ကောင်းကင် ဓား ရေကန်။
Vol. 106 Ch. 1471
လင်းယွန် စကားကြောင့် လူတိုင်း အံသြ သွားသည်။ သူတို့ မြင်နေ ရသည် များကို မယုံ နိုင်ခဲ့ချေ။
နှစ်ဖက်စ လုံးက ဓားဆွဲ ထားသည်။ ကြယ်နှစ်ပွင့်နှင့် ကြယ်ငါးပွင့်ကို အနိုင် ယူပြ ခဲ့သည်မှာ၊ ရူးသွပ် စရာ ဖြစ်၏။
ဤမြင်ကွင်းသည် ဟွမ်ဖူရန်တို့ လေးဦးကို အနိုင်ရ ခြင်းနှင့်၊ ဆင်တူ သော်လည်း မည်ကဲ့သို့ လုပ်ဆောင် သည်အား၊ ပဟေဠိ ဖြစ်ဆဲ ပေပင်။
အရိယာ ကောင်းကင်ဓားသည် ကောင်းကင်ကို အံတု နိုင်သည် မှန်သော်လည်း၊ အဆင့် သုံးဆင့် မြင့်သော၊ ကျင်းရွှမ်ရီအား တိုက်ခိုက် နိုင်စရာ အကြောင်း မရှိချေ။
ကျင်းရွှမ်ရီသည် ဘုရင် ရောင်ဝါနှင့်၊ ကောင်းကင်ဓားကို ပေါင်းစပ်ပြီး၊ ဓားသုတ္တန် ပဉ္စမ အဆင့် ခွန်အား သုံးလျက်၊ တစ္ဆေ ဝိညာဉ် ပညာ ရပ်အား၊ ထုတ်ဖော် ခဲ့ခြင်း ဖြစ်သည်။
သို့သော် လင်းယွန် ရှေ့တွင်၊ ကလေး တစ်ယောက်နှင့် အလား သဏ္ဍာန် တူသွား သည်
“ ဒါ ... ဘယ်လို လုပ်လိုက် တာလဲ။ ”
မူချင်းချင်းမှ တုန်လှုပ်သော အသံဖြင့်၊ ညည်းတွား လိုက်မိသည်။ ခေါင်းမော့ ကြည့် လိုက်ချိန်၌၊ သူမ အစ်မသည် တစ်စုံ တစ်ရာ တွေးနေ သကဲ့သို့၊ ငြိမ်သက်နေ ပြန်သည်။
“ မမ ... ၊ တစ်ခုခု ပြောပါဦး။ ”
“ ဖယ်စမ်း ... ငါ့ကို ပိတ်မထားနဲ့။ ”
မူရွယ်ချင်းက သူမကို ညင်သာစွာ တွန်းဖယ်သည်။ ဤနေရာဖြင့် ဝေးကွာ လှသော ကြောင့်၊ အရာ အားလုံး သာမန် မျက်စိနှင့် မြင် လိုသော်၊ သူမ အာရုံစိုက် ရမည် ဖြစ်သည်။
“ ဟမ့် ... ။ ”
မူချင်းချင်းမှ အော်ဟစ်ပြီး၊ ခြေထောက် စောင့်လိုက်သည်။ သူမ အစ်မသည် တစ်ခု ခုကို သေချာပေါက် ရှာတွေ့ ခဲ့၏။
ရေကန် အလယ်တွင်၊ ကျင်းရွှမ်ရီနှင့် ကျိရှုရွှမ် တို့က၊ ပန်းသင်္ချိုင်း ဓား အဖျားတွင် ရှိသော၊ နဝမတန်း မိုးပြာ ဓားကြာပန်းကို မော့ကြည့် မိသည်။
လင်းယွန် ထံမှ ပထမဆုံး အကြိမ်၊ ဖိအားများ ခံစား လာရ၏။ သူတို့၏ သတ္တိနှင့် ဝှက်ဖဲ များသည်၊ မည်သည့် အရာမျှ မလုပ် ဆောင်နိုင် သောကြောင့်၊ ထူးဆန်း လာသည်။
သည်အချိန်၌ အတူတူ လက်တွဲရ မည်ကို၊ နားလည် လိုက်သည်။ ပြတ်သားသော အတွေး နှင့် အတူ၊ မာနအား စွန့်လွှတ် တော့သည်။
“ ဟား ဟား ဟား ... ။ ”
ယင်းကို တွေးမိသော၊ ကျိရှုရွှမ်က သူ့ကိုယ်သူ လှောင်ရယ် ရယ်လိုက် လေသည်။ တောင်ထိပ် ငါးခု ပြိုင်ပွဲသည် သူနှင့်၊ ကျင်းရွှမ်ရီ အတွက် ဖြစ်သည်ဟု ယုံကြည် ခဲ့၏။
သို့သော် နဝမတန်း မိုးပြာ ဓားကြာပန်း အပါအဝင်၊ ကျော်ကြားမှု အားလုံးကို လင်းယွန် မှ၊ လုယူသွား ခဲ့သည်။
ထို့ကြောင့် လင်းယွန်ကို ကြည့်ပြီး၊
“ ဂျူနီယာ လင်း ... ၊ မင်းရဲ့ ခွန်အားက လေးစား စရာ ကောင်းပါတယ်၊ ချန်ပီယံ ဆုက မင်းဆီ ရောက်သွား မှာကို၊ ငါ ကြောက်တယ်၊ ဒါပေမယ့် ...
... ငါတို့က ဓားသမား တွေပဲ ... ၊ လွယ်လွယ်နဲ့ အရှုံး မပေးချင် သေးဘူး ... ၊ ဒါကြောင့် တောင်းပန် ပါတယ်။ ”
ကြယ် နှစ်ဖော်သည် လင်းယွန်အား အတူတကွ တိုက်ခိုက်ရန်၊ ဆုံးဖြတ်လိုက် သဖြင့်၊ ချက်ချင်း ရုတ်ရုတ် သဲသဲ ဖြစ်လာ ခဲ့ရသည်။
နှစ်ပေါင်း များစွာ တိုင်အောင်၊ ပြိုင်ဘက်များ အဖြစ် သတ်မှတ်ပြီး၊ အဆက် မပြတ် တိုက်ခိုက် ခဲ့ကြ သည်။
ထို့ကြောင့် ၎င်းတို့ ပူးပေါင်း ခြင်းမှာ မယုံ နိုင်စရာ ပေပင်။
“ တောင်းပန် နေစရာ မလို ပါဘူး၊ ဒီကမ္ဘာကြီးမှာ လူတိုင်းက အရင်းအမြစ် ရဖို့၊ တိုက်ပွဲ ဝင်ရတာ သဘာဝ ပါပဲ၊ တိုက်ပါ။ ”
လင်းယွန်မှ ပြုံးပြီး ပြောလိုက်သည်။ ကျိရှုရွှမ်က အံ့အားသင့် သွားပြီး၊ သူ့ အမြင်များ ပြောင်းလဲစ ပြုလာ တော့သည်။
“ ဒါဆို မင်းမှာ ... ၊ တစ္ဆေ ဝိဉာဉ် သိုင်းပညာရပ် မရှိလို့၊ ငါတို့ .. ဒီတိုက်ပွဲမှာ မသုံးတော့ ပါဘူး။ ”
ကျိရှုရွှမ်မှ ပြောသည်။ ကျင်းရွှမ်ရီ သည်လည်း အလားတူ အမြင် ရှိနေ သဖြင့်၊ ငြင်းဆန်ခြင်း မရှိ ခဲ့ချေ။
သူတို့ အားလုံးမှာ၊ ဓားဂိုဏ်း၏ တပည့် များသာ ဖြစ်သည်။ တစ်ယောက် အားနည်းချက် တစ်ယောက် မနင်း သင့်ချေ။
“ မဟုတ်ဘူး၊ ငါ ပြောခဲ့တယ် မဟုတ်လား၊ ငါ့ဆရာ စကားကြောင့်၊ တစ္ဆေ ဝိညာဉ် ပညာရပ် တွေကို၊ မယူခဲ့ တာပါ၊ ဒါက ...
... နည်းနည်း ရှင်းပြရ ခက်တယ်၊ စိတ်မပူ ပါနဲ့၊ ဆက်ပြီး ... တစ္ဆေ ဝိညာဉ် ဓားရေး တွေကို၊ သုံးလို့ ရပါတယ်။ ”
သူ့စကားကြောင့် ကြယ်နှစ်ဖော်မှာ အကြည့်ချင်း ဖလှယ် မိသည်။ တစ်ဖက် လူမှ လက်ခံ သည်မို့၊ ထပ် ပြောစရာ စကား မရှိ တော့ချေ။
ထို့ကြောင့် ၎င်းတို့၏ တစ္ဆေ ဝိညာဉ် ဓားရေးများကို အသုံး မပြု ပါက၊ သက်တံဓား သူတော်စင် အပေါ်၊ မလေး စားရာ ရောက် ပေမည်။
“ ကောင်းပြီ ... ၊ ဒါဆို ... သက်တံဓား သူတော်စင်ရဲ့ တပည့်၊ ဘယ်လောက် စွမ်းလဲ ကြည့်ရအောင်။ ”
ကျိရှုရွှမ်မှ ဦးစွာ တိုက်ခိုက် လာ၏။ ရေမျက်နှာ ပြင်ပေါ် ခြေဖဝါးကို ညင်သာစွာ ပုတ်ပြီး၊ အလင်းတန်း အသွင် ပြေးဝင်ကာ၊ ဓားဆွဲ လိုက်သည်။
ကြက်သွေးရောင် တောင်ထိပ်၏၊ တစ္ဆေ ဝိညာဉ် ပညာရပ် ဖြစ်သော၊ နတ်မီးတောက် ဓား ဖြစ်သည်။
တစ်ဖက်တွင် ကျင်းရွှမ်ရီမှာ ရပ်နေဆဲ ဖြစ်၏။ နတ်မီးတောက် ဓားကို မြင်ချိန် မှသာ၊ ကောင်းကင်ပေါ် ပျံတက် သည်။
ဓားရောင်ဝါ (၃၆) စင်းက၊ ဒေါင်း အမြီး အလား၊ သူ့ နောက်ကျော၌ ပွင့်၏။ ရွှေရောင် တောင်ထိပ်မှ၊ မဟာ လေဝဲဓား (၇၂) ကွက် ပေပင်။
“ အရမ်း ကောင်းတယ်။ ”
လင်းယွန်က လက်ကောက် ဝတ်ကို ညင်သာစွာ ယမ်းပြီး၊ ဓားအိမ် ဖျားရှိ မိုးပြာ ဓား ကြာပန်းအား၊ ဘေးသို့ ဖယ်ထား လိုက်သည်။
“ ဝှစ် ... ။ ”
ပြီးနောက် ကောင်းကင်ပေါ် ခုန်တက် လိုက်တော့၏။ ဓားဆွဲထုတ် လိုက်သော အခါ၊ တိမ် ပင်လယ်ကြီး၊ ကွဲထွက် သွားသည်။
ထိုအက်ကွဲကြောင်း အတွင်း၌ လမင်း တစ်စင်း ဖြစ်တည် နေ၏။ ရေကန် မျက်နှာပြင် ၌လည်း၊ ရေလှိုင်းများ မိုင်တစ်ရာ အထိ ပျံ့နှံ့ သွားခဲ့သည်။
( တိမ်များတွင် ရေငွေ့များ ပါဝင်သည်။ ရေပြင်သည် လမင်းအား အလင်းပြန် စေ၏။ လမင်းမှာ ကောင်းကင်အား အလင်းရောင် ပေးသည်။ )
ကောင်းကင် ဓားရေကန်၏ ဖြစ်စဉ်များ အားလုံး၊ စက္ကန့်ပိုင်း အတွင်း ထွက်ပေါ် လာ၏။ လက်ထဲရှိ ပန်းသင်္ချိုင်း ဓားမှာ၊ မိုးမခ သစ်ကိုင်း တစ်ကိုင်း ကဲ့သို့၊ ယိမ်းထိုး နေသည်။
၎င်းကို ဖြည်းညှင်းစွာ ခုတ်ပိုင်းလိုက် သောအခါ၊ မီးတောင် ကြီးနှင့် တူသော ကျိရှုရွှမ် ဓားပေါ်၊ ကျရောက် သွားသည်။
“ ထန် ... ။ ”
လင်းယွန် ဓားမှာ ပေျာ့ပျောင်း ပါးလွှာ သည်။ သို့သော် မီးတောင်ကြီး ကဲ့သို့သော ဓားကို တားဆီး နိုင် လိုက်၏။
မီပွားများ ပြန့်ကျဲ သွားပြီး၊ ကျိရှုရွှမ် ခမျာ မီတာ တစ်ထောင် အကွာသို့ လွင့်စဉ် သွားတော့ သည်။
တိမ် ပင်လယ်သည် ကန့်သတ် ချက်သို့ ရောက်ရှိလာ သည်နှင့် အမျှ၊ လမင်း၏ အလင်း ရောင်မှာ၊ ပို၍ တောက်ပ လာသည်။
လရောင် အောက်တွင်၊ ငရဲပန်း စွမ်းအင်သည်၊ ကောင်းကင် ဓား ရေကန်နှင့် တရွေ့ရွေ့ ပေါင်းစပ် နေ၏။
ထိုအချိန်၌ ကျင်းရွှမ်ရီက မဟာ လေဝဲဓား (၇၂)ကွက် နှင့်အတူ ရောက်ရှိ လာသည်။ အမြန် နှုန်းမှာ လေ အလား ထင်မှား စေ၏။
ဓားသွားက လေဟာနယ်အား၊ အဆက် မပြတ် ထိုးခွဲ နေသည်။ သို့သော် ရုတ်တရက် လင်းယွန်မှ ယိမ်းနွဲ့ လာ၏။
ခြေလှမ်း တစ်လှမ်း လှမ်းတိုင်း၊ ခြေဖဝါး အောက်၌ ပန်းပွင့် လေးများ ဖြစ်ပေါ် လာသည်။ ပွင့်ချပ်များ ကြွေကာ၊ စမ်းရေ စီးကြောင်း ကဲ့သို့၊ တသွင်သွင် လွင့်မျော လိုက်ပါ ကုန်သည်။
ပန်းသင်္ချိုင်း ဓားက ကျင်းရွှမ်ရီ၏ ဓားရောင်ဝါ (၃၆) စင်းကို၊ ကောင်းမွန်စွာ ပိတ်ဆို့ ထားနိုင်၏။
မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ သူတို့ နှစ်ယောက်သား လှုပ်ရှားမှု ပေါင်း ဆယ်ကြိမ်၊ ဖလှယ် မိကြသည်။
ထိုအချိန်တွင် လင်းယွန် မျက်ခုံး အလယ်မှ ဓားဝိညာဉ် နှစ်ပါး လင်းလက်ကာ၊ ကျင်းရွှမ်ရီ၏ အားနည်းချက် များကို ရှာတော့သည်။
“ ဘာဖြစ် တာလဲ။ ”
ကျင်းရွှမ်ရီ ခမျာ မျက်ခုံးပင့် မိသည်။ သူ့ဓားရေးတွင် ချို့ယွင်းချက် အနည်းငယ် ရှိမှန်း သူ သိ၏။ သို့သော် ၎င်းသည် အရေး မကြီး သောကြောင့် ဂရုမစိုက် ခဲ့ချေ။
ယခုမူ ပြိုင်ဘက်မှ၊ ထိုနေရာ များထံ စောင့်ကြည့် နေသည်ကို၊ ခံစား လိုက်ရ သဖြင့်၊ တုန်လှုပ် လာခြင်း ဖြစ်သည်။
“ ရွှပ် ... ။ ”
ရုတ်တရက် လင်းယွန်က ခြေ တစ်လှမ်း ဆုတ်ခွာကာ၊ ပန်းသင်္ချိုင်း ဓားဖြင့်၊ ဆတ်ခနဲ ပြန်၍ လှမ်းထိုး လာသည်။
ယင်းကြောင့် ကျင်းရွှမ်ရီ ခမျာ ချက်ချင်း ဆုတ်ခွာ ပေးလိုက် ရ၏။ အံ့အားသင့် ခြင်းမှာ အတိုင်း အဆ မရှိချေ။
အဘယ့်ကြောင့် ဆိုသော်၊ ထိုအလေး ထားစရာ မဟုတ်သော အားနည်း ချက်သည်၊ ချက်ချင်း အသက် ဆုံးရှုံး နိုင်သည် အထိ၊ ကြီးမား လာသောကြောင့် ဖြစ်၏။
( ဒီကောင်က ... ဓား မိစ္ဆာလား။ )
လင်းယွန် ဓားမှာ၊ ချက်ချင်း မှော်ဆန် လာပြီး၊ အန္တရာယ် များလာ သဖြင့်၊ အကြော အချဉ်များ တောင့်တင်း ကုန်သည်။
“ ဖျပ် ... ။ ”
လင်းယွန်က ခြေတစ်လှမ်း ထပ်မံ ပြန်ဆုတ်ကာ သူ့ လက်ကောက် ဝတ်ကို၊ လွှဲထုတ် လိုက်သော အခါ၊ ရေ မျက်နှာပြင် ပေါက်ကွဲ ကုန်သည်။
“ ဝှစ် ... ။ ”
လမင်း တစ်စင်း ရေကန် ထဲမှ ပျံထွက် လာခြင်း ဖြစ်၏။ ထိုလမင်းသည် ကျင်းရွှမ်ရီ ခေါင်းကို မှန်သွား သဖြင့်၊ ကျင်းရွှမ်ရီ ခမျာ၊ အဝေးသို့ လွင့်စဉ် တော့သည်။
ပါးစပ်မှ သွေးများ စီးကျလျက်၊ အရိုးများ အက်ကုန်၏။ လင်းယွန်မှ သူ့ကို အခွင့်ကောင်း မယူခဲ့ သည်မှာ၊ ကံကောင်း လေပြီ။
“ ဝှစ် ... ။ ”
လင်းယွန်က ၎င်းနောက်သို့၊ လိုက်ပါ တိုက်ခိုက်ခြင်း မပြု တော့ဘဲ၊ ကောင်းကင်ပေါ် ပျံတက် သွားလေသည်။
သရုပ်ဖော် အဆင့်ထိ၊ ရောက်ရှိ နေသော နတ်မီးတောက် ဓားသည်၊ ကျိရှုရွှမ် လက်ထဲ၌ ပို ကြောက်စရာ ကောင်းလာ၏။
“ ဖောင်း ... ။ ”
လင်းယွန် ဖန်တီး ထားသော လမင်းကို ဓားရောင်ခြည် သုံးစင်းဖြင့်၊ ချက်ချင်း ဖျက်ဆီး ပစ်လိုက် လေသည်။
နတ်မီးတောက် ဓားသည်၊ အဆင့်နိမ့် တစ္ဆေဝိညာဉ် ပညာရပ် မျှသာ ဖြစ်သော်လည်း၊ အစွမ်း ထက်၏။
စွမ်းအားသည် သာမန် လူများ အတွက်၊ စိတ်ကူးယဉ် နိုင်သော အရာ မဟုတ်နိုင်။ လမင်း ပျက်စီးသွား သည်နှင့်၊ ကျိရှုရွှမ် ဓားရောင်ဝါမှာ၊ တဟုန်ထိုး တက်လာသည်။
ယင်းကြောင့် မီးလျှံများ တောက်လောင် နေသော၊ ဓားတောင်ကြီး ကဲ့သို့ ထင်မှား လာစေ တော့၏။
“ ဘာလဲ ... ။ ”
သို့သော် ရေကန် ထဲတွင် လမင်း ကြီးမှာ၊ ရှိနေဆဲ ဖြစ်ရာ၊ မျက်မှောင်ကြုတ် မိပြီး၊ တိမ် ပင်လယ်ကို မော့ကြည့် သည်။
တိမ်ပင်လယ် အတွင်းမှ လမင်းက ခေါင်းပြူကြည့် လာ၏။ ထို့ကြောင့် သံသယ ဝင် လာပြီး၊ ကျင်းရွှမ်ရီအား လှည့်ကြည့် မိသည်။
သည့်စဉ် ကျင်းရွှမ်ရီက သူ့ထံသို့၊ ပျံသန်း လာနေ သဖြင့်၊ ဆက်မတွေး နိုင်တော့ဘဲ၊ လက်တွဲ တိုက်ခိုက်ရန် ပြင်လိုက်သည်။
သို့သော် တိုက်ပွဲ ဖြစ်သည်နှင့်၊ လင်းယွန်မှ သူတို့ နှစ်ယောက်အား၊ ကောင်းစွာ ထိန်းထား နိုင်ဆဲ ဖြစ်သည်။
လှုပ်ရှားမှု ဆယ်ကြိမ် ပြီးနောက်၊ သူ၏ ကောင်းကင် ဓားရေကန်မှ ဓား ရောင်ဝါသည်၊ မကြုံ စဖူး အမြင့်သို့ ရောက်ရှိ သွားသည်။
ထို့ကြောင့် လင်းယွန်မှာ မြင်ကွင်းမှ ပျောက်သွား၏။ နှစ်ယောက်သား နေရာ အနှံ့ လင်းယွန်ကို လိုက်ရှာ မိသည်။
သို့သော် မတွေ့ချေ။ အချင်းချင်း အကြည့်များ ဖလှယ် မိစဉ်၊ ရေကန် ထဲမှ လမင်း ထွက်ပေါ် လာပြီး၊ စတင် လည်တော့သည်။
၎င်းနှင့် အတူ တိမ်ပင်လယ် ထဲရှိ လမင်း သည်လည်း၊ လိုက်လံ လည်ပတ် နေတော့သည်။ လင်းယွန် ကိုမူ မတွေ့ ရသေးချေ။
“ ဟိုမှာ ... ။ ”
ကျင်းရွှမ်ရီက ကောင်းကင်ကို ကြည့်ကာ အော်ဟစ် လိုက်သည်။ တိမ်များ ကင်းစင်သွား ချိန်၌၊ လမင်းပေါ် ရပ်နေသော လူရိပ်အား မြင်လိုက် ရသည်။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
ထိုသူက ပြုံးပြီး၊ သူတို့ထံ လှမ်း ကြည့်၏။ ယင်းမှာ ဘာဝ အတိုင်း လင်းယွန် ဖြစ်လေပြီ။ သို့သော် ကြယ် နှစ်ဖော်မှာ၊ ချက်ချင်း ခြေ သုံးလှမ်း ပြန်ဆုတ် လိုက်သည်။
ဤအဆင့်သည် သူတို့၏ အသိဉာဏ် များအား၊ သွေဖည် နေ၏။ ထို့ကြောင့် မေးခွန်း များစွာ တန်းစီ သွားသည်။
၎င်းမှာ ကောင်းကင် ဓားရေကန် ဖြစ်ကြောင်း သေချာ သော်လည်း၊ ယင်းနှင့် မတူ တော့ချေ။
လပေါ် ရှိလူ လူရိပ်မှာ၊ ပျောက်ကွယ် သွားသည်။ ဤတစ်ကြိမ်တွင် သူ မရှိခဲ့ သကဲ့သို့၊ လုံးဝ ပျောက်ကွယ် သွားခြင်း ဖြစ်၏။
ယင်းကြောင့် ကျင်းရွှမ်ရီနှင့် ကျိရှုရွှမ်မှာ ထိတ်လန့်သွား တော့သည်။
“ တိမ်တွေ ကွဲသွား ပြီးရင် ... ၊ လမင်း လင်းလာမယ်၊ လရောင် အောက်မှာ ပန်းတွေက ကခုန်ချင် နေကြတဲ့ အတွက်၊ ဒီကမ္ဘာ ပေါ်မှာ မင်း ဆိုတာ ရှိနေ တာပဲ။ ”
ကျင်းရွှမ်ရီ တို့ကို၊ ကြောက်ရွံ့မှုများ လုံးလုံး လျားလျား လွှမ်းခြုံ သွားချိန်တွင်၊ ကဗျာ ရွတ်သံ ထွက်ပေါ် လာသည်။
ဓားကိုင်လျက် လင်းယွန်က၊ သူတို့ ရှေ့ ရောက်လာသည်။ သို့သော် နှစ်ယောက် ဖြစ်၏။ ရေကန် ထဲမှ လမင်းနှင့်၊ ကောင်းကင်က လမင်း ကြောင့် ဖြစ်သည်။
နှစ်ယောက် စလုံးက ဓားကို လွှဲခုတ် လိုက်သည်။ ပုံစံတူ ဓားချက် ဖြစ်သော်လည်း၊ မတူညီသော ရည်ရွယ်ချက် (၁၀၈)သွယ် ပါရှိ နေသည်။
ဤဓားသည် မည်မျှ ရင်သပ် ရှုမောဖွယ် ကောင်းသည်ကို၊ စကားလုံး များနှင့် ဖော်ပြ နိုင် စွမ်း မရှိ တော့ချေ။
လည်ပင်း၌ ပူခနဲ ဖြစ်သွား ခဲ့ရာ၊ လက်ရှိ အချိန်ကို သတိရ လာပြီး၊ ကြယ်နှစ်ဖော် ခမျာ၊ ဓားများ လွတ်ကျ ကုန် သည်။
ပြတ်ရှရာမှာ အရေးပြား တွင်သာ ဖြစ် သောကြောင့် ကံကောင်း ချေ၏။ သို့တိုင်အောင် မျက်လုံးပြူး နေမိဆဲ ဖြစ်သည်။
***