ဒီလို ဆိုရင်ရော ... ၊ မင်းတို့ ယုံမလား။
Vol. 106 Ch. 1472
“ စီနီယာတို့ ဆက်သွားချင် သေးလား။ ”
လင်းယွန်က ဓားကို ရွှမ်းခနဲ ပြန်ရုတ်ကာ မေးလိုက်သည်။ သို့တိုင် ကျင်းရွှမ်ရီနှင့် ကျိရှုရွှမ် တို့မှာ၊ မှင်တတ် နေကြဆဲ ဖြစ်၏။
အပြင်းထန် ဆုံးသော ‘ကောင်းကင်ကို မိုးထားသည့် ဓား(၉) ကွက်’ကို မသုံးရ သေး သဖြင့်၊ အရှုံးအား လက်မခံ လိုချေ။
ယင်းမှာ ပုံစံ (၉)မျိုး ပါရှိသော၊ အဆင့်မြင့် တစ္ဆေ ဝိညာဉ် ဓားရေး တစ်ရပ် ဖြစ်ပြီး၊ အခြား သော တစ္ဆေ ဝိညာဉ် ပညာရပ် များနှင့် မတူချေ။ လွတ်လပ်သော ဓားရေး တစ်ရပ် ဖြစ်သည်။
ဆိုလို သည်မှာ မည်သည့် တောင်ထိပ်မှ မပိုင်ဘဲ၊ မည်သူ မဆို အကျိုးဆောင် ရမှတ်ဖြင့်၊ လဲယူ နိုင်သည်။
အလွန် အစွမ်းထက် သောကြောင့်၊ အကြီးအကဲ ခန်းမမှ၊ တိုက်ရိုက် ထိန်းချုပ်သည်။ ထို့ကြောင့် ဤအရှုံးမှာ လက်မခံ နိုင်စရာ ဖြစ်နေ၏။
သို့သော် လည်ပင်းရှိ ပြတ်ရှ ရာကြောင့်၊ လုပ်နိုင် စရာ မရှိ တော့ချေ။ သူတို့ကို ညှာတာ ခဲ့ကြောင်း၊ သက်သေ ဖြစ်သည်။
“ ကြည့်ရတာ ... ငါ့စီနီယာ တွေက၊ မယုံကြည် သေးပုံပဲ၊ ဒါဆို လာ ...တိုက်ပါ၊ ဒီနေ့ အပြည့် အဝ ယုံကြည် ကြတဲ့ ... အချိန် အထိ တိုက်ပေးမယ်၊ ဘာလို့လဲ ဆိုတော့ ...
... ကောင်းကင် တပည့် ရာထူးက ငါနဲ့ မထိုက်တန်ဖူး ဆိုတဲ့ စကားမျိုး ... ၊ ထပ် မကြား ချင်တော့ လို့ပဲ၊ ဒီလိုသာ ဆက်ပြော နေဦးမယ် ဆိုရင်၊ ငါ့ တောင်ထိပ်၊ ငါ့ ဆရာနဲ့၊ ...
... ဂိုဏ်းချုပ်ကို စော်ကား နေတာနဲ့ အတူ တူပဲ၊ ဒါကြောင့် ငါ့ဓားက ငါ့လို သဘော ကောင်းနိုင် တော့မှာ မဟုတ်ဘူး။ ”
လင်းယွန် စကားက လူတိုင်းကို ပါးစပ် ပိတ်သွား စေသည်။ ဤကာလ တစ်လျှောက် လူ များစွာမှ၊ သူ ကောင်းကင် တပည့် ဖြစ်အား၊ မပျော် မရွှင် ဖြစ်နေ ခဲ့ကြောင်း၊ သိပုံ ရ၏။
ကျင်းရွှမ်ရီနှင့် ကျိရှုရွှမ်မှာ မျက်လုံးပြူး သွားသည်။ ‘စီနီယာ’၊ ဟု ယဉ်ကျေးစွာ ခေါ်နေ သော်လည်း၊ စကားများမှာ မောက်မာ၏။
ဂိုဏ်းချုပ် အမိန့်အား ကန့်ကွက်ပြီး၊ ဤပြိုင်ပွဲတွင် လင်းယွန်းအား ဖြုတ်ချလို သည်မှာ၊ ဆန္ဒ အမှန် ဖြစ်သည်။
တောင်ထိပ် သခင် ငါးပါး အနက်မှ၊ သုံးပါး သည်လည်း မျက်နှာ မကောင်း နိုင်တော့ချေ။ ဟွမ်ဖူကျွယ်က မုချွမ်ထံ လှည့်ကြည့်ကာ၊
“ မင်း ... ညီက၊ မာနကြီး လွန်းပြီး၊ ဂိုဏ်းချုပ်က ကြက်သွေးရောင် တောင်ထိပ် သခင် ဆိုတာ ... ၊ မေ့နေပုံ ရတယ်။ ”
-ဟု မဲ့ရွဲ့ကာ ပြောလိုက်သည်။
“ ဟား ဟား ဟား ... ၊ အစ်ကို ဟွမ်ဖူ ... ကြယ်စင် လေ့လာရေး ရေကန်က ရေတွေကို ဘယ်အချိန် သောက်မှာလဲ၊ ငါ ... အဲဒါကို စောင့်ကြည့် နေတယ်။ ”
မုချွမ်၏ တုန့်ပြန် စကားကြောင့်၊ ဟွမ်ဖူကျွယ် ခမျာ ချက်ချင်း ပါးစပ် ပိတ် သွားသည်။
“ တကယ်တော့ ... သူ ပြောတာက မမှားပါဘူး၊ အစ်ကို မူက ငါတို့ရဲ့ ဂိုဏ်းချုပ်ပဲ၊ သူ့ ဆုံးဖြတ်ချက်ကို တပည့်တွေ မပြောနဲ့၊ ငါတို့လို တောင်ထိပ် သခင် တွေတောင်၊ ဆန့်ကျင် နိုင်တဲ့ အရာ မဟုတ်ဘူး၊ ...
... လင်းယွန်က အစ်ကို မူရဲ့ အမြင် ထက်မြက်ကြောင်း သက်သေပြဖို့၊ သူ ကြိုးစား ပေးနေတာပါ၊ ဒါက ဘာကြောင့်လဲ ဆိုတော့ အစ်ကို မူက ဂိုဏ်းချုပ် ဖြစ်နေ လို့ပဲ။ ”
မုချွမ်က ချက်ချင်း ဖြေရှင်းချက် ပေး လိုက်သည်။
“ ငါ့ကို ... မြှောက်ပင့် ချော့မော့ နေတာတွေ ... ၊ ရပ်လိုက် မုချွမ်။ ”
မူရွှမ်ကောင်မှ ပြုံးလျက် လှည့်ပြော လာသည်။
“ ဟား ... ဟား ... ဟား ... ၊ ကျွန်တော် ... ဒီလို သဘောမျိုး ပြောတာ မဟုတ်ပါဘူး၊ ရိုးရိုး သားသား ပြောတာပါ။ ”
မုချွမ် တစ်ယောက်၊ တိတ်တိတ်လေး သက်ပြင်း တစ်ချက်ချ လိုက်သည်။ ဂိုဏ်းချုပ်မှ သူ ပြောသည်ကို ကေျနပ် သွား သည်မှာ၊ ကံကောင်း ပေ၏။
“ သူက လေလုံးတော့ နည်းနည်း ထွားနေတာ အမှန်ပဲ၊ တောင်ထိပ် ငါးခု ပြိုင်ပွဲ ဆိုတာ၊ ဘာမဆို ဖြစ်လာ နိုင်တယ်၊ ဒါကြောင့် အင်အား လုံလုံ လောက်လောက် မရှိခင်၊ နင်းချေ ခံရ နိုင်တယ်၊ ...
... ညီအစ်ကို ဟွမ်ဖူလည်း ... အခု သောက်စရာ မလိုသေး ပါဘူး၊ စောင့်ကြည့် ရအောင်။ ”
မူရွှမ်ကောင်က ပြုံးကာ ပြောသည်။ ထိုစကားကြောင့် တောင်င်ထိပ် သခင်များ မျက်လုံး ပြူးသွား၏။
ဤသည်မှာ ကျင်းရွှမ်ရီနှင့် ကျိရှုရွှမ် တို့၌၊ အခွင့်အရေး ရှိသေး သည်ဟု ဆိုချင် ပုံ ရသည်။ ထိုသို့ ဖြစ်က အပျော်ဆုံး လူသားမှာ ဟွမ်ဖူကျွယ် ဖြစ်၏။
“ ဒီလို ယုံကြည်မှုမျိုး ... ၊ ဒီကောင် ဘယ်က ရလာ တာလဲ။ ”
နဂါး သွေးလွှတ်ကြော နယ်ပယ် တပည့် များစွာက လင်းယွန်အား ကြည့်ကာ၊ အလို မကျ တော့ချေ။
ကျင်းရွှမ်ရီနှင့် ကျိရှုရွှမ်အား အနိုင်ယူ ပြရုံသာ မကဘဲ၊ သူတို့ ကိုပင် ယုံကြည် လာစေရန်၊ ပုတ်ခတ် ပြောဆို နေ၏။
နည်းနည်း လွန်သည်ဟု မြင်၏။ တစ်စုံ တစ်ဦးကို အနိုင် ယူခြင်းနှင့်၊ ယုံကြည်အောင် လုပ်ခြင်းသည်၊ ကွဲပြားသော အရာ ဖြစ်သည်။
ထို့ကြောင့် ကျင်းရွှမ်ရီနှင့် ကျိရှုရွှမ် တို့မှာ ဒေါသ ထွက်လာ တော့၏။
“ မင်း အရမ်း လွန်သွားပြီ ... ၊ ဒီပြိုင်ပွဲမှာ မင်း အနိုင် ရခဲ့တာ မှန်တယ်၊ ဒါပေမယ့် ... မင်း ငါတို့ကို ယုံကြည်အောင် လုပ်ဖို့၊ နည်းလမ်း တော့ မရှိ သေးပါဘူး။ ”
ကျိရှုရွှမ်မှာ မပျော် တော့ချေ။ ဤလင်းယွန်သည် သူ့ကိုယ်သူ ပုဂ္ဂိုလ်ထူး တစ်ပါးဟု ယူဆ နေချေပြီ။
သူတို့ သည်သာ နဂါးသွေး လွှတ်ကြော နယ်ပယ် ရောက်သော်၊ ၎င်းသည် ပြိုင်ဘက် အဆင့် ၌ပင်၊ ရှိနိုင်မည် မဟုတ်ချေ။
“ ဟုတ်တယ် ဂျူနီယာ လင်း၊ ဒါကိုတော့ ငါလည်း မယုံဘူး ... ၊ မင်း အနိုင် ရတာ လက်ခံ ပါတယ်၊ ငါတို့ကို အတင်း မယုံခိုင်း ပါနဲ့၊ မင်းက ဒီလောက်လည်း မသန်မာ သေးပါဘူး။ ”
“ အိုး ... ၊ ငါက မသန်မာ သေးတာ သေချာလား၊ ဒါဆို ဒီလို ဆိုရင်ရော ... ။ ”
လင်းယွန်က ဓားရည်ရွယ်ချက်ကို ထုတ်လွှတ် လိုက်သည်။ ကြောက်မက်ဖွယ် ဓား ရောင်ဝါများ လျှပ်စီး အလား၊ ကောင်းကင်ပေါ် ထိုးတက် သွား၏။
အရိယာ ကောင်းကင်ဓား ဖြစ်သဖြင့်၊ ကျင်းရွှမ်ရီနှင့် ကျိရှုရွှမ် တို့က ထိတ်လန့်ခြင်း မရှိဘဲ၊ လှောင်ပြုံး ပြုံးလိုက်သည်။
ယင်းဖြင့် သူတို့အား ခြိမ်းခြောက် လိုက မှားပေမည်။ သူတို့ နှစ်ယောက် လုံးမှာ အမည်ခံ အရိယာ ကောင်းကင်ဓားကို ဆုပ်ကိုင် ထားနိုင် သည်။ ထို့ကြောင့် မကြာခင် လင်းယွန်အား လိုက်မီ နိုင်ပေမည်။
“ ခရစ် ... ။ ”
သို့သော် ရုတ်တရက် ကောင်းကင်ကြီး အက်ကွဲ လာပြီး၊ တရွေ့ရွေ့ နိမ့်ဆင်း လာသည်။ အချိန်တို အတွင်း မီတာ ရာဂဏန်း အကွာသို့ ရောက်ရှိ လာ၏။
လေးလံသော ဖိအားများ အောက်၌၊ မျက်နှာများ ရှုံ့တွလျက်၊ လူတိုင်း ဒူးထောက် ကျသွားသည်။
နာကျင်မှု၊ မယုံကြည် နိုင်မှု၊ ထိတ်လန့်မှု များနှင့် အတူ၊ ကောင်ကင်ကို မော့ကြည့်လိုက် ကြ၏။
လင်းယွန်က လေထု အလယ် ရပ်လျက် ထိုကောင်းကင်ကို ထိကိုင်ရန်၊ လက်လှမ်းပြ လာသည်။
ဤသည်မှာ အရိယာ ကောင်းကင်ဓား အထွတ် အထိပ် ဖြစ်၏။ ထို့ကြောင့် လူတိုင်း စကား မပြော နိုင်တော့ချေ။
နောက် တစ်လှမ်း လှမ်း ရုံဖြင့်၊ ပဉ္စမတန်း ဓားရည်ရွယ်ချက် အဖြစ် ရောက်ရှိ သွားရမည် ဖြစ်သည်။
“ ငါ ... သိတယ်။ ”
မူရွယ်ချင်းမှ ခေါင်းညိတ် မိ၏။ သူမ ထင်ကြေးမှာ မှန်နေသည်။ ပင်မ နတ်ဘုရား တစ်ပါးမှ၊ မည်သို့ လုပ်ယူ နိုင်ခဲ့ သည်ကို၊ မတွေးတတ် တော့ချေ။
“ မမ ... ၊ ဒါက ... နင် စိတ်ဝင်စား နေတဲ့ အရာလား။ ”
“ အတိ အကျပဲ ... ။ ”
မူရွယ်ချင်းက အကြော အချဉ်များ ဆန့်ထုတ်ကာ ပြန်ဖြေသည်။ သူမ မျက်လုံးများ မှာမူ၊ လင်းယွန် ထံမှ၊ မခွာနိုင် သေးချေ။
***