ ဒါပဲ ... ။ ”

ခေါင်းညိတ်လျက်၊ ပန်းသင်္ချိုင်း ဓားကို ဆင့်ခေါ်ကာ၊ နဝမတန်း မိုးပြာ ဓားကြာပန်းထံ ဦးတည်လျက်၊ ဓားချက် တစ်ချက်၊ ချက်ချင်း ထုတ်ဖော် လိုက်သည်။

“ ရွှပ် ... ။ ”

ရုတ်တရက် ဓားအလင်းက၊ သူ့ကို ဖြတ်ကျော် သွားသဖြင့်၊ မိုးပြာ ဓားကြာပန်းထံ လက်လှမ်း နေသော၊ ကျိရှုရွှမ်မှ မျက်မှောင် ကြုတ်ကာ၊ လည်ပြန် လှည့်ကြည့်သည်။

မီတာ ရာဂဏန်း အကွာ၌၊ ဓားကိုင်လျက် ရှိနေဆဲ ဖြစ်သော လင်းယွန်အား မြင်မှသာလျှင်၊ သက်ပြင်း ချပြီး၊ ရှေ့ပြန် လှည့်လိုက်၏။

“ ..... ။ ”

သို့သော် ချက်ချင်းပင်၊ မျက်ဝန်း တစ်စုံ ထွက်ကျလု မတတ် ပြူးကျယ် သွားလေသည်။ အဘယ့် ကြောင့် ဆိုသော်၊ လူရိပ် တစ်ရိပ်က ပြုံးလျက်၊ မိုးပြာ ဓားကြာပန်းအား ကိုင်ထား သောကြောင့် ဖြစ်၏။

“ ဘာလဲဟ ... ။ ”

ကျိရှုရွှမ် တစ်ယောက်၊ သူ့ မျက်လုံး သူ သံသယ ဝင်လာသည်။ ထို့ကြောင့် မီတာ (၈၀၀) အကွာရှိ လင်းယွန်ထံ၊ ပြန်လှည့် ကြည့်မိ၏။

ဓားကိုင် ထားသော လင်းယွန် ပုံရိပ်မှာ တဖြည်းဖြည်း လွင့်ပျယ် နေသည်ကို မြင်လိုက် ရသည်။

ကြယ်တာရာ လေ့လာရေး စင်မြင့် ပေါ်မှ၊ စောင့်ကြည့် နေသည့်၊ လူတိုင်း အသက်မဲ့ သွား တော့၏။

မျက်စိ တစ်မှိတ် အတွင်း၊ မီတာ (၈၀၀) အကွာ အဝေးကို ဖြတ်ကျော်ကာ၊ ဓားကြာပန်း ရယူ သွားလေပြီ။

သူ့ရှေ့တွင် ကျင်းရွှမ်ရီ တစ်ယောက် ဒူးထောက် လိုက်ရပြီး၊ ကျိရှုရွှမ် သည်လည်း ငုတ်တုတ်မေ့ သွား၏။

မြေကြီး အဆင့် ကြယ်နှစ်ဖော် ဟူသော ၎င်းတို့ နှစ်ဦးမှာ၊ လင်းယွန် ရှေ့၌ လူပြက်များ ဖြစ်လာ ကုန်ပြီ။

ယင်းက မယုံနိုင် စရာ၊ ကောင်းလွန်း ပေသည်။ ကျင်းရွှမ်ရီမှာ ဖြူဖျော့ နေသော မျက်နှာဖြင့်၊ ကျိရှုရွှမ် အနား ချက်ချင်း ရောက်လာ၏။

“ ငါ့ကို ပေးပါ ... ၊ အဋ္ဌမတန်း မိုးပြာ ဓားကြာပန်းနဲ့၊ လျော်ကြေး ပေးမယ်၊ ငါတို့ နှစ်ယောက် လုံးကို၊ ရင်ဆိုင် ရရင်၊ မင်း ... အခွင့်အရေး ရှိမှာ မဟုတ်ဘူး။ ”

ဤတစ်ကြိမ်၌ ကျင်းရွှမ်ရီ လေသံမှာ၊ ကမ်းလှမ်းမှု ဆန်ပြီး၊ အနည်းငယ် ပျော့ပျောင်း နေ၏။

အစောပိုင်း လက်သီး ချက်ကြောင့်၊ မောက်မာစွာ ပြောဆို ဝံခြင်း မရှိ တော့ချေ။

“ မင်းမှာ ... ၊ တစ္ဆေ ဝိညာဉ် ဓားရေးမျိုး မရှိတဲ့ အတွက်၊ ငါတို့ နှစ်ယောက်ကို ရင်ဆိုင်တဲ့ အခါ၊ အားနည်းချက် ဖြစ်သွား လိမ့်မယ်၊ ...

... ဒါကြောင့် ညီအစ်ကို ကျင်းက၊ သူ့ဓားကို မဆွဲပဲ၊ မင်းနဲ့ တိုက်ခဲ့တာ၊ ဒါကို ဟုတ်လှပြီ ထင် မနေနဲ့။ ”

ကျိရှုရွှမ် မှလည်း လင်းယွန် တစ်ယောက် ကျိုးကြောင်း ဆင်ခြင် နိုင်ရန်၊ သတိ ဝင်ပေး လာသည်။

“ အိုး ... စိတ်ဝင်စား စရာပဲ၊ ငါရော ... ဓားဆွဲခဲ့ လို့လား၊ မသိရင် ... ငါကပဲ ဓားဆွဲခဲ့ သလိုမျိုး၊ မင်းက ပြောနေ တယ်။ ”

လင်းယွန်က ပြုံးပြီး ပြန်လည် ချေပ လိုက်၏။ ယင်းက နှစ်ဦး စလုံးကို ပါးစပ်ပိတ် ကျ သွားစေသည်။

“ မင်းတို့ နှစ်ယောက်၊ အားနာ နေစရာ မလိုပါဘူး၊ ငါ့ဆရာက တစ္ဆေ ဝိညာဉ် ဓားရေးကို မယူဖို့၊ ပြောလို့ ငါမယူခဲ့ တာပါ၊ ဒါကြောင့် မင်းတို့ ဒီကြာပန်းကို လိုချင်ရင်၊ ဓားဆွဲပြီး ထိုက်တန်ကြောင်း ပြပါ။ ”

လင်းယွန်မှ ဆက်ပြော လိုက်သော စကားကြောင့်၊ ကြယ်နှစ်ဖော်မှာ အချင်းချင်း ပြန်ကြည့် လေသည်။

တစ်ဖက် လူမှ၊ သူတို့ နှစ်ဦးအား တစ်ပြိုင်နက်တည်း ဝင်လာရန်၊ စိန်ခေါ် နေ ချေ၏။

“ ငါနဲ့တင် လုံလောက် ပါတယ်။ ”

ကျင်းရွှမ်ရီက ဓားသေတ္တာ ထဲမှ ဓားကို ဆွဲထုတ် လိုက်သည်။ သူ့ဓားထွက် လာသည်နှင့်၊ ပန်းချီကား တစ်ချပ် ဖြစ်ပေါ် လာ၏။

ထိုပန်းချီကားသည် ရှေးဟောင်း ဘုရင် တစ်ပါး၏ ပုံတူ ဖြစ်သည်။ ဦးခေါင်း၌ ရွှေရောင် သရဖူကို ဆင်မြန်း ထား၏။

ထိုဘုရင်က ပန်းချီကား ထဲမှ လှမ်းထွက် လာပြီး၊ အမြင့် မီတာ သုံးရာခန့် ရှိသော ဘုရင် တစ်ပါး၏ ရောင်ဝါအား ထုတ်ဖော် လာသည်။

ဤတစ်ကြိမ်တွင် ကျင်းရွှမ်ရီက၊ နက္ခတ်နှင့် ဓားရေးကို ပေါင်းစပ် ခဲ့၏။ သူ့ အရှက် တရားကို ပြန်လည် သန့်စင် လိုပုံ ပေပင်။

ကျိရှုရွှမ်က အနည်းငယ် တွေးဆနေ ပြီးနောက်၊ တိုက်ပွဲ အတွင်း မပါဝင်ရန် ဆုံးဖြတ် လိုက်သည်။

ထိုပချိန်တွင် လင်းယွန်က ပန်းချီကား (၃)ချပ်အား၊ တပြိုင် နက်တည်း ဆင့်ခေါ် လိုက် ရသည်။

မြွေပျံ၊ ချွမ်ချီ ကျားနှင့် အသူရာ နဂါး တို့ ဖြစ်၏။ ၎င်းတို့ ပေါ်လာသော အခါ၊ ကျင်းရွှမ်ရီ ပန်းချီကား ရောင်ဝါမှာ၊ မှိန်ဖျော့ သွားသည်။

“ ထန် ထန် ... ။ ”

ထိုအချိန်တွင် ကျင်းရွှမ်ရီဓား ကျရောက် လာသည်။ ညာလက်နှင့် မိုးပြာ ဓားကြာပန်းကို ကိုင်ကာ၊ ဘယ်လက်အား ဝှေ့ယမ်းလျက် ပယ်ဖျက် ရှောင်တိမ်း လိုက်သည်။

“ မင်း ... ၊ ငါ့ကို အထင်သေး နေတာလား။ ”

သူ့ဓားကို လက်ဗလာနှင့် ပြန်၍ ခုခံ တိုက်ခိုက် နေသော လင်းယွန်ကို ကြည့်ကာ၊ ကျင်းရွှမ်ရီမှ ဒေါသ ထွက်လာသည်။ တစ်ဖက် လူသည် ဓားဆွဲရန် ဆန္ဒ မရှိချေ။

ထို့ကြောင့် မရေ မတွက် နိုင်သော ဓားရောင်ခြည် များကို၊ ဆက်တိုက် ထုတ်လွှတ် လိုက်သည်။

“ ဝှစ် ... ။ ”

လက်ကားကား ခြေကား ကားဖြင့်၊ လင်းယွန်မှာ ရှောင်တိမ်း နေဆဲ ဖြစ်၏။ ဤ တစ်ကြိမ်တွင် သူ့ဓားအား ဘယ်လက်ဖြင့် ပယ်ကာ၊ နောက်ပြန် ဆုတ်သွားသည်။

လင်းယွန်က ခြေတစ်လှမ်း ဆုတ်လျက်၊ ရှောင်တိမ်း လိုက်သည်။ ရောင်ဝါ သမုဒ္ဒရာ ထဲရှိ၊ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဆေးအိုးကြီးက၊ ဒေါသ တကြီးနှင့် ခေါင်းပြူ လာ၏။

ဓားသုတ္တန် နှစ်ခုကို ဖြန့်ကျက် ထား သောကြောင့်၊ သူ့ခွန်အားမှာ ကျင်းရွှမ်ရီထက် အားနည်းခြင်း၊ မရှိ လှချေ။

ဘယ်ဘက် လက်ကို၊ ပေါ့ပေါ့ ဆဆ ဝှေ့ယမ်း နေခြင်းသာ ဖြစ်သော်လည်း၊ ဝှေ့ယမ်း ချိန်တိုင်း၊ ကျင်းရွှမ်ရီ၏ ဟာကွက်ထံ ဦးတည် နေ၏။

ဆရာနှင့် တပည့်၊ သရုပ်ပြ ကစား နေခြင်း နှင့်တူ လာသည်။ ယင်းကြောင့် ကျင်းရွှမ်ရီ မှာ ဓားကို ဦးတည်ချက် ပြောင်းလဲ လိုက်သည်။

အရေး ကြီးသော အစိတ် အပိုင်း များထံ၊ မရည်ရွယ် တော့ဘဲ၊ ညာလက်တွင် ကိုင်ဆောင် ထားသော၊ မိုးပြာ ဓားကြာပန်းထံ ထိုးသွင်း ပစ်ခြင်း ဖြစ်သည်။

“ ဝှစ် ... ။ ”

ထို့ကြောင့် လင်းယွန်က၊ နဝမတန်း မိုးပြာ ဓားကြာပန်းအား၊ လေထဲသို့ ပစ်တင် လိုက်ရ တော့သည်။

“ ထန် ... ။ ”

ပြီး ပန်းသင်္ချိုင်း ဓားကို ဆွဲထုတ်ကာ ပြန်လည် ပက်ထုတ် လိုက်၏။ သည့်နောက် ရေပြင်ပေါ် ပုတ်လျက်၊ မြှား တစ်စင်းလို တစ်ဟုန်ထိုး ပြေးဝင် လိုက်သည်။

“ အွတ် ... ။ ”

ဓားအိမ်ကို မချွတ်ထား သဖြင့်၊ ဓားအိမ် ထိပ်ဖျားက ကျင်းရွှမ်ရီ၏ ရင်ဘတ်ကို ထိမှန် သွားလေသည်။

ယင်းကြောင့် ကျင်းရွှမ်ရီ တစ်ယောက် သက်သာရာ ရသွား၏။ သို့တိုင် ညည်းတွားပြီး လွင့်စဉ် ပြုတ်ကျ သွားသည်။

ခေါင်းမော့ ပြန်ကြည့် လိုက်သော အခါ၊ လင်းယွန်က သူ့ဓားကို ကောင်းကင်ပေါ် ထိုးချိန် လျက်၊ နဝမတန်း မိုးပြာ ဓားကြာပန်းအား ဖမ်းယူ နေသည်ကို မြင်လိုက် ရ၏။

“ ဒီအကြံ မဆိုးဘူး၊ ဒါပေမယ့် ကံမကောင်းစွာ နဲ့ပဲ၊ ငါက မင်းထက် မြန် နေတယ်။ ”

လင်းယွန်မှ ပြုံးကာ ပြောလိုက်သည်။ ထိုအပြုံးသည် ကြယ်နှစ်ဖော်အား ကျောရိုး တစ်လျှောက်၊ အေးစိမ့် လာစေ တော့၏။

***

All Chapters